Moe
ကျွန်ုပ်တို့ကျောင်းသား/ကျောင်းသူ ဘဝတုန်းက စာမေးပွဲဖြေတဲ့အခါ စာခိုးချတဲ့လူကို တွေ့ရင် အခန်းစောင့်ဆရာမက micro စာရွက်တွေကို လာသိမ်းတယ်။
သတိပေးပြီး ဆက်ဖြေခွင့်ပြုတယ် …
နောက် ဆရာမ အမျိုးအစားက
လာလည်း မပြောဘူး။
ဖမ်းလည်း မဖမ်းဘူး ။
သတိလည်းမပေးဘူး ။
လွှတ်ပေးထားတယ် ။
ခိုးစမ်း … ကြိုက်သလောက်ခိုး ။
လုံးဝ မနှောင့်ယှက်ဘူး ။
မှတ်ချက်မှာတော့ မှင်နီ တို့ ပြီးသွားပြီ ။
အမှတ် 100 ဖိုးဖြေထားလည်း ကျပြီပဲ မှတ် ။
ကျွန်တော်တို့ ဘဝတွေမှာလည်း ဒီလိုပါပဲ ။
warning တွေ ပေးခံနေရတယ်ဆိုတာ
ပြင်ဆင်ခွင့်ရှိနေသေးတယ် ။
ဘာမှ မပြောတော့ဘူး ဆိုရင်
သိပ်ကြောက်ဖို့ကောင်းတယ်
ပြင်ဆင်ခွင့်မပေးတော့တဲ့ သဘော ။
သိပ်စိတ်နာသွားတဲ့လူတွေဟာ
စကားတွေ အများကြီး မပြောတော့ဘူး ။
တိတ်ဆိတ်ခြင်းဟာ ပြင်းထန်တဲ့
ပေါက်ကွဲအားပဲ ။
ဥပက္ခာဟာ ဥပဒေဘောင်အတွင်းက
အကောင်းဆုံး လူသတ် လက်နက် ဖြစ်တယ် ။
သူ ဘာမှ မှ မပြောတာ
မသိလောက်ပါဘူး။ ဆိုပြီး လိမ်မနေပါနဲ့။
မှင်နီတို့ထားတာ မျိုးလည်း ဖြစ်နိုင်ပါတယ် ။
#Moe
ကိုးကားချက် - လုလင်ငယ်သွေး
Keep Reading