Author's Profile Photo

မောရိသျှ

3/03/2025

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေး

1 min read
Life Style
Personal Development
General Knowledge
စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေး's photo

အသက် ၈၅ နှစ်ပဲဖြစ်ဖြစ် ၂၅ နှစ်ပဲဖြစ်ဖြစ် အချိန်တွေ သိပ်မကျန်တော့ဘူးလို့ပဲ အမြဲထင်နေရတာပါ။ အသက် ၈၅ နှစ် ရောက်သွားလို့လည်း လုပ်စရာတွေ မကုန်သေးသလို ၂၅ နှစ်ပဲ ရှိသေးပေမဲ့ မလုပ်ခဲ့ရလို့ နောင်တရထားတာတွေ အများကြီး ရှိကောင်း ရှိနေလောက်ပြီ ဖြစ်ပါတယ်။ မြေးမြစ်တွေ ဝိုင်းနေချိန်မှာ မြေးမြစ်တွေရဲ့ နောက်မြေးမြစ်တွေကို မြင်ခွင့်ရရင် ကောင်းမှာပဲလို့ တွေးချင်တွေးမိနိုင်သလို၊ အသက် ၂၅ နှစ်ပဲ ရှိသေးပေမဲ့ လုပ်ချင်တာတွေ ဖြစ်ချင်တာတွေ များလွန်းလို့ နောက်နှစ်ပေါင်း ၂၀၀ တိုင် နေခွင့်ရရင်တောင် လုံလောက်မှာ မဟုတ်ဘူးလို့ တွေးမိကောင်း တွေးမိနိုင်ပါတယ်။ အသက် ဘယ်လောက်ပဲ ရောက်ရောက် လုပ်စရာတွေ များလွန်းလို့ အချိန်မလောက်မငှဘဲ အမြဲဖြစ်နေမှာပါ။

တော်လွန်းထူးလွန်းလို့ အာဏာရှင်အဖြစ် အုပ်ချုပ်ပေးဖို့ရာ တောင်းဆိုခံရတဲ့ မင်းသက်ရှည် မားခို့စ် အောင်ရေးလီးယုစ်ကိုယ်တိုင် ဒီအချက်ကို သိခဲ့လို့လည်း သူ့ရဲ့ အတွေးမှတ်စုထဲမှာ “လက်ကျန်အချိန်တိုလေး” ဆိုပြီး ဘဝကို ရည်ညွှန်း ရေးမှတ်ထားခဲ့ပါသေးတယ်။ ပြောရရင် ရောမအင်ပါယာတစ်လျှောက် သူ့ရဲ့ နန်းသက်က အရှည်ကြာဆုံးပါ။ ဒါကိုလည်း သူ့အနေနဲ့ တိုတောင်းတယ်လို့သာ ထင်မြင်ယူဆခဲ့ပုံအရ ဘဝဆိုတာကို တိုင်းတာရင် ဘယ်တော့မှ ကြာညောင်းတယ်လို့ မရှိပါဘူး။ အချိန်တွေက သိပ်ကိုကုန်မြန်လွန်းပါတယ်။

ဒီလိုမျိုး တိုတောင်းလှတဲ့ဘဝကို ဘယ်လိုရှင်သန်ရမလဲ။ မားခို့စ်ပေးခဲ့တဲ့ အကြံက ရိုးရိုးလေးပါ။

“တစ်ယောက်တည်း တစ်ကိုယ်တည်း တောကြီးမျက်မဲထဲ နေထိုင်နေရလို ရှင်သန်လိုက်ပါ၊ မြို့ကြီးပြကြီးမှာ နေနေရလို့ ဒီအချိုးချိုးတယ် မလုပ်ပါနဲ့၊ နယ်မှာပဲဖြစ်စေ မြို့မှာပဲဖြစ်စေ နေနည်းတစ်မျိုးတည်းနဲ့သာ နေထိုင်ရှင်သန်ပါ။ လိုတာထက်လည်း ပိုမယူချင်ပါနဲ့၊ လိုတာထက်လည်း လျှော့မလုပ်ပါနဲ့။ ပုံမှန်လေး လောက်လောက်ငှငှ ရှိရုံမျှ ယူပြီး နေကောင်းခြင်းနဲ့ နေပါ။ သဘာဝကြီးနဲ့ ထပ်တူထပ်မျှ နေထိုင်ပြီး လူတိုင်

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေး❝ မသိမှု ဝတ်ရုံကြီး ❞မိတ်ကောင်းဆွေကောင်းများနှင့်တွေ့ဆုံခြင်းဖိုးလနတ်သားစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအိမ်တွင်းစစ်စာစောင်လေးဆယ် - အလိုကြီးအရနည်း အမြော်အမြင်မိန်းမတစ်ယောက်၏ဖွင့်ဟဝန်ခံချက်မက္ကဇင်ဂေါ်ကီ နှင့် ခရီးသည်တစ်ဦး

Unlock to read this premium article with 100 points.