Author's Profile Photo

Kaung Hein Soe - Strategic

21/04/2026

ကျွန်တော် အသုံးပြုခဲ့တဲ့ Investment Strategy တွေ အကြောင်း..... အပိုင်း (2)

2 mins read
Business
General Knowledge
ကျွန်တော် အသုံးပြုခဲ့တဲ့ Investment Strategy တွေ အကြောင်း..... အပိုင်း (2)'s photo

အရင် အပိုင်းမှာတုန်းကတော့ ကျွန်တော် စတင် ပြီး ရင်းနှီးမြုပ်နှံမှုတွေ ဆောင်ရွက်ခဲ့စဉ်က သုံးခဲ့တဲ့ High Risk – High Return Strategyအကြောင်း ဖြစ်ပါတယ်။ ပြန်ချုပ်ရရင်တော့ ဒီရင်းနှီးမြှုပ်နှံမှု မဟာဗျူဟာကို အောင်မြင်လိုတယ်ဆိုရင်တော့ 1. Income ပမာဏ များနေဖို့လိုပါတယ်။ 2. High Risk အတွက် ရင်းနှီးမြုပ်နှံငွေက ကိုယ့် income ရဲ့ ၃ ဆခန့်အထိသာ သတ်မှတ်ပြီး ဆောင်ရွက်သင့်ပါတယ်။ 3. ဖြစ်လာမယ့် Risk တွေကို ကြိုတင်တွက်ဆပြီး Risk Management and Damage Control ဆောင်ရွက်ထားရမှာဖြစ်ပါတယ်။
.
ကျွန်တော့်အနေနဲ့ High Risk – High Return Investment တွေဖြစ်တဲ့ ငွေတိုးချေးတာ၊ SME လုပ်ငန်းတွေမှာ ရှယ်ယာ လိုက်ထည့်တာ၊ ကား တိုက်ခန်း အပေါင်ခံတာ စတာတွေ လုပ်နေရင်း ရှယ်ယာလုပ်ငန်းသုံးခုလောက်ကတပြိုင်နက်အရှုံးပြပြီး ရင်းနှီးငွေတွေ အကုန်ဆုံးရှုံးသွားတဲ့အခါမှာ ကျွန်တော်အတော်လေး လန့်သွားပါတယ်။

ကျွန်တော်က High Risk Profile တစ်ခုကို ပမာဏ ဘယ်လောက်သာ လုပ်မယ်ဆိုတဲ့ စည်းကမ်း မချမှတ်ရသေးတော့ နောက်ဆုံး အထည်ချုပ်လုပ်ငန်းတစ်ခုမှာ ထည့်ထားတဲ့ ရှယ်ယာပမာဏဟာ သိန်းရာနဲ့ချီ များသွားတာပါပဲ။ ဒီသိန်းရာချီဟာ ရှေ့ကတစ်နှစ်လုံး ရှာထားတဲ့ အမြတ်တွေ လစာငွေတွေဖြစ်လို့ တစ်ချီနဲ့ဆုံးရှုံးသွားတဲ့အခါမှာ အတော်လေး စိတ်ဓာတ် ကျသွားလာတာပါ ဖြစ်ပါတော့တယ်။ ဆုံးရှုံးသွားတဲ့ ပမာဏက နည်းနည်းများတော့ လေးငါး ခြောက်လ ပြန်စုတောင် မပြည့်ဘူးလို့ တွက်မိတာကြောင့်လဲ ပါပါတယ်။ ဒီလိုနဲ့ ကျွန်တော်လဲ Investment Strategy ကို ပုံစံပြောင်း စဉ်းစားတော့တာပါပဲ။
.
Low Risk – Low Return But Safe Investment..
.
ပြောင်းပြီ လုပ်ဖြစ်ဖို့ ရည်ရွယ်လိုက်တဲ့ Investment အမျိုးအစားကတော့ ပိုင်ဆိုင်မှု ခိုင်မာမယ် ထိုက်သင့်သလောက် return လေး ရမယ်ဆိုတဲ့ အမျိုးအစားပါပဲ။ ဒါကတော့ ရှင်းပါတယ် ။အိမ်ခြံမြေ တိုက်ခန်း စသည်တို့ပါပဲ။ ဒီလိုနဲ့ လစာလေးကို ပိုတိုးပြီးစု၊ ကျန်နေသေးတဲ့ ငွေဝင်သေးတဲ့ High Risk – High Return ကငွေတွေကိုလည်း စုနဲ့ ခြောက်လလောက်အကြာမှာ တိုက်ခန်းတစ်ခန်းစပြီး ဝယ်ယူဖြစ်တာပါပဲ။ အဲဒီခေတ်က ခြောက်လွှာ တစ်ခန်းကို ၁၆၅ သိန်းသာ ကျသင့်ပါတယ်။ ပြန်ပြီး အငှားချထားလိုက်တဲ့အခါ တစ်သိန်း နှစ်သောင်းရပါတယ်။

