Honey cho
“Hotel management လုပ်ငန်းနဲ့ စီးပွားရေးလောကထဲခြေစုံပစ်ဝင်မယ်ဆိုလျှင်မရှိမဖြစ်လေ့လာထားသင့်သည့်အကြောင်းအရာများ"
ကမ္ဘာပေါ်မှာ လူသားများစွာဟာ စား၊ဝတ်၊နေရေးဆိုတဲ့စကားလုံးလေးလုံးကိုနေ့စဉ်နဲ့အမျှထမ်းပိုးရင်းစီးပွားရေးလုပ်ငန်းများကိုတစ်နေ့ထက်တစ်နေ့ဘယ်လိုအောင်မြင်အောင် ဘယ်လိုထူးချွန်အောင်လုပ်ဆောင်ရမည် ဆိုတဲ့အတွေးကမ္ဘာထဲမှာသံသရာလည်နေကြပါတယ်။လူတစ်ယောက်နဲ့ တစ်ယောက်ဟာ စဉ်းစားတွေးခေါ်ပုံချင်း၊စီးပွားရေးအမြင်ရှိပုံချင်းပေါ်မူတည်ပြီးသူတို့ရဲ့လုပ်ဆောင်ချက်တွေဟာလည်း မတူကွဲပြားခြားနားကြသလို ရလဒ်တွေဟာလည်းအလွန်ကိုမိုးနဲ့မြေကြီးလိုကွာခြားလှပါတယ်။လူတွေဟာ မိမိရဲ့ကိုယ်ပိုင်မိသားစု၊ဆွေမျိုးများသာမက မိမိနဲ့ရင်းနှီးတဲ့မိတ်ဆွေအပေါင်းအသင်းများစွာ အတွက်မိမိကသာအထောက်အပံ့ပေးချင်၊အကူအညီကောင်းဖြစ်ပေးချင်တဲ့စိတ်လေးတွေဟာလည်း လူတိုင်းလူတိုင်းမှာ အနည်းနဲ့အများ ကိန်းအောင်းနေကြပါတယ်။ဒီစိတ်လေးတွေကြောင့်ဘဲစီးပွားရေးလုပ်ငန်းတစ်ခုလုပ်ဆောင်ရာမှာ၊လမ်းမှန်ကိုတစိုက်မတ်မတ်နဲ့သမာအာဇီဝကျကျလုပ်ငန်းတွေကိုရွေးချယ်ပြီးလုပ်ဆောင်ကြတဲ့သူတွေရှိသလို၊ဖြတ်လမ်းနည်းသုံးပြီး အောင်မြင်မှုလမ်းကြောင်းကိုလိုက်ကြတဲ့ လူ့လောဘသမားတွေဆိုတာလည်း ဖြစ်လာကြရပါတယ်။
လူတိုင်းမှာ စဉ်းစားဆုံးဖြတ်နိုင်စွမ်းနဲ့ မိမိရဲ့ရေရှည်ေအာင်မြင်မှုကိုကိုသည်းခံစောင့်ဆိုင်းနိုင်သူသာလျှင်တစ်ချိန်မှာအောင်မြင်တဲ့သူအဖြစ်လူ့လောကအလယ်မှာရပ်တည်နိုင်မှာဘဲဖြစ်ပါတယ်။တစ်ခဏ အောင်မြင်မှုအတွက် ရေတိုအောင်မြင်မှုကို မက်မောပြီး တစ်နပ်စားကျန်တဲ့စီးပွားရေးသမားတွေကတော့"ခွေးရူးကောင်းစားတမွန်းတည့်"လိုပုံစံမျိုးပဲပေါက်နေမှာပါ။စီးပွားရေးဆိုတဲ့ စကားလုံးကိုလူတိုင်းကြားဖူးကြနိုင်ပေမဲ့ သူရဲ့အနှစ်သာရ၊အစစ်အမှန်ကိုတော့လူတိုင်ဘယ်လိုမှနားမလည်နိုင်ပါဘူး။အဘယ်ကြောင့်ဆိုသော် စီးပွားရေးတစ်ခုလုပ်ပြီဆိုတာနဲ့ ကိုယ်ဟာဘယ်လိုအခန်းကဏ္ဍကဒီစီးပွားရေးမှာပါဝင်လဲဆိုတာထက်ကိုယ်ဘယ်လိုစိတ်ထားပြီးလုပ်ဆောင်နေတယ်ဆိုတာကပိုအရေးကြီးတယ်ဆိုတာကိုလူတွေကသတိမမူဂူမမြင်ဖြစ်နေကြလို့ပါဘဲ။စီးပွားရေးတစ်ခု စလုပ်မယ်လို့တွေးလိုက်တဲ့သူတစ်ယောက်နေနဲ့ ရွေးချယ်စရာတွေအလွန်များပြားလှပါတယ်။ဥပမာ-စားသောက်ကုန်လုပ်ငန်း၊အထည်အလိပ်လုပ်ငန်း၊စိန်ရွှေရတနာလုပ်ငန်း၊ခရီးသွားလုပ်ငန်း၊အစရှိသဖြင့်များလှစွာသောလုပ်ငန်းတွေကိုသာ မျက်လုံးထဲ ပြေးမြင်လေ့ရှိကြပေမဲ့ မိမိပြုလုပ်တဲ့စီးပွားရေးလုပ်ငန်းဟာ မည်သူတစ်ဦးတစ်ယောက်ကိုမျှရုပ်ပိုင်းဆိုင်ရာရော၊စိတ်ပိုင်းဆိုင်ရာပါထိခိုက်နစ်နာမှုမရှိစေတဲ့လုပ်ငန်းမျိုးဖြစ်ရမည်ဆိုတဲ့ အချက်ကိုတော့ လုပ်ငန်းရှင်တိုင်းဟာ စိတ်ကူးထဲမှာတောင် ထည့်ပြီးတွေးမိမှာမဟုတ်ပါဘူး။တကယ်တော့ ဘယ်လုပ်ငန်းမဆို စတင်လုပ်ကိုင်မဲ့လုပ်ငန်းရှင်တစ်ယောက်အနေနဲ့"ရှဉ့်လည်းလျှောက်သာ၊ပျားလည်းဆွဲသာ"တဲ့ အခြေအနေမျိုးေရာင်းသူဝယ်သူနှစ်ဦးနှစ်ဖက်လုံး အဆင်ပြေစေမဲ့စီးပွားရေးကိုဦးတည်ပြီး လုပ်ဆောင်သင့်ပါတယ်။
ထို့ကြောင့်စီးပွားရေးလုပ်ငန်းတွေမှိုလိုပေါနေတဲ့ခေတ်ကြီးထဲမှာမှ hotel management လိုလုပ်ငန်းနဲ့စီးပွားရေးလုပ်ငန်းခွင်ထဲကိုထိုးဖောက်ချင်တဲ့လူငယ်လုပ်ငန်းရှင်တွေနဲ့ ဒီနယ်ပယ်နဲ့သက်ဆိုင်တဲ့လုပ်ငန်းပါတနာတွေ၊ဝန်ထမ်းညီအစ်ကိုမောင်နှမတွေအတွက် အထောက်အကူရအောင်ရည်ရွယ်ချက်နဲ့ဒီဆောင်းပါးလေးကိုရေးသားဖော်ပြလိုက်ရပါတယ်။ဟိုတယ်လို့ခေါ်လိုက်ရင်လူအများကသွားရောက်တည်းခိုတဲ့နေရာတစ်ခုအဖြစ်ယေဘုယျအားဖြင့်အားလုံးကသိရှိထားကြပါတယ်။တကယ်တော့ ဟိုတယ်ဟာလာရောက်တည်းခိုကြတဲ့ ခရီးသွားဧည့်သည်များအဖို့တော့ အပန်းဖြေရာ၊ခေတ္တတည်းခိုစရာနေရာတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ hotel management ကိုသုံးပြီးစီးပွားရေးလုပ်ငန်းစတင်လုပ်ကိုင်မဲ့သူ အများစုအတွက်ကတော့ ဒါဟာသူတို့ရဲ့ စီးပွားရေးအောင်မြင်မှု၊ရှုံးနိမ့်မှုကိုမျက်ဝါးထင်ထင်မြင်တွေ့နေရမဲ့စီးပွားရေးစစ်မြေပြင်တစ်ခုဆိုလည်းမမှားပါဘူး။
တကယ်တော့ hospitality industry လို့ခေါ်တဲ့ service industry တစ်ခုဆိုလည်းမမှားပါဘူး။သူ့ရဲ့ လုပ်ငန်းအောင်မြင်မှုဟာကျရာတာဝန်အသီးသီးမှာဝန်ဆောင်မှုပေးနေကြတဲ့ဝန်ထမ်းတွေအားလုံးရဲ့လုပ်ဆောင်ချက်များနဲ့လုံးဝ တိုက်ရိုက်အချိုးကျပါတယ်။သူဟာတခြား
စားသောက်ကုန်လုပ်ငန်းတွေနဲ့မတူဘဲ လုံးဝကိုတမူကွဲပြားလှပါတယ်။ထို့ပြင်ဟိုတယ်လုပ်ငန်းဆိုသည်မှာ-ကြီးကျယ်ခမ်းနားသောဟိုတယ်ခန်းများ၊အပန်းေဖြစခန်းများသာမကတည်းခိုခန်းများ၊မိုတယ်များနဲ့ ကာလတိုတည်းခိုခန်းများလည်းပါဝင်ကြပါတယ်။ဟိုတယ်များရဲ့ အဓိကရည်ရွယ်ချက်ေတွကေတ့ာ-
ခရီးသွားဧည့်သည်များအဖို့အိမ်နဲ့ဝေးကွာနေချိန်တွင်အမိုးအကာနဲ့ အစားအေသာက်များကို အိမ်မှာရှိနေသည့်အချိန်သဖွယ်ဝန်ဆောင်မှုများပေးချင်ကြတာဘဲဖြစ်ပါတယ်။
Hotel
managementဟာလည်းစီးပွားရေးလုပ်ငန်းတွေထဲကတစ်ခုဖြစ်ပြီးဟိုတယ်တစ်ခုရဲ့လုပ်ငန်းလည်ပတ်နိုင်မှု ဆိုင်ရာကဏ္ဍခွဲများ အပြင်ဆက်စပ်သည့်အကြောင်းအရာများ၊ကျယ်ပြန့်စွာလုပ်ဆောင်နိုင်သည့်လုပ်ငန်းစဉ်တစ်ရပ်ဆိုလည်းမမှားပါဘူး။ဟိုတယ်စီမံမှုဆိုသည်မှာလည်းဟိုတယ်တစ်ခုလုံးနဲ့ ပက်သက်သည့် စီမံခန့်ခွဲမှုအရာအားလုံးနဲ့သက်ဆိုင်သည့်မည်သည့်အရာမဆို စီမံခန့်ခွဲမှုတွင်ပါဝင်သည်။
