Author's Profile Photo

Kaung Hein Soe - Strategic

2/09/2025

ကျွန်တော့်ရဲ့ ရှုံးနိမ့်မှုများ အပိုင်း ( ၂ ) ချေးငွေလုပ်ငန်း

6 mins read
Business
Career & Job Market
Self Improvement
ကျွန်တော့်ရဲ့ ရှုံးနိမ့်မှုများ အပိုင်း ( ၂ ) 
ချေးငွေလုပ်ငန်း 
's photo

အားလုံးပဲ မင်္ဂလာပါ။
အဲဒီတော့ အခုတလောမှာ ကျွန်တော်တင်ဆက်ဖြစ်နေတဲ့ အကြောင်းအရာက “ကျွန်တော့်ရဲ့ ရှုံးနိမ့်မှုများ၊ ကျွန်တော့်ရဲ့ ဆုံးရှုံးမှုများ” ဆိုတဲ့ ခေါင်းစဉ်ဖြစ်ပါတယ်။ ကျွန်တော်သည် အခုလက်ရှိ စီးပွားရေးသမားတစ်ဦးအနေနဲ့ စီးပွားရေးလုပ်ငန်းပေါင်းများစွာကို Run နေတယ်။ Business အကြံပေးတွေနဲ့ စီးပွားရေးအကြံပေးတွေလည်း လုပ်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ အောင်မြင်မှုအတော်များများကိုပဲ ကျွန်တော်ပြောဖြစ်ခဲ့တယ်။ ဒီတစ်ခေါက်မှာတော့ ပြောင်းပြန်ပေါ့ဗျာ။ ကျွန်တော် ဘာတွေဆုံးရှုံးခဲ့သလဲဆိုတာကိုအပိုင်း(၂) အနေနဲ့ အခု ထပ်ပြောပြမှာဖြစ်ပါတယ်။ ဆက်ပြီး နားထောင်ကြည့်ပါဦးဗျ။

ကျွန်တော်ရှေ့တစ်ပိုင်းမှာ ပြောခဲ့သလိုပဲ။ စစချင်း ကျွန်တော် ငွေစုဖို့လုပ်တယ်။ တစ်လကို ငါးသောင်းစုတယ်။ ငါးသိန်းပြည့်တိုင်းမှာ စီးပွားရေးတစ်ခုခုလုပ်မယ်ဆိုတဲ့ သန္နိဋ္ဌာန်ချခဲ့တယ်။ အဲဒီတော့ ပထမ အလုပ်တစ်ခုက ကျွန်တော် ဖုန်းဘေလ်ရောင်းတယ်လို့ ပြောခဲ့တယ်။ အဆင်ပြေတယ်ပေါ့နော်။ နောက်တစ်ခုကကျတော့ ကျွန်တော် အထည် စရောင်းတယ်။ နောက်တစ်ခုကကျတော့ တတိယမြောက် ကျွန်တော် ဘာထပ် စဉ်းစားသလဲဆိုတော့ နောက်တစ်နှစ် နှစ်နှစ်ကြာလာတဲ့အချိန်မှာ အမြတ်အစွန်း အလွယ်တကူရနိုင်မယ့်အလုပ်က ဘာရှိမလဲ။ ကျွန်တော် ဒီလိုစပြီးတော့ စဉ်းစားမိတယ်ပေါ့နော်။ 

အဲဒီတော့ စဉ်းစားမိလာတော့ ငွေတိုးချေးတဲ့အလုပ်ကို သွားတွေ့တယ်။ အဲဒီတော့ ရုံးမှာရှိတဲ့ အသိတစ်ယောက်ကလည်း သူငွေလိုအပ်နေတယ်။ သူ့ကို ငွေချေးပါ ပေါ့ နော်။ အဲဒီတော့ ငွေချေးတဲ့အလုပ်က ဘယ်လောက်ထိ အမြတ်အစွန်းများသလဲ။ အပြင်ရပ်ကွက်ထဲမှာဆိုရင် ၁ဝ ကျပ်တိုးတို့၊ ၂ဝ တိုးတို့ ဒီလောက်ထိတောင်ရှိတယ်။ ဈေးထဲမှာဆိုရင် နေ့ပြန်တိုးဆိုတာရှိတယ်။ နေ့ပြန်တိုးဆိုတာ တစ်နေ့ချင်းပေးရတာ။ ဒီနေ့ ငွေ ၁ဝဝ ယူသွားတယ်ဆိုရင် နေ့ပြန်တိုး ၂ဝ ဆိုရင် ညနေမှာ ၁၂ဝ ပြန်လာပေး။ ဒီနေ့ တစ်သိန်းယူသွားရင် ညနေမှာ ၁၂ဝ,ဝဝဝ ပြန်လာပေး။ တစ်ရက်တည်းနဲ့ သူ့ရဲ့ Return on Investment က ၂ဝ ရာခိုင်နှုန်းလောက်ရှိတယ်။ အရမ်းများတယ်။ တစ်လ အနေနဲ့တွက်လိုက်မယ်ဆိုရင် အများကြီးပဲ။

