Author's Profile Photo

Kaung Hein Soe - Strategic

8/10/2025

ငွေကြပ်တည်းမှု

2 mins read
ငွေကြပ်တည်းမှု's photo

ကိုယ်ပိုင် လုပ်ငန်း လေး တစ်ခု စတင်လုပ်ကိုင်ရာ ကနေ အချိန်တစ်ခု ကြာလို့ အလုပ်ဖြစ်လာ တဲ့ အခါမှာ ကြုံ ရတတ်တာ တစ်ခုက ငွေ ပြတ် သွားတာ ငွေ ကြပ် သွားတတ်တာ ဖြစ်ပါတယ်။ လုပ်ငန်း ကလဲ ရောင်းရတယ် Inventory တွေ လဲ ရှိတယ် ဆိုပြီး အကြွေး မပေးနိုင် လို့ နာမည် ပျက်တာ ပြို လဲ သွားတာ တွေ ဟာ လက်တွေ့ အများ အပြား ရှိကြပါတယ်။ ငွေလေး နည်းနည်း ကြပ်တာ ပါဆိုပြီး မပြင်ဆင်ထားရင် အခက်အခဲ ကြီး ကြီး ကို ဦးတည်နိုင်ပါတယ်။

ကျွန်တော် တောင် အစီအစဉ်လေးတွေ ချထားတဲ့ ကြား က ငွေ ကြပ် ပြီး လက်ထဲရော ဘဏ်ထဲပါ သိန်း ဆယ် ဂဏာန်းလောက်ပဲ ကျန်သွားတာ မကြာသေးခင်က ဖြစ်ဖူးပါတယ်။ ငွေပမာဏ များများ လည်နေရတဲ့ လုပ်ငန်း ရှင် အတွက် ဒီ ဖြစ်ရပ်ဟာ ချွေးစေး ပြန်အောင် ကြောက်ဖို့ကောင်းပါတယ်။ ပေးစရာတွေ မပေးနိုင်ရင် ငွေခက်တယ်ကတိမတည်ဘူး စသဖြင့် နာမည် လဲ ထိနိုင်တာကိုး။ ဒါကြောင့် နည်းလမ်း လေးတွေ မျှဝေ လိုပါတယ်။

(၁) Reserve Cash
လက်ထဲ မှာ ငွေပမာဏ ဘယ်လောက် အနည်း ဆုံး ရှိ မှ ဒီနေ့ အလုပ်ခန်း ဖွင့်မယ် အလုပ်လုပ်မယ် လို့ သတ်မှတ်ထားတာမျိုး ပါ။ နေ့တိုင်း ရုံးပိတ်တဲ့ အခါ နောက်နေ့ အတွက် သတ်မှတ်ငွေ ပမာဏ ရှိလားစစ်ဆေး ကာ မရှိရင် တနေရာရာ၊ အခြားရုံးခွဲ စသည် ကနေ ငွေ ယူထားစေခြင်း မျိုးပါ။ ဘဏ်တွေ မှာ သုံး ကြတဲ့ နည်းစနစ်ပါပဲ။

(၂) Cash Equivalents
ငွေနှင့်အလားသဏ္ဌာန် တူသော အရာများ စုဆောင်းထား အသင့်ထားတာ ဖြစ်ပါတယ်။ လုပ်ငန်း ငွေ ကြပ်ရင် ရောင်းထုတ်ပြီး ဖြေရှင်းဖို့ ငွေ ရင်း capital ထဲ ကနေဖြစ်စေ အမြတ်တွေ ထဲ ကဖြစ်စေ ခွဲထုတ် ထားတာပါ။ ငွေ သားအဖြစ် ကိုင်ထားရင် အချိန်ကြာ တဲ့ အခါ ငွေကြေးဖောင်းပွ မှု ကြောင့် တန်ဖိုး လျော့ သွားမှာ စိုး တဲ့ အတွက် inflation ဒဏ်လဲ ခံနိုင်ရမယ် လိုအပ်ချိိန်မှာ ငွေ အဖြစ် လဲ အလွယ်တကူ ရောင်း နိုင်ရမယ် ဆိုတဲ့ ဂုဏ်သတ္တိရှိတဲ့ အရာတွေ ကို ပမာဏ အချိုးတစ်ခု ထားရှိ ထားတာပါပဲ။ ဥပမာ ရွှေ၊ နိုင်ငံခြားငွေကြေး၊ ရှယ်ယာ စသဖြင့်ပါပဲ။

