Author's Profile Photo

Kaung Hein Soe - Strategic

15/09/2025

ကျွန်တော့်ရဲ့ ရှုံးနိမ့်မှုများ အပိုင်း ( ၅ ) တက္ကစီ အငှားလုပ်ငန်း

3 mins read
Business
Career & Job Market
Self Improvement
ကျွန်တော့်ရဲ့ ရှုံးနိမ့်မှုများ အပိုင်း ( ၅ ) 
တက္ကစီ အငှားလုပ်ငန်း 
's photo

အားလုံးပဲ မင်္ဂလာပါ။မိနစ်ပိုင်းစာ စီးပွားပညာအစီအစဉ်ကနေ ပြန်ပြီးတော့ကြိုဆိုပါတယ်။
ဒီတစ်ခေါက်မှာတော့ ကျွန်တော်က ကျွန်တော်စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်ဖြစ်ဖို့ အောင်မြင်ခဲ့တဲ့အခြေအနေတွေကိုပြောမဲ့အစား ဒါနဲ့ ဆန့်ကျင်ဘက် ကျွန်တော် ရှုံးနိမ့်ခဲ့တဲ့ ဆုံးရှုံးမှုတွေကို ပြန်ပြော ပြီးတော့ သင်ခန်းစာယူစရာ မျှဝေပေးနေတာဖြစ်ပါတယ်။

ကျွန်တော် ရှေ့ကအပိုင်းတွေမှာပြောခဲ့သလိုပဲ ကျွန်တော် ကုမ္ပဏီတစ်ခုမှာ အလုပ်စဝင်တယ်။ ၁၄ဝ,ဝဝဝ ကျွန်တော် စရတယ်။ တစ်လကို ငါးသောင်းစုတယ်။ ပထမ ငါးသိန်းပြည့်တဲ့အချိန်မှာ ဖုန်းဘေလ စရောင်းတယ်။ နောက်ထပ် ထပ်ပြီးတော့ ကျွန်တော် အဝတ်အထည်ရောင်းတယ်။ နောက်တစ်ခါ ငွေတိုးချေးတယ်။ လုပ်ငန်းတွေမှာ ရှယ်ယာလိုက်ထည့်တယ်။ ဒါတွေရှေ့မှာ ကျွန်တော် ရှုံးနိမ့်မှုတွေနဲ့ ယှဉ်ပြီးတော့ ပြောခဲ့ပြီးပြီပေါ့နော်။

အဲဒီတော့ ဒီတစ်ခေါက်ကျတော့ ကျွန်တော်ဘာစဉ်းစားလဲဆိုတော့ မတူညီတဲ့ Investment တစ်ခုကို ကျွန်တော် ထပ်ပြီးတော့လုပ်ချင်တယ်။ လုပ်ချင်တယ်ဆိုတော့ ထပ်ပြီး ကျွန်တော်ငွေစုတယ်။ အဲဒီတော့ ဘာလုပ်ရင်
ကောင်းမလဲ။ ကျွန်တော်စဉ်းစားတဲ့အချိန်မှာ ကျွန်တော် ဘာသွားတွေ့လဲဆိုတော့ တက္ကစီ အငှားချမယ်ဆိုတဲ့ အလုပ်ကို ကျွန်တော်သွားပြီးတော့ တွေ့တယ်။ သွားပြီးတွေ့မိတဲ့အချိန်မှာ အဲဒီခေတ်တုန်းကတော့ ကျွန်တော်
တို့ ကားတစ်စီးဝယ်လိုက်မယ်။ အုံနာကြေးယူပြီးတော့ အငှားချထားမယ်။ ပေးထားမယ်ဆိုရင် တစ်ရက်ကို ကျွန်တော်က တစ်သောင်းလောက်ရတယ်။ တစ်ရက်တစ်သောင်းဆိုတော့ ဆယ်ရက်ကို တစ်သိန်း၊ တစ်လကို သုံးသိန်းရမယ်ပေါ့ဗျာ။ ဒါ အဲဒီခေတ်က အခြေအနေပေါ့နော်။

