Kaung Hein Soe - Strategic
အားလုံးပဲ မင်္ဂလာပါ။
ကျွန်တော် ရှမ်းပြည်နယ်၊ပင်းတယမြို့ကို ရောက်ခဲ့တုန်းကအကြောင်းလေး ပြောပြချင်ပါတယ်။ ပင်းတယမြို့မှာ ရွှေဥမင် သဘာဝလိုဏ်ဂူတော်ပေါ့နော်။ ရွှေဥမင်ဘုရားကိုသွားပါတယ်။ ရွှေဥမင်ဘုရားကနေ နာနတ်သီးနဲ့ အသီးတွေအများကြီးပဲ ဝယ်လာခဲ့တယ်ပေါ့နော်။ဒါ့အပြင် ဒီအသီးက အဲဒီအသီးသည်တွေဆီမှာလည်း သူ့ဗန်း ထဲကလည်း အများကြီးနှိုက်ပြီးတော့ စားလာခဲ့သေးတယ်ပေါ့နော်။
တယယ်တမ်း ဘာပြောချင်တာလဲဆိုတော့ ကျွန်တော်က စီးပွားရေးမှာလည်း အသုံးချလို့ရမယ့် လက်တွေ့လည်း ကြုံခဲ့တဲ့ အခြေအနေလေးတစ်ခုကို ဒီအသီးလေးတွေနဲ့ တိုက်ဆိုင်ပြီး ပြောပြချင်တာဖြစ်ပါတယ်။
ဆက်ပြီးတော့ လေ့လာကြည့်ပါဦးခင်ဗျ။
ကျွန်တော်က ပင်းတယမြို့ရဲ့ အထင်ကရ သွားရောက်လည်ပတ်ကြတဲ့ ရွှေဥမင်စေတီပေါ့နော်။ ကျွန်တော် ရောက်တဲ့အချိန်မှာ ဘုရားစောင်းတန်းမှာ သစ်သီးတွေရောင်းတဲ့ သစ်သီးသည် သစ်သီးဆိုင်တစ်ဆိုင်ကို သွားတွေ့
တယ်။ သွားတွေ့တော့ ကျွန်တော်တို့ကလည်း ဒါ ရှမ်းပြည်နယ်မှာ အသီးတွေသည် အမျိုးတွေလည်း အရမ်းစုံ တယ်။ အရမ်းလည်း လတ်ဆတ်တယ်။
သစ်သီးဆိုင်ကလည်း အရမ်းကို လှလှပပ ခင်းကျင်းထားတယ်ဆိုတော့ဘာအသီးတွေရှိမလဲဆိုပြီး သွားကြည့်မယ် ဆိုပြီး ကျွန်တော်တို့ သွားကြည့်တာပေါ့။သွားကြည့်တော့ သွားလို့ ဆိုင်ရှေ့ပဲရောက်တုန်းရှိသေးတယ်၊ အဲဒီက
ဓနုအမျိုးသမီးဆိုင်ရှင်ပေါ့။ သူက လုံးဝ ပြုံးပြုံးရွှင်ရွှင် ဖော်ဖော်ရွေရွေနဲ့ခေါ်ပြီးတော့ သူ့ဗန်းထဲမှာလှီးထားတဲ့ လှီးပြီးသားသစ်သီးတွေထဲက တစ်စိတ်ကို လှမ်းပြီးတော့ကျွေးတယ်။ ကျွန်တော်က မြည်းကြည့်တာပေါ့။
အသီးတွေကအများကြီးပဲ။ နှင်းပန်းသီးတို့၊ နာနတ်သီး၊ နောက်တစ်ခါ သရက်သီး။ နောက်တစ်ခါ တောင်ကြီးဘက် မှာ နာမည်ကြီးတဲ့ပင်စိမ်းသီးပေါ့။ ပင်စိမ်းသီး၊ မက်မန်းသီး အများကြီး. . . အသီးတွေအများကြီးပဲရှိတယ်။
အဲဒီတော့ ကျွန်တော်က “ဒါဘာသီးလဲ”လို့မေးလိုက်တယ်။
“ဟာ... ဆရာ၊ ဒါ မက်မန်းသီးပါ””လို့ ပြောတယ်။
