Author's Profile Photo

Kaung Hein Soe - Strategic

22/07/2025

စျေးကွက်ထဲမှာ ဦးဆောင်တဲ့သူဖြစ်ဖို့ အရေးကြီးတဲ့ အချက်တစ်ချက်

5 mins read
Business
Career & Job Market
Self Improvement
စျေးကွက်ထဲမှာ ဦးဆောင်တဲ့သူဖြစ်ဖို့ အရေးကြီးတဲ့ အချက်တစ်ချက်'s photo

ကျွန်တော်က စီးပွားရေးလုပ်ငန်းတွေအတွက် ဈေးကွက်ထဲမှာဦးဆောင်တဲ့သူတွေဖြစ်ဖို့ ကျွန်တော်တို့ အရေးကြီးတဲ့အချက်လေးတစ်ခုကိုကျွန်တော် ပြောပြချင်ပါတယ်။ဒါဘာလဲဆိုတော့ Product သို့မဟုတ် Service ကို မရောင်းဘဲနဲ့ Solution ဆိုတာတွေကို ကျွန်တော်တို့ ရောင်းပါတယ်။ တစ်နည်းအားဖြင့် Solution ကိုရောင်းပါဆိုတဲ့ အကြောင်းလေးကို ကျွန်တော်မျှဝေပေးချင်ပါတယ်။

အရင်တုန်းက ကျွန်တော်တို့ စီးပွားရေးလုပ်ငန်းတစ်ခုကိုလုပ်မယ်ဆိုလို့ရှိရင် ကျွန်တော်တို့ Customer တွေရဲ့ လိုအပ်ချက်ဘာတွေရှိသလဲ၊ဈေးကွက်ထဲမှာ Customer တွေ ဘယ်လိုပြဿနာတွေ ကြုံနေသလဲ၊အဲဒီပြဿနာတွေကို ဖြေရှင်းပေးနိုင်မယ့် Product သို့မဟုတ် Service တစ်ခုကို ကျွန်တော်တို့ ရောင်းချမယ်ဆိုရင် အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်မယ်လို့ ကျွန်တော်တို့ပြောခဲ့ပါတယ်။ ဒါလည်း မှန်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့သည် ဈေးကွက်ထဲမှာ ဦးဆောင်တဲ့လူပေါ့ဗျာ။ ကျွန်တော်တို့ Market Leader ဖြစ်ချင်တယ်ဆိုရင်တော့ Customer တွေလိုအပ်တဲ့ ဈေးကွက်ကပြဿနာတွေဖြစ်နေတဲ့ဖြေရှင်းပေးနိုင်မယ့် Product Serviceကို ကျွန်တော်တို့ ရောင်းချတာမျိုးမဟုတ်ဘဲနဲ့ ဒီထက် ပိုသာလွန်တဲ့တစ်ဆင့်ကို ကျွန်တော်တို့သွားဖို့ လိုပါတယ်။ ဒါဘာလဲဆိုတော့ Solution ဆိုတဲ့အခြေအနေဖြစ်ပါတယ်။

ဒီတော့ ကျွန်တော် ဥပမာလေးတစ်ခုနဲ့ ပြောပြချင်ပါတယ်။ ဟိုအရင်တုန်းက ကျွန်တော်တို့ ခရီးတွေသွားမယ်ပေါ့ဗျာ။ ခရီးတွေသွားမယ်ဆို ဥပမာ ချောင်းသာတို့၊ ငွေဆောင်တို့ကို ကျွန်တော်တို့ ခရီးတွေသွားမယ်။ ဒါဆိုရင် ကျွန်တော်တို့ ဘာလုပ်ရလဲဆိုတော့ ဘိုကင်တွေစုံစမ်းရတယ်၊ ကားလက်မှတ်တွေဖြတ်ရတယ်၊ ပြီးတော့ ဟိုတယ်ဘိုကင်တွေတင်ရတယ်။ ပြီးသွားရင် ကျွန်တော်တို့ ဘယ်နေရာမှာ အပန်းဖြေမှာလဲ၊ဘယ်ဟိုတယ်မှာ တည်းမှာလဲ။ ဒါဆိုရင် ကျွန်တော်တို့ ပိုက်ဆံ ဘယ်လောက်ကုန်မှာလဲ။ ကျွန်တော်တို့ အပြန်အတွက် ကားလက်မှတ်တစ်ခါဖြတ်ရတယ်။ အသွားအတွက် ကားလက်မှတ် တစ်ခါ ဖြတ်ရတယ်။ ဒါမျိုးကျွန်တော်တို့တွေ များစွာကြုံတွေ့ရလေ့ရှိပါတယ်။

