Author's Profile Photo

Kaung Hein Soe - Strategic

16/03/2026

အလွယ်တကူအောင်မြင်နိုင်တဲ့ တနိုင်ကိုယ်ပိုင်လုပ်ငန်းငယ်လေး

2 mins read
Business
General Knowledge
အလွယ်တကူအောင်မြင်နိုင်တဲ့ တနိုင်ကိုယ်ပိုင်လုပ်ငန်းငယ်လေး 's photo

၁။ စျေးကွက်မှာ ပေါက်ပြီးသား ထုတ်ကုန်တွေ အတွက် တွဲဖက် လို့ရမယ့် ထုတ်ကုန်တစ်ခုထုတ်တာ ဥပမာ market leader အာလူးကြော် နဲ့ တွဲစားရင်ပိုကောင်းမယ့် ခရမ်းချဉ်သီးဆော့ ထုတ်ရောင်းတာ။

၂။ အောင်မြင်နေတဲ့ လုပ်ငန်းကြီးရဲ့ customer တွေအတွက် နောက်ဆက်တွဲ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးတာ။ ဥပမာ နိုင်ငံခြားမှာ မိန်းကလေးတစ်ဦးက ဆေးခြောက်ဆိုင်ရှေ့မှာ အနံအရသာမွေးပျံ့နေတဲ့ ဘီစကွတ်တွေရောင်းချအောင်မြင်တာ။ နိုက်ကလပ်ဘေးမှာ အနှိပ် SPA ဖွင့်တာ၊ ခရီးသွား ကားဂိတ်နား တည်းခိုခန်းဖွင့်တာမျိုး။