ပြောရုံတင်မကဘူး။ အထဲက အသီးတစ်လုံးကိုယူပြီး ခွဲလိုက်တယ်။ခွဲပြီး “ဆရာ. မြည်းကြည့်ပါဦး”ဆိုပြီး ကျွေးပြန် ရော။ အဲဒီ အသီးစားပေါ့။
နောက်ထပ် “ဒါ ဘာသီးလဲ” ထပ်ပြီးတော့ မေးလိုက်ပြန်ရော။
“ဟာ... ဆရာ ဒါ နှင်းပန်းသီးပါ”
ပြီးတော့ အသီးတစ်လုံးကိုယူတယ်၊ ခွဲတယ်၊ ကျွန်တော့်ကို ကျွေးပြန်ရော။ ဟာ... ကိုယ်က တစ်လုံးနှစ်လုံးဆိုတော့ နည်းနည်းတော့ စားဖြစ်တယ်ပေါ့နော်။ နှစ်လုံးသုံးလုံးဆိုတော့ တော်တော်အားနာလာပြီ။ အဲဒီတော့ သိပ်တောင် မမေးရဲတော့ဘူး။
“ဒါရော ဘာသီးလဲ”
“ဒါက ပင်စိမ်းသီးပါ”ပင်စိမ်းသီးခွဲပြန်ရော။ ပင်စိမ်းသီးကို ရိုးရိုးပင်စိမ်းသီးရှိတယ်၊ နောက်တစ်ခါ သူတို့ စိမ်ထားတဲ့ ပင်စိမ်းသီးရှိတယ်။ ကျွေးပြန်ရော။
“ဒါရော ဘာသီးလဲ”
“နာနတ်သီးပါ၊ ဒီဒေသကထွက်တဲ့ နာနတ်သီး စားပါဦ””ဆိုပြီးတော့ ထပ်ခွဲပြီးတော့ ကျွေးပြန်ရော။
အဲဒီတော့ တဖြည်းဖြည်းနဲ့ သူအလကားကျွေးတဲ့ အသီးအနှံတွေနဲ့တင်ပဲ ကျွန်တော့်ဗိုက်က ပြည့်လာတယ်။ ပြည့်လာတော့ သူက သူ့ရဲ့ဓနုအမျိုးသမီးဆိုင်ရှင်ရဲ့ပုံစံကလည်း လုံးဝဈေးရောင်းချင်လို့ ဆွယ်ပြီးတော့
ကျွေးနေတာမျိုးမဟုတ်ဘူး။ အမြည်းဆိုပြီးတော့လည်း အကန့်အသတ်ကလေးနဲ့ ကျွေးနေတာမျိုးမဟုတ်ဘူး။
သူက တကယ်ကို ကိုယ့်ဆွေမျိုးသားချင်းတစ်ယောက် သူ့ဆီအလည်လာလို့ အသီးတွေမေးတာကို သူက
ဒီအသီးတွေခွဲပြီး ကျွေးနေတဲ့ပုံမျိုး။ သူက စားရင်လည်း အရမ်းဝမ်းသာသဘောကျနေတယ်။
အဲဒီတော့ ကျွန်တော်က နာနတ်သီးတစ်ဖတ်ထပ်စားချင်တော့ ဗန်းထဲမှာလှီးထားတဲ့ နာနတ်သီးလေးတစ်ဖတ် လောက်ယူပြီး စားတယ်။ သူကသဘောတွေကျပြီးတော့ ရယ်နေတယ်။
“ဟာ...စားပါဦး”ပေါ့။
တစ်ခုခုဆို ဟိုဘက်က အသီးတစ်မျိုးမျိုးထပ်တွေ့တယ်။ အဲဒီအသီးကိုယူပြီးတော့ ခွဲပြးကျွေးပြန်ရော။ အဲဒီတော့ ဒီမှာက ခွဲပြီးသား ပုပ်သိုးသွားလို့ ခွဲပြီးသားဖယ်ထားတဲ့ဟာမျိုးကို ခွဲကျွေးတာလည်း မဟုတ်ဘူး။ ဒီ အကောင်းဗန်း ထဲကအသီးတွေကို တစ်ခုပြီးတစ်ခု ယူပြီးတော့ကျွေးနေတာ။
အဲဒီတော့ ကျွန်တော်တို့စားတာနဲ့တင်ပဲ သုံးလေးငါးထောင်ဖိုးဖြစ်နေပြီ။ ဒီလိုမျိုး။ အဲဒီတော့ တဖြည်းဖြည်းနဲ့ ကျွန်တော်က ဘာဖြစ်လာသလဲဆိုတော့ အားနာလာတယ်။ တစ်ခုခုတော့အားပေးမှ ဖြစ်တော့မယ်။အသီးတော့ ငါဝယ်တော့မယ်။ ဒီလိုဆုံးဖြတ်တာပေါ့။
