Author's Profile Photo

မောရိသျှ

4/03/2025

စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်း

2 mins read
Life Style
Personal Development
General Knowledge
စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်း's photo

တပဓမ္မဆရာတွေထဲမှာ လူသိနည်းပြီး လူပြောနည်းတဲ့ ဆရာတစ်ပါးရှိတယ်ဗျ၊ နာမည်ကျော် ဆရာကြီး ဧပ္ပိတေတုစ်ရဲ့ ဆရာ မူဆိုးနီးယုစ် ရုဖုစ် (Musonius Rufus)ပါ။ အေဒီတစ်ရာစု ရောမမှာ နာမည်ရခဲ့တဲ့ ရှားရှားပါးပါး တပဓမ္မရှေ့ဦးတွေးခေါ်သူလည်း ဖြစ်ပါတယ်။ သေသွားတဲ့နောက် သူ့လက်ရာတွေနဲ့ အတွေးအခေါ်တွေက ခေတ်ပြိုင်ပညာရှင်တွေရဲ့ ဆင့်ပွားတွေးခေါ်ခဲ့မှုတွေကြောင့် မပျောက်မပျက်ဘဲ ဒီကနေ့အထိ ကျန်ရစ်နေသေးတာဖြစ်ပါတယ်။ မူဆိုးနီးယုစ်ရဲ့ တပဓမ္မအတွေးအခေါ်တွေကို အနှစ်ချုပ်လိုက်ရင် ဘဝကောင်းနေနည်းအစစ်ကို ဖွေရှာခြင်းဖြစ်ပါတယ်။ ဘဝကောင်းနဲ့ နေနိုင်ဖို့ ဘယ်လို လုပ်ရမလဲ။ ဘဝမှာ အရေးကြီးဆုံးက ဘာဖြစ်မလဲ။ ဘဝကို အဓိပ္ပါယ်ရှိစေမယ့်အရာက ဘာတွေလဲ စသဖြင့် ဘဝဆိုင်ရာ ဆန်းစစ်မှုတွေကို တပဓမ္မရှုထောင့်ကနေပြီး ရှေ့ဦးဆန်းစစ်ခဲ့သူပါ။ 

မူဆိုးနီးယုစ်ရဲ့ အမြင်အရ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ရုံလောက်နဲ့ မလုံလောက်ပါဘူးတဲ့။ တကယ်ပဲ တိုးတက်ဖွံ့ဖြိုးတဲ့ ဘဝမျိုး ရချင်ရင် စိတ်ကြံ့ခိုင်မှုရော ကိုယ်ခန္ဓာကျန်းမာသန်စွမ်းမှုပါ လိုအပ်တယ်တဲ့။ ဒါကြောင့် လူသားအနေနဲ့ စိတ်ကျန်းမာရေးရော ကိုယ်ကျန်းမာရေးကိုပါ အမြဲမပြတ် လေ့ကျင့်နေရမယ်လို့ အကြံပြုထားခဲ့ပါတယ်။ ဘဝကြီးက ခက်ခဲတယ်ဗျ။ ဒါကြောင့် ဘဝကြီးရဲ့ စိန်ခေါ်မှုတိုင်းကို ရင်ဆိုင်နိုင်ဖို့ဆိုရင် ကိုယ့်ဘက်က ကြိုတင်ပြင်ဆင်ထားရမယ့်အချက်တွေမှ အများကြီးရှိပါတယ်။ ဒါကြောင့် မူဆိုးနီးယုစ်က အသင့်ဖြစ်ရေးအကြံပေးထားခဲ့ပါသေးတယ်။
 
“အေးမှု ပူမှု ဆာလောင်မှု မွက်သိပ်မှု ရှားပါးမှု ပေါများမှု ခက်ခဲမှု ကြမ်းတမ်းမှု သာယာမှု ဆင်းရဲမှု အားလုံးကို ရင်ဆိုင်နိုင်တဲ့ စိတ်ရဲ့ ကြံ့ခိုင်ခြင်း ကိုယ်ရဲ့ ကျန်းမာသန်စွမ်းရှိအောင် အမြဲမပြတ် လေ့ကျင့်ထားအပ်တယ်။ အကောင်းဖြစ်ဖြစ် အဆိုးဖြစ်ဖြစ် အသားကျလွယ်တဲ့ အသင့်ဖြစ်မှု ရှိနေအပ်တယ်။”

ဒဿနိကရှုထောင့်ကနေကြည့်လိုက်ရင် အလေ့အကျင့်ဆိုတာက မဖြစ်မနေ လိုအပ်တဲ့ အလုပ်တစ်မျိုးပါ။ အလေ့အကျင့်မရှိဘဲ ကောင်းတာ ဘာမှ မဖြစ်နိုင်ပါဘူး။ တကယ်ပဲ တိုးတက်ဖွံ့ဖြိုးတဲ့ လူတစ်ယောက်ဖြစ်ချင်ရင် စိတ်အလေ့အကျင့် ကိုယ်အလေ့အကျင့် နှစ်မျိုးလုံး ပြည့်စုံနေမှ ရမှာပါ။ ဘဝကောင်းနဲ့ နေချင်မှတော့ ဘဝကောင်းကို အထောက်အပံ့ပေးနိုင်တဲ့ အလေ့အကျင့်မျိုးတွေနဲ့ တည်ဆောက်ရပါမယ်။ ပျင်းနေလို့တော့ မရဘူးပေါ့။

ကျွန်တော်လည်း ကိုယ့်ကိုယ်ကိုယ် အမြဲလိုလို အဲဒီလိုမျိုး အသိပေးနေရတယ်ဗျ။ ပျင်းမိသွားမှာ စိုးလို့ပါ။ အမြဲမပြတ် လုပ်လေ့ရှိနေရင် လုပ်စရာ များနေတေ

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအပေါ်ယံသမားစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)

Unlock to read this premium article with 100 points.