၃။ Seasonal Rare Product ဆိုတဲ့ လူကြိုက်လဲများ၊ ရာသီပေါ်ချိန် ကာလတစ်ခုမှသာ ရတတ်တဲ့ ကုန်မျိုးကို ရှာဖွေဝယ်ယူ ပြန်လည်ရောင်းချတာ။ ဥပမာ စိန်တလုံးသရက်သီး ၊ ဒူးရင်းသီးလိုမျိုး။
၄။ လူတွေအတွက် အင်အား ၊ အချိန်တို့များစွာ သက်သာသွားအောင် အစားထိုးလုပ်ဆောင်ပေးတဲ့ Service လုပ်ငန်းမျိုး ဥပမာ ဆီတန်းစီပေးတာ၊ စျေးဝယ်ပေးတာ၊ အိမ်အပြောင်းအရွေ့ ဝန်ဆောင်မှု စသည့်။
၅။ အများတကာ စွန်ပစ်ထားတဲ့ အရာကို စျေးကွက်ဝင်ရောင်းတန်းရအောင် ပြုပြင်ရောင်းချတာ။ ဥပမာ ကုန်စျေးကြီးထဲက တစ်ဝက်တစ်စ ပုပ်နေတဲ့ အာလူး ခရမ်းချဉ်သီး ငရုတ် စသည်တို့ကို ကောက်ယူသန့်စင် လှီးဖြတ် စုဆောင်းကာ တစ်နပ်စာ အထုပ်လေးများအဖြစ် ပြန်ရောင်း။
၆။ လုပ်ငန်းကြီးတစ်ခုရဲ့ စွန့်ပစ်ကုန်၊ ကိုယ့်အတွက်က ကုန်ကြမ်း သို့မဟုတ် ငွေဝင်ပေါက်။ ဥပမာ ကားဂိတ်ပါဆယ် အရွေးဌာနမှာ ပါကင် ကတ္တူစက္ကူပုံးတွေကို ဖြတ်တောက်ဖွင့်ပေးပြီးကူညီ ၊ ပါဆယ်လာယူသူ စွန့်ပစ် လိုက်တဲ့ အဖုံးအကာ ကတ္တူချပ်တွေကို စုထားပြီးရောင်း။
၇။ အကြွင်းအကျန်ကို နည်းနည်းလေး ပြောင်းလဲလိုက်ရုံနဲ့ ရောင်းလို့ရတာမျိုး။ ဥပမာ နို့ဆီခွက်ကို အသေပိတ် တစ်လက်မလောက် အပေါက်ကျဉ်းလေးပဲ ဖောက်ပြီး ငွေစုဘူးအဖြစ်ရောင်း။ ကားတာယာ အဟောင်းတွေကို ကုလားထိုင် ၊ စားပွဲလုပ်။
၈။ အောင်မြင်နေတဲ့ လုပ်ငန်းကြီးတစ်ခုက Customer နဲ့ အတူ တွဲပါလာတဲ့ Customer မဟုတ်သူများအတွက် ထုတ်ကုန် သို့မဟုတ် Service တစ်ခုခုပေးတာ။ ဥပမာ ဝက်သားတုတ်ထိုးဆိုင်ဘေးမှာ ကြက်သားတုတ်ထိုး၊ မြန်မာတုတ်ထိုးတွေ ရောင်းတာမျိုး။
၉။ လူတွေတကူးတက အချိန်ပေးလုပ်နေရတဲ့ အလုပ်တွေကို ပိုလွယ်ကူသက်သာအောင် ဆောင်ရွက်ပေးတာ။ ဥပမာ ကားအင်ဂျင်ဝိုင် အိမ်အထိ လာလဲပေးတာ။
၁၀။ လုပ်ငန်း အများစုရဲ့ အဓိက ဝင်ငွေလမ်းကြောင်း မဟုတ်ဘဲ ငွေတော့ဝင်တယ် အကြိမ်နည်းတယ် ဆိုတဲ့ ဝင်ငွေလမ်းကြောင်းကို သီးသန့်လုပ်ပေးတာ။ ဥပမာ ဆေးခန်းက ဆရာဝန်တွေက ဆေးခန်းကို လာတဲ့လူနာတွေ ကို အဓိက ကုပေမယ့် မိမိက အိမ်တိုင်ရာရောက် အိမ်ပင့်သီးသန့် ဆရာဝန်အဖြစ် လုပ်တာ။
၁၁။ လူကြိုက်များ အောင်မြင်ပြီးသား ထုတ်ကုန်တွေရဲ့ စက်ရုံကြီးတွေမှာ Quality မမီတဲ့ Reject Product တွေ ကို စျေးဖြတ်ဝယ် လက်လီပြန်ရောင်းတာ။ ဥပမာ နာမည်ကြီး export အင်္ကျီစက်ရုံက ချည်ကျော်၊ စွန်းထင်း၊ စုတ်ပြဲ အင်္ကျီတွေကိုယူပြီး လက်လီရောင်းတာ။
၁၂။ တစ်ဒေသက စျေးကွက်မှာ စျေးကောင်းကောင်းနဲ့ ပစ္စည်းပြတ်အောင် လိုက်ဝယ်ကြတဲ့ Product ကို ပေါများရာ မူရင်းဒေသကနေ ကုန်သွယ်ယူရောင်းတာ။
၁၃။ Product တစ်ခုခု စျေးကို ရေရှည်လေ့လာထားပြီး စျေးအကျဆုံးအချိန်မှာ ဝယ်လှောင်ပြီး စျေးတက်တော့ ပြန်ရောင်းတာ။
၁၄။ အသုံးလိုတာ၊ မလိုတာ service or product ချင်း လဲလှယ်ယူကြတာ။ ဥပမာ အညာက မြေပဲပွဲရုံက မြေပဲဆီ ကြိတ်စက် ထောင်ထားပြီး တောင်သူတွေကို အလကား ကြိတ်ပေးရော စက်ကို ကြိုက်သလိုသုံး ဒါပေမယ့် ကြိတ်ဖတ်တွေကိုတော့ ပေးခဲ့ရမယ် ဆိုတာမျိုး။
၁၅။ Asset လို့ခေါ်တဲ့ ပိုင်ဆိုင်မှု ပစ္စည်းတစ်ခုခုကို ဝယ်ယူထားပြီး ပြန်လည်အငှါးချတာ။ ဥပမာ လူသွားလူလာများ တဲ့ ပန်းခြံထဲမှာ စက်ဘီးတွေကို နာရီအလိုက် ငှါးတာမျိုး။
၁၆။ အရေအတွက်အများ အပြား ထုတ်လုပ်နေရတဲ့ စက်ရုံကြီးတွေကို ကုန်ကြမ်းတစ်ခုခု သွင်းတာ။
၁၇။ အခြားဒေသမှာ လူကြိုက်များတဲ့ ထုတ်ကုန်ကို အဲဒီထုတ်ကုန် မရောက်သေးတဲ့ ဒေသ အသစ်အတွက် ကိုယ်စားလှယ်ယူ ဖြန့်ချိတာ။
၁၈။ စျေးကွက်ပေါက်ပြီးသား ကုန်ပစ္စည်းမျိုးစုံကို စုံလင်အောင် ထားရှိပြီး အိမ်တိုင်ရာရောက် လှည့်လည် ရောင်းပေးတာ။
၁၉။ အောင်မြင်နေတဲ့ လုပ်ငန်းကြီးရဲ့ service provider အဖြစ် လုပ်ကိုင်တာ။ ဥပမာ အမြဲ အခန်းပြည့်တဲ့ ဟိုတယ်ကြီး ရဲ့ Laundry service ကို ရယူလုပ်ကိုင်တာ။
၂၀။ အရောင်းသွက်တဲ့ တန်ဖိုးကြီး ပစ္စည်းများအတွက် အကျိုးဆောင်လုပ် ချိတ်ဆက်ကာ ပွဲခယူတာ။ ဥပမာ တိုက်ခန်းပွဲစား။

Kaung Hein Soe - Strategic

Keep Reading

အလွယ်တကူအောင်မြင်နိုင်တဲ့ တနိုင်ကိုယ်ပိုင်လုပ်ငန်းငယ်လေး အရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်ချမ်းသာဖို့အတွက် ဘာလိုသလဲစျေးကွက်ထဲမှာ ဦးဆောင်တဲ့သူဖြစ်ဖို့ အရေးကြီးတဲ့ အချက်တစ်ချက်Product တွေ ရောင်းထွက်စေမယ့် နည်းလမ်းတစ်ခုအလုပ်ထွက်ဖို့ စဉ်းစားနေပြီလားရှယ်ယာခေါ်တဲ့ ကိစ္စကို လုပ်ငန်းရှင် အနေနဲ့စဉ်းစား ကြည့်ရအောင်။ ငွေမစုတဲ့ သူဌေးများငွေကြပ်တည်းမှုPersonal Finance အရ စတင် တည်ဆောက်ချိန်