အဲဒီတော့ သူက ဒီလောက်ပဲကျွေးတာလား၊ အကန့်အသတ်ဖြစ်တာလားဆိုပြီး ကျွန်တော်က နည်းနည်း စမ်းကြည့်ချင်တော့ ဗန်းထဲမှာလှီးထားတဲ့ နာနတ်သီးတွေ ကျွန်တော်က ထပ်ပြီးတော့ နှိုက်စားတယ်။ ဒါလည်း
သူက လုံးဝပျော်နေတာပဲ။“ဆရာ စားပါဦး... စားပါ၊ ဒီအသီးလည်းစားပါ ဦး”
အဲဒီတော့ စိတ်ထဲမှာ ဘယ်လိုဖြစ်သွားလဲဆိုတော့ ဟုတ်ပြီ...အသီးတစ်မျိုးတော့ဝယ်မယ်။ ဒါပေမဲ့ ဒီအသီးတစ်မျိုးကိုဝယ်ရင် ဒီအသီးကဘယ်လောက်ကျကျ တစ်သောင်း ကျွန်တော်ပေးမယ်။ ဒီလိုဆုံးဖြတ် လိုက်တယ်။ ကျွန်တော့်သဘောက တစ်ထောင်ပဲကျကျ၊ နှစ်ထောင်ပဲကျကျ၊သုံးထောင်ပဲကျကျ၊ လေးထောင်ပဲကျကျ ဒီအသီး ဘယ် လောက်ကျကျတစ်သောင်းပေးခဲ့ပြီးတော့ ကျွန်တော်လည်း ပြန်ပြီးတော့ စေတနာပြမယ်ပေါ့... ဒီလိုမျိုးလေး ယူဆဖြစ်တာပေါ့။
အဲဒီတော့ နောက်ဆုံးကျတော့ အသီးဝယ်လိုက်တယ်။ ကျွန်တော်သူ့ကိုတစ်သောင်းပေးလိုက်တယ်။ ပြန်မအမ်းပါနဲ့လို့ပြောတယ်။ ဒါပေမဲ့လုံးဝ သူကလည်း လက်မခံဘူး။ အိတ်ကြီးနဲ့အပြည့် နာနတ်သီးတွေ၊ မက်မန်းသီးတွေအကုန်လုံးကို ဆားတွေ သကြားတွေ သေချာနယ်ပြီးတော့ထည့်ပေးတယ်။
အဲဒီတော့ ဆိုလိုချင်တဲ့သဘောက ဒီမှာ ဈေးဝယ်ရတဲ့သဘောကအရမ်း ပျော်စရာကောင်းသွားတယ်။ ကျွန်တော့်အတွက်လည်း အရမ်းအဓိပ္ပာယ်ရှိတဲ့နေ့တစ်နေ့ ဖြစ်သွားတယ်။ ဆိုလိုတာက မြန်မာပြည်ရဲ့
တန်ခိုးကြီးဘုရားတွေ၊ အပန်းဖြေနေရာတွေမှာ ကျွန်တော်တို့သွားပြီဆိုရင်ဈေးသည်တွေက အတင်းထိုးပြီးတော့ ရောင်းလေ့ရှိတယ်။ ဝယ်ပါဦး၊ဒီနေ့ဝယ်ပါ။ နောက်ကနေ တစ်ကောက်ကောက်လိုက်တယ်။ အင်္ကျီတွေ
ဆွဲတယ်။ လက်တွေဆွဲတယ်။ ဒီလိုမျိုးပေါ့။
အဲဒီတော့ ကျွန်တော်တို့က ဝယ်ချင်တဲ့စိတ်ထက် သဒ္ဓါတရားကနည်းလာပြီးတော့ ဟာ... မဝယ်ဘူး၊ မဝယ်တော့ဘူး။ တစ်ခါတလေအော်လွှတ်ပစ်တယ်။ ဒါမျိုးတွေ ကျွန်တော်မြင်ရတာရှိတယ်။ ဒီမှာက ဓနု တိုင်းရင်းသားလူမျိုးတွေရဲ့ စေတနာလို့ပဲ ပြောရမလားပေါ့။
