Author's Profile Photo

မောရိသျှ

10/03/2025

စာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်း

3 mins read
Life Style
Personal Development
General Knowledge
စာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်း's photo

တစ်သက်လုံး ကျန်းမာသန်စွမ်းခဲ့ပြီးမှ အကြောင်းမရှိ ချက်ချင်းဆိုသလို နေမကောင်းထိုင်မကောင်းဖြစ်သွားမယ်၊ ဒါမှမဟုတ် ရောဂါဆန်းတစ်ခုခုကြောင့် မလုပ်နိုင်မကိုင်နိုင်တော့တဲ့ အခြေအနေကို ရောက်သွားမယ်ဆိုရင် ဘယ်လိုလုပ်ကြမလဲ။ ရုပ်ပိုင်းဆိုင်ရာပဲ ထိခိုက်သွားတာ မဟုတ်တော့ဘဲ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိပါးသွားတာမျိုးပါ။ ကျွန်တော်ဆိုရင် တစ်သက်နဲ့တစ်ကိုယ် မဖြစ်ဖူးတာကိုမှ ထူးထူးဆန်းဆန်း ဖြစ်သွားခဲ့သေးတယ်။ ဝမ်းကောင်းခဲ့သူက ဝမ်းတစ်ခါပျက်သွားပြီးနောက်ပိုင်း မပြီးတော့ဘဲ ရာသက်ပန် ဝမ်းပျော့ရောဂါဝင်သွားတာမျိုး။ နှစ်နှစ်မကတော့ဘူး ခံစားနေရတာက အတော်လေးကို စိတ်ကသိကအောက်နိုင်စရာ ရောဂါပါ။

တစ်ပတ်မှာ အနည်းဆုံး နှစ်ခါလောက် မနက်နိုးတိုင်း ဗိုက်နာတယ်၊ တခါတလေကျတော့ ထိုးပြီး အောင့်တယ်။ တနေကုန်ပဲ မသက်သာဘူး။ အပတ်တိုင်း ခံစားရတယ်။ ခဏလေးနဲ့ ပြီးသွားတဲ့ ရောဂါမျိုးမဟုတ်တော့၊ ကိုယ့်ကိုယ်ကိုယ် စိတ်အားပေးဖို့ကျတော့ မလွယ်ပြန်ဘူး။ သာမှန် နေမကောင်းတာမျိုးလောက်ဆိုရင်၊ “ပြန်သက်သာသွားမှာပါ ခဏလောက်နားလိုက်” “လေ့ကျင့်ခန်း မလုပ်တော့ဘဲ တစ်ရက်လောက် ငြိမ်နေလိုက်ရင် အဆင်ပြေသွားလိမ့်မယ်” လို့ ကိုယ့်ကိုယ်ကိုယ် ပြန်နှစ်သိမ့်လို့ ရတယ်။ အခုဟာက အပတ်တိုင်း အမြဲလိုလို ဖြစ်နေတော့ ဆေးလည်း မကူနိုင် လူလည်း မကူနိုင်ဖြစ်နေပါလေရော။

ကောင်းသွားမှာပါလေလို့ ကိုယ့်ကိုယ်ကိုယ်တွေးလည်း မထူးဘူး။ ဗိုက်က တစစ်စစ်နဲ့ အောင့်နေတာကိုး။ အကောင်းဘက် တွေးလေ အဆိုးဘက်ရောက်သွားလေနဲ့ စိတ်သက်သာရာ ရရမယ့်အစား ပိုပြီးစိတ်ပင်ပန်းသွားရတယ်။ ဘဝကြီးက ဘယ်လိုမှ ခန့်မှန်းလို့ မရတာပါ။ မထင်ရင် မထင်ထားတာတွေ တန်းစီပြီး ဖြစ်ကို ဖြစ်လာတတ်တယ်။ ကိုယ့်အဖြစ်ကို သေချာလေး ပြန်တွေးမိတော့မှ ကိုယ့်ကိုယ်ကိုယ် စိတ်အားပြည့်အောင် ပြန်ဖြောင်းဖျတဲ့ပုံစံ လွဲနေသလို ခံစားလာရတယ်။ 

ဘဝမှာ အကောင်းမြင်တတ်တာက ကောင်းပေမဲ့၊ အကြောင်းမမြင်နိုင်မချင်း လက်တွေ့မကျဘူးဗျ။ အဲတာကြောင့် အကောင်းမြင်လိုက်တာထက် အကြောင်းမြင်ပြီး အဖြစ်မှန် လက်တွေ့ကို လက်ခံနိုင်အောင် စိတ်အားမွေးလိုက်တာကမှ အသုံးကျပါသေးတယ်။ အကောင်းမြင် အတွေးတွေနဲ့ ဖာထေးနေမယ့်အစား၊ အကြောင်းမြင်အသိနဲ့ အဖြစ် အပျက်တိုင်းကို ဆိုးသည်ဖြစ်စေ၊ ကောင်းသည်ဖြစ်စေ လက်ခံနိုင်အောင် ကြိုးစားတာကမှ စိတ်ခွန်အားကြီးရာကျပါတယ်။ နာကျင်မှု ဝေဒနာတွေက အကောင်းမြင်မြင် အဆိုးမြင်မြင် ဘယ်လိုမြင်မြင် ဖြစ်နေပျက်နေပြီဖြစ်တာကြောင့် အကြောင်းမြင်တဲ့အသိနဲ့ လက်ခံလိုက်ပြီး ဒဲ့ရင်ဆိုင်လိုက်တာကမှ သက်သာရာရပါသေးတယ်။ ဆေဏိက ပြောထားခဲ့သလိုပါပဲ။

“လူသားက မွေးရာပါ အသိတရားရှိတဲ့ သတ္တဝါပါ။ ကိုယ့်အတွက် ကောင်းမယ့်အရာနဲ့ အကျိုးရှိမယ့်အရာကို ခွဲခြားသိမြင်နိုင်ပါတယ်။ အကြောင်းအကျိုး ဆင်ခြင်နိုင်စွမ်း ရှိပါလျက်နဲ့ ကိုယ့်ကိုယ်ကိုယ် အယုံစိတ်သွင်းပြီး လှည့်ဖြားနေစရာ မလိုအပ်ပါဘူး။ နိုင်ရင် နိုင်သည့်အ

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ် - အလိုကြီးအရနည်း စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄) စာစောင်လေးဆယ့်ငါး - သာမှန်ဘဝ ထင်ရာမြင်ရာ ဝင်ပါကြသောအခါ

Unlock to read this premium article with 100 points.