(၃) Liquidity Ratios
Asset ဆိုတဲ့ ပိုင်ဆိုင်မှု တစ်ခု ရဲ့ ငွေဖြစ်လွယ်စွမ်းကို Liquidity လို့ခေါ်ပါတယ်။ ဒီလိုပါပဲ လုပ်ငန်း တစ်ခု မှာ ပေးစရာ အကြွေး တွေ ကို ရုတ်တရက်ပေးရမယ် ဆိုရင် liquidity ကောင်းတဲ့ အလွယ်ရောင်းထုတ် နိုင်မယ့် ပိုင်ဆိုင်မှုတွေ က အချိုး ဘယ်လောက် ရှိသလဲ ဆိုတာကို Finance ဌာနက Liquidity Ratios တွေ နဲ့ လစဉ် တိုင်းတာ သုံး သပ် နေကြတဲ့ စနစ်ဖြစ်ပါတယ်။ သတ်မှတ် ငွေဖြစ်လွယ်မှု နှုန်း ထက် စံ နှုန်း လျော့ ကျနေရင် BOD သို့ Management team ကို တိုင်ပင် ကာ ငွေ သားများ အောင် သို့မဟုတ် inventory လျှော့တာ သို့မဟုတ် လိုအပ်တဲ့ Action တစ်ခုခုကို လုပ်ဆောင်ကြပါတယ်။

(၄) Banking services
လုပ်ငန်း ငယ်လေးတွေ အတွက် သိန်း ဆယ် ဂဏာန်းလောက် ငွေ လို တာမျိုး ဆို ရင် banking service တွေ နဲ့ ရှင်းလို့ရပါတယ်။ ဥပမာ Credit Cards လုပ်ထား ပြီး သိန်း ၅၀ လောက်ထိ အချိန်ကာလတစ်ခု သုံး ထားလို့ရနိုင်ပါတယ်။ လုပ်ငန်း ကြီးကြီး တစ်ခု ရဲ့ သူဌေး ကတော့ ရုံးခွဲ အဆေက်အအုံ တစ်ခုကို သူငွေကြပ်တိုင်း ဘဏ်မှာ အပေါင်ထား ကာ ချေးငွေ ယူလေ့ ရှိပါတယ်။ ကားအပေါင်ထား တာလဲ တွေ့ဖူးပါတယ်။ bank ရဲ့ services တွေ ကို သုံး ဖို့ ပါပဲ။

(၅) Network
စီး ပွါးရေးလုပ်ငန်း လုပ်သူတွေ ဟာ ထိပ်ဆုံး ရောက် အောင်မြင် ချင်ရင် အပြန်အလှန်ကူညီ ပေးတတ်နဲ့ ညီအစ်ကို သွေးသောက် တွေ ရှိဖို့လိုပါတယ်။ လက်တွေ့မှာ လဲ အပြန်အလှန် ငွေလှည့် ပြီး ကူညီလုပ်ဆောင်နေကြတာပါပဲ။ ဒါကြောင့် အရေးကြုံ တဲ့အခါ ငွေ ကူ နိုင်မယ့် မိမိကိုယုံကြည်သူများ တည်ဆောက်ထား ဖို့လဲ သင့်ပါတယ်။

(၆) ငွေပေးချေ စနစ်
လုပ်ငန်းကြီး အများစု မှာ တစ်ရက်ရောင်းအား ဘယ်လောက် အကြွေး ရောင်းရတာ ဘယ်လောက် တစ်ရက်ကို ငွေသားဝင်တာဘယ်လောက်။ အကြွေး ကောက်ခံ ရရှိမှုကဘယ်လောက် စသဖြင့် အသေးစိတ် တွက်ချက် ထား တတ်ကြပါမယ်။ ဒါ့အပြင် ဒီအချက်တွေ နဲ့ ချိန်ညှိပြီး ငွေ ထွက်တဲ့ နှုန်း ကိုလဲ စနစ်တစ်ခု ချထားတာပါပဲ။ ဥပမာ supplier တွေကို တစ်ပတ်မှာ တနလ်ာ နဲ့ ကြာသပတေး နှစ်ရက်သာ ငွေ ထုတ်ပေးမယ်။ ပမာဏ ဘယ်လောက် ဆို ဘယ်နှစ်ရက်ကြိုတင်ပြောရမယ်။ ဘယ်လောက် ပမာဏ ထက် များ ရင် တော့ ဘယ်နှစ်ရစ် ခွဲထုတ်ရမယ် စသဖြင့်ပါပဲ။
ဒါလေးတွေ ကတော့ လုပ်ငန်း တွေ မှာ ငွေကြပ်သွားခြင်း မဖြစ်စေ ဖို့ လုပ်ဆောင်သင့်တဲ့ နည်းလေးတွေ ပါပဲ။

Kaung Hein Soe - Strategic
Serial Investor

Keep Reading