Author's Profile Photo

Aung Thu Ya Kyaw

28/08/2025

မြေပြင် ပေါက်ဈေး နှင့် အနီးစပ်ဆုံး တန်ဖိုးဖြတ် စံနှုန်း သတ်မှတ်ခဲ့လျင်

2 mins read
Business
Finance
Entrepreneurship
မြေပြင် ပေါက်ဈေး နှင့် အနီးစပ်ဆုံး တန်ဖိုးဖြတ် စံနှုန်း သတ်မှတ်ခဲ့လျင်'s photo


—
လက်ရှိ အခွန်ရာပြတ်နှုန်းတွေကို ပေါက်ဈေးအတိုင်း ဆုံးဖြတ်လိုက်ခြင်းဟာ အိမ်ခြံမြေနဲ့ ပက်သက်ပြီး အကောင်းဘက်၊ အဆိုးဘက်လေးတွေနဲ့ ပြောပြပေးသွားပါ့မယ်။
တွေ့ရသလောက်ကတော့ -
ဒီတိုင်းဆို ဈေးတွေကျတော့မယ်၊ ဒီတိုင်းဆို အိမ်ခြံမြေ ဈေး မကျတော့ဘူး အခွန်တွေ အခုပဲ သွားဆောင်ရတော့မလား၊ မဆောင်ဘဲ နေရင်ရော ဘာတွေဖြစ်လာနိုင်မလဲ၊ အိမ်ခြံမြေ ဝယ်သင့်လား၊ ရောင်းသင့်လား ဆိုတဲ့ မေးခွန်းပေါင်းမြောက်မြားစွာအတွက် အဖြေကအစ ပါဝင်ပါလိမ့်မယ်။


ယခုပြောပြသွားတဲ့ အချက်အလက်တွေကို အသုံးချပြီးတော့ ကိုယ်တိုင်ဘာတွေ ဆုံးဖြတ်ရမလဲ ဆိုတာလေးတွေ ဖြစ်နိုင်သွားပါလိမ့်မယ်။
–
အိမ်ခြံမြေမှာ ဈေးနှုန်း တက်ရ၊ ကျရတဲ့ အကြောင်းအရင်း (၄) ချက်ရှိပါတယ်။
၁)လူဦးရေ တိုးပွားလာမှု
၂) အတိုးနှုန်း ကြီးမြှင့်လာမှု
၃) စီးပွားရေးလုပ်ငန်း
၄) အစိုးရ ပေါ်လစီ