အဲဒီတော့ ထပ်ပြီးထူးခြားတာက အဲဒီသစ်သီးဆိုင်တစ်ဆိုင်တည်းအဲလိုမဟုတ်ဘူး။ ဒီဘက်ကို ဘုရားထဲကို ဝင်ဖို့ဆိုပြီး ထပ်ပြီးတော့လျှောက်သွားလိုက်တဲ့အချိန်မှာ နောက်ထပ်ဆိုင်တန်းကြီးတွေ အများကြီးတွေ့တယ်။
အဲဒီဆိုင်ခန်းတွေက ဘာတွေရောင်းလဲဆိုတော့ မုန့်ချိုတွေ၊ လက်ဖက်တွေ...ကျွန်တော်တို့ ဥပမာ ဒီဘက်မှာဆို ထူးထူးဆန်းဆန်းစားစရာဆိုလို့ ခါချဉ်ကြော်တွေ၊ လက်ဖက်ကိုမှ အမျိုးအစား အများကြီးတွေ၊ ပဲပုပ်ကြော်၊
ပဲပုပ်စိမ်း၊ အများကြီးရောင်းတဲ့ဆိုင်တန်းတွေ။
အဲဒီတော့ အဲဒီဆိုင်တန်းတွေ ဆိုင်ခန်းတိုင်းကလည်း လူတိုင်းကထွက်ပြီးတော့ခေါ်တယ်။ ဈေးရောင်းဖို့ ခေါ်တာမဟုတ်ဘူး။ သူတို့ဆီမှာချထားတဲ့ နမူနာစားစရာတွေကိုစားဖို့။ နမူနာစားစရာဆိုတာလည်း ကျွန်တော်တို့ ဝင်ကြည့်လိုက်တဲ့ဆိုင်မှာဆိုရင် အားလုံးပေါင်းကိုးမျိုးရှိတယ်။ကိုးမျိုးတောင်မှ လူအရမ်းပါး တဲ့အချိန်ဖြစ်တဲ့ အတွက် နည်းနေတာ။အရင်တုန်းကဆို ၁၅ မျိုးလောက်ရှိတယ်။
အဲဒီတော့ လက်ဖက်တွေချထားတယ်။ အများကြီး ပန်းကန်လေးတွေနဲ့။ ပဲပုပ်ကြော်၊ ပဲပုပ်နဲ့ကောက်ညှင်း ကြော်ထားတာတွေ အများကြီးချထားတယ် ပန်းကန်ကြီးတွေနဲ့။ ကြိုက်သလောက်စား မဝယ်ဘဲပြန်သွား
ရင်လည်း ရတယ်။ သူက ပွဲတော်ကြီး လိုဖြစ်နေတာပါ့နော်။ အဲဒီတော့ကျွန်တော်က အဲဒီကဆိုင်ရှင်အမျိုးသမီးကို လည်း မေးကြည့်တယ်။
“အစ်မတို့ လူစည်တဲ့အချိန်ကျရင် လူတွေအုပ်လိုက်ကြီးဝင်လာပြီးဒါတွေစားသွားရင် အကုန် ကုန်မသွားဘူးလား”
“အကုန် ကုန်သွားတာပဲ”တဲ့။ သူကလည်း ဝမ်းသာအားရနဲ့ပေါ့။
“အဲဒီတုန်းကဆို ကျွန်မတို့ တစ်နေ့တစ်နေ့ဆို ပိဿာနဲ့ချီပြီးတော့အလကားကျွေးတာ” သူက ဒီလိုပြောတယ်။
အဲဒီတော့ ကျွန်တော်က ထပ်ပြီး “ဒါဆိုရင် အစ်မတို့ ကိုက်ရဲ့လား၊အလကားစာသွားတာနဲ့ သူတို့ ဝယ်သွားမှ တစ်ယောက်တစ်ထုပ်လောက်ဝယ်သွားမှာ၊ ကိုက်ရဲ့လား”
ကျွန်တော်က ဒီလိုမေးတော့ သူက “ကိုက်ပါတယ်”တဲ့။ဒီလိုကျွေးရတာကိုက အလှူတစ်မျိုးဖြစ်နေတာပေါ့။ သူတို့လည်းပျော်ရတယ်၊ ဈေးဝယ်တွေက လည်း ဝယ်သွားကြပါတယ်တဲ့။ မဝယ်ဘဲနဲ့တော့ ဘယ်သူမှမနေဘူး။ အဲဒီတော့ သူတို့အတွက် ထိုက်သင့်တဲ့အမြတ်တစ်ခုကလည်း ကျန်ပါတယ်ဆိုတာ သွားတွေ့ရတယ်။ကျွန်တော်က ဒီမှာ Surprise