Alien's Diary

မိသားစုနှင့်ပတ်ဝန်းကျင်တို့ရဲ့ "ဖြစ်နိုင်ပါ့မလား"ဆိုတဲ့စကားသံများက ကျနော့အတွေးထဲမှာ ဆူညံလျက်ရှိနေပြီ...
ကျနော့ နာမည်က အေလီယန်ပါ၊ အသက်(၂၉)နှစ်အရွယ်ရှိတဲ့ လူလတ်ပိုင်းတစ်ယောက် ဖြစ်ပါတယ်။
ငယ်စဉ်ကတည်းက စာရေးစာဖတ်ကို ဝါသနာပါလွန်းတဲ့အတွက် ဘွဲ့ရပြီးချိန်မှာလည်း Content Writer အဖြစ် အသက်မွေးဝမ်းကြောင်းပြုနေသူ တစ်ဦး ဖြစ်တယ်။
ဒါပေမယ့် ဇာတ်လမ်းက ...
အချိန်ကာလတစ်ခုအထိ ပုဂ္ဂလိကဝန်ထမ်းဘဝ
အဖြစ်ရပ်တည်ရတဲ့ဘဝကို စတင်ငြီးငွေ့လာခြင်းပါပဲ။
ဝန်ထမ်းဘဝဆိုတာ တစ်ရက်ကို (၈)နာရီလောက်အချိန်ပေးပြီး အလုပ်လုပ်မှ လကုန်တဲ့အခါ သတ်မှတ်ထားတဲ့ပုံသေလစာကို ရရှိတာမျိုးဖြစ်ပါတယ်။
ခေတ်ကာလကုန်ဈေးနှုန်းနဲ့ယှဉ်မယ်ဆိုရင်
ကျနော့အတွက်တော့ ပြည့်စုံကုံလုံတဲ့အနေအထားမျိုး မဟုတ်ပါဘူး။
ဒီတော့ သူများအတွက် တစ်ရက်(၈)နာရီ အချိန်ပေးပြီး အလုပ်လုပ်မယ့်အစား ကိုယ့်အတွက်ကိုယ်အချိန်ပေးပြီး စီးပွားရေးအသေးလေးတစ်ခု စတင်ဖို့ ကောင်မလေးဖြစ်သူနဲ့ တိုင်ပင်ခဲ့ပါတယ်။
ဒါနဲ့ ပတ်သက်ပြီး မိသားစုကတော့ သိပ်အားမပေးဘူး။ အေးအေးဆေးဆေး အရိပ်ထဲနေပြီး အချိန်တန်ပုံမှန်လစာရတဲ့အလုပ်မျိုးကိုပဲ လုပ်စေချင်တာပေါ့...
ဒါကလည်း အကြောင်းရှိပါတယ်၊ ကျနော်ကိုယ်တိုင်က မလုပ်တတ်မကိုင်တတ် မကျွမ်းကျင်ဆိုတော့ သူတို့ဘက်ကလည်း စိတ်ပူကြတာ သဘာဝပါပဲ။
တကယ်လို့ ကျနော်ကသာ သူတို့ပြောသလိုမျိုး Comfort Zone ထဲမှာပဲနေပြီး ဝန်ထမ်းဆက်လုပ်နေမယ်ဆိုရင် အချိန်ပြည့်နောင်တ,တရားနဲ့ ရှင်သန်မိမယ် ထင်ပါတယ်။
အဲ့ဒီလိုနောင်တမရမိအောင် ဖြစ်ချင်ရာဖြစ်ဆိုပြီး ကိုယ်ပိုင်စီးပွားရေး စမ်းလုပ်ကြည့်ဖို့ ကျနော်တို့ဆုံးဖြတ်ခဲ့ပါတယ်။
တကယ်တမ်း စလုပ်ကြည့်တဲ့အခါမှာလည်း အခုလိုခြေလှမ်းစတင်လိုက်တာဟာ သိပ်မဆိုးတဲ့အနေအထားလို့ ပြောလို့ရပါတယ်။
ဒါကြောင့် ကျနော့လိုပဲ စမ်းလုပ်ကြမယ့် လူငယ်အချို့ကို အကြံပေးလိုတာက...
✅ "ဖြစ်နိုင်ပါ့မလား"ဆိုတဲ့ မိသားစုနဲ့ ပတ်ဝန်းကျင်ရဲ့စကားသံတွေကို "လုပ်ရပ်"နဲ့ သက်သေပြလိုက်ပါ။
✅ အချိန်မဆွဲပါနဲ့။
✅ သောက်ပျင်းမကြီးပါနဲ့။
✅ တစိုက်မတ်မတ်လုပ်ပါ။
✅ ဘာစီးပွားရေး၊ ဘာအလုပ်ပဲလုပ်လုပ် ကိုယ့်ရဲ့လေ့လာသင်ယူမှုကို ဘယ်တော့မှမရပ်တန့်လိုက်ပါနဲ့။
ဒီလိုဆိုရင် "ဖြစ်နိုင်ပါ့မလား"ဆိုတဲ့ စကားသံများဟာ လေထုနဲ့အတူ ပျောက်ကွယ်သွားပါလိမ့်မယ်။
.
"𝗝𝘂𝘀𝘁 𝗮 𝗦𝗶𝗺𝗽𝗹𝗲 𝗡𝗼𝘁𝗲 𝗳𝗼𝗿 𝗬𝗼𝘂"
.
#AliensDiary #Diary #Note #Myanmar
Keep Reading