Author's Profile Photo

မောရိသျှ

22/03/2025

စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်

2 mins read
Life Style
Personal Development
General Knowledge
စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်'s photo

သာယာမှုကို လိုချင်ရင် နာကျင်မှုကို ခံနိုင်ရည်ရှိရမယ်။ အဆင်ပြေမှုတွေနဲ့ပဲ အမြဲကြုံတွေ့နေရသူက အခက်အခဲလေးတစ်ခုလောက်နဲ့ မဖြစ်မနေ ရင်ဆိုင်လိုက်ရရင် ဘဝကြီးပျက်သလိုမျိုး စိတ်ခံစားချက်တလွဲ ဖြစ်လွယ်ပါတယ်။ ခက်ခဲမှုတွေနဲ့ အမြဲကြုံတွေ့နေရသူက ပျော်ရွှင်ဖွယ် သာယာမှု တစ်စုံတစ်ရာနဲ့ ထိတွေ့ခွင့် ရသွားခဲ့ပြန်တော့လည်း အဲဒီသာယာမှုကို မက်မောရကောင်းမှန်း မသိတော့တဲ့အခါ၊ အဆိုးထဲက အကောင်းဖြစ်လာရင်တောင် မယုံရဲဘဲ ကြောက်စိတ်တွေ ပိုဖြစ်သွားပါတယ်။ ဒါဟာ ဘဝရဲ့ ဘက်မညီမျှမှု အပြစ်တွေပါ။ 

အကောင်းအဆိုး ဘက်မျှမျှတတ ခံစားတတ်ပါစေ။ “သာယာမှုကို လိုလားမှတော့ နာကျင်မှုကိုလည်း ခံနိုင်ရမယ်၊ နာကျင်မှုတွေ ခံစားရမှတော့ သာယာမှုကို လိုလားနိုင်ရမယ်၊ သာယာမှုတွေ ရလာမှတော့ ကျေနပ်စိတ်နဲ့ အပြည့်အဝ ခံစားပြီး၊ နာကျင်မှုတွေ ဖြစ်လာရင်လည်း ခက်ခဲမှုမှန်သမျှကို ကျော်ဖြတ်လိုစိတ်အပြည့်ထားပြီး ကြံ့ကြံ့ခံအားတင်းနိုင်ရမယ်။ ‘ခန္ဓာကိုယ် တစ်ခုလုံးကိုဆွဲဆန့်ပြီး အပြစ်ဒဏ်ပေးပါစေ၊လွတ်လပ်မယ့်အချိန်နဲ့ သက်သာမယ့်အချိန်ကို စိတ်ထဲရည်မှတ်ပြီး တင်းခံထားလိုက်မယ်၊ ဘာကိုမှ အစွဲမထားတဲ့သူဖြစ်တဲ့အတွက် ဆုံးရှုံးစရာ မရှိတော့တာကြောင့်၊ ဟောဒီဘဝကြီး ဘယ်လောက် ခက်ခဲနိုင်မလဲ စိန်ခေါ်လိုက်ချင်တယ်၊ ကံဆိုတာကပဲ ဆိုးနိုင်မလား၊ ငါဆိုသူကပဲ ပေနိုင်မလား စိန်တယ်ဟေ့’ ဆိုပြီး လူပီသတဲ့မာနမျိုးနဲ့ ရှင်သန်လိုက်ပါ” လို့ ဆေဏိက ပြောဖူးတယ်။

‘လွတ်လပ်ခြင်း’ ဆိုတာက ဘဝရဲ့ အကြီးမားဆုံး ဆုလာဘ်ဖြစ်ပါတယ်။ လွတ်လပ်တဲ့ နိုင်ငံမှာ ပြောရေးဆိုခွင့်ရှိတဲ့ လူ့အခွင့်အရေး ဘာညာသာရကာတွေကို ပြောနေတာ မဟုတ်ဘူးနော်။ နေ့စဉ်နဲ့အမျှ ကိုယ့်စိတ်နဲ့ကိုယ် ကိုယ့်ဘဝနဲ့ကိုယ် စိတ်အလိုရှိသည်အတိုင်း အချုပ်အနှောင် အဖိအဆီးမရှိ လွတ်လပ်စွာ ရပ်တည်နိုင်မှုမျိုးကို ပြောနေတာပါဗျ။ စိတ်ခံစားချက်တွေနဲ့ စိတ်အနှောက်အယှက်တွေလည်း မရှိ၊ ဘဝအခက်အခဲအကြပ်အတည်းတွေလည်း မရှိဘဲ အပူအပင်အကြောင့်အကြကင်းကင်း နေနိုင်ခြင်းကို ပြောတာပါ။ 

ဒီစိတ်မျိုးက မွေးတတ်ရင်ဖြစ်တယ်ဆိုတဲ့အကြောင်းအပြစ်မရှိဘဲ ထောင်ချထားခံလိုက်ရတဲ့ လက်ဝှေ့သမား ရူဘင် ဟာရီကိန်း ကာတာ (Rubin Hurricane Carter) ရဲ့ဖြစ်ရပ်မှန်ကို သင်္ခန်းစာ ယူလို့ရပါတယ်။ ထောင်ချထားခံရတဲ့ တစ်လျှောက်လုံး သူ့ကိုယ်သူ အပြစ်မရှိသူအဖြစ် အပြည့်အဝ ခံယူထားပြီး၊ထောင်ထဲမှာဆိုပေမဲ့ ငါက လွတ် မြောက်သူဖ

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအပေါ်ယံသမားစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)

Unlock to read this premium article with 100 points.