ဘဏ်တိုးက တစ်နှစ်လုံးကို ၆% သာပေးနေတော့ ဘဏ်မှာ သိန်း ၂၀၀ ထည့်ထားမှ တစ်လကို အတိုးက တစ်သိန်း ပဲရမှာ ဖြစ်ပါတယ်။ တိုက်ခန်းက ၁၆၅ သိန်းလေးနဲ့ တစ်သိန်း နှစ်သောင်းငှားခရတော့ ဘယ်လိုနေနေ ဘဏ်တိုးထက် ကိုက်တယ်။ နောက်တစ်ခါ ကျွန်တော်လိုချင်တဲ့ ခိုင်မာတဲ့ ပိုင်ဆိုင်မှု ဖြစ်တယ်ဆိုပြီး ဝယ်ဖြစ်တာပါပဲ။ ဒါ့အပြင် မူလတိုက်ခန်းတန်ဖိုးကပါ နှစ်အလိုက် တန်ဖိုးတက်ဦးမယ်ဆိုရင် မဆိုးဘူးလို့ တွက်မိတာပါပဲ။
.
ငွေတိုးချေးတာ၊ အပေါင်ခံတာတို့ထက်တော့ တိုက်ခန်းဝယ်လိုက်တာက ပိုင်ဆိုင်မှု ပိုခိုင်မာပါတယ်။ တိုက်ခန်းထက် အမည်ပေါက် ဂရန်ဖောက်ထားတဲ့ မြေကတော့ အခိုင်မာဆုံးပေါ့လေ။
.
ဒီလိုနဲ့ မြေဖက်ကိုပါ စိတ်ဝင်စားပြီး စတင်လေ့လာဖြစ်ပါတော့တယ်။ မြေကတော့ ပိုင်ဆိုင်မှုခိုင်မာတယ်။ Leverage ဆိုတဲ့ ဈေးခုန်တက်မှုတွေ ရနိုင်ပြီး ပွနိုင်မယ် စသည်ဖြင့်ပါပဲ။
.
မြေကို လေ့လာရင်း မိတ်ဆွေတစ်ယောက် ညွှန်ပြပေးတဲ့ ရပ်ကွက်အသစ်တွေဖက်မှာ အဆောက်အုံပါ မြေလေးတစ်ကွက်ကို ငွေ ထပ်စုပြီး ဝယ်ဖြစ်ပါတယ်။ နောက်တစ်ခါ အစ်မတို့မိသားစုနဲ့ စပ်တူ နောက်ထပ် တစ်ကွက်ကို ဝယ်ဖြစ် ပြန်ပါတယ်။ ဒီမှာတွေ့ရတာက မြေကျတော့ ထိန်းသိမ်းစရိတ်တွေ ပိုများတာပါပဲ။ ဒါ့အပြင် ငှားခက တိုက်ခန်းထက် ယှဉ်လိုက်ရင် နည်းပါး ပြန်တာပါပဲ။ တိုက်ခန်းက ၁၆၅သိန်းကို ငှားခ တစ်သိန်းနှစ်သောင်းရချိန်မှာ ၂၆၀ သိန်းနဲ့ ဝယ်တဲ့အိမ်က ငှားခ ၇ သောင်းပဲ ရပြန်ပါတယ်။ ရင်းနှီးငွေ စုပေါင်း Capital ချင်း ယှဉ်တွက်ရင် Return က ကွာပြန်ပါတယ်။
.
ဘာပဲပြောပြော ပိုင်ဆိုင်မှု ခိုင်မာတယ်ဆိုတဲ့ အချက်နဲ့တင် ဒီရင်းနှီးမြုပ်နှံမှုတွေကို ကျေနပ်ရတာပါပဲ။ ဒီလိုနဲ့ နှစ်နှစ်လောက် အကြာမှာ မြေကွက်ဈေးတွေက တက်လာလေတော့ အစ်မတို့နဲ့စပ်တူ ဝယ်ထားတဲ့မြေကွက်လေးကို ပြန်ရောင်းလိုက်ပါတယ်။ ၂၆၀ သိန်းက အဲဒီအချိန်မှာ ၄၀၀ သိန်းဝန်းကျင် ရလေတော့ နှစ်ဆလောက် မြတ်သွားတဲ့ သဘောပါပဲ။ ဒါနဲ့ပဲ အဲဒီက ထွက်လာတဲ့ငွေကို Return နည်းနည်းပိုရအောင် တိုက်ခန်းထပ်ဝယ်ပြီး အငှားထပ် ချထားလိုက်ရပြန်ပါတယ်။ ဒီလိုနဲ့ Investment Strategy က Safe ဖြစ်တဲ့ Low return – Low risk ကို ဦးတည်မိတော့ ပြန်ပါတယ်။
.
ဆက်ရန်..
.
လုံလောက်တဲ့ အသိပညာဟာ ပြင်းထန်တဲ့ အခက်အခဲတွေကို လွယ်ကူစွာကျော် ဖြတ်စေနိုင်ပါတယ်။

Kaung Hein Soe - Strategic
Business Consultant

Keep Reading

ကျွန်တော် အသုံးပြုခဲ့တဲ့ Investment Strategy တွေ အကြောင်း..... အပိုင်း (2)ကျွန်တော် အသုံးပြုခဲ့တဲ့ Investment Strategy တွေ အကြောင်း..... အပိုင်း (၁)အောင်မြင်တဲ့ လုပ်ငန်းတစ်ခုဖြစ်ဖို့...ချမ်းသာဖို့အတွက် ဘာလိုသလဲစျေးကွက်ထဲမှာ ဦးဆောင်တဲ့သူဖြစ်ဖို့ အရေးကြီးတဲ့ အချက်တစ်ချက်ရှယ်ယာခေါ်တဲ့ ကိစ္စကို လုပ်ငန်းရှင် အနေနဲ့စဉ်းစား ကြည့်ရအောင်။ ငွေမစုတဲ့ သူဌေးများငွေကြပ်တည်းမှုPersonal Finance အရ စတင် တည်ဆောက်ချိန်မြေပြင် ပေါက်ဈေး နှင့် အနီးစပ်ဆုံး တန်ဖိုးဖြတ် စံနှုန်း သတ်မှတ်ခဲ့လျင်