သူတို့ထဲမှာမှဟိုတယ်များကိုလူများကဲ့သို့သာမန်အဆင့်၊သာလွန်အဆင့်၊အသာလွန်ဆုံးအဆင့်အစရှိသည်တို့ကိုထပ်မံခွဲခြားပါေသးတယ်။Level of hotelဆိုတာကတော့ hotel တစ်ခုမှာရှိတဲ့ဖွဲ့စည်းတည်ဆောက်ပုံ၊အဆင့်အတန်းသာမကဝန်ဆောင်မှုကောင်းမကောင်းစတဲ့အရာတွေကိုခြုံငုံသုံးသပ်ခြင်းဖြင့်လည်းသိနိုင်ပါတယ်။ဥပမာ-five stars hotels,four stars hotels,three stars hotels,two stars andonestarhotelsetc.အစရှိသဖြင့်ပေါ့။တည်းခိုသွားတဲ့သူ၊ခရီးသည်အသီးသီးရဲ့စိတ်ကျေနပ်မှုပေါ်မူတည်ပြီးfeedbacks or reviews ပေးပြီးဟိုတယ်ရဲ့အဆင့်အတန်းကိုသတ်မှတ်နိုင်ပါသေးတယ်။
ဥပမာအေနဖြင့်For example,one star hotelsဆိုတာကတော့ အခြေခံနေရာထိုင်ခင်း (ခရီးသည်တေွအိပ်စက်အနားယူဖို့ပေးထားတဲ့သာမန်အရာတစ်ခုဆိုလည်းမမှားတဲ့အပြင်၊ခရီးသည်အများစုmoneysavingလုပ်နိုင်တဲ့နေရာbudgetကိုsafetyလုပ်နိုင်တဲ့တည်းခိုခန်းနေရာတစ်ခုလည်းဖြစ်ပါတယ်။Two stars hotels တွေကတော့onestarhotelsတွေထက်ပိုပြီးနေရာထိုင်ခင်းတွေဟာအဆင်ပြေပြီးသူဟာလည်းbudgetချွေတာနိုင်တဲ့ထဲမှာပါဝင်ပါသည်။သူဟာလည်းတည်းခိုခန်းသို့မဟုတ်အိပ်ခန်းတစ်ခန်းမှာရှိသင့်တဲ့အရာတွေနဲ့ပြည့်စုံတယ်ဟုလည်းဆိုနိုင်ပါတယ်။
Three stars hotels (ကြယ်၃ပွင့် အဆင့်သတ်မှတ်ခံထားရတဲ့hotels အများစုကတော့ ပုံမှန်အားဖြင့် ထူးခြားသော အဆောက်အဦးများစွာရှိပြီး အရည်အသွေးကောင်းမွန်လှတဲ့ ဝန်ဆောင်မှုများစွာကိုလည်းပေးလေ့ရှိကြပါတယ်)ဒါ့ပြင်Four star hotels (ကြယ်၄ပွင့်အဆင့်သတ်မှတ်ခံထားရတဲ့ hotels အများစုကတော့ပထမတန်းစားအဆင့်ရှိလူအများဇိမ်ခံနိုင်တဲ့ဟိုတယ်တစ်ခုအဖြစ်လည်းလူသိများရေပန်းစားသလို၎င်းတို့ရဲ့ထူးခြားကောင်းမွန်သောအဆင့်မြင့်အရည်အသွေးနဲ့ အထူးသက်တောင်သက်သာရှိမှုတို့ကြောင့်လည်းပိုနာမည်ရကြပါတယ်။)
အကောင်းဆုံးလို့သတ်မှတ်နိုင်တဲ့Five stars hotels (ကြယ်ငါးပွင့် အဆင့်ရှိတဲ့ဟိုတယ် သို့မဟုတ်တည်းခိုသည့်ခရီးသည်လူအများအတွက် စိတ်ကျေနပ်ဖွယ်ကောင်းသော ခေတ်မီသောအဆောက်အဦးတစ်ခုတွင် ချို့ယွင်းချက်၊အားနည်းချက်မရှိသော ဧည့်သည်ဝန်ဆောင်မှုများကိုဆောင်ရွက်ပေးသည့်အပြင်စိတ်ကြိုက်ရွေးချယ်နိုင်သည့်ပရီမီယမ်အဆင့်ရှိအစားအသောက်များနဲ့ ဇိမ်ရှိရှိတည်းခိုနိုင်သည့်ကြယ်ငါးပွင့်အဆင့်ရှိအိမ်ရာတစ်ခုပင်ဖြစ်ကြပါတယ်။)