ဖြစ်တာပေါ့နော်။ ဒီနေ့ဆို ကျွန်တော်ပျော်နေတယ်။ ကျွန်တော့် Feeling က အရမ်းကောင်းနေတယ်။ ဘာကြောင့်လဲဆိုတော့ အတင်းထိုး ရောင်းတဲ့ ဈေးသည်တွေ ကျွန်တော်တို့တွေ့ခဲ့တာမဟုတ်ဘူး။ တကယ့်စေတနာနဲ့ ကိုယ့်အမျိုးနဲ့တွေ့ခဲ့သလို ဒီကဓနုတိုင်းရင်းသားတို့ရဲ့ စေတနာကို ကျွန်တော်ခံစားရတဲ့အနေအထားမျိုးတွေ့ရတယ်။
ဒါသည် သူတို့က ဒီလိုဈေးရောင်းတဲ့ သီအိုရီတွေ၊ မားကက်တင်းသီအိုရီတွေ သိနေလို့လုပ်တာ မဟုတ်ဘူး။ ဒါပေမဲ့ သူတို့ရဲ့စေတနာကြောင့်အရောင်းအဝယ်သည် အများကြီးဖြစ်နေတယ်ဆိုတဲ့ အနေအထားမျိုးဖြစ်ပါတယ်။
အဲဒီတော့ ဒါလေးကို ကျွန်တော်က Business Theory နဲ့ယှဉ်ပြီးတော့ ပြောပြချင်ပါတယ်။ ဆက်ဖတ်ပေးပါဦးဗျ။
Sale and Marketing ပညာရပ်မှာ ကျွန်တော်တို့က Customer တွေကို ကိုယ့်ပစ္စည်းကို ဝယ်ယူ ချင်စိတ် ဖြစ်လာအောင် သုံးကြတဲ့Psychology နည်းတွေအများကြီးရှိတယ်ပေါ့ဗျာ။ အဲဒီထဲက နည်းလမ်း
တစ်ခုက Trojan Effect လို့ခေါ်တယ်။ Trojan Effect ဆိုတာဘာလဲဆိုတော့ ကျွန်တော်တို့ ဂရိ ဒဏ္ဍာရီထဲက Troy မြို့ကြီးကိုရန်သူတွေကဝင်တိုက်တဲ့အချိန်မှာ Troy မြို့ပြီးကို ဘယ်လိုမှတိုက်လို့မရဘူးပေါ့ဗျာ။
နောက်ဆုံးမှာတော့ ရန်သူတွေက ဘယ်လိုအကြံရသွားလဲဆိုတော့ မြင်းရုပ်အကြီးကြီးတစ်ခု လုပ်ခဲ့တယ်။ အဲဒီမြင်းရုပ်ထဲမှာသူတို့ရဲ့ စစ်သားအယောက် ၂ဝ လောက်ကိုထားခဲ့တယ်။ ပြီးတော့ သူတို့ ပြန်ဆုတ်ခွာ သွားပြီဆိုတဲ့ပုံစံမျိုး Troy မြို့သားတွေယုံသွားအောင် လုပ်ခဲ့တယ်။
အဲဒီအချိန်မှာ Troy မြို့သားတွေက ဒီမြင်းရုပ်ကြီးကို သူတို့ရဲ့မြို့ထဲကိုသယ်ယူပြီးတော့ အောင်ပွဲအဖြစ် လုပ်ကြတဲ့အချိန်မှာ ညဘက်ကျတော့ အထဲက စစ်သားတွေထွက်လာပြီးတော့ တစ်မြို့လုံးကို သိမ်းပိုက်
လိုက်တယ်။
ဒါကို ကျွန်တော်တို့က Trojan တွေသုံးခဲ့တဲ့ နည်းဗျူဟာဖြစ်တဲ့အတွက် Trojan မြင်းရုပ်ဗျူဟာ ဆိုပြီးတော့ ကျွန်တော်တို့က ပြောလေ့ရှိတယ်။ ဒါသည် Sale and Marketing လောကမှာလည်း နည်းလမ်း တစ်ခုအနေ နဲ့ရှိပါတယ်။