နောက်ပိုင်းမှာ Travel & Tour ကုမ္ပဏီတွေက ဘာလုပ်လာသလဲဆိုတော့ ဒီပြဿနာတွေအားလုံးကို တစ်ဆက်တည်းနဲ့ ပြေလည်သွားစေမယ့် Solution ဆိုတဲ့အဖြေတစ်ခုကို ထုတ်ပေးပါတယ်။ ဥပမာထားပါတော့ဗျာ .. သုံးသောင်းနဲ့ ကျွန်တော် တို့ အပြီးအစီးသွားလို့ရမယ်။ ဒါသည်ကျွန်တော်တို့ အသွားကားလက်မှတ်လည်း ပါပြီးသား၊ အပြန်ကားလက် မှတ်လည်းပါ ပြီးသား၊ တည်းခိုမယ့်ဟိုတယ်လည်း ပါပြီးသား၊ မနက်စာလည်းပါပြီးသား၊ နေ့လယ်စာလည်းပါပြီးသား။ ဒါမျိုး ကျွန်တော်တို့အပန်းဖြေခရီးတစ်ခုလုံးကို ပုတ်ပြတ်အနေနဲ့ပေါ့ဗျာ၊ လုံးဝ အပြီးအစီးအနေနဲ့ သွားလို့ရတဲ့အခြေအနေတွေကို ကျွန်တော်တို့ စပြီးတော့ Provideလုပ်လာတာတွေ့ရပါတယ်။

အခုဆိုရင် ကျွန်တော်တို့ အရမ်းလွယ်သွားပြီ။ ချောင်းသာပဲသွားမလား၊ငွေဆောင်ပဲသွားမလား၊ ကျွန်တော်တို့ အပြတ်ပေါ့ဗျာ၊ တစ်ညအိပ် နှစ်ရက်ခရီးတစ်ခုကို ဘယ်လောက်ကုန်ကျမယ်၊ ဘာတွေ အပြီးအစီးပါမယ်ဆိုတာကို ကျွန်တော်တို့ အလွယ်တကူ ရွေးချယ်လို့ရပြီးသားဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့က ဘာလို့ ခေါ်လဲဆိုတော့ ကားလက်မှတ်သီးသန့် ရောင်းတာ မဟုတ်ဘူး၊ Transportation သီးသန့် ရောင်းတာမဟုတ်ဘူး။ ဟိုတယ်ဆိုတဲ့ သီးသန့် Product Service တစ်ခုတည်းကိုရောင်းတာမဟုတ်ဘဲနဲ့ Solution ဆိုတဲ့ Customer လိုချင်တဲ့ အပန်းဖြေခရီးတစ်ခုလုံးကို အဖြေတစ်ခုအနေနဲ့ ကျွန်တော်တို့က Provideလုပ်ပေးတာဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့က Solution တွေ ရောင်းတယ်လို့ ဆိုပါတယ်။

နောက်ထပ် ဥပမာတစ်ခုပြောရမယ်ဆိုရင် ဟိုတယ်တွေပေါ့ ဗျာ။အရင်တုန်းက ဟိုတယ်ဆိုတာ ခရီးသွားတဲ့လူတွေ၊ အလုပ်ကိစ္စနဲ့ နယ်တွေသွားရတဲ့လူတွေအတွက် တစ်ညတာအိပ်စက်ဖို့ နားခိုဖို့ရာ ကျွန်တော်တို့ အခန်းတစ်ခန်းကို Product သို့မဟုတ် Service တစ်ခုအနေနဲ့ ပေးတာပဲဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဘက်ခေတ်မှာတော့ ကျွန်တော်တို့ ဟိုတယ်တွေကိုကြည့်ကြည့်လိုက်ပါ။ ဥပမာ Business Man တွေအတွက် အလုပ်ကိစ္စနဲ့သွားတဲ့လူတွေဆိုလို့ရှိရင် ဟိုတယ်တွေက သူတို့ Business ကိစ္စတွေမှာအဆင်အပြေဆုံးဖြစ်စေမယ့် ကျွန်တော်တို့ ထပ်ပိုး Features တွေကိုတည့်ပေးလာကြတယ်။