ထိုကဲ့သို့ ခရီးသည်များရဲ့ တည်းခိုနိုင်သည့်နေရာထိုင်ခင်းနဲ့အစားအသောက်များအပြင်တခြားသောဝန်ဆောင်မှုများအပေါ်မူတည်၍ဟိုတယ်အမျိုးအစားကို ၁။ကြယ်တစ်ပွင့်အဆင့်ရှိ ၂။ကြယ်၂ပွင့်အဆင့်ရှိ ၃။ကြယ်၃ပွင့်အဆင့်ရှိ ၄။ကြယ်၄ပွင့်အဆင့်ရှိ၅။ကြယ်ငါးပွင့်အဆင့်ရှိhotelsများဟူ၍လည်းအမျိုးမျိုးခွဲခြားသတ်မှတ်လေ့ရှိကြသည်။ထို့နောက်types of hotels လို့ခေါ်တဲ့ hotels များစွာကိုလည်းclassify ထပ်မံလုပ်ကြပါတယ်။
အမျိုးမျိုးသောဟိုတယ်များကတော့-
For example
,1.Commercial hotels လို့ခေါ်တဲ့ (လုပ်ငန်းသုံးဟိုတယ်များ)
2.Airport hotels(လေဆိပ်ဟိုတယ်များ)
3.Suite hotels (ဘက်စုံသုံးဟိုတယ်များ)
4.Extended stay hotels (extended stay ဟိုတယ်များ)ရက်ကြာရှည်စွာသက်တမ်းတိုးငှားရမ်းရသည့်ဟိုတယ်များ
5.Residential hotels (လူနေဟိုတယ်များ)အဆောင်ပုံစံအခန်းငှားပြီး၊ဝယ်ယူပြီးနေထိုင်နိုင်တဲ့ဟိုတယ်များ
6.Resorts hotels (အပန်းဖြေဟိုတယ်များ)
7.Bed and breakfast hotels (အိပ်ယာနဲ့မနက်စာဟိုတယ်များ)
8.vacation ownership and condominiums hotels (အားလပ်ရက် ပိုင်ဆိုင်မှုနဲ့ ကွန်ဒိုမီးနီယမ် ဟိုတယ်များ)
9.Casino hotels (ကာစီနိုဟိုတယ်များ)လောင်းကစားဟိုတယ်များ
10.Conference centers hotels (ညီလာခံစင်တာဟိုတယ်များ) like Novotel hotel
11.Convention hotels (ကွန်ဗန်းရှင်းဟိုတယ်များ)တို့ဘဲဖြစ်ပါတယ်။
ဒီlistsထဲက50%သောhotels များသာမြန်မာနိုင်ငံတွင်ေတွ့ရှိရနိုင်ပါတယ်။
1.(commerical
hotelsလို့ခေါ်တဲ့လုပ်ငန်းသုံးhotelsတွေကိုတော့မြို့လယ်ခေါင်နဲ့စီးပွားရေးအချက်အချာကျတဲ့နေရာတွေမှာအများဆုံးတွေ့ရှိနိုင်ပြီး နိုင်ငံခြားသားလုပ်ငန်းရှင်များနဲ့တခြားခရီးသွားဧည့်သည်တွေအများအပြားလာရောက်တည်းခိုလေ့ရှိကြပါတယ်)
2.Airport hotels(လေဆိပ်ဟိုတယ်များ ကတော့လေဆိပ်ရဲ့အနီးအနားဝန်းကျင်မှာရှိတတ်ပြီးလေယာဉ်မထွက်ခွာမီခရီးသည်များနဲ့သက်ဆိုင်ရာဝန်ထမ်းများအဓိကတည်းခိုလေ့ရှိကြပါတယ်)
3.suitehotelsလို့ခေါ်တဲ့ဘက်စုံသုံးဟိုတယ်တွေကတော့ ဧည့်ခန်း သို့မဟုတ် ဧည့်ခန်းနဲ့အတူသီးခြားအိပ်ခန်းပါရှိပါသည်။အချို့နေရာများတွင်မီးဖိုချောင်ခန်းနဲ့အသုံးအဆောင်များစွာပါဝင်ပါသည်။ထိုနေရာများသည်အများသူငှာနေထိုင်ဖို့ရန်နဲ့ဧည့်သည်ဝန်ဆောင်မှုများရရှိစေရန်မှာhotelsများထက်ပိုမိုအခွင့်အရေးနည်းပါးလှပါတယ်။
4.Extendedstayhotelsများဟာတော့၎င်းတို့ရဲ့ဖွဲ့စည်းတည်ဆောက်မှုများဟာလည်းအခန်းဖွဲ့ဟိုတယ်များနဲ့ဆင်တူပေမဲ့လည်း၎င်းတို့မှာပိုမိုပြည့်စုံသောမီးဖိုချောင်သုံးပစ္စည်းများပါရှိသည်။၎င်းဟိုတယ်များကို5ရက်သို့မဟုတ် ၎င်းထက်ပို၍တည်းခိုရန်လိုအပ်သောခရီးသွားဧည့်သည်များအတွက်ရည်ရွယ်ပြီးဟိုတယ်ဝန်ဆောင်မှုများလျော့ချထားခြင်းဖြင့်ဒီဇိုင်းဆွဲထုတ်လုပ်ထားပြီးAgency hotels များလည်းဖြစ်ကြပါတယ်။
