Author's Profile Photo

SarPhat Author

14/12/2023

လူ (၁၀၀) မှာ (၉၉) ယောက် ကိုယ်ပိုင်စီးပွားရေးစတဲ့အခါ ဒီအချက်ကြောင့် တိုင်ပတ်ကြတယ်။

1 min read
Personal Development
Business
Entrepreneurship
လူ (၁၀၀) မှာ (၉၉) ယောက် ကိုယ်ပိုင်စီးပွားရေးစတဲ့အခါ ဒီအချက်ကြောင့် တိုင်ပတ်ကြတယ်။'s photo

ဒီနေ့ကတော့ လူငယ်တွေအတွက်လည်း ဟုတ်တယ်။ လူကြီး၊ လူလတ်ပိုင်း မိတ်ဆွေတွေအတွက်လည်း မှန်တယ်။ မိတ်ဆွေတွေထဲမှာလည်း အချို့က စီးပွားရေးလုပ်ငန်းတစ်ခါမှ မလုပ်ဖူးဘူး။ အခြားသက်မွေးဝမ်းကျောင်းတွေကိုပဲ တောက်လျှောက်လုပ်လာကြတာ။

ဒါပေမဲ့လို့ အသက် (၃၀) လောက်ကျော်တဲ့အခါ ကိုယ်ပိုင် စီးပွားရေးလည်း စချင်၊ လုပ်ငန်းလေးလည်းစချင်တာနဲ့ စီးပွားရေးဘက်ကို တစ်ဖြည်းဖြည်း ကူးလာကြတယ်ဆိုပါစို့ဗျာ။


အဲ့မှာ ဇာတ်လမ်းက စတာပဲ။ ပုံမှန်ဝန်ထမ်းဘဝကတော့ အချိန်တန် လစာရ၊ ဘယ်သူမှလည်း ကိုယ်အလုပ်
လုပ်မလုပ်တောက်လျှောက်ကြီး လိုက်မကြည့်နိုင်။ အခြားလိုအပ်တာတွေရှိရင်လည်း လုပ်ပေးမယ့် သူတွေက အဆင်သင့်။

ဒီဂျစ်တယ်အကြောင်း မသိဘူးထား။ IT အဖွဲ့ကို မေးလို့ရတယ်။ ဒီလိုပတ်ဝန်းကျင်မှာ နေလာတဲ့ သူတွေအနေနဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်တဲ့အခါ အပြောင်းအလဲကြီးတွေ ကြုံကြတာပဲခင်ဗျာ။

ဒါကြောင့်မို့ ဒီနေ့မှာတော့ ကျွန်တော့် မိတ်ဆွေတွေကို ပြောလေ့ရှိတဲ့ အကြံပြုစကားလေးတွေကို ဒီဆောင်းပါးလေးကနေတဆင့် အားလုံးနဲ့အတူတူ မျှဝေလိုက်ပါတယ်။

၁။ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းက (၂၄) နာရီအချိန်ပေးရမယ်ဆိုတာ သိထားပါ။

ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းက ထင်သဘောက် မလွယ်ပါဘူး။ အစကနေအဆုံး ပါဝင်နေရတာပါ။ ရုံးခန်းမှာ ရေမလာတာကအစ၊ ကိုယ်ရဲ့တာဝန်ပဲ။ ဒါ‌တွေကို အစပိုင်း လူတွေလည်း အများကြီး မခန့်ထားခင်မှာ ကြုံတွေ့
ရလေ့ရှိပါတယ်။ အဖွဲ့သားတွေ ကျွမ်းကျင်မှုလိုအပ်ချက်တွေ ရှိနေလည်း ဘယ်သူတာဝန်လည်းဆိုတော့ ကိုယ့်တာဝန်ပဲ။

