Author's Profile Photo

Kaung Hein Soe - Strategic

19/09/2025

သင့်လုပ်ငန်းက တကယ်မြတ်နေရဲ့လား-အပိုင်း(၂)

4 mins read
သင့်လုပ်ငန်းက တကယ်မြတ်နေရဲ့လား-အပိုင်း(၂)'s photo


ရှေ့က အပိုင်း(၁)မှာတော့ စီးပွားရေးလုပ်ငန်းတစ်ခု လုပ်မယ်ဆိုရင် ပထမဦးဆုံး စစဉ်းစားရမယ့် COGS တွေ အကြောင်းကို ပြောပြခဲ့တာပဲ ဖြစ်ပါတယ်။

ပထမတစ်ပိုင်းမှာ ပြောခဲ့ဖူးတဲ့ စီးပွားရေးလုပ်တဲ့အချိန်မှာ COGS အကြောင်းတွေ တွက်ရမယ်၊ အပျက် အစီးအကြောင်းတွေ တွက်ရမယ်၊ ကိုယ့်ဆီကို ကုန်ပစ္စည်းက ရောက်လာတဲ့အချိန် ရောင်းဖို့ အသင့်ဖြစ်တဲ့အချိန် ထိ ကုန်ကျစရိတ်တွေ ကြားထဲမှာရှိသေးတယ်ဆိုတဲ့ အကြောင်းကို ပြောခဲ့တာဖြစ်ပါတယ်။ နောက်တစ်ခုသိထား ဖို့က အချိန်ဘယ်လောက် ယူရလဲဆိုတာ ဖြစ်ပါတယ်။ ရှေ့မှာ example ပေးခဲ့သလို ဒီနေရာကနေ တစ်ခုကို တစ်သောင်းနဲ့ ဝယ်မယ်၊ ဒီဘက်နေရာမှာ တစ်ခုကို တစ်သောင်းခွဲနဲ့ ပြန်ရောင်းရင် ငါးထောင်အမြတ်ရမယ် ဆိုပြီး တော့ တွက်ကြည့်ခဲ့ပါတယ်။ ဒါဆို ဒီဘက်ကပစ္စည်းကို ဒီဘက်မှာလာရောင်းဖို့အတွက် အချိန်ဘယ်လောက် ယူရလဲ။ ဒါကိုထပ်ပြီးတော့ သုံးသပ်ဖို့လိုပါတယ်။ ရှေ့က အပိုင်း(၁)မှာ ပြောခဲ့ဖူးတာကတော့ စီးပွားရေးလုပ်ရင် အချိန်ကိုကုန်သွယ်ခြင်းရှိတယ်၊ နေရာကိုကုန်သွယ်ခြင်းရှိပါတယ်။
           
တချို့အရာတွေက ‘အေ’ ဆိုတဲ့နေရာကနေဝယ်ယူပြီးတော့ ‘ဘီ’ ဆိုတဲ့နေရာကိုသွားရောင်းလိုက်ရုံပါပဲ။ တချို့ပစ္စည်းတွေက ဝယ်လှောင်ထားလိုက်ပြီးတော့ ဈေးတက်တဲ့အချိန်၊ သူ့ရာသီရောက်တဲ့အချိန်မှာ ပြန်ရောင်း လိုက်ရုံပါ ပဲ။ ဒါပေမယ့် စီးပွားရေးလုပ်ငန်းတစ်ခု လုပ်ရင်ကြတော့ သီအိုရီလို မဟုတ်ဘဲနဲ့ အဲဒီနှစ်ခုလုံးက ပူးပေါင်း ပါဝင်နေတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ တစ်နည်းအားဖြင့် နေရာကိုကုန်သွယ်ရင်လည်း အချိန်သည် လာပြီး တော့ ပါဝင်နေတာကိုလည်း တွေ့ရပါတယ်။
           
