Author's Profile Photo

SarPhat Official

20/06/2025

"တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"

1 min read
Personal Development
General Knowledge
Leadership
"တော်တဲ့သူတွေက ဆင်ခြေမပေးဘူး... 
ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"'s photo

"အချိန်မရှိလို့..."၊ "ငွေမရှိလို့..."၊ "အခွင့်အလမ်းမရှိလို့..."
ဒီစကားတွေကို သင်ကိုယ်တိုင်ရော ဘယ်နှစ်ကြိမ်ပြောဖူးပါသလဲ?

တကယ်တော့ တော်တဲ့သူတွေနဲ့ သာမန်လူတွေရဲ့ အဓိကကွာခြားချက်က ဆင်ခြေပေးမှု (Excuses) ရှိ၊ မရှိပါပဲ။

ဒီဆောင်းပါးမှာ ဘာကြောင့် တော်တဲ့သူတွေက ဆင်ခြေမပေးတတ်ဘူးလဲ၊ သူတို့ရဲ့ အလေ့အကျင့်တွေက ဘာတွေလဲဆိုတာ ကိုယ်တိုင်ဆန်းစစ်နိုင်အောင် ပြောပြပေးသွားမှာပါ။

၁။ ဆင်ခြေပေးခြင်းက အလေ့အကျင့်ဆိုးတစ်ခုပါ



လူအများစုက အဆင်မပြေမှုတွေကို အကြောင်းပြချက်အဖြစ် ပြောပြီး လက်လျှော့တတ်ကြပါတယ်။

"ငါ့မှာ အချိန်မရှိဘူး" (တကယ်တော့ Facebook သုံးနေတာ)
"ငါ့မှာ အတွေ့အကြုံမရှိဘူး" (ကိုယ်တိုင်စလုပ်ကြည့်ဖို့ မကြိုးစားဖူးတာ)
"ဒီလောကမှာ ကံကောင်းတဲ့သူတွေပဲ အောင်မြင်တယ်" (ကံကိုပဲ အပြစ်တင်နေတာ)

တော်တဲ့သူတွေကတော့...
✔ ပြဿနာကို အကြောင်းပြချက်အဖြစ် မသုံးဘူး
✔ ဖြစ်နိုင်တဲ့နည်းလမ်းကို ရှာတယ်
✔ အခက်အခဲကို စိန်ခေါ်မှုတစ်ခုအနေနဲ့ မြင်ကြပါတယ်။

၂။ တော်တဲ့သူတွေက အချိန်ကို အကျိုးရှိရှိသုံးတယ်



သာမန်လူတစ်ယောက်က "အချိန်မရှိဘူး" လို့ပြောပြီး Facebook သွားရှာနေတဲ့အချိန်မှာ တော်တဲ့သူတစ်ယောက်က "ဒီတစ်နာရီကို ဘယ်လို အကျိုးရှိအောင် အသုံးချမလဲ" ဆိုတာ တွေးနေပါတယ်။

ဥပမာ:

  • ဘတ်စ်ကားစီးရင်း Audiobook နားထောင်တယ်
  • ညနေ ၁၀ မိနစ် ကိုယ်လက်လှုပ်ရှားလုပ်တယ်
  • အိပ်ရာမဝင်ခင် မိနစ် ၃၀ လောက် စာအုပ်ဖတ်တယ်


တကယ်တမ်းပြောရရင် "အချိန်မရှိတာ မဟုတ်ပါဘူး၊ ဦးစားပေးမှုမရှိတာပါ"

၃။ ပျင်းရိမှုကို အားနည်းချက်အဖြစ် သိထားတယ်



လူတိုင်းမှာ ပျင်းစရာအချိန်တွေ ရှိပါတယ်။ ဒါပေမယ့်...

