Author's Profile Photo

Honey cho

1/08/2024

ချစ်တာကတော့ ချစ်တာပေါ့

1 min read
Personal Development
General Knowledge
18 Again
ချစ်တာကတော့ ချစ်တာပေါ့'s photo

ကမ္ဘာပေါ်မှာ လူတိုင်းလိုလိုဟာ အချစ်နဲ့ကင်းတဲ့လူသားဆိုတာဟာ မမွေးဖွားလာကြသေးသလို ထင်မှတ်ရတဲ့အထိကို ရှားပါးလွန်းလှကြပါတယ်။

အချစ်နဲ့သံယောဇဉ် ဟာ အနှောင်အဖွဲ့တစ်ခု၊လူတစ်ဦးနဲ့တစ်ဦးကြားမှာရှိတဲ့ ထုံးဖွဲ့မှုတစ်ခုဆိုလည်း မမှားပါဘူး။

ဒါပေမဲ့ တစ်ယောက်နဲ့တစ်ယောက် ချစ်ပုံချစ်နည်းခြင်းတော့မတူညီကြပါဘူး။ချစ်တယ်ဆိုတာဟာ လူသားတစ်ဦးနဲ့တစ်ကြားမှာ ရှိကြတဲ့လုံးဝကိုလှပတဲ့ ခံစားချက်သရုပ်ဖော်မှုလေးပါဘဲ။

ချစ်ခြင်းဟာတော့-၂မျိုးရှိပါတယ်။၅၂၈ နဲ့ ၁၅၀၀ ဆိုပြီးလည်းနှစ်စားရှိပါသေးတယ်။၅၂၈ ကတော့ညီအကို၊မောင်နှမကြား၊သူငယ်ချင်းတွေကြားထားရှိတဲ့ အဖြူရောင် သံယောဇဉ်လို့ခေါ်တဲ့ အချစ်တစ်မျိုးလည်းဖြစ်ပါတယ်။


ဖြစ်ပေါ်လာတဲ့အချစ်တွေတိုင်းဟာ တော့ အနည်းနဲ့အများတော့ တစ်ယောက်အပေါ်တစ်ယောက်နှစ်သလိုမဖြစ်စေဖို့နဲ့ ချစ်တယ်ဆိုတဲ့အကြောင်းပြချက် နှောင်ကြိုးလေးကိုတုတ်နှောင်ဖို့မသုံးသင့်ပါဘူး။

တစ်ဦးနဲ့တစ်ဦး အပေါ်နားလည်မှု၊စာနာမှု၊ခွင့်လွှတ်မှု၊အားပေးတတ်မှု၊ရင့်ကျက်မှုတွေဟာ သာလျှင် ဆက်ဆံရေးတစ်ခုကို ရေရှည်ဆက်ဆံရေးအဖြစ်ထိန်းသိမ်းနိုင်မဲ့ နည်းလမ်းကောင်းတွေဘဲဖြစ်ပါတယ်။

အဲ့လိုအရာတွေမရှိဘဲ လူတစ်ဦးအပေါ်အချစ်ဆိုတဲ့ခေါင်းစဉ်တပ်ကာတစ်ကိုယ်ကောင်းဆန်မှု၊ခေါင်းမာမှု၊အတ္တမာနကိုရှေ့တန်းတင်ပြီး ဘဝမှာ ကိုယ်ချစ်ရတဲ့သူကို toxic relationship or toxic love ဆိုတဲ့အချစ်မျိုးနဲ့ဘယ်သူသေသေငတေမာ ရင်ပြီးရော ဆိုတဲ့ထုံးနှလုံးမူမယ်ဆိုရင်တော့ အစကတည်းကဘဲမချစ်ခဲ့တာဟာအကောင်းဆုံးပါဘဲ။

ကမ္ဘာပေါ်မှာ လှပတဲ့ချစ်ခြင်းတရားတွေ ကို toxic ကင်းကင်းနဲ့ပိုင်ဆိုင်နိုင်ကြပါစေ။


စာဖတ်သူအပေါင်း
ရွှင်လန်းချမ်းမြေ့ကြပါစေ
ဟန်နီချို

Keep Reading

"တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"လိုမှသုံးပါစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအင်တာနက်နဲ့ လူနေမှုဘဝ စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအပေါ်ယံသမားစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်