ဥပမာရှင်းရှင်းလေးတစ်ခုပေးရမယ်ဆိုရင် သိန်းတစ်ရာနဲ့ ကားလေးတစ်စီးဝယ်ထားလိုက်ပြီး (၂)နှစ် ကြာတဲ့အချိန်မှာ သိန်းတစ်ရာ့တစ်ဆယ်နဲ့ ပြန်ရောင်းလိုက်ပါမယ်။ ဒါကို အချိန်နဲ့ကုန်သွယ်ခြင်း၊ အချိန်နဲ့ စီးပွားရေးလုပ်ခြင်းလို့ပြောလို့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ကားဈေးကို ဒီ (၂)နှစ်မတိုင်ခင် သိန်းတစ်ရာရှိတဲ့ အချိန်မှာ ဝယ်ထားလိုက်မယ်၊ ကြာသွားလို့ ကားဈေးတက်တဲ့အချိန်မှာ သိန်းတစ်ရာ့တစ်ဆယ်နဲ့ ပြန်ရောင်းလိုက် တယ်။ ဒါသည်အချိန်ကို ကုန်သွယ်ခြင်း ၊ အချိန်ကို စီးပွားရေးလုပ်ခြင်းပဲဖြစ်ပါတယ်။ သိန်းတစ်ရာနဲ့ ဝယ်ခဲ့တယ် သိန်းတစ်ရာ့တစ်ဆယ်နဲ့ပြန်ရောင်းတော့ အကြမ်းအားဖြင့် (၁၀) သိန်းမြတ်ပါတယ်။
           
အထက်မှာပြောခဲ့တဲ့ အချိန်ဘယ်လောက်ယူရလဲဆိုတဲ့ ကိစ္စသည် ဒီနေရာမှာစပြီးစဉ်းစားလာရပါပြီ။ ဒီအတိုင်း Business နဲ့ကြည့်လိုက်ရင်တော့ (၁၀)သိန်းအမြတ်ထွက်နေတယ်။ ဒါပေမဲ့ အချိန်ဘယ်လောက်ယူခဲ့ရ သလဲဆိုတော့ (၂)နှစ်ဖြစ်ပါတယ်။ ဒီပစ္စည်းကို (၂)နှစ် လက်ထဲမှာထားပြီးတော့ ပြန်ရောင်းတဲ့အချိန်မှာ (၁၀)သိန်း ရတာသည် တန်လား၊ မတန်ဘူးလားဆိုတာကို ထပ်စဉ်းစားဖို့လိုပါတယ်။ တန်၊ မတန်ကို ဘာနဲ့ အနီးဆုံးနှိုင်းယှဉ် စဉ်းစားလို့ရသလဲဆိုရင် ဘဏ်တိုးပဲဖြစ်ပါတယ်။ ဘဏ်ထဲမှာ သိန်းတစ်ရာထည့်ထားမယ်ဆိုရင် တစ်နှစ်လုံး အတွက် ဘဏ်က အတိုးဘယ်လောက်ပေးလဲဆိုတော့ (၈)ရာခိုင်နှုန်းပေးပါတယ်။ သိန်းတစ်ရာရဲ့ (၈)ရာခိုင်နှုန်း သည် (၈)သိန်း ဖြစ်ပါတယ်။ သိန်းတစ်ရာလုံးကို (၂)နှစ်ထည့်ထားလိုက်ရင် အတိုးချည်းပဲ (၁၆)သိန်းဖြစ်သွားပါ မယ်။ ဘာကြောင့် (၁၆)သိန်းရတာလဲဆိုတော့ ပထမနှစ်မှာရတဲ့ (၈)သိန်းအတိုးကိုပါ နှောက်နှစ်မှာ အတိုးထပ်ရ မှာဖြစ်တဲ့အတွက် တကယ်လို့ သိန်းတစ်ရာကိုသာ (၂)နှစ်ဆက်တိုက် ဘဏ်ထဲထည့်ထားခဲ့ရင် (၂)နှစ်ကုန်ဆုံးတဲ့ အချိန်မှာ ဘယ်လောက်ဖြစ်နေမလဲဆိုတော့ (၁၁၆) သိန်းဖြစ်နေမှာ ဖြစ်ပါတယ်။
           
