Author's Profile Photo

SarPhat Author

15/11/2023

CV Form တစ်ခု စတင်ပြင်ဆင်ကြရာဝယ်။

1 min read
Personal Development
Education
General Knowledge
CV Form တစ်ခု စတင်ပြင်ဆင်ကြရာဝယ်။'s photo

ဟိုးရက်က ဒစ်ဂျစ်တယ်မားကတ်တင်းနဲ့ပတ်သက်လို့ အလုပ်အကိုင်အကြောင်းလေးတွေမျှဝေပြီးသွားပြီဆိုတော့ ဒီနေ့တော့ အလုပ်စလျှောက်တဲ့အခါ သိထားသင့်တဲ့ အခြေခံ CV ပြင်ဆင်ပုံ၊ ပြင်ဆင်နည်းကို ထပ်ဆောင်း မျှဝေပေးချင်ပါတယ်။

အခြား Volunteer တို့ ၊ လူမှုအဖွဲ့အစည်းတွေမှာ ပါဝင်ခဲ့တဲ့သူတွေအတွက် CV Form တစ်ခုပြင်ဆင်ရတာအရမ်းမခက်ခဲလှပေမဲ့ အခုမှ အလုပ်စလျှောက်မယ့်သူတွေအတွက်တော့ လမ်းထိပ်ကဆိုင်မှာပဲ CV သွားဝယ်ရမလား။ ရုံးကိုသွားပြီး လူကိုယ်တိုင်သွားပို့ရမလား။

အီးမေးလ်ကနေလည်း ဘယ်လိုပို့ရမလဲ စသဖြင့် အတွေးများတတ်ပါတယ်။ ဒါကို ကျွန်တော်လည်း လူငယ်အရွယ်တုန်းက ကြုံဖူးတာမို့ ကောင်းကောင်းသိပါတယ်။ ဒါကြောင့် အခု နောက်တက်လူငယ်တွေ ဒီလိုမဖြစ်အောင် အောက်ကအချက်‌လေးတွေကို လေ့လာကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။

၁။ CV Form ပြင်ဆင်ဖို့ အွန်လိုင်းပေါ်က အသင့်သုံး Template တွေကို အသုံးပြုပါ။

လမ်းထိပ်က CV Form ဝယ်ပြီးလျှောက်တဲ့ခေတ်က တော်တော်နောက်ကျသွားပါပြီ။ ကိုယ်က Company ခပ်ကြီးကြီးမှာ အလုပ်လုပ်ချင်တယ်ဆို ဒီလို စာရွက်ပေါ် CV ဖြည့်၊ ပြီးရင် ဓာတ်ပုံရိုက်ပြီး အလုပ်ရှင်ကို ပို့တာထက်၊ အွန်လိုင်းပေါ်က အသင့်သုံး Template တွေကို အသုံးပြုဖို့အတွက် ပထမဆုံးအကြံပြုပေးချင်ပါတယ်။

Novoresume ဆိုတဲ့ Website ကို အသုံးပြုကြည့်ပါ။ Canva ကို အသုံးပြုကြည့်ပါ။ သူ့တို့ ဖော်ပြထားတဲ့ အချက်အလက်တွေကို ဖြည့်စွက်ရင်း CV ကို ကြည့်လိုက်တာနဲ့အမြင်အရ ဖတ်ချင်စဖွယ်၊ ကိုယ့်ရဲ့အချက်အလက်တွေက အစီအစဉ်တကျ ဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။ ဒါကြောင့်သုံးကြည့်ပါ။

၂။ CV ဆိုတာ ပုံသေမဟုတ်ပါ။ လျှောက်တဲ့ အလုပ်ပေါ်မူတည်ပြီး ပြန်လည်ပြင်ဆင်ပါ။

များသောအားဖြင့် CV တစ်စောင် ပြင်ပြီဆို ပုံသေလို ထင်ကြပါတယ်။ တကယ်တော့ မဟုတ်ပါဘူး။ လျှောက်မယ့် အလုပ်ပေါ်မူတည်ပြီး ကွဲပြားရပါမယ်။ ဉပမာ‌ဗျာ။ ကိုယ့်က Telenor တို့၊ Ooredoo တို့မှာ အလုပ်ရချင်တယ်ဆိုရင် ကိုယ့်ရဲ့ CV Form မှာ သူ့တို့ Company က ခေါ်ယူထားတဲ့အချက်တွေကို ကိုယ့်က ကိုက်ညီမှုရှိကြောင်း ထပ်ရေးပေးထားဖို့ လိုတယ်။