ဥပမာ ထားပါတော့ဗျာ... အလုပ်ကောင်းကောင်းလုပ်လို့ရဖို့ Wifiကောင်းကောင်းတွေ ထည့်ပေးထားတယ်။ မြန်မြန်ဆန်ဆန်စားလို့ရမယ့်နံနက်စာတွေ၊ Business Suit တွေကို ကျွန်တော်တို့ မီးပူတိုက်ပေးတဲ့Service တွေ ၊အဝတ်လျှော်ပေးတဲ့ Laundry Serviceတွေ ထည့်ပေးလာတယ်။ ဒါ့အပြင် Meeting လုပ်ဖို့အတွက် Meetingခန်းတွေ ထည့်ပေးလာတယ်။ နောက်တစ်ခါ တခြားသော ကျွန်တော်တို့ အကြိုအပို့တွေ၊ ကားစီစဉ်ပေးတာတွေ ဒါမျိုးတွေ လုပ်လာကြတယ်။

ဖျော်ဖြေရေးအတွက် ရည်ရွယ်တဲ့ဟိုတယ်တွေဆိုရင်ရော သူတိုဆိုရင်လည်း ဒီလိုပဲပေါ့နော်။ ဖျော်ဖြေရေး Relax လုပ်မယ့် Customerတွေကို တစ်ခါတည်း ပြီးပြည့်စုံတဲ့ခံစားမှုဖြစ်သွားစေဖို့ အစားအသောက်ကောင်းကောင်းတွေ ထားပေးတယ်။ Bar တွေ ထည့်လာပေးတယ်။ရေကူးကန်တွေ ထည့်လာပေးတယ်။ နောက်တစ်ခါ ကျွန်တော်တို့ Spaတွေ ထည့်လာ ပေးတယ်။ ကာရာအိုကေခန်းတွေ ထည့်လာပေးတယ်။နောက်တစ်ခါ ဒါမှမဟုတ် အပြင်ကိုလည်ပတ်ဖို့အတွက် Package တွေထည့်လာပေးတယ်။

ဥပမာ ချောင်းသာတို့ ငွေဆောင်တို့က ဟိုတယ်တွေဆိုရင် ကျွန်တော်တို့ ရှပ်ပြေးယာဉ်လေးတွေ စီးလို့ရတယ်။ ကျွန်တော်တို့ Scuba Diving လုပ်လို့ရတယ်၊ Skincare လည်း လုပ်လို့ရတယ်။ အစရှိတဲ့ Package တစ်ခုလုံးကို တစ်နည်းအားဖြင့် Customer သည် အပန်းဖြေချင်တာဆိုရင် အပန်းပြေဖို့အတွက် ဘာတွေလိုအပ်မလဲ။ အစရှိတဲ့ Packageတစ်ခုလုံးကို တစ်နည်းအားဖြင့် Customerသည် အပန်းဖြေချင်တာဆိုရင် အပန်းပြေဖို့အတွက် ဘာတွေလိုအပ်မလဲ။ အစရှိတဲ့ အဖြေကြီးတစ်ခုလုံးကို တစ်နည်းအားဖြင့် Solution တစ်ခုကို ကျွန်တော်တို့ကပေးလာတာကို တွေ့ရမှာဖြစ်ပါတယ်။

အဲဒီတော့ ဥပမာတစ်ခုလောက် ထပ်ပေးရရင်ဗျာ ကျွန်တော်တို့ ထားပါတော့၊ Resort လေးတစ်ခုကို ရောက်နေတယ်။ Resort ဆိုတာသည် လူတွေ အလွယ်တကူ လာပြီးအပန်းဖြေဖို့အတွက် သစ်ရိပ်ဝါးရိပ်တွေရှိမယ်၊ ကျွန်တော်တို့ ငါးကန်တွေရှိမယ်။ ဘန်ဂလိုလေးတွေရှိမယ်။လင့်စင်လေးတွေရှိမယ်။

အဲဒီတော့ ဒီလိုနေရာတစ်ခု စီစဉ်ပေးလိုက်ရုံနဲ Customer တွေသည် Satisfy ဖြစ်မလား။ ဒါကို ကျွန်တော်တို့ကစဉ်းစားရမယ်။ အဲဒီတော့ ဒီဟာတွေချည်းပဲတော့ Resort သည် အပန်းဖြေနေရာဖြစ်တယ်။