အဆိုပါ အချက်အလက်တွေပေါ်မှီခိုပြီးတော့ ဈေးနှုန်းအတက်အကျ အပြောင်းအလဲ ရှိနိုင်ပါတယ်။ 
–
တကယ်လို့သာ မြေပြင်ပေါက်ဈေးအတိုင်း ရာပြတ်နှုန်းထား သတ်မှတ်ပါက အထက်ပါ အချက်များတွင် အစိုးရပေါ်လစီ နဲ့ တိုက်ရိုက် သက်ဆိုင်နိုင်သလို အတိုးနှုန်း ကြီးမြင့်လာမှုနဲ့ သွယ်ဝိုက်သော နီးလမ်းနဲ့ ဖြစ်ပေါ်လာနိုင်ပါတယ်။
—
အကြောင်းအရင်းတွေ ရှာလိုက်တဲ့အခါ ဖြစ်လာနိုင်တဲ့ အကျိုးတွေကတော့
၁) ဝယ်နိုင်အား လျော့နိုင်ပါတယ်
အဓိကအကြောင်းအရင်းကတော့ ပုံမှန်ထက် ဈေး တက်လာနိုင်တာကြောင့် သာမန် ပြည်သူလူထုနဲ့ Middle Class တွေ ဝယ်နိုင်အား ပိုလျော့သွားနိုင်ပါတယ်။ ဝယ်နိုင်အား လျော့သွားနိုင်တာကြောင့် ဝယ်လိုအား ကျဆင်းလာမှုကြောင့် မြန်မြန်ရောင်းထွက်လိုတဲ့ အရောင်းတွေ အနေနဲ့ ရွေးချယ် စရာ (၂) ခုရှိလာပါတော့တယ်။ 
တက်ဈေးအတိုင်း ရောင်းမလား၊ ဈေးလျော့ရောင်းမလား ဆိုတဲ့ အချက်ဖြစ်ပါတယ်။ ကြိုက်တဲ့ လမ်းကို ရွေးချယ်လို့ရသလို “လွန်ဆွဲပွဲမှာ ဘယ်သူနိုင်မလဲ” စောင့်ကြည့်စရာ ဖြစ်ပါတယ်။
၂) အငှားဈေးကွက် ပို၍ မြင့်တက်လာနိုင်တယ်
လူတွေက မဝယ်နိုင်တော့ဘူးဆိုလျင် ငှားတဲ့ဘက်ကို ရောက်လာပါလိမ့်မယ်။ အငှား ဈေးကွက် ကောင်းလာခြင်းဟာ အိမ်ခြံမြေ ဈေးကောင်းလာခြင်း မဟုတ်ဘူးဆိုတာတော့ သိထားရပါမယ်။ လူတွေ ဝယ်နိုင်အား လျော့နိုင်တာနှင့် အမျှ နောက်ပိုင်း ဖြစ်လာတဲ့ အကျိုးဆက်တွေ ဖြစ်ပါတယ်။
၃) အခွန်ဆောင်နှုန်း လျော့လာနိုင်တယ်
၂၀၁၉ ခုနစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့မှာ Kumudra ဆိုတဲ့ သတင်းဌာန ကနေ ဖတ်လိုက်ရတဲ့ သတင်း တစ်ပုဒ်ရှိပါတယ်။ သူ့ရဲ့ ခေါင်းစဉ်ကတော့ “အိမ်ခြံမြေ ရာပြတ် နှုန်းထားလျော့ချ အခွန်ဆောင်သူတွေ ပိုများလာ”
ဖြစ်ပါတယ်။
မန္တလေး ခရိုင်အတွင်း ဇန်နဝါရီ ၂၂ မှာ အိမ်ခြံမြေ ရောင်းဝယ်မှုတွေအပေါ် ၂၀၁၈ - ၂၀၁၉ အခွန်စည်းကြပ်မှုနှုန်းထား (ရာပြတ်နှုန်းထား) ပျမ်းမျှ ၃၀ ရာခိုင်နှုန်းလျော့ချ လိုက်တဲ့အတွက် အခွန်ဆောင်သူတွေ ၂ ဆ လောက် ပိုများလာတယ်လို့ မန္တလေးတိုင်းဒေသကြီး ပြည်တွင်းအခွန်ဦးစီးဌာန မှ သိရ ဆိုပြီး တွေ့ပါတယ်။
ဒီအချက်အလက်ကို ကြည့်ခြင်းဟာ အခွန်ဆောင်တဲ့နှုန်း များလာစေတာကို သတိထားနိုင်ပါတယ်။ 
ဒါကြောင့် အခွန်နှုန်းထားတွေသာ တိုးလာမယ် ဆိုရင် အခွန်ဆောင်နှုန်း လျော့လာနိုင်မှု ပိုများနိုင်ချေရှိပါတယ်။
၄) Investor တွေ ကိုယ့်ရဲ့ ROI ကို ပြန်လည် သုံးသပ်ပြီးတော့မှသာ ဝယ်နိုင်မယ်
“Price is what you pay. Value is what you get.”
ဒါက ဝါရင်ဘာဖတ် ပြောတဲ့ စကားလုံးဖြစ်ပါတယ်။ ဆိုလိုတာကတော့ ဈေးနှုန်းဆိုတာထက် တန်ဖိုး အရေးကြီးကြောင်းနှင့် ရေတိုလား ရေရှည်လား ဆိုတာကို ခွဲခြားသိမြင်ဖို့လိုပါတယ်။
ပုံမှန် သိန်း တစ်သောင်းလောက်ပဲ ပေါက်တယ်။ သို့ပေမယ့် သိန်း သုံးသောင်း ဈေးခေါ်နေခြင်းဟာ မှားတယ်၊ မှန်တယ် ဆိုတာထက် သိန်း သုံးသောင်း ခေါ်လို့ တန်ဖိုးအားဖြင့် သိန်း လေးသောင်းထိ ရှိနေနိုင်ရင် သိန်း သုံးသောင်း ပေး ဝယ်လိုက်ခြင်းဟာ အဓိက ပြဿနာ မဟုတ်ပါဘူး ဆိုတာ သိဖို့လိုပါတယ်။
အခွန်ဆောင်လို့ ရလာမဲ့ တန်ဖိုးနဲ့ အခွန်မဆောင်ဘဲ ရလာမဲ့ တန်ဖိုးက ယှဉ်လိုက်ပါက - အခွန်ဆောင်လို့ ရလာမဲ့ တန်ဖိုး က များနေရင် အခွန်ဆောင်မယ်။ မများရင်တော့ အခွန်မဆောင်ဘူး။
နည်းနည်းရှုပ်သွားမလားမသိပေမယ့် အဓိကက တန်းဖိုးကို ကြည့်ပါ။ ROI ဆိုတာကလဲ တန်ဖိုးကို အဓိက ကြည့်ရတာမျိုးပါ။ တန်ဖိုးများနေရင် တန်နေတယ် ