Kaung Hein Soe - Strategic

တကယ်တော့ ကျွန်တော့်ရဲ့ ရင်းနှီးမြုပ်နှံမှု ခရီးလမ်းစဉ် အစမှာတုန်းကလဲ SME လုပ်ငန်းတွေထဲမှာ Share လိုက်ထည့်ပြီး အမြတ်ခွဲဝေမှု ရယူခြင်းဆိုတဲ့ နည်းလမ်းကို အသုံးပြုခဲ့တာပါပဲ။ High Risk – High Return Profile တွေအဖြစ် သတ်မှတ်ခဲ့တာလညိးဖြစ်ပါတယ်။ အတွေ့အကြုံတွေ အတော်များများ ရှိလာပြီးနောက်မှာ ပြန်ပြီး စဉ်းစားသုံးသပ်မိလာတာက စီးပွားရေးနဲ့ ရင်းနှီးမြုပ်နှံမှု ဆိုတာဟာ မဆုံးရှုံးမယ့် အလုပ်တွေကို ရွေးလုပ်ရတာမျိုးမဟုတ်ပဲ မြိုးမြိုးမြတ်မြတ် ရနိုင်မယ့် အလုပ်တွေကိုပဲရွေးလုပ်ကာ ကြုံလာနိုင်မယ့် Risk တွေကို နိုင်အောင် ကိုင်နိုင်ဖို့ ဆိုတာမျိုးပါပဲ။ ဆိုတော့ ဒီအပိုင်းဟာ Low Risk – High Return Investment Profile တွေကိုတည်ဆောက်ဖို့ ဘာတွေလိုသလဲဆိုတာကို စတင်ပြောပေးချင်တာပါပဲ။
.
Risk တွေကို အရင်ကိုင်တွယ်…
.
ယခင်အချိန်တုန်းက လုပ်ငန်းငယ်လေးတွေမှာ ရှယ်ယာ လိုက်ထည့်တာကို High Risk လို့ ယူဆခဲ့ဖူးပါတယ်။ ဘယ်လို Risk တွေ ရှိသလဲဆိုတော့ (1) လုပ်ငန်းအကြောင်းသေချာ နားမလည် ဘူး။ (2) ပိုင်ရှင်က ဘယ်လိုလူလဲ သေချာမသိဘူး (3) ဈေးကွက် အခြေအနေက ကောင်းလား ဆိုးလား မသိနိုင်ပြန်ဘူး (4) လုပ်ငန်းငယ်လေးတွေမှာ Financial Statement မပြောနဲ့ Accounting စနစ်ကို သေချာမရှိတော့ ဒေတာမကြည့်နိုင်ဘူး ။ (5) ကိုယ်ကိုကိုယ်တိုင်ကလဲ Finance and account နားမလည်ဘူး။ (6) စာချုပ်စာတမ်းတွေ ခိုင်မာအောင် ဘယ်လိုလုပ်မလဲမသိဘူး (7) ဆုံးရှုံးရင် ဘယ်လိုလိုက်မလဲ၊ ဥပဒေ အရဘယ်လိုရှင်းမလဲ စတာတွေ မသိဘူး၊ ( ကိုယ်က အင်အားနည်းသေးတော့ ကိုယ့်ကို ဘယ်သူမှ မသိသလို အဆက်အသွယ်လည်း နည်းပါးသေးတယ်။ စတဲ့ အချက်တွေ သွားတွေ့တာပါပဲ။ ဒါတွေဟာ ရင်းနှီးမြုပ်နှံမှု စလုပ်မယ့်လူ အများစုမှာလည်း အများစုရှိနေတတ်တဲ့ အချက် တွေပါပဲ။
.
ဆိုတော့ ဒီ Risk တစ်ခုစီကို ကိုယ့်အတွက် နည်းပါးသွားအောင် လျော့နည်းသွားအောင် လုံး၀မရှိအောင် နည်းတစ်ခုခုနဲ့ လုပ်နိုင်ရင် High Risk တွေဟာ Low Risk ဖြစ်သွားမှာပါပဲ။ ပိုပြီး သဘောပေါက်လာတာက Low Risk – High Return Profile တွေဆိုတာလည်း ရှိနိုင်တယ် ဆိုတာပါပဲ။ ဒါပေမယ့် လူတစ်ဦးနဲ့တစ်ဦး အသိပညာ၊ အတွေ့အကြုံ၊ အဆက်အသွယ်၊ အခြေအနေတွေပေါ် မူတည်ပြီး တစ်ယောက်အတွက် Risk က နောက်တစ်ယောက်အတွက် ထည့်တောင် စဉ်းစားဖို့မလိုတဲ့ အနေအထားမျိုး ဖြစ်နေတတ်တာလည်း ရှိတတ်ပါတယ်။ ဒါကြောင့် ကိုယ်က ဘယ်နေရာမှာ အားသာသလဲ ဆိုတာကို အဓိက ပြန်သုံးဖို့လိုတာပါပဲ။
.
လက်ရှိအခြေအနေကျတော့ ကျွန်တော့်မှာ ဘာအားသာလဲဆိုရင် Business Consultant လုပ်နေတာ ဖြစ်တဲ့ အတွက် နံပါတ် ၁၊၃၊၄၊၅၊၆၊၇၊၈ အားလုံးဟာ သိရှိနားလည်သွားတဲ့ အခြေအနေဖြစ်သွားပါတယ်။
.
နံပါတ် နှစ်ဖြစ်တဲ့ ပိုင်ရှင်ရဲ့ အကြောင်းကိုသေချာ မသိဘူးဆိုရာမှာလည်း ကျွန်တော်က လုပ်ငန်း အကြံပေးဖြစ်တဲ့ အတွက် လုပ်ငန်းပေါင်းများစွာကို နှစ်ရှည် လစဉ် အကြံပေးတာတွေ ပြုလုပ်နေရတော့ လုပ်ငန်းရှင် အတော်များများနဲ့ သိကျွမ်းရပါတယ်။ ဒီအထဲက ကိုယ်သိရှိပြီး ယုံကြည်ရတဲ့သူတွေဆီကိုသာ ရှယ်ယာ ပါဝင်ဖို့ ကနဦးမှာ စပြီး စဉ်းစားရပါတယ်။
.
ဆိုတော့ High Risk – High Return Profile တွေကို Low Risk – High Return Investment တွေ အဖြစ် ပြောင်းလဲဖို့က ကြုံလာမယ့် Risk တွေကို ကိုယ်ဘယ်လောက် ဖြေရှင်းနိုင်သလဲ ဆိုတာက တစ်ချက်ဖြစ်ပါတယ်။ Risk တွေကို ရှင်းနိုင်ဖို့ အဓိကလိုတာတွေက (၁) ပညာ (စီးပွားရေး၊ လုပ်ငန်း အကြောင်း၊ Finance စသည့်) (၂) အတွေ့အကြုံ (စာချုပ်ကို ဘယ်လိုခိုင်မာအောင်ချုပ်မလဲ၊ အကြွေးဘယ်လိုတောင်းမလဲ၊ ဘယ်လိုဆိုဥပဒေဘောင်ဝင်မလဲ) (၃) Network အဆက်အသွယ် ဘယ်လောက်ထိ ပေါက်သလဲဆိုတဲ့ သုံးချက်က ပထမဆုံးပါပဲ။ ဒီတော့ ဒီသုံးချက်ကို မြှင့်တင်ဖို့လိုပါတယ်။
.
မဆုံးရှုံးဖူးတဲ့ ရင်းနှီးမြုပ်နှံသူဆိုတာ မရှိပါဘူး။ စစချင်း ကာလတွေမှာ ငါးခုလုပ်ရင် နှစ်ခုလောက်ကတော့ ထင်သလောက်မဖြစ်တာ ဆုံးရှုံးတာတွေ ကြုံတွေ့ရမှာပါပဲ။ ဒါပေမယ့် ကစားပွဲထဲမှာ ကြာလာတာနဲ့အမျှတော့ အထက်က လိုအပ်ချက် သုံးခုဟာ အထိုက်အလျောက် ပြည့်လာတာနဲ့ နိုင်ပွဲလေးတွေ ပိုများလာတော့တာပါပဲ။ ဆိုတော့ ထပ်ပြီး မဆုံးရှုံးတော့တဲ့ ရင်းနှီးမြုပ်နှံသူတွေ ဆိုတာတော့ တကယ်ရှိပါတယ်။ ယခင်က ဆုံးရှုံးဖူးပေမယ့် လက်ရှိမှာ ရှုံးပွဲမရှိတော့တဲ့ သူတွေပါပဲ။ ဆိုတော့ တစ်ဆင့်ချင်းတော့ တက်ဖို့လိုပါတယ်။ စစချင်းကတည်းက တစ်ပွဲမှု မဆုံးရှုံးဖူးရင် နည်းနည်းအကြာမှာ အချီကြီးထိတတ်ပါတယ်။
.