အပန်းဖြေနေရာတစ်ခုအဖြစ် ဖန်တီးပေးနိုင်ရင် အဆင်ပြေပြီလို့ တွေးလို့ရတယ်။ ဒါသည် ကျွန်တော်တို့က ပုံမှန် ယေဘုယျအနေအထားတစ်ခုပဲရှိပါသေးတယ်။ ခုနကျွန်တော်ပြောခဲ့သလို Solution တစ်ခုဖြစ်ဖို့ဆိုရင် Customer တွေ အပန်းပြေဖို့အတွက် ကျွန်တော်တို့သည် ဒီလိုနေရာထိုင်ခင်းတွေသာမကဘဲနဲ့ ဥပမာ Activity တွေ၊ မြင်းစီးလို့ရတာ၊ ငါးဖမ်းလို့ရတာ၊ လှေလှော်လို့ရတာ။ ကျွန်တော်တို့ စက်ဘီးစီးလို့ရတာ။ ဒီလိုActivity တွေတင်မကဘဲနဲ့ အစားအသောက် ထူးထူးဆန်းဆန်းလေးတွေ၊ကောင်းမွန်တဲ့ အရသာရှိတဲ့အရာတွေ၊ Relax ဖြစ်စေမယ့် အားလုံး Features တွေ ပေါင်းပြီးတော့ Solution တစ်ခုအနေနဲ့ရောင်းမှသာMarket Leader ဖြစ်နိုင်ပါတယ်။

ဒီနေ့ခေတ်မှာ ကျွန်တော်တို့သည် Product တစ်ခု Serviceတစ်ခုရောင်းနေရုံနဲ့ Business သည် Survive ဖြစ်နေတယ်ဆိုပေမဲ့Business သည် Growth အဖြစ်ဆုံး၊ ဈေးကွက်ထဲမှာ နေရာအရဆုံးဖြစ်ဖို့အတွက်ကတော့ Product Service ထက်ပိုတဲ့ Solution တွေကိုကျွန်တော်တို့က ပေးရမှာဖြစ်ပါတယ်။

ဒီဘက်ခေတ်မှာတော့ ကျွန်တော်တို့က Solution ဆိုတဲ့အသုံးအနှုန်းကို တော်တော်များများက သုံးနှုန်းလာကြတာရှိတယ်။ ဥပမာ IT Solution, Security Solution ဒါမျိုးပေါ့။ ကျွန်တော်တို့က Shopping Centre ကြီးတစ်ခုဆောက်မယ်၊ အဲဒီအတွက် Security ကောင်းဖို့အတွက် Security ကုမ္ပဏီတစ်ခုကို Security Solution တစ်ခု အပ်လိုက်မယ်။ ဒါမျိုးပေါ့။

ဒါဆိုရင် အဲဒီကုမ္ပဏီက Security လုံခြုံရေးအစောင့်တွေငှားပေးတာတင်မဟုတ်ဘဲနဲ့ ဥပမာ ထားပါတော့... စီစီတီဗီ ကင်မရာတွေတပ်ပေးတာတွေ၊ လုံခြုံရေးစနစ်တွေချပေးတာတို့၊ ဒါ ကျွန်တော်တို့ Shopliftလို့ခေါ်တဲ့ အလစ်သုတ်သွားတဲ့သူတွေ မရှိအောင်လုပ်တာ၊ အကြမ်းဖက်တွေဖြစ်မလာအောင်လုပ်တာ၊ ဖောက်ခွဲတဲ့ပစ္စည်းတွေ၊ ဗုံးတွေ၊ သူတို့ တခြားသော ဓားတွေ လက်နက်တွေ ယူလာမှုမရှိအောင်လုပ်တာ အစရှိတဲ့ အိုင်တီ နဲ့ပတ်သက်သော၊ လူနဲ့ ပတ်သက်သော၊ ပစ္စည်းကိရိယာနဲ့ပတ်သက်သော၊Process နဲ့ ပတ်သက်သော Problem အားလုံးကို ဖြေရှင်းပေးနိုင်မယ့်Solution ကို Provide လုပ်ပေးမယ့် Solution Provider ဆိုပြီးတော့ ကျွန်တော်တို့ အများအပြားတွေ့နိုင်မှာဖြစ်တယ်။