ကားတစ်စီးကလည်း အဲဒီတုန်းက ဘယ်လောက်ပဲရှိလဲဆိုတော့ သိန်း ၇ဝ သိန်း ၈ဝ လောက်ဆိုရင် တက္ကစီကားကောင်းကောင်း တကယ်အဆင်ပြေတာကို ကျွန်တော်ရပြီ။ ဒီလိုအနေအထားပေါ့။ အဲဒီတော့ ကျွန်တော်က အဲဒီအနေအထားတစ်ခုကို သွားပြီးတွေ့မြင်တဲ့အချိန်မှာ ကျွန်တော် တွက်ကြည့်လိုက်တယ်။ တွက်ကြည့်လိုက်တော့ သိန်း ၁ဝဝ ကို ဘဏ်ထဲမှာ ထည့်ထားမယ်ဆိုရင် တစ်လရဲ့အတိုးနှုန်းက ကျွန်တော်တို့ ဘယ်လောက်ပဲ ရမလဲ။ ခြောက်သောင်းလောက်ပဲရမယ်။ တစ်နှစ်ဆိုရင် အတိုးနှုန်းက ခြောက်သိန်းရမယ်။ တစ်နှစ်ကို ၆ ရာခိုင်နှုန်းပေါ့။ အဲလိုပဲ ကျွန်တော်က သုံးကျပ်နှုန်းနဲ့ ငွေချေးလိုက်မယ်။ သုံးကျပ်တိုးနဲ့ ငွေချေးလိုက်မယ်ဆိုရင် တစ်လကို သိန်း ၁ဝဝ အတွက် သုံးသိန်းရမယ်။

အဲဒီတော့ ငွေတိုးချေးမယ်ဆိုရင် ငါးကျပ်တိုးနဲ့ တစ်ဆယ်တိုး အတွင်းမှာ ရနိုင်တယ်။ အဲဒီခေတ်တုန်းက ကားဈေး အခြေအနေက သိန်း ၁ဝဝ လောက် ရင်းစရာမလိုဘူး။ သိန်း ၉ဝ၊ ၈ဝ လောက် ရင်းပြီးတော့ တစ်လကို သုံးသိန်းရမှာဖြစ်တဲ့အတွက် သုံးကျပ်တိုးအထက်ကို ကိုက်တယ်။ နောက်တစ်ချက်က ကားဈေးသည် တက်နိုင်သေးတယ်။ အဲဒီတော့ လေ့လာကြည့်လိုက်တဲ့အချိန်မှာ ကားဈေးသည် ထိုးအကျဆုံးအချိန် အနည်းဆုံးအချိန်။ အဲဒီတော့ သုံးကျပ်တိုးလည်း လစဉ်ရမယ်။

Business ရင်းနှီးမြှုပ်နှံမှု အသစ်တစ်ခုလည်း အတွေ့အကြုံရမယ်။ နောက်တစ်ခါ ကားဈေးကလည်း တက်နိုင်တယ်။ ဒီအတွက် ကျွန်တော်က ဒီအလုပ်ကိုလုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ဆုံးဖြတ်ခဲ့တဲ့အချိန်မှာ ထင်ထားတဲ့အတိုင်းမဟုတ်ဘဲနဲ့ ဆုံးရှုံးမှုတွေထပ်ပြီးတော့ ကြုံရပြန်တယ်။ အဲဒီတော့ ဘာ့ကြောင့် ဆုံးရှုံးသွားသလဲ။ ဘာ့ကြောင့်ဆုံးရှုံးသွားရသလဲဆိုတော့ မော်တော်ကားဝယ်တဲ့ နေရာမှာသိန်း ၉ဝ လောက်ဆို ကားကောင်းကောင်းရပြီပေါ့။ ဒါပေမဲ့ ကျွန်တော်က လုံးဝ ကားကိုရှာဖွေတဲ့အချိန်မှာ ဈေးသက်သာတာကို ကျွန်တော် ရှာဖွေမိခဲ့တယ်။

အဲဒီတော့ ကားက လုံးဝ ဂျုံးဂျုံးကျနေတယ်။ အထဲ

သင့်လုပ်ငန်းက တကယ်မြတ်နေရဲ့လား အပိုင်း(၁)ကျွန်တော့်ရဲ့ ရှုံးနိမ့်မှုများ အပိုင်း ( ၅ ) တက္ကစီ အငှားလုပ်ငန်း ကိုဗစ်−၁၉ ကာလမှာ စတင်အောင်မြင်သွားတဲ့ လုပ်ငန်းတစ်ခု ကျွန်တော့်ရဲ့ ရှုံးနိမ့်မှုများ အပိုင်း ( ၄ ) ဒုတိယအကြိမ် ရှယ်ယာထည့်ဝင်ခြင်း ငွေအရင်းအနှီး ဘယ်ကနေရှာ 3F ကနေပါ ကျွန်တော့်ရဲ့ ရှုံးနိမ့်မှုများ အပိုင်း ( ၃ ) ရှယ်ယာထည့်ဝင်ခြင်း အရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်မိုက်ရဲ့ အရင်းအနှီးတွေက ဘာဖြစ်မလဲ။မန္တလေးမြို့ရဲ့ အအောင်မြင်ဆုံးလူတစ်ယောက်၏ အတုယူစရာကောင်းသည့် အချက်တစ်ချက်ကျွန်တော့်ရဲ့ ရှုံးနိမ့်မှုများ အပိုင်း ( ၂ ) ချေးငွေလုပ်ငန်း

Unlock to read this premium article with 100 points.