5.Residential hotels များဟာလည်းရေရှည် အတွက်သို့မဟုတ်အမြဲတမ်းတည်းခိုနိုင်ရန်အတွက်ရည်ရွယ်ထားသည်။၎င်းတို့တွင် ထိုင်ခန်း၊အိပ်ခန်းနဲ့မီးဖိုချောင်ပါဝင်သောsuite ဟိုတယ်ပုံစံများနဲ့ခပ်ဆင်ဆင်တူလှပါတယ်။နေ့စဉ်အိမ်ခန်းသန့်ရှင်းရေးနဲ့တခြားသောယူနီဖောင်းဝတ်ဟိုတယ်ဝန်ထမ်းများရဲ့ဝန်ဆောင်မှုများကိုလည်းရယူနိုင်သည့်အပြင်စားသောက်ဆိုင်နဲ့ဧည့်ခန်းသည်လည်းဥပစာပေါ်တွင်တည်ရှိပါသေးတယ် ။)
6.Resort
hotelsအပန်းဖြေဟိုတယ်တွေကတော့ များသောအားဖြင့် တောင်များ သို့မဟုတ် ကျွန်းများကဲ့သို့လူစည်ကားမှုမရှိသောနေရာများတွင်ပို၍တည်ရှိကြသည်။၎င်းတို့သည်ခရီးသွားများအားလပ်ရက်များတွင်တောတောင်အလှအပကိုကြည့်ရင်းအပန်းဖြေအနားယူရန်ရည်ရွယ်ထားခြင်းဖြစ်ပါတယ်။
7.Bed and breakfast hotels တွေကတော့အများအားဖြင့်b and b hotels များဟုလည်းခေါ်ကြသည်။အများအားဖြင့်နံနက်စာဝန်ဆောင်မှုပေးသည့်အခန်းပေါင်း20/30ခန့်ရှိကြပြီးအကန့်အသတ်ရှိသောဝန်ဆောင်မှုများလည်းပါဝင်ပါတယ်။
8.Vacation ownership and Condominiums hotels တွေကတော့သီးသန့်အချိန်ကာလတစ်ခုအဖြစ် သီးသန့်နေရာထိုင်ခင်းများကို တစ်ဦးပိုင်သီးသန့်အဖြစ်ဝယ်ယူခြင်းသည်လည်း များသောအားဖြင့် တစ်နှစ်ထဲတွင်တစ်ပတ်သို့မဟုတ် နှစ်ပတ်ဖြစ်ကြသည်။ထိုနှစ်ကာလတွင် သူတို့သည်တည်းခိုရန်လာကြပါတယ်။မလာနိုင်ခြင်းတွေ၊သို့မဟုတ်သူတို့၊မလာချင်ရင်တော့သူတို့ဟာနောက်ထပ်ငှားရမ်းမှုတွေပြုလုပ်လို့ရပါတယ်။
9.Casino hotels တွေကတော့လောင်းကစားရုံများအပြည့်ပါဝင်သောနေရာများဖြစ်ကြပြီး အများအားဖြင့်ဇိမ်ခံမှုအပြည့်ရနိုင်သော ဇိမ်ခံဟိုတယ်ကြီးများလည်းဖြစ်ကြပါတယ်။
10.Conference center hotels တွေကတော့အစည်းအဝေးလာရောက်ပြုလုပ်ကြတဲ့ ဧည့်သည်တော်များအတွက်ကို တစ်ညတာ တည်းခိုခွင့်ပေးထားတဲ့အပြင် ညီလာခံအစည်းအဝေးအတွက်လည်းအဆောက်အဦးအပြည့်အစုံပါရှိပါသေးသည်။အများအားဖြင့် ကျယ်ပြောလှသောresort hotels လိုမျိုးအပန်းဖြေဝန်ဆောင်မှုများလည်းပါဝင်ပါသေးတယ်။11.Convention hotels များကတော့တက်ရောက်သူများအတွက် လုံလောက်သောအခန်းများစွာပါရှိပြီး ခန်းမနေရာများ၊ဘောလုံးခန်းမများ၊ထမင်းစားခန်းများနဲ့အစည်းအဝေးခန်းမများပါဝင်ပါတယ်။
Hotels များကို အမျိုးအစားခွဲပြီးရုံနဲ့တော့ perfect business တစ်ခုဖြစ်ပြီလို့မဆိုလိုနိုင်ပါဘူးနော်။ဟိုတယ်ကိုလာရောက်တည်းခိုကြတဲ့ဧည့်သည်များစွာကိုလည်းထပ်မံပြီးခွဲခြားရပါသေးတယ်။Classification of guest ဧည့်သည်များကိုအမျိုးအစားခွဲခြားခြင်း