မော်တော်ကားရောင်းလိုက်တဲ့အချိန်မှာ (၁၀)သိန်းပဲအမြတ်ရမှာဖြစ်ပါတယ်။ ဘဏ်ထဲထည့်ထားမယ် ဆိုရင် (၁၆)သိန်း (၁၇)သိန်းနီးပါးရမယ်ဆိုတော့ ဘယ်လောက်ရှုံးသွားလဲဆိုရင် တစ်နည်းအားဖြင့် (၇)သိန်းရှုံးပါ တယ်။ ဒါ့ကြောင့် ဘာကိုပြောချင်တာလဲဆိုတော့ အချိန်ဘယ်လောက်ယူရလဲဆိုတဲ့ စကားလုံးလေးကို မေးဖို့လို ပါတယ်။ ခုနကပြောသလိုပဲ ဒီနေရာကနေ တစ်ခုကို တစ်သောင်းနဲ့ ဝယ်လိုက်တယ်၊ ဒီဘက်မှာ တစ်သောင်းခွဲနဲ့ ပြန်ရောင်းတော့ ငါးထောင်မြတ်မှာ ဖြစ်ပါတယ်။ ငါးထောင်မြတ်ပေမဲ့ အဲ့ဒီ Process က (၂)လ ကြာတယ်ဆိုရင် တစ်လကို ဘယ်လောက်ပဲမြတ်မလဲဆိုတော့ (၂၅၀၀) ပဲမြတ်မှာဖြစ်ပါတယ်။ ဒါဆိုရင် ကျွန်တော်တို့ Profit က အချိန်ပေါ်မူတည်ပြီးတော့ တစ်ဝက်ကျသွားပါမယ်။ အကယ်၍သာ အဲ့ဒီ Process ကြီးက နိုင်ငံရပ်ခြားကနေ သယ်ယူရောင်းချရတာဖြစ်လို့ အချိန် ငါးလကြာမယ်ဆိုရင် တစ်သောင်းနဲ့ ဝယ်တဲ့ပစ္စည်းကို တစ်သောင်းခွဲနဲ့ ပြန်ရောင်းလို့ရတဲ့ အမြတ်ငါးထောင်က တစ်လချင်းနဲ့ပြန်ယှဉ်လိုက်ရင် ငါးလဖြစ်တဲ့အတွက် တစ်လကိုတစ်ထောင် ပဲ မြတ်တော့မှာ ဖြစ်ပါတယ်။

စီးပွားရေးလုပ်ရင် ကျွန်တော်တို့က နေရာကို စီးပွားရေးလုပ်တယ်၊ အချိန်ကို စီးပွားရေးလုပ်တယ်။ အချိန် အကြောင်းကို အမြဲတမ်းထည့်စဉ်းစားဖို့ လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ “အချိန်သည် ငွေပဲ” လို့ ရှေးလူကြီး တွေက ပြောခဲ့တာကြောင့်ဖြစ်ပါတယ်။ ဆင်းရဲတဲ့လူအတွက်ဖြစ်ဖြစ် ချမ်းသာတဲ့လူအတွက်ဖြစ်ဖြစ် အချိန်သည် ငွေပဲ။ အချိန်ပေါ်မူတည်ပြီးတော့ ငွေကြေးအပြောင်းအလဲတွေများစွာ ဖြစ်နေမှာပဲဖြစ်ပါတယ်။ နောက်တစ်ချက်က ဒီဘက်ကပစ္စည်းကို တစ်ခုကိုတစ်သောင်းနဲ့ ဝယ်လာတယ်၊ ဒီဘက်မှာ တစ်သောင်းခွဲနဲ့ ပြန်ရောင်းလို့ရတယ်လို့ သိထားတယ်။ ဒါပေမဲ့ အချိန်က ကိုယ့်ဆီသုံးလလောက်ကြာတော့မှ ပြန်ရောင်းမယ်ဆိုရင် ဈေးကွက်ပေါက်ဈေး ကရော ကျွန်တော်တို့စတွက်ထားတုန်းကလို တစ်သောင်းခွဲရှိနေဦးမှာလား ၊ May Be ဈေးကျရင် ကျသွားမယ်။ တစ်သောင်းလေးထောင်ပဲရရင်ရတော့မယ် ၊ တစ်သောင်းသုံးထောင်ပဲ ရရင်ရတော့မှာဖြစ်ပါတယ်။