  • သာမန်လူတွေ: "ဒီနေ့ Mood မရှိဘူး၊ မနက်ဖြန်မှ စလိုက်မယ်"
  • တော်တဲ့သူတွေ: "Mood မရှိရင်တောင် စလုပ်မှရမယ်"


အလေ့အကျင့်ကောင်းတွေက စိတ်နေစိတ်ထားကို အနိုင်ယူကြပါတယ်။

၄။ သူတို့က အတွေ့အကြုံမရှိရင် စမ်းသပ်ယူတယ်



"ငါမတတ်သေးဘူး" ဆိုတဲ့စကားကို တော်တဲ့သူတွေက "ငါမသိသေးဘူး၊ ဒါပေမယ့် သင်ယူမယ်" လို့ စိတ်ထားပြီး ပါးစပ်ကထွက်တဲ့စကားကအစ ပြောင်းပြောတတ်ကြပါတယ်။

ဥပမာ:

  • ကိုယ်မကျွမ်းကျင်တဲ့အလုပ်ကို လေ့လာပြီး လုပ်တယ်
  • အမှားလုပ်မိရင် ပြန်ပြင်ယူတယ်
  • မသိတာရှိရင် မေးမြန်းတယ်


ဒီအချက်တွေကိုကြည့်ရင် "ကျွမ်းကျင်သူတိုင်းဟာ တစ်ချိန်က ကိုယ်တိုင် အစပြုသူပါပဲ"

၅။ သူတို့က ကံကို အပြစ်မတင်ဘူး၊ လုပ်ရပ်ကိုသာ ဂရုစိုက်တယ်



"ငါ့မှာ အခွင့်အလမ်းမရှိလို့ မအောင်မြင်ဘူး" ဆိုတဲ့သူတွေရှိပါတယ်။ 

တော်တဲ့သူတွေကတော့ "ငါကြိုးစားရင် အခွင့်အလမ်းကိုယ်တိုင်ဖန်တီးနိုင်တယ်" လို့ ယုံကြည် ကြပါတယ်။

ဥပမာ:
အလုပ်ကောင်းရဖို့ CV ကို ပိုကောင်းအောင် ပြင်ကြည့်တယ်။
Network ချဲ့ဖို့ LinkedIn မှာ Connection တွေချိတ်ထားတယ်။
အလုပ်အတွေ့အကြုံမရှိရင်တောင် Intern အနေနဲ့ စလုပ်တယ်။

"ကံကောင်းခြင်းဆိုတာ ပြင်ဆင်မှုနဲ့ အခွင့်အလမ်းတို့ ဆုံမိတာပါ"

အနှစ်ချုပ် အနေနဲ့ ဆင်ခြေပေးခြင်းကို ရပ်တန့်ပြီး အကောင်းမြင်စိတ်မွေးပါ

တကယ်တော့ ဆင်ခြေပေးတာဟာ ကိုယ့်ကိုယ်ကိုယ် လှည့်စားနေတာပါပဲ။

  • အချိန်မရှိဘူးလို့ မပြောဘဲ အချိန်စီမံခန့်ခွဲပါ။
  • ငွေမရှိဘူးလို့ မစဥ်းစားဘဲ ဘယ်လိုရှာမလဲဆိုတာ စဉ်းစားပါ။
  • အတွေ့အကြုံမရှိဘူးလို့ မပြောဘဲ စမ်းသပ်လုပ်ကိုင်ပါ။


"ဆင်ခြေပေးနေသရွေ့ ဘယ်တော့မှ တိုးတက်လာမှာ မဟုတ်ပါဘူး။ တိုးတက်ချင်ရင် ယုတ္တိမရှိတဲ့ အကြောင်းပြချက်တွေကို ရပ်လိုက်ပါ။"

ဒီနေ့ကစပြီး "မဖြစ်နိုင်ဘူး" ဆိုတဲ့စကားကို "ဘယ်လိုလုပ်ရင် ဖြစ်နိုင်မလဲ" လို့ ပြောင်းပြောမယ်ဆိုရင် သင့်ရဲ့ဘဝမှာ ကြီးမားတဲ့ပြောင်းလဲမှုတွေ ဖြစ်လာပါလိမ့်မယ်ဆိုတာ ဒီ (၁)နှစ်အတွင်း ပြောရဲပါတယ်။

Keep Reading

"တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"လိုမှသုံးပါစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအင်တာနက်နဲ့ လူနေမှုဘဝ စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအပေါ်ယံသမားစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်