1.Business travellers စီးပွားရေးခရီးသွားများ (သူတို့ကတော့ စီးပွားရေးကိုပြုလုပ်ဖို့လာကြတဲ့ နိုင်ငံရပ်ခြားကခရီးသည်များ သို့မဟုတ် လာရောက်ဆွေးနွေးသည့်သူများပင်ဖြစ်ကြသည်။)သူတို့ဟာအချက်အချာကျတဲ့မြို့ထဲတွေလိုနေရာမျိုး၊နေရာကောင်းမှာရှိတဲ့ဟိုတယ်အများစုမှာတည်းခိုလေ့ရှိကြပါတယ်။
2.Pleasure and leisure travellers (အပျော်၊အပန်းဖြေခရီးသွားသူများ)သူတို့ဟာလည်း သူတို့ရဲ့အားလပ်ရက်များနဲ့ပိတ်ရက်များကိုကမ်းခြေနဲ့တောင်ကုန်းလိုေနရာမျိုးတွေကို စိတ်အပန်းဖြေမှုထွက်ပေါက်တစ်ခုအနေနဲ့ခရီးသွားလာရင်းအပန်းဖြေဖို့စိတ်ကူးရှိကြသူများလည်းဖြစ်ပါတယ်။
3.Group Traveller (အဖွဲ့လိုက်ခရီးသွားများ)မိသားစုဝင်များ၊သူငယ်ချင်းများ၊ချစ်သူများအစရှိသည့် အဖွဲ့လိုက်ခရီးသွားကြသူများကိုခေါ်ပါတယ်။
4.International travellers(နိုင်ငံတကာခရီးသွားများ)သူတို့ဟာနိုင်ငံရပ်ခြားမှ စီးပွားရေးကြောင့်ဖြစ်စေ၊အခြားအလည်အပတ်ခရီးတစ်ခုကြောင့်ဖြစ်စေလာရောက်ကြသောခရီးသည်များကိုဆိုလိုခြင်းဘဲဖြစ်ပါတယ်။
ကိုယ့်ရဲ့ဟိုတယ်ကိုအရှေ့မှာဖော်ပြထားတဲ့hotelsတွေထဲကဘယ်လိုဟိုတယ်မျိုးဖြစ်အောင်လုပ်မယ်ဆိုတာရွေးချယ်ပြီးရင်တော့အဓိကကျတဲ့ဟိုတယ်တိုင်းအခြေခံလုပ်ဆောင်သင့်တဲ့အချက်တွေကိုလိုက်နာနိုင်ဖို့ဖော်ပြပေးလိုက်ရပါတယ်။၎င်းတို့ကတော့-ဟိုတယ်တစ်ခုလုံးမှာကျရာတာဝန်ထမ်းဆောင်နေတဲ့ဝန်ထမ်းများအနေနဲ့လိုက်နာရမဲ့အချက်တွေဘဲဖြစ်ပါတယ်။
Core values of hospitality
ဧည့်ဝတ်ကျေပွန်မှုရဲ့အဓိကလိုအပ်ချက်အရာများ
1.Respect လို့ခေါ်တဲ့ခရီးသွားဧည့်သည်များအေပါ်လေးစားမှု
2.Humility လို့ခေါ်တဲ့သက်ဆိုင်ရာဝန်ထမ်းများရဲ့မိမိကိုယ်ကိုနှိမ့်ချဆက်ဆံမှု
3.Courtesy လို့ခေါ်တဲ့ဟိုတယ်နဲ့ပက်သက်သည့်ဝန်ထမ်းအများရဲ့ရည်မွန်မှု၊ဖော်ရွေမူ
4.Helpfulness လို့ခေါ်တဲ့ခရီးသည်များအပေါ်လိုအပ်သည့်အကူအညီအထောက်အပံ့ပြုပေးခြင်း။
5.Sincerityဝန်ထမ်းများအနေနဲ့ ခရီးသည်များအေပါ်ကြည်ဖြူေဖာ်ေရွစွာဆက်ဆံခြင်းတို့ဘဲဖြစ်ပါတယ်။
နောက်တစ်ချက်အနေနဲ့ကတော့hotelအတွက်လိုအပ်တဲ့အသင်းအဖွဲ့ဖွဲ့စည်းတည်ေထာင်မှု
Organization for font office ဘဲဖြစ်ပါတယ်။
1.Reservation ခရီးသွားဧည့်သည်များအေနနဲ့မိမိလိုချင်တဲ့အခန်း၊ရရှိဖို့အတွက်ကြိုတင်စာရင်းသွင်းရန်ကောင်တာ။
2.Receptionist (front desk)ဧည့်ခန်းဧည့်ကြိုကောင်တာထားရှိခြင်း။
3.Cashier (ငွေစာရင်းကိုင်)
4.Guest relation officer (ဧည့်ဆက်ဆံရေးအရာရှိ)မန်နေဂျာ