ဒါဆိုရင် အပိုင်း(၁)မှာ မျှဝေပေးခဲ့တဲ့ COGS လို့ခေါ်တဲ့ “Cost of Goods Sold” ဆိုတဲ့ ကုန်ကျစရိတ် တွေနဲ့ နှိုင်းယှဉ်ကြည့်ရင် မြတ်သေးရဲ့လားဆိုတာသည် ဒုတိယတစ်ဆင့် ထပ်စဉ်းစားရမယ့် အချက်ဖြစ်ပါတယ်။ ခုနကပြောသလိုပဲ ပထမအချက်ကတော့ အချိန်ဘယ်လောက်ကြာသလဲ၊ ဘာနဲ့နှိုင်းယှဉ်မလဲဆိုတော့ ဘဏ်တိုးနဲ့ နှိုင်းယှဉ်ရပါမယ်။ ဘဏ်တိုးဘယ်လောက်ရှိသလဲ ဆိုတာတွေသည် အရေးကြီးတဲ့အချက်ထဲမှာ အများကြီးပါဝင်ပါ တယ်။
           
ပထမအပိုင်း(၁)မှာ စရိတ်တွေအကြောင်းပြောခဲ့ပါတယ်။ နောက်တစ်ဆင့်မှာ အမြတ်ကို ဘာနဲ့ နှိုင်းယှဉ် မလဲဆိုတော့ ဘဏ်တိုးနဲ့ နှိုင်းယှဉ်ပါမယ်။ နံပတ်(၃)အချက်က အချိန်ကြာတဲ့အလျောက် ပြန်ရောင်းရမဲ့ ဈေးကွက် ပေါက်ဈေးသည် အလျော့အတင်းဖြစ်နိုင်သလားဆိုတာကို စဉ်းစားရပါမယ်။ ဈေးပိုတက်သွားတယ်ဆိုရင်တော့ ပြဿနာမရှိပါဘူး။ ဒါပေမဲ့ ဈေးပြန်ကျသွားတာလည်း ဖြစ်နိုင်ပါတယ်။ ဘယ်လောက်ဖြစ်နိုင်သလဲ၊ ဘာတွေ ကြောင့်ဖြစ်နိုင်သလဲ၊ ဒါတွေကိုသုံးသပ်တွက်ချက်တတ်ဖို့လိုပါတယ်။ ဒါမှသာ မိတ်ဆွေလုပ်မယ့်လုပ်ငန်းက တကယ် အမြတ်ထွက်မှာပါ။ ဒီဘဏ်ထဲမှာ ပိုက်ဆံထည့်မထားဘူး၊ စီးပွားရေးလုပ်လိုက်မယ်၊ ဘဏ်တိုးမရဘူးဆိုလည်း အဆင်ပြေတာပဲ၊ ဒီလိုပြောလို့မရပါဘူး။ ဘဏ်တိုးလောက်တောင်မရဘူးဆိုရင် မိတ်ဆွေရဲ့ငွေက ပရုတ်လုံးလိုပဲ လုံးပါးပါးသွားမှာပါ။ အတွေ့အကြုံရတယ်၊ Business Experience ရတယ်ဆိုပြီး ဘယ်စီးပွားရေးသမားမှ Experience သတ်သတ်အတွက် စီးပွားရေးမလုပ်ပါဘူး။ စီပွားရေးလုပ်ရခြင်းရဲ့ တစ်ခုတည်းသော ရည်ရွယ်ချက် သည် အမြတ်ငွေရဖို့ပဲဖြစ်ပါတယ်။ အမြတ်ငွေရဖို့ ဘယ်လိုလုပ်ရလဲဆိုတဲ့ တခြားနည်းလမ်းတွေလည်းရှိပါတယ်။

အပိုင်း(၂)အနေနဲ့ မိတ်ဆွေရဲ့လုပ်ငန်း တကယ်မြတ်ဖို့အတွက် ကျွန်တော်ပြောတဲ့ အချက်တွေကို စဉ်းစား ကြည့်ဖို့လိုပါတယ်။ ဒါဆိုရင် ဒီအချက်တွေ အားလုံးစဉ်းစားပြီးလို့ အိုကေတယ်ဆိုရင်ရော လုပ်ငန်းက အမြတ်ထွက် ပြီလားဆိုတော့ မဟုတ်သေးပါဘူး။ ဘာတွေထပ်စဉ်းစားရဦးမလဲဆိုတာ နောက်ထပ်တစ်ပိုင်းမှာ ဆက်ပြောပြပေး သွားဦးမှာပဲဖြစ်ပါတယ်။

Keep Reading