အချီကြီးတွေ မထိအောင်…
.
အမှားတွေကနေ သင်ခန်းစာယူလို့ရပါတယ်။ ဒါပေမယ့် ကိုယ့်အမှားတွေ ချည်းတော့ မဖြစ်ဖို့လိုပါတယ်။ ကျွန်တော် အိမ်ခြံမြေ စလုပ်မယ်ဆိုတော့ ဘယ်လိုနည်းနဲ့ ဆုံးရှုံးကြတယ် ဆိုတာတွေကို အသိမိတ်ဆွေ နားလည်သူက ပြောပြပါတယ်။ ပါမစ်မိတ္တူနဲ့ အစစ်ရဲ့အားသာချက် အားနည်းချက်၊ ကျူးတွေအကြောင်း၊ ပွဲစားတွေ အခြေအနေ၊ ဂရန်အတု အစစ်တွေ ၊ စာချုပ်စာတမ်း မခိုင်မာမှုတွေ၊ မြေကို ပေါင်ထားတာ အမွေဆိုင် ၊တခြားအရှုပ်အရှင်း စတာတွေကို လေ့လာရပါတယ်။ ဒါတွေဟာ ရှေ့က တခြား ဆုံးရှုံးဖူးသူတွေရဲ့ ရင်းနှီးငွေနဲ့ရင်းပြီး ဖြစ်လာတဲ့ case တွေပါပဲ။ ဒီလိုအမှားကြီးတွေက ကိုယ့်ငွေနဲ့ အတွေ့အကြုံရတယ်ဟ ဆိုပြီး သွားမှားကြည့်လို့မရပါဘူး။ ကုဌေ ၈၀ ရှိရင်တောင် မလောက်ဘဲဖြစ်သွားပါဦးမယ်။ ဒါကြောင့် တပါးသူတွေရဲ့ အမှားတွေကနေ အများစုကို သင်ခန်းစာ ယူဖို့လိုပါတယ်။ ကိုယ်တိုင်လည်း ဒီသင်ခန်းစာတွေကို ပြန်အသုံးချဖို့လိုပါတယ်။ ဒါမှသာ ပညာနဲ့ အတွေ့အကြုံက တက်လာမှာပါပဲ။ လက်တွေ့ကွင်းထဲဆင်းပြီး လုပ်ပြီဟေ့ဆိုတာနဲ့ သက်ဆိုင်ရာ Level အလိုက် အဆက်အသွယ်ကလည်း ရလာတတ်တာပါပဲ။
.
ဒီတော့ ချုပ်ပြီး ပြောရရင်တော့ တစ်ခါလောက် ရင်းနှီးမြှုပ်နှံမှု ဆုံးရှုံးသွားတာနဲ့ ရပ်မပစ်လိုက်ဘဲ ဆက်လက် ဆောင်ရွက်ဖို့ပါပဲ။ ဒါဆိုရင် အချိန်ကြာနဲ့ High Risk တွေက Low Risk တွေ ဖြစ်လာတော့တာပါပဲ။
.
Risk တွေ အကြောင်း အပြီးမှာ နောက်ထပ် ထပ်ပြီး လိုအပ်တာကတော့......
.
ဆက်ရန်.
.
လုံလောက်တဲ့ အသိပညာဟာ ပြင်းထန်တဲ့ အခက်အခဲတွေကို လွယ်ကူစွာ ကျော်ဖြတ်စေနိုင်ပါတယ်။
.
Kaung Hein Soe - Strategic
Business Consultant
Keep Reading