5.Concierge (bell captain, door man,bell boys, drivers)ဘဲလ်တီးအချက်ပေးသူ၊တံခါးစောင့်များ၊ကားမောင်းသမားဝန်ထမ်းများ။
6.operator (telephone)ရယူလိုသည့်ဝန်ဆောင်မှုများကိုဖုန်းလက်ခံဖြေကြားပေးသည့်ဝန်ဆောင်မှုများ
7.business center (ဟောခန်း၊အစည်းအဝေးထိုင်ဖို့လိုအပ်သည့်နေရာများ)
8.night audit(ညဘက်မှာဧည့်သည်များရဲ့လုံခြုံမှုအတွက်စောင့်ရှောက်ရသည့်guard)လုံခြုံရေး check out,လုပ်ပြီးစစ်ဆေးသည့်ဝန်ဆောင်မှုများ၊ဧည့်သည်များအတွက်လိုအပ်သည့်ဝန်ဆောင်မှုများရှိမရှိဧည့်သည်မဝင်မီကြိုတင်စစ်ဆေးမှုများပြုလုပ်ရခြင်းတို့ဘဲဖြစ်ပါတယ်။
နောက်ပြီးေတာ့အေခြခံအကျဆံုးအခန်းဖွဲ့စည်းမှုနဲ့ခွဲခြားပုံ
Room division
1.Reservation (ဧည့်ကြိုခန်း)ကောင်တာ
2.front office (ရှေ့ခန်း)အခြားသောဌာနဆိုင်ရာအခန်းပေါင်းချုပ်)
3.housekeeping ပစ္စည်းထားသိုမှုနေရာများ၊ဂိုဒေါင်သဘောစသည်တို့ဟာလည်းအရေးပါလှပါတယ်။
ထို့ပြင်မိမိလုပ်ငန်းအတွက်လိုအပ်တဲ့Four stages of guest cycle ကိုလည်းနားလည်သဘောပေါက်ထားဖို့လိုအပ်ပါတယ်။
1.Pre arrival ဧည့်သည်များဆိုက်ရောက်အကြို ကြိုတင်bookingပြုလုပ်ထားခြင်း
2.Arrival ခရီးသွားဧည့်သည်များရဲ့ရောက်ရောက်ချင်း
3.Occupancy (ခရီးသွားဧည့်သည်များနေထိုင်မှု)
4.Departure(ခရီးသွားဧည့်သည်များထွက်ခွာမှု)စတဲ့လုပ်ငန်းစဉ်များကိုလည်းအသေးစိတ်သိရဖို့လိုအပ်ပါတယ်။
Marketing mixလို့ခေါ်တဲ့ဟိုတယ်ပိုင်းဆိုင်ရာလုပ်ငန်းစဉ်များ၊ဟိုတယ်လုပ်ငန်းဆိုင်ရာသာမကအခြားသောစီမံခန့်ခွဲမှုများမှာပါသုံးသောနည်းလမ်းများ
Product ပေါ်မူတည်ပြီးP 4လုံးခွဲသလို
Service ပေါ်မူတည်ပြီးလည်း နောက်ထပ်P4လုံးခွဲကြပါသေးတယ်။
Productပေါ်မူတည်ပြီးခွဲတဲ့အေခြခံp4လုံးကတော့-
1.productဆိုတဲ့ထုတ်ကုန်ပစ္စည်း
2.priceဆိုတဲ့ဈေးနှုန်းသတ်မှတ်ခြင်း
3.placeဆိုတဲ့ဘယ်နေရာမှာစတင်ရောင်းချမလဲ၊ဈေးကွက်ဖြန့်ချိမလဲ။
4.promotionကိုယ့်ရဲ့ကုန်ပစ္စည်းကိုဘယ်လိုမျိုးများများေရာင်းရေအာင်discountsေပးမလဲဆိုတဲ့အေခြခံအချက်တို့ဘဲဖြစ်ပါတယ်။သူတို့ဟာအစကတည်းကအခြေခံလုပ်ဆောင်ချက်အနေနဲ့ရှိနေခဲ့တာဆိုလည်းမမှားပါဘူး။
Service နဲ့ပက်သတ်တဲ့အေခြခံp4လုံးကတော့ထပ်တိုးပြီးဈေးကွက်အခြေအနေတစ်ခုအရဖြစ်ပေါ်လာခြင်းလည်းဖြစ်ပါတယ်။၎င်းတို့ကတော့-
1.physical evidence (နေရာအနေအထားတစ်ခုပေါ်မူတည်ပြီးေစျးကွက်ေရာင်းဝယ်နိုင်သည့်အေခြအေနcustomerရဲ့စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှု)
2.process(စတင်ဝယ်ယူချိန်မှ သုံးစွဲသည်အထိဖြစ်စဉ်သဘောတရား)
