Author's Profile Photo

မောရိသျှ

26/03/2025

စာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်း

2 mins read
Personal Development
General Knowledge
Motivation
စာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်း's photo

ကျွန်တော်ကတော့ ကိုယ်ပိုင် မှတ်ကျောက်တိုင်နဲ့ ပန်းတိုင်တွေ သတ်မှတ်ပြီး ကြိုးစားဖြစ်တယ်ဗျ။ စိတ်ထဲ သတ်မှတ်ထားတဲ့ အချိန်အတိုင်းအတာအတွင်း ဘာကို ပြီးဆီးဖြစ်မြောက်အောင် လုပ်မယ်ဆိုပြီး ကြိုတွေးဖြစ်တယ်။ ဘဝနဲ့ပတ်သက်လာရင် တနှစ်ကို အနည်းဆုံး ဒေါ်လာ တသိန်း ရအောင် လုပ်မယ်၊ ကျန်းမာရေးအတွက်ဆိုရင် ငါးပေါင်ဝိတ်တက်အောင် လေ့ကျင့်ခန်းတွေ ဖိဖိစီးစီးလုပ်မယ် စသဖြင့် သတ်မှတ်ဖြစ်တယ်။ 

တခါတလေကျတော့ စိတ်ထဲ ရည်မှတ်ထားတဲ့ ရည်မှန်းချက်အချို့နဲ့ ပန်းတိုင်တွေက စိတ်ခွန်အားကို တိုးမြှင့်ပေးရမယ့်အစား၊ ဖိအားတခုလိုဖြစ်သွားပြီး စိတ်ပင်ပန်းရတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါမှမဟုတ် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်အောင်လုပ်လျက်သားနဲ့ မဖြစ်ဘဲ လွဲတာမျိုး၊ လုပ်နေရင်း ကျင့်သားပျက်သွားတော့ ဆက်မလုပ်ဖြစ်တော့ဘဲ လက်လျှော့လိုက်တာမျိုး၊ စသဖြင့် အမျိုးမျိုးကြုံဖူးကြမှာပါ။

တချို့ကျပြန်တော့လည်း ရည်မှန်းချက်တွေ ရည်ရွယ်ချက်တွေ မှတ်တိုင် ပန်းတိုင်တွေ ထားပြီး အလုပ်လုပ်ရတာက (Tony Robbins) တိုနီ ရောဘင်ရဲ့ နောက်လိုက်တွေ မီးနင်းတာမျိုးနဲ့ တူသလို ခံစားချက်တွေ ဖြစ်နေတတ်ပါတယ်။ တိုနီကတော့ စိတ်ပိုင်းဖြတ်လိုက်ရင် ကိုယ့်ကိုယ်ကိုယ် မညှာဘဲ လုပ်ဖြစ်အောင် ရည်သန်စိတ် မြှင့်ပေးတဲ့အနေနဲ့ မီးနင်းခိုင်းတာပါ၊ စေတနာနဲ့ဆိုပေမဲ့ သူ့စေတနာကြီးက လူတိုင်းအတွက် အဆင်မပြေတော့ တွေးကြည့်လိုက်ရင် အဓိပ္ပါယ်မရှိသလိုတောင် ဖြစ်သွားတတ်ပါတယ်။ ပန်းတိုင်တွေ ရည်မှန်းချက်တွေ မှတ်ကျောက်တိုင်တွေ သတ်မှတ်ပြီး လုပ်တာက အမှန်တော့ ကိုယ့်စိတ်ကို ထွေပြားမသွားအောင် ထိန်းချုပ်လိုက်တဲ့သဘောပါ။

အတွေးများစိတ်လေလွယ်တဲ့သူတွေအနေနဲ့ကျတော့ ဘာပဲလုပ်လုပ် အာရုံစိုက်ဖို့ ခက်နေတဲ့အခါ၊ အလုပ်ပြီး မြောက်မှုရှိသွားအောင် သူတို့ကိုယ်သူတို့ စည်းကမ်းပြန်ချပြီး အလုပ်ပြီးစီးသွားအောင် ကိုယ့်ကိုယ်ကိုယ် ဖိအားပေး လှုံ့ဆော်တဲ့ သဘောမျိုးနဲ့ တူပါတယ်။ နောက်တချက်က ပန်းတိုင်ရှိခြင်းအားဖြင့် အလုပ်လုပ်ရတာ ပိုပြီး စည်းစနစ်ကျသလိုမျို

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအပေါ်ယံသမားစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်း

Unlock to read this premium article with 100 points.