Author's Profile Photo

Reviews by Benevolent

21/07/2025

ဘဝမှာလိုအပ်တာ တစ်ခုပဲ

1 min read
Life Style
Book Review
General Knowledge

ပထမ ပြင်သစ်အင်ပါယာစစ်ဘုရင် နပိုလီယန် ဘိုနာပတ် ( Napoleon Bonaparte) ဦးဆောင်တဲ့ ပြင်သစ်တပ်ဟာ ဘယ်ဂျီယမ်နိုင်ငံ မြို့တော်ဘရပ်ဆဲလ်အနီး ဝါးတာလူးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့တာကို တွေးမိတယ်။ဝါးတာလူးတိုက်ပွဲတွင် နပိုလီယန် စစ်တပ်များက ရန်သူများဖြစ်တဲ့ ဗြိတိသျှ၊ ဒတ်ချ်၊ ဘယ်ဂျီယမ်နှင့် ပရပ်ရှင်း စစ်တပ်တို့ကို တိုက်ခိုက်ရတာပါ။ဝါးတာလူးတိုက်ပွဲကြီး(Battle of Waterloo) မှာတော့ နပိုလီယန်ခြေကုန်လက်ပန်းကျကာ များစွာအားလျော့သွားခဲ့ရတယ်။တိုက်ပွဲတိုင်း အောင်ပန်းဆွတ်ခူးခဲ့ဖူးတဲ့ အောင်ပွဲမှူးသခင် နပိုလီယန်က ဝါးတာလူးတွင် စစ်ရှုံးခဲ့ရပြီးနောက်တွင် ဘယ်တော့မှ နာလန်မထူနိုင်တော့ပါ။ဘာ‌‌ကြောင့်လဲဆိုတော့ ရန်သူဘက် 'စစ်ကူ' တပ်များဖြစ်တဲ့ ဗိုလ်ချုပ်မှူး ဘလူကာ ဦးစီးကွပ်ကဲတဲ့ ပရပ်ရှင်းစစ်ကူတပ်ကြီးက အချိန်မီရောက်လာကာ ဗြိတိသျှမြို့စားဗိုလ်ချုပ်ကြီးဝယ်လင်တန်ရဲ့ တပ်သားများနှင့်အတူ ပူးပေါင်းတယ်။ စစ်ပွဲပြီးဆုံးသွားတဲ့အခါ ပြင်သစ်တို့ အရေးနိမ့်သွားခဲ့တယ်။သမိုင်းဝင် ဝါးတာလူးတိုက်ပွဲကို စာပေကဗျာဖြင့်တစ်ဖုံ၊ ဝတ္ထုများဖြင့်တစ်သွယ် မှတ်တမ်းတင်ခဲ့ကြတာကို ကျောင်းသားဘဝက လေ့လာမှတ်သားခဲ့ဖူးသ‌လောက် ပြန်လည် ပုံဖော်ကြည့်မိတယ်။

"မိခင်ဟာ ကျွန်တော့်အတွက် နှုတ်ဆိတ်ခြင်းရဲ့ နက်ရှိုင်းမှုကို သင်ပေးသူ" လို့တင်စားပြောခဲ့တဲ့ အဲလ်ဘတ်ကမူး (Albert Camus) ဟာသူဘေးနားမိခင်သာမရှိရင် အဓိပ္ပါယ်မဲ့ ရယ်စရာကောင်းတဲ့လောကကြီးမှာ သူအပြုံးတွေပိုင်ဆိုင်နိုင်ခဲ့မှာမဟုတ်ဘူးလို့ထင်တယ်။ပြင်သစ်စာရေးဆရာမ ဆီမွန်ဒီဗူးဗွား(Simone de Beauvoir)က သူငယ်ချင်း ယန်ပေါလ်ဆာ့တ်( Jean-Paul Sartre) သာမရှိခဲ့ရင် ဒီလိုစာအုပ်ကောင်းတွေ ရေးနိုင်မှာမဟုတ်ဘူးလို့ ပြောခဲ့ဖူးတယ်။

ပါပီလွန်နှင့်ဗင်ဂို စာအုပ်

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဟိုစပ်စပ်ဒီစပ်စပ်မလုပ်နဲ့ (၁)ပျင်းစရာရှိတာ အားပါးတရ အပျင်းကြီးလိုက်ပါတော်လ်စတွိုင်း နောက်ဆုံးနေ့ရက်များမက္ကဇင်ဂေါ်ကီ နှင့် ခရီးသည်တစ်ဦးဘာလို့ မုန်းကြတာလဲဘဝမှာလိုအပ်တာ တစ်ခုပဲစိတ်ဓာတ်ကျနေတဲ့အခါဆင်းရဲသားလေး ဂျက်လန်ဒန်ဖတ်နိုင်သမျှ များများဖတ်ပေးပါ

Unlock to read this premium article with 100 points.