3.people(မိမိတို့ရဲ့ကုန်ပစ္စည်းအေပါ်၊ဒါမှမဟုတ်ဆက်ဆံေရးဝန်ေဆာင်မှုအေပါ်မှာမူတည်တဲ့လူတွေရဲ့စိတ်နေသဘောထား)
4.partner (စီးပွားရေးစပ်တူလုပ်ငန်းရှင်)တို့ဘဲဖြစ်ပါတယ်။
Product and partner ကိုချိတ်ဆက်ပေးတဲ့ပေါင်းကူးတံတားကတော့ marketing ဘဲဖြစ်ပါတယ်။
8P marketing mix ကစာလျှင်အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းတစ်ခုကိုခေါ်ဆောင်သွားနိုင်မှာလဲဖြစ်ပါတယ်။
Customer ကတော့အခြေခံကုန်ပစ္စည်းတွေကိုဝယ်ယူသူသာဖြစ်ပြီး၊consumer ကတော့ထိုကုန်ပစ္စည်းရဲ့အမာခံtop fanကိုဆိုလိုခြင်းဘဲဖြစ်ပါတယ်။
စီးပွားရေးလုပ်ငန်းတစ်ခုကိုအောင်မြင်စွာထိန်းသိမ်းနိုင်ရခြင်းရဲ့ အဓိကလုပ်ဆောင်ချက်လုပ်ငန်းစဉ်များ
1.front office service (ရှေ့တော်ပြေးဧည့်ကြိုဝန်ဆောင်မှုများ)
2.housekeeping (ဧည့်သည်တော်များအတွက်နေရာထိုင်ခင်း၊အပြင်အဆင်များပြင်ဆင်ပေးခြင်း)
3.mainteanance (ဧည့်သည်တော်များရဲ့ယူဆောင်လာတဲ့ပစ္စည်းများနဲ့ဧည့်သည်ေတာ်လုံခြုံေရးကိုထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းစဉ်)
4.finance and accounting (ဘဏ္ဍာရေးနဲ့စာရင်းကိုင်ခြင်း)သို့မဟုတ်စီးပွားရေးတစ်ခုလုံးရဲ့အသက်သွေးကြော
5.human resource (လူ့စွမ်းအားအရင်းအမြစ်များဌာန)သို့မဟုတ် ဝန်ထမ်းဝန်ထမ်းများစီမံခန့်ခွဲခြင်းဌာ
6.marketing and sale ( ဈေးကွက်မြှင့်တင်ခြင်းနဲ့အရောင်းလုပ်ငန်းစဉ်)
7.kitchen(မီးဖိုချောင်တို့)ဘဲဖြစ်ပါတယ်။မီးဖိုချောင်ဟာလည်းဟိုတယ်တစ်ခုရဲ့standards and offersပေးစွမ်းနိုင်မှုမှာအခြေခံကျတဲ့အခန်းကဏ္ဍတစ်ခုကနေပါဝင်နေပါတယ်။
ဒီဆောင်းပါးမှာပါဝင်တဲ့ဟိုတယ်စီမံခန့်ခွဲမှုဆိုင်ရာနည်းလမ်းတွေနဲ့အကြောင်းအရာတွေကတော့စီးပွားေရးအောင်မြင်မှုရအောင်ကူညီထောက်ပံ့ကောင်းတစ်ရပ်ဖြစ်ပေးနိုင်ပေမဲ့၊မိမိရဲ့စိတ်ရင်းစေတနာကိုအရင်းတည်ပြီးလုပ်ငန်းကိုလုပ်ငန်းသဘောအတိုင်းသဘောမထားဘဲ၊စစ်မှန်တဲ့စိတ်ရင်းစေတနာအပြည့်ဖြင့်ခရီးသွားဧည့်သည်များအပေါ်ဆက်ဆံပါကပိုမိုပြီး “အများအကျိုးဆောင်ကိုယ်ကျိုးအောင်နိုင်မဲ့ “အရှုံးမရှိတဲ့အရာတစ်ခုရရှိစေမှာဘဲဖြစ်ပါတယ်။ဘဝမှာ မိမိတစ်ဦးတစ်ယောက်တည်းအဆင်ပြေချောမွေ့ဖို့ရန်အတွက် သူတစိပါးအကျိုးစီးပွားကိုကမ္ဘာမီးလောက်သားကောင်ချနင်းဆိုတဲ့လုပ်ရပ်မျိုးမပြုလုပ်တတ်တဲ့လူစားမျိုးသာလျှင်စစ်မှန်တဲ့ လူ့လောကရဲ့အောင်နိုင်သူဖြစ်ပါတယ်။ထို့ကြောင့်အဲ့လိုမျိုးလူငယ်တွေများများတိုးပွားစေဖို့ရည်ရွယ်ရင်းရေးသားလိုက်ရပါတော့တယ်။။
စာဖတ်သူအပေါင်း
လက်တွေ့မှာအသုံးဝင်ဖို့
များစွာမျှော်လင့်လျက်
မဟန်နီချို
Keep Reading