အဲဒီတော့ Trojan မြင်းရုပ်လိုပဲ ကျွန်တော်တို့သည် မြို့ထဲကိုလုံးဝ ဝင်လို့မရဘူးဖြစ်နေတဲ့အချိန်မှာ ကျွန်တော်တို့ ဆီက တစ်စုံတစ်ခုသောအရာကို မြို့ထဲကို အရင်ရောက်အောင်ပို့လိုက်ရတယ်။ ပို့လိုက်ပြီးတော့မှ တစ်မြို့လုံးကို ကျွန်တော်တို့က ပြန်လည်သိမ်းပိုက်လိုက်တဲ့သဘောပေါ့။
ဒါကို ကျွန်တော်တို့က Trojan Effect လို့ခေါ်ပါတယ်။ကျွန်တော်တို့ကလည်း ဒီလိုပဲ။ ကိုယ့်ဆီကပစ္စည်း သို့မဟုတ်
Service တစ်ခုခုကို Customer တွေ လာပြီးအားပေးဖို့အတွက် အရင်ဦးဆုံး ကျွန်တော်တို့က Product တစ်ခု အရင်ပေးတယ်။ သူတို့ ရဲ့စိတ်ထဲကိုအရင်ရောက်သွားအောင်လုပ်တယ်။ ဒီ Product အကြောင်းကို သိသွား
အောင်လုပ်တယ်။ ဒါ့အပြင် လိုအပ်တာထက်ပိုပြီးတော့ Customerကို ဂရုစိုက်ပေးတယ်။ ပိုပြီး Product Service ပေးတဲ့ အချိန်မှာCustomer တွေက အားနာတဲ့စိတ်တစ်ခုဖြစ်လာတယ်။ ယုံကြည်တဲ့စိတ်တစ်ခု ဖြစ်လာတယ်။ အပြန်အလှန်အားဖြင့် ကျွန်တော်တို့ပစ္စည်းကိုသူတို့ကဝယ်ယူဖို့ပိုပြီး နီးစပ်သွားတယ်ဆိုတဲ့ အနေ အထား မျိုးဖြစ်ပါတယ်။ ဒါကိုကျွန်တော်တို့က Trojan Effect။တစ်နည်းအားဖြင့်တော့ ရင်ထဲကို
ကျွန်တော်တို့က တစ်စုံတစ်ခုရောက်အောင် ပေးလိုက်တယ်။ ပြီးတော့မှကျွန်တော်တို့ဆီက ပြန်ပြီးတော့ ဝယ်ယူ စေတဲ့နည်းလမ်းမျိုးဖြစ်ပါတယ်။ဒါက Trojan Effect ဆိုတဲ့နည်းလမ်းတစ်ခုရှိပါတယ်။
နောက်တစ်ခုကတော့ ကျွန်တော်တို့ Psychology ပေါ့ဗျာ။Psychology နှင့် Industrial Organizational Psychologyပညာရပ် မှာ လူတွေကိုလွှမ်းမိုးချုပ်ကိုင်ဖို့အတွက် နည်းလမ်းလေးတစ်ခုပြောထား တာရှိတယ်။ ဒါဘာလဲဆိုတော့ Reciprocity Theory Effectလို့ခေါ်တယ်။ Reciprocity Theory Effect ပေါ့နော်။ အဲဒီတော့Reciprocity Theory ဆိုတာ Reciprocate လုပ်တယ်ဆိုတာ ဘာလဲဆိုတော့ အပြန်အလှန်သက်ရောက်မှုလို့ ကျွန်တော်တို့က ပြောလို့ရတယ်။
အဲဒီတော့ Reciprocity Pamp တို့ဘာတို့ကျတော့ Engineering ဘာသာရပ်မှာ ရှိတယ်။ သူက Reciprocity ဆိုတာသည် အပြန်အလှန်သက်ရောက်မှုအားလို့ ကျွန်တော်တို့က ဆိုလိုတာဖြစ် ပါတယ်။