အိုင်တီမှာလည်း ဒီလိုပဲ။ ကျွန်တော်တို့ IT Service Providerရှိတယ်။ ဒီ Solution ရှိတယ်။ ကုမ္ပဏီတစ်ခု အတွက် အိုင်တီပိုင်းဆိုင်ရာကျွန်တော်တို့ Web page တွေ ဆောက်ပေးမယ်။ Application တွေလုပ်ပေးမယ်။ အိုင်တီနဲ့ ပတ်သက်တဲ့အရာအားလုံးကို Maintenanceအပိုင်းကအစ တာဝန်ယူပေးမယ့် Solution ကို Provide လုပ်ပေးတဲ့ကုမ္ပဏီအများအပြားကို ကျွန်တော်တို့က တွေ့လာရပြီဖြစ်ပါတယ်။

ကျွန်တော်တို့ စားသောက်ဆိုင်တစ်ဆိုင်ဖွင့်မယ်ဆိုရင်လည်း ဒီလိုပဲပေါ့ဗျာ။ စားသောက်ဆိုင်တစ်ဆိုင်ဖွင့်တယ်ဆိုတဲ့နေရာမှာ အချို့ပွဲပါရမယ်၊Main List တွေပါရမယ်။ နောက်တစ်ခါ အလွယ်တကူ အစာကြေရင်ချောင်စေမယ့်အစားအစာတွေ၊ အချို့ပွဲတွေ၊ ဟင်းအရန်တွေ အစရှိတဲ့အရာအားလုံးနဲ့ ကျွန်တော်တို့က Solution တစ်ခုအနေနဲ့ ပေးလေ့ရှိပါတယ်။

ဆိုလိုတာက Customer တွေရဲ့ ဆာလောင်မွတ်သိပ်မှုဆိုတဲ့ပြဿနာတစ်ခုကို ဖြေရှင်းပေးဖို့အတွက် အစားအစာတစ်ခုခု ထမင်းနဲ့ဟင်းနဲ့ ရောင်းရုံတင်မကဘဲနဲ့ သူတို့ကို ကျွန်တော်တို့က အေးအေးသက်သာနေထိုင်နိုင်မယ်၊ အေးအေးသက်သာ လဲလျောင်းနိုင်မယ်၊အေးအေးသက်သာ စားသောက်သုံးဆောင်နိုင်မယ်။ ဒီလိုအနေအထားတွေ အများကြီးရဲ့ Solution တစ်ခုပေါ့။ ဒါကို ပေးတဲ့ခေတ်ကို ကျွန်တော်တို့ကရောက်လာပြီဖြစ်ပါတယ်။

အဲဒီတော့ စီးပွားရေးလုပ်ငန်းတစ်ခု အောင်မြင်လိုတယ်ဆိုရင်တော့ကျွန်တော်တို့သည် Product Service တင်မဟုတ်ဘဲနဲ့ အဲဒီ Product Service ကို ထပ်ပေါင်း Feature တွေ တွေ ထပ်ပေါင်းပြီးတော့ အဖြေတစ်ခု လိုသမျှအရာအားလုံးကို စိတ်ကျေနပ်မှုရသွားစေမယ့်Solution တစ်ခုအနေနဲ့ ပေးနိုင်မှသာ ကျွန်တော်တို့ရဲ့ စီးပွားရေး လုပ်ငန်းဟာ Market Leader ဖြစ်မယ့်အကြောင်းကို ကျွန်တော်က မျှဝေလိုပါတယ်။

Keep Reading

ကျွန်တော် အသုံးပြုခဲ့တဲ့ Investment Strategy တွေ အကြောင်း..... အပိုင်း (2)ကျွန်တော် အသုံးပြုခဲ့တဲ့ Investment Strategy တွေ အကြောင်း …အပိုင်း (၄) ကျွန်တော် အသုံးပြုခဲ့တဲ့ Investment Strategy တွေ အကြောင်း ... အပိုင်း (၃)အောင်မြင်တဲ့ လုပ်ငန်းတစ်ခုဖြစ်ဖို့...ချမ်းသာဖို့အတွက် ဘာလိုသလဲစျေးကွက်ထဲမှာ ဦးဆောင်တဲ့သူဖြစ်ဖို့ အရေးကြီးတဲ့ အချက်တစ်ချက်ရှယ်ယာခေါ်တဲ့ ကိစ္စကို လုပ်ငန်းရှင် အနေနဲ့စဉ်းစား ကြည့်ရအောင်။ ငွေမစုတဲ့ သူဌေးများငွေကြပ်တည်းမှုမြေပြင် ပေါက်ဈေး နှင့် အနီးစပ်ဆုံး တန်ဖိုးဖြတ် စံနှုန်း သတ်မှတ်ခဲ့လျင်