ဆိုတော့ကား လူတော်တော်များများက ဝန်ထမ်းဘဝကနေ ကိုယ်ပိုင်စီးပွားရေးလုပ်တဲ့အခါ ဒီလိုအရာတွေ၊ အချိန်ပြည့်‌ပေးနေရတာကို မခံနိုင်ကြတော့ (၆) လလောက်ကြာ‌တော့ ပုံမှန်အတိုင်းပဲ အလုပ်ပြန်ဝင်သွားကြပေါ့ဗျာ။

ဒီနေရာမှာ ကျွန်တော့် မိတ်ဆွေတွေကို ပြောချင်တာက ကိုယ်ပိုင်စီးပွားရေးက အစပိုင်းမှာ မလွယ်ပါဘူး။ ၂၄ နာရီအချိန်ပေးရမယ်ဆိုတာ နားလည်ထားဖို့ လိုတယ်။

၂။ငွေကြေးပိုင်းဆိုင်ရာကို လေ့လာပါ။

သက်မွေးဝမ်းကျောင်းနယ်ပယ်ကနေ စီးပွားရေးလုပ်ငန်းတစ်ခုစတင်တဲ့အခါ လူတော်တော်များများက ငွေကြေးပိုင်းဆိုင်ရာကို မလေ့လာဖြစ်ကြပါဘူး။ ရှုပ်တယ်။ မဆိုင်ဘူးလည်း ထင်ကြတဲ့သူတွေရှိတယ်။
လေ့လာရမှာလည်း မကြိုက်ကြတဲ့သူတွေရှိတယ်။ မလုပ်ပါနဲ့။

ကိုယ်က စီးပွားရေးလုပ်ငန်းတစ်ခုစပြီဆို
ငွေကြေးပိုင်းဆိုင်ရာတွေက မသိမဖြစ်ပါ။ မဟုတ်ရင် ဝင်ငွေ၊ ထွက်ငွေတွေ မနိုင်ဘဲ လုပ်ငန်းက မြတ်နေပေမဲ့ သုံးစရာငွေမရှိတာမျိုး ဖြစ်နိုင်ပါတယ်။ ရင်းနှီးမြှုပ်နှံသူရှာဖွေတဲ့အခါ အခက်တွေ့နိုင်ပါတယ်၊ ဒါကြောင့်မို့
ငွေကြေးပိုင်းဆိုင်ရာကို လေ့လာပါ။

၃။ အနာဂတ်မှာ Financial Freedom ရဲ့လမ်းစပါ။

အပေါ်ကအချက် (၂) ချက်မှာ စိန်ခေါ်မှုတွေ ပြောပြီးသွားပြီဆိုတော့ နောက်ဆုံးအချက်အနေနဲ့ ကောင်းကျိုး
လေးလည်း ပြောချင်သားဗျ။

ဝန်ထမ်း (၁) နှစ်လုပ်ပြီးရလာတဲ့ အတွေ့အကြုံနဲ့ ကိုယ်ပိုင်လုပ်ငန်းလုပ်ပြီးရလာတဲ့အတွေ့အကြုံ မတူပါဘူး။ အများကြီးသာပါတယ်။ အတွေ့အကြုံတင်ဘယ်ကမလဲဗျာ။ ငွေကြေးအရဆိုလည်း ကိုယ်ပိုင်လုပ်ငန်းလုပ်တဲ့သူတွေက အောင်မြင်သွားရင်တော့ Financial Freedom ရဲ့လမ်းစပါပဲ။

ဒါကြောင့်မိတ်ဆွေတွေကို မှာချင်တာက ဒီစိန်‌ခေါ်မှုဒဏ်တွေကို ခံနိုင်လား။ ခံနိုင်ရင်ခံ။ ဟိုဘက်မှာ သက်တံ့လေးတော့ရှိပါတယ်ခင်ဗျ။ ဆောင်းပါးလေးကတော့ ဒီလောက်ပါပဲ။

Keep Reading

"တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"လိုမှသုံးပါစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအင်တာနက်နဲ့ လူနေမှုဘဝ စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအပေါ်ယံသမားစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်