အဲဒီတော့ ပုံမှန်အားဖြင့် ရွှေနဲ့အပေါင်ခံပြီး ငွေချေးတယ်ဆိုရင် ၃ ကျပ်တိုးတို့။ ၅ ကျပ်တိုးတို့ရှိ ကြလေ့ရှိတယ်။ ဒါကို ကျွန်တော်သွားပြီး တွေ့တယ်ပေါ့နော်။ အဲဒီတော့ ပုံမှန်အားဖြင့်တော့ အလွတ်တန်း ငွေချေးမယ်ဆိုရင် ၁ဝ ရာခိုင်နှုန်းလောက် ချေးလို့ရတယ်။ အတိုးယူလို့ရတယ် ဆိုတာကို သွားတွေ့ရတယ်။ အဲဒီတော့ မိတ်ဆွေအချင်းချင်း ယုံကြည်မှုအနေနဲ့ ကျွန်တော်က ကျွန်တော့်စုထားတဲ့ငွေ ၁ဝ သိန်း လောက်ကို ကျွန်တော်က စပြီးတော့ ချေးဖြစ်တယ်ပေါ့နော်။ ၁ဝ သိန်းဆိုတော့ ၁၀ ရာခိုင်နှုန်းဆိုတော့ ကျွန်တော် ဘယ်လောက်ရမလဲ။ အများကြီးပဲရတယ်။ တစ်သိန်း။ တစ်သိန်းဆိုတော့ လကုန်တိုင်းမှာ ကျွန်တော်က တစ်သိန်း၊ တစ်သိန်းရမယ်။

အဲဒီတော့ လူက လောဘတစ်ခုဖြစ်သွားတာပေါ့နော်။ အိုကေ. ၁ဝ ရာခိုင်နှုန်းသည် ငါ အထည်တွေ အာပေါက်အောင်ရောင်းတော့မှ ၁ဝ ထည်ရောင်းတော့မှ ဥပမာ ထားပါတော့ ငါ အထည် ၁ဝဝ ရောင်းတော့မှ တစ်သိန်းရမှာ။ ဖုန်းဘေလ်တွေ အာပေါက်အောင်ရောင်းတော့မှ တစ်သိန်းရဖို့ဆိုတာ ဖြစ်နိုင်တာ။ ဒါ အခု ဘာမှလုပ်ထားစရာမလိုဘဲနဲ့ ပိုက်ဆံပေးလိုက်မယ်။ လကုန်ရင် တစ်သိန်းရမယ်။ ဒါသည် အရမ်းကောင်းတယ်လို့ ကျွန်တော်က ယူဆမိခဲ့တယ်။ အဲဒီတော့ အဲဒီအချိန်မှာ စပြီးတော့ လောဘ စဖြစ်တယ်။ အဲဒီတော့ အားလုံးသိတဲ့အတိုင်းပဲ ကျွန်တော်တို့ငွေချေးတဲ့အလုပ်က Risk များပါတယ်။ Return များရင် Risk များပါတယ်။ ဒါကို ကျွန်တော်တို့ သိထားလိုက်ရမယ်။

အဲဒီတော့ သူ့ရဲ့ သူငယ်ချင်းရဲ့ရည်ရွယ်ချက် ဘာမှန်းမသိဘဲနဲ့ ငွေလိုချင်တယ်ဆိုတာနဲ့ပဲ ကျွန်တော်က ငွေချေးလိုက်တဲ့အချိန်မှာ ဒါကျွန်တော်တို့ အားလုံးယူဆကြတဲ့အတိုင်းပဲ ဒီငွေ ကျွန်တော် ပြန်မရတော့ဘူး။ ငွေဆုံးသွားတယ်ပေါ့နော်။ အဲဒီတော့ ကျွန်တော့်ရဲ့ ပထမဦးဆုံး ငွေချေးတဲ့လုပ်ငန်းလေးက အဆုံးပြပြီးတော့ အရှုံးနဲ့ လုပ်ငန်းကိုရပ်လိုက်ရတာပေါ့နော်။ လုပ်ငန်းရပ်လိုက်ရတယ်ဆိုတာထက် သူငယ်ချင်း မိတ်ပျက်သွားတယ်ပေါ့။ အဲဒီတော့ ဒါသည် ကျွန်တော့်ရဲ့ နောက်ထပ် ကြုံရတဲ့ ဆုံးရှုံးမှု ရှုံးနိမ့်မှုပဲဖြစ်ပါတယ်။

