Author's Profile Photo

မောရိသျှ

24/03/2025

စာစောင်လေးဆယ် - အလိုကြီးအရနည်း

2 mins read
Life Style
Personal Development
General Knowledge
စာစောင်လေးဆယ် - အလိုကြီးအရနည်း
's photo

ဒီနှစ်အတွင်း ဘာတွေလုပ်ဖို့ စဉ်းစားထားလဲ။ ဘာတွေ လိုချင်တယ်လို့ တွေးထားလဲ။ လစာတိုးဖို့လား။ အိမ်ဝယ်ဖို့လား။ သူငယ်ချင်းအသစ်တွေ လိုချင်လို့လား။ ဒါမှမဟုတ် ကိုယ်ပိုင် လုပ်ငန်းတစ်ခု ထူထောင်ဖို့လား။ ဒါဖြင့်လည်း ရတာမရတာထက် ရဖို့လုပ်နေတဲ့အပေါ်မှာပဲ အာရုံအပြည့်ထည့် အလုပ်ကြိုးစားလုပ်ပါ။ အတွေးများမနေပါနဲ့။ 

ဘဝမှာ ဘာပဲလိုချင်လိုချင် တန်ရာတန်ကြေးရှိပါတယ်။ ဒါကို မေ့နေလို့ မရဘူးဗျ။ လိုချင်တာတွေ ရဖို့ င့ါမှာ ကြိုးစားလိုက်ရတာ ပင်ပန်းသွားတာပဲ အဖတ်တင်တယ် မထူးဘူး။ အဲဒီလို ဖြစ်နေရင်တော့ တန်ရာတန်ကြေး ထိုက်တာကို မပေးဆပ်နိုင်သေးလို့ပါ။ ဒါမှမဟုတ် အာရုံစိုက်တာ လွဲနေပြီး လုပ်တာတွေက မှားနေလို့ပဲဖြစ်ပါလိမ့်မယ်။ ဒါကြောင့် အောင်မြင်မှု လိုချင်ရင် အောင်မြင်မှု အကျိုးဆက်ထက် အောင်မြင်ဖို့ ကြိုးစားနေတဲ့ အလုပ်လမ်း ကြောင်း တာဝန်ဝတ္တရားတွေမှာပဲ အာရုံအပြည့်စူးစိုက်ထားပါ။ နောက်ဆုံးအကျိုးရလဒ်က ရအောင်ယူဖို့ တွေးထားရင် ကြိုစဉ်းစားပြီး စိတ်ကူးနေစရာ မလိုပါဘူး၊ အလုပ်ကိုပဲ အာရုံစိုက်ထားလိုက်ပါ။ သေချာမှတော့ စိတ်အပြည့်ထားပြီး လုပ်ပေါ့။ မသေချာလို့သာ စိတ်ကူးပြီး ယောင်လည်လည် လုပ်နေတာဖြစ်ပါတယ်။ 

ကျောင်းပြီးတော့ အလုပ်ဝင်ခဲ့ရင် လစာ (ဒေါ်လာ) တစ်သိန်းနီးပါး ရချင်ခဲ့တယ်။ ဘယ်ကနေ ဘယ်လိုရမယ်ဆိုတာကိုတော့ မသေချာဘူး၊ လိုချင်တာပဲ ရှိခဲ့တာ။ လုပ်နိုင်ခဲ့သလားဆိုတော့ ဘယ်လိုလုပ်ရမလဲဗျာ၊ စိတ်က ဘယ် လောက်ပဲ ဖြစ်ချင်ဖြစ်ချင် အခြေအနေနဲ့ အနေအထားဆိုတာလည်း ရှိသေးတယ်လေ။ ကျွန်တော့်အရည်အချင်းနဲ့ လုပ်ရည်ကိုင်ရည်ကမှ အဲဒီလောက် ပမာဏ ရအောင် မလုပ်နိုင်သေးတာ၊ စိတ်ကူးယဉ်ရုံပဲ ရခဲ့တယ်။ 

ကိုယ့်ရဲ့အခြေအနေကို သိခြင်းကလည်း အမြော်အမြင်ရှိခြင်းပဲဗျ။ မရေရာမသေချာမှုတွေ များနေရင် မလောင်းတာ အကောင်းဆုံးပဲ။ ဘဝကြီးက စွန့်စားရဲတဲ့သူတွေကို ဆုလာဘ်ကြီးတွေ ပေးတတ်တယ်၊ ဒါပေမဲ့ မိုက်ရူးရဲဆန်ပြီး အခြေအနေကို မသိနားမလည်ဘဲ အလောင်းကစားလုပ်တတ်တဲ့သူတွေကိုတောင့် အရှိုက်ကို အထိနာအောင် အပြစ်ကြီးကြီး ပေးတတ်တယ်ဗျ။ 

နောက်တစ်ချက်က ဘယ်သူမဆို ရတာလောက်နဲ့ မတင်းတိမ်တတ်ကြဘူးဗျ။ သုည ငါးလုံးကနေ ခြောက်လုံး တိုးချင်တယ်။ ငါ့လစာ သုညတွေ ခြောက်လု

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအပေါ်ယံသမားစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)

Unlock to read this premium article with 100 points.