ပိုပြီးအသေးစိတ်ရရင် ကိုယ့်ပို့မယ့် CV ရဲ့အရောင်ကအစ သူ့တို့ Company အရောင်နဲ့ ကိုက်ညီမှုရှိတာကို ရွေးချယ်ဖို့ လိုတယ်။ ဒါမှ ဒီ CV မှာ ကိုယ့်က ဘယ်လောက်ကြိုးစားအားထုတ်ထားလဲဆိုတာကို အလုပ်ရှင်ဘက်က မြင်နိုင်မှာဖြစ်ပါတယ်။ မှတ်ထားပါ။ “ဘာကြောင့်ကိုယ့်ကို အလုပ်ခန့်အပ်သင့်လဲ” ဆိုတဲ့အချက်ကို ပေါ်လွင်ပါစေ။

၃။ အီး‌မေးလ် ပို့ပြီးတိုင်း Follow Up လိုက်ပါ။

များသောအားဖြင့် အီးမေးလ်ပို့လိုက်တယ်ဆို တာဝန်ကြေပြီ။ သူ့တို့ဘက်က ပြန်ဆက်သွယ်လိမ့်မယ်လို့ ထင်ကြတယ်။ တကယ်တမ်းက အလုပ်ရှင်ဘက်က အလုပ်ခေါ်လိုက်ပြီဆိုတာနဲ့ သူ့တို့ရဲ့ သက်ဆိုင်ရာ အီးမေးလ်မှာ CV Form တွေ အများကြီးဝင်လေ့ရှိတယ်။ တစ်ခါတလေကျရင် ကိုယ့်ပို့လိုက်တဲ့ အီးမေးလ်က
မ‌ရောက်သွားတာမျိုးလည်း ရှိနိုင်တယ်။

ဒါကြောင့် ကိုယ်က သက်ဆိုင်ရာ Company မှာ အလုပ်လျှောက်ဖို့ CV Form ပို့လိုက်ပြီဆိုတာနဲ့ ဖုန်းနဲ့ပဲဖြစ်ဖြစ်၊ Message နဲ့ပဲဖြစ်ဖြစ် Follow Up လိုက်ပေးပါ။ မဟုတ်ရင် ကိုယ့် CV က သေချာပြင်ထားရက်နဲ့ အလုပ်ရှင်ဆီ ရောက်မသွားတဲ့အခါ အချိန်ကုန်၊ လူပင်ပန်းပါတယ်။

ဒီအချက်တွေက‌တော့ ကျွန်တော်ရဲ့သူငယ်ချင်းတွေထဲက ညီလေးတွေ၊ ညီမလေးတွေ အလုပ်လျှောက်ကြည့်ဖို့ ပထမဆုံးအကြံတောင်းတဲ့အခါ မျှဝေလေ့ရှိတဲ့အကြောင်းအရာလေးတွေပါ။

အခုတော့ SarPhat မှာလည်း အလုပ်အကိုင်နဲ့ပတ်သက်လို့ သိချင်တဲ့ လူငယ်လေးတွေကိုလည်း ကိုယ့်ရဲ့ ညီလေး၊ ညီမလေးတွေလို သဘောထားပြီး ယခုဆောင်းပါးလေးမှတဆင့် ‌ရေးသားမျှဝေလိုက်ပါတယ်ခင်ဗျာ။




Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအချိန်ဆွဲတဲ့အကျင့်ဆိုး"တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"လိုမှသုံးပါအင်တာနက်နဲ့ လူနေမှုဘဝ စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်