အဲဒီတော့ ကျွန်တော်ရဲ့ နောက်ထပ်ဆုံးရှုံးမှုက ငွေချေးတဲ့လုပ်ငန်းမှာ ပထမဆုံး စပြီးဆုံးရှုံးသွားတယ်။ အဲဒီတော့ ဘာ့ကြောင့်လဲ။ လောဘတက်သွားတာ ပါတာပေါ့နော်။ ၁ဝ ရာခိုင်နှုန်းတောင်ရမှာပဲ။ ဒီလိုမျိုး။ အဲဒီတော့ ငွေချေးတဲ့လုပ်ငန်းကို ကျွန်တော်ဆက်ပြီးတော့ မလုပ်တော့ဘူးလားဆိုတော့ ဆက်လုပ်ဖြစ်ပါတယ်။ ဘာ့ကြောင့်လုပ်ဖြစ်သလဲ။ အတိုးနှုန်း တစ်ခုကောင်းတယ်။ သေသေချာချာတွက်ချက်ပြီး လုပ်မယ်ဆိုရင် အဆင်ပြေနိုင်တယ်ပေါ့နော်။
အဲဒီတော့ ကျွန်တော်က ကျွန်တော့်ရဲ့ ရှုံးနိမ့်မှုကနေပြီးတော့ ဆုံးရှုံးမှုကနေပြီးတော့ ပြန်ပြီးတော့ အဖြေရှာလိုက်တယ်။ အဲဒီတော့ ဘယ်လို လူမျိုးဆိုရင် ငွေချေးရမလဲ။ Criteria ငါ သတ်မှတ်ဖို့လိုပြီဆို ပြီးတော့ကျွန်တော့်ခေါင်းထဲမှာ စရောက်လာတယ်။ အဲဒီတော့ ကျွန်တော်က ကျွန်တော့်ရဲ့ ကိုယ်ပိုင် ဖော်မြူလာတစ်ခု ကျွန်တော်ထုတ်လိုက်ပါတယ်။ ကိုယ်ပိုင် ဖော်မြူလာက ဘာလဲဆိုတော့ အတိုကောက် ကျွန်တော်တို့က ROPE ရုတ်ဒ်လို့ ခေါ်ပါတယ်။ ROPE ဆိုတာ ဘာလဲဆိုတော့ ကြိုး ပေါ့ဗျာ။ ငွေချေးမယ်ဆိုရင် ကြိုးတစ်ချောင်းနဲ့ချည်ထားသလို ကိုယ့်ဆီက ဘယ်မှ မပြေးအောင် ချည်ထားနိုင်မယ့် Criteria အချက်အလက်တွေကို ကျွန်တော်သတ်မှတ်ပါတယ်။

ပထမဦးဆုံး R က Reason ပါ။ သူ ဘာ့ကြောင့်ငွေလိုတာလဲ။ သူဒီငွေကို ဘာလုပ်ဖို့လဲ။ အဲဒီတော့ ထားပါတော့ သူငယ်ချင်းနဲ့ ဘားသွားပြီး အရက်သောက်ဖို့ ငွေချေးတာဆိုရင်တော့ သေချာတယ်။ ဒါသည် ပြန်ရမှာ မဟုတ်ဘူး။ သူသည် ဘာလုပ်ဖို့လဲပေါ့။ သူသည် စီးပွားရေး တစ်ခု

အရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်ကျွန်တော့်ရဲ့ ရှုံးနိမ့်မှုများ အပိုင်း ( ၃ ) ရှယ်ယာထည့်ဝင်ခြင်း ကျွန်တော့်ရဲ့ ရှုံးနိမ့်မှုများ အပိုင်း ( ၂ ) ချေးငွေလုပ်ငန်း ပိတ်ချင်းမြောင်ဈေးတန်း ဆိုင်တစ်ဆိုင် ပင်းတယ သစ်သီးတန်းရဲ့ ထူးခြားမှုတစ်ခု ကျွန်တော့်ရဲ့ ရှုံးနိမ့်မှုများ အပိုင်း ( ၁ ) အထည်ရောင်းခြင်းကိုဗစ်−၁၉ ကာလမှာ စတင်အောင်မြင်သွားတဲ့ လုပ်ငန်းတစ်ခု Apple Company က ကျင့်သုံးတဲ့ BSC Concept ကျွန်ုပ်၏ အောင်မြင်မှုသော့ချက်များ ငွေအရင်းအနှီး ဘယ်ကနေရှာ 3F ကနေပါ

Unlock to read this premium article with 100 points.