Reviews by Benevolent

အပိုင်း (၁)
အမေရိကန်စာရေးဆရာကြီး အားနက်စ် ဟဲမင်းဝေး(Ernest Hemingway) က ခရီးထွက်ရတာကြိုက်သူတစ်ယောက်ဖြစ်တယ်။ ၁၉၃၀ ပြည့်လွန်နှစ်များ လောက်မှာ အရှေ့အာဖရိကတိုက်ရှိ ကင်ညာနှင့် တန်ဇန်နီးယား သို့ အကြိမ်ကြိမ်ခရီးထွက်ခဲ့ဖူးတယ်။ အာဖရိကကို ခရီးထွက်တဲ့အခါ ဘီယာဗူးတွေအများကြီးယူသွားတယ်။ တစ်နေ့မှာတော့ သူယူလာတဲ့ ဘီယာတွေကုန်သွားတယ်။အဲ့အခါ သူက ဒေသခံတွေကို "ဘီယာရှာပေးပါ၊ ငါတို့ ဆက်မသွားနိုင်ဘူး" လို့ ပြောတယ်။ ဒေသခံတွေက သူ့အတွက် ဘီယာအသစ်တွေရှာပေးရတယ်။ဟဲမင်းဝေး (Hemingway) က ပြုံးပြီး "အာဖရိကက ငါ့ကို ကယ်တင်လိုက်ပြီ" လို့ ပြောလိုက်တယ်။
အာဖရိက မှာပဲ ကြီးမားတဲ့ တိရစ္ဆာန်များဖြစ်တဲ့ ခြင်္သေ့၊ ဆင်၊ ကျားသစ် ကိုလည်း အမဲလိုက်ခဲ့ဖူးသေးတယ်။ဟဲမင်းဝေး(Hemingway )က အာဖရိကမှာ ခရီးထွက်ရင်း ဆင်တစ်ကောင်ကို ပစ်ခတ်ဖမ်းစီးဖို့ ကြိုးစားဖူးတယ်။ ဒါပေမယ့် ဆင်က သူ့ကိုမြင်ပြီး လိုက်တော့ သူထွက်ပြေးခဲ့ရတယ်။ နောက်ဆုံးမှာ သူ့မိတ်ဆွေတွေက သူ့ကို လာရောက်ကယ်တင်ပေးခဲ့ရတယ်။ ဟဲမင်းဝေး(Hemingway )က ဒီဖြစ်ရပ်ကို ပြန်ပြောင်းပြောရင်း "ဆင်ကို လှည့်စားဖို့သွားတာ ၊ဆင်က ငါကိုပြန်ပြီး လှည့်စားသွားတယ် " လို့ ရယ်ရယ်မောမော ပြန်ပြောတတ်တယ်။ ဒီခရီးစဉ်ကို အခြေခံပြီး 1935 ခုနှစ်မှာ Green Hills of Africa ဆိုတဲ့ စာအုပ်ကိုရေးသားခဲ့တယ်။
ဟဲမင်းဝေး(Hemingway )က ကြောင်တွေကို အရမ်းချစ်တဲ့ လူတစ်ယောက်လည်းဖြစ်တယ်။ Six-Toed Cat (Polydactyl Cat) ဆိုတဲ့ ကြောင်တွေအများကြီးမွေးထားတယ်။အဲ့ကြောင်တွေက သာမန်ကြောင်တွေထက် ခြေချောင်းအရေအတွက် ပိုများတဲ့ ကြောင်မျိုး ဖြစ်တယ်။ ဒီလို ကြောင်တွေမှာ ရှေ့ခြေထောက် (သို့) နောက်ခြေထောက်(သို့) နှစ်မျိုးလုံးတွင် ခြေချောင်းလေးတွေ ၆ ချောင်း ထက်ပိုပါလေ့ရှိတယ်။ အားနက်စ် ဟဲမင်းဝေး (Ernest Hemingway) ဟာ သူ့အိမ်မှာ Polydactyl ကြောင်တွေကို မွေးခဲ့တယ်။ယနေ့ထိ Hemingway Home and Museum တွင် ခြေချောင်း ၆ ချောင်းပါတဲ့ ကြောင်မျိုးဆက်တွေ ရှိနေဆဲဖြစ်တယ်လို့ လေ့လာမိလောက်သိရတယ်။
တခါတလေ သူ့အိမ်မှာ ကြောင်တွေအများကြီးနဲ့ အချိန်ကုန်လေ့ရှိတယ်။တစ်နေ့တော့ ကြောင်တစ်ကောင်က သူ့အစားအစာတွေကို ဖျက်ဆီးပစ်တယ်၊ စားလိုက်တယ်။ ဟဲမင်းဝေး( Hemingway )က ဒေါသထွက်ပြီး ကြောင်နဲ့ "စစ်ပွဲ" ဆင်တယ်။ အခန်းထဲထည့်ပြီး မင်းလည်း မထွက်နဲ့၊ ငါလည်း မထွက်ဘူး လုပ်တယ်။နောက်ဆုံး ကြောင်က ပြတင်းအပေါက်သေးသေးလေးထဲကနေ ထွက်သွားတယ်၊ ဒါပေမယ့် သူကိုယ်တိုင်က တံခါးလော့ကျပြီး ပိတ်မိတဲ့အထိ ဖြစ်သွားတယ်။ သူ့မိတ်ဆွေတွေ လာကယ်မှ သူထွက်လာနိုင်ခဲ့တယ်ဆိုတယ်။
ဟဲမင်းဝေး(Hemingway) က သူ့ကြောင်တွေကို နာမည်ပေးပုံကလည်း ထူးခြားတယ်။သူ့ကြောင်တွေကို နာမည်ဆန်းဆန်းတွေပေးတတ်တယ်။ တစ်ကောင်ကို "F. Puss" တဲ့ မိတ်ဆွေစာရေးဆရာ F. Scott Fitzgerald ကို အတုယူပြီးပေးတယ်။ တစ်ကောင်ကို "Willie the Lion" ၊ နောက်တစ်ကောင်ကို "Anderson" စသဖြင့် စာရေးဆရာနာမည်တွေပေးထားတယ်။ မိတ်ဆွေတစ်ယောက်က "ဘာလို့ ဒီလိုနာမည်တွေပေးတာလဲ" လို့မေးတော့၊ ဟဲမင်းဝေး(Hemingway) က "သူတို့က ငါ့လို စာရေးဆရာတွေဖြစ်လာမယ့်ကြောင်တွေမို့လို့" လို့ ရယ်မောပြီးပြန်ဖြေတယ်။
၁၉၂၀ပဲရစ်မြို့မှာ "Lost Generation" စာရေးဆရာများအဖွဲ့၏ အဓိကပုဂ္ဂိုလ်များဖြစ်တဲ့အားနက်စ်ဟဲမင်းဝေး (Ernest Hemingway) နှင့် ဖီးဆက် စကော့ဖစ်ဇ်ဂျဲရယ် (F. Scott Fitzgerald)တို့မိတ်ဆွေဖြစ်ခဲ့တယ်။ဟဲမင်းဝေးက ဖစ်ဇ်ဂျဲရယ်၏ "The Great Gatsby" ကို ပြင်ဆင်ရာတွင် ကူညီပေးခဲ့ဖူးတယ်။အမေရိကန် စာရေးဆရာကြီး အားနက်စ်ဟဲမင်းဝေး(Ernest Hemingway) နဲ့ဖီးဆက် စကေ
Unlock to read this premium article with 100 points.