မောင်ဘုန်းမြင့်[သဘာဝ]

“အဆုံးသည် အစလည်းဖြစ်နိုင်သည်၊ အဆုံးလည်းဖြစ်နိုင်သည်”
အဘယ်ကြောင့်နည်း…
အဖြေကားဤသို့တည်း—
သေဆုံးခြင်းဟူသည် လူ၊ တိရိစ္ဆာန်၊ ပြိတ္တာ၊ ငရဲ၊ အသူရကာယ်၊ နတ်၊ ဗြဟ္မာ စသည့် ဘဝတစ်ခု၏ အဆုံးသာမက နောက်ဘဝတစ်ခု၏ အစလည်းဖြစ်သည်။
ထို့အတူ အတန်းတစ်တန်းပြီးမြောက်ခြင်းသည် နောက်တစ်တန်း၏ အစဖြစ်သကဲ့သို့ပင် ဖြစ်သည်။
“အဆုံးလည်းဖြစ်နိုင်သည်” ဟူသည်ကား—
သေဆုံးပြီးနောက် နိဗ္ဗာန်ချမ်းသာကို ရရှိပါက ထပ်မံဖြစ်ပေါ်ခြင်း မရှိတော့သော အဆုံးတစ်ခုလည်း ဖြစ်နိုင်သည်။
သို့မဟုတ် အတန်းတစ်တန်းတွင် ရပ်တန့်သွားပြီး နောက်တစ်တန်းသို့ မတက်ရောက်တော့ခြင်းလည်း ဖြစ်နိုင်သည်။
မောင်ဘုန်းမြင့်[သဘာဝ]
#မောင်ဘုန်းမြင့်_သဘာဝ #မောင်ဘုန်းမြင့်
Keep Reading