အဲဒီတော့ သူ့ရဲ့ ဒီနည်းရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကကျတော့ ကျွန်တော်တို့သည် လူတွေကို လွှမ်းမိုးချင်တယ်၊ ကျွန်တော်တို့သည် လူတွေကိုတစ်စုံတစ်ခုပြုလုပ်စေချင်တယ်ဆိုရင် ဒီအတိုင်း တိုက်ရိုက် ကိုယ့်စိတ်ကနေပြီးတော့ အမိန့်ပေးတောင်းဆို ခိုင်းစေတာမျိုးမဟုတ်ဘဲနဲ့ ကိုယ်ကနေတစ်စုံတစ်ခုသော အရာကို အရင်ပေးလိုက်မယ်။ ပေးပြီးသွားပြီဆိုတော့မှကိုယ်လိုချင်တဲ့အရာလုပ်ခိုင်းမယ်ဆိုရင် လူတွေသည် ကျွန်တော်တို့ပြောတာကို ပိုပြီးတော့ Yes လို့ပြောတဲ့အနေအထား အခွင့်အရေးများတယ်ဆိုတာကိုတွေ့ ရတာဖြစ်ပါတယ်။ ဒါကို Reciprocity Effect လို့ ခေါ်ပါတယ်။
အဲဒီတော့ ကျွန်တော်တို့က မြန်မာလို စကားပုံလေးတစ်ခုရှိတယ်ပေါ့နော်။ မြန်မာလိုပြောရမယ်ဆိုရင်တော့ “ပေးကမ်းခြင်းသည် အောင်မြင်ရာ၏”ဆိုတဲ့ ကျွန်တော်တို့ရဲ့ ဆိုရိုးလေးတစ်ခုရှိတယ်။
အဲဒီတော့ ခုနကကျွန်တော်ပြောခဲ့တဲ့ Reciprocity Effect ဆိုတာဒီသဘောတရားပါပဲ။ ပေးကမ်းခြင်းသည် အောင်မြင်ရာပေါ့။ ဥပမာ ကျွန်တော်တို့က ရုံးဝန်ထမ်းအချင်းချင်း ကိုယ်က သူ့ကို တစ်ခုခု ဒီအတိုင်းသွားပြီး လုပ်ခိုင်းမယ့်အစား သူ့ကို ကော်ဖီလေးတစ်ခွက် ဖျော်ပေးလိုက်မယ်။ သို့မဟုတ် လက်ဆောင်လေးတစ်ခု အရင်ပေးလိုက်မယ်။ ဒါမျိုးပေါ့နော်။ နောက်ဆုံး ချီးကျူးစကားလေး အရင်ပြောလိုက်မယ်။ ဒါဆိုကျွန်တော်တို့က ကျွန်တော်တို့ လုပ်ဆောင်စေချင်တဲ့အရာကို သူက Yesလို့ပြောဖို့အတွက် အခွင့်အလမ်းပိုများသွားမှာဖြစ်ပါတယ်။
ဒါကတော့Psychology ပညာရပ်မှာရှိတဲ့ Reciprocity Effect လို့ ခေါ်တာဖြစ်ပါတယ်။ကျွန်တော်တို့သည် Reciprocity နည်းလမ်းကိုသုံးပြီးတော့လည်းလူတွေကို ကိုယ်ဖြစ်စေချင်တဲ့ အရာ၊ သို့မဟုတ် ကိုယ့်ဆီက တစ်ခုခုကိုဝယ်စေချင် ဝယ်လာအောင်လုပ်လို့ရတဲ့ နည်းလမ်းဖြစ်ပါတယ်။
ကျွန်တော် ဒီနေ့ပြောခဲ့တဲ့ ခုနက သစ်သီးရောင်းသူ သစ်သီးရောင်းသူလေးတွေ၊ ပြီးတော့ ဓနု တိုင်းရင်းသားတွေရဲ့ သူတို့ရဲ့ စေတနာပါတဲ့နည်းလမ်းတွေသည် သူတို့ကတော့ ဒီလိုနည်းပညာတွေ Marketingအကြောင်းတွေ ဒါတွေ သိလို့လုပ်နေတာလည်း ဟုတ်ချင်မှဟုတ်မယ်။ လုံးဝမသိနိုင်တာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ သူတို့ရဲ့ စေတနာ အရင်းခံပေါ့ဗျာ။
သူတို့ရဲ့ စေတနာက ရောက်လာတဲ့ဧည့်သည်ကို ဝယ်တာမဝယ်တာတစ်ပိုင်းထား၊ သူတို့သည် အလှူလုပ်တာလည်း ဖြစ်တယ်။ ဧည့်ဝတ်ကျေတာလည်း ဖြစ်တယ်။ သူတို့ရဲ့ ကုန်ပစ္စည်းတွေကို ကျွန်တော်တို့ကိုအရင်ကျွေးတယ်။ တစ်နည်းအားဖြင့်တော့ ဒါသည် ခုနက ကျွန်တော်တို့ပြောသလိုဆိုရင် ကျွန်တော်တို့ရဲ့ ရင်ဘတ်ထဲကို Trojan မြင်းရုပ်ကြီး ဝင်သွားတာပေါ့နော်။ ဒီလိုပဲ Reciprocity Effect အရလည်း ငါ့ကို တစ်ခုခုလုပ်ပေးထားတယ်။ သူ့ကို တစ်ခုပြန်လုပ်ပေးဖို့ ကိုယ့်မှာ ဝတ္တရားရှိတယ်။ဒီလို လူတွေက ယူဆမိသွားတာလည်း ဖြစ်နိုင်တယ်။
အဲဒီတော့ ဒီနည်းလမ်းသည် အကောင်းဆုံးဈေးရောင်းတဲ့နည်းတစ်ခုဖြစ်တယ်ဆိုတာကို ဒီမှာ သွားပြီး တွေ့ရပါတယ်။အဲဒီတော့ ခုနကလို အတင်းတွန်းရောင်းတဲ့ဈေးသည်တွေလို ဝယ်ပါဦး၊ မဝယ်ရင်တော့ ဘယ်လို ဖြစ်နေပြီ၊ ဒီလိုတွန်းရောင်းမယ့်အစားခုနက Reciprocity Effectနဲ့ Trojan Effectကို ဝင်အောင် သုံးလိုက်
ခြင်းသည် ကျွန်တော်တို့လည်း ပျော်ရွှင်ရသလို လူတွေအတွက်လည်းအရမ်းကောင်းတဲ့ အနေအထားတစ်ခု ဖြစ်လာပါတယ်။
ဒါကတော့ ပင်းတယမြို့ရဲ့ ရွှေဥမင်လိုဏ်ဂူကို သွားလည်ရင်းနဲ့တွေ့ခဲ့ရတဲ့ ဒီက ဓနုတိုင်းရင်းသားတို့ရဲ့ ဈေးရောင်း တဲ့နေရာမှာ ကြုံရတဲ့အဖြစ်အပျက်လေးရဲ့ ကျွန်တော် ပျော်ပျော်ရွှင်ရွှင်နဲ့ စားခဲ့ရတဲ့ သစ်သီး တစ်ထုပ်ရယ်ပေါ့ နော်... ဒီ အကြောင်း ပေါ်မူတည်ပြီးတော့ ဒါစီးပွားရေးလုပ်ငန်းတွေအတွက် အသုံးဝင်နိုင်မယ့်သီအိုရီလေးတစ်ခုကို ကျွန်တော်ချိတ်ဆက်ပြီးတော့ မျှဝေပေးခဲ့တာ ဖြစ်ပါတယ်။
အဲဒီတော့ အခု ခရီးတွေပြန်သွားလို့ရပြီ။ ဒီဘက် ပင်းတယဘက်ကိုရောက်ခဲ့မယ်ဆိုရင်လည်း ခုန ကျွန်တော် ပြောတဲ့ ရွှေဥမင်လိုဏ်ဂူမှာရှိတဲ့သစ်သီးသည်လေးဆီမှာ ဝင်ပြီးတော့ မြည်းစမ်းကြည့်ပါ။ သူတို့ရဲ့ စေတနာ
နဲ့ သဒ္ဓါတရားကို ကျွန်တော်တို့ ခံစားရပါလိမ့်မယ်။ကျေးဇူးအများကြီးတင်ပါတယ်။
ကျွန်တော် ကောင်းဟိန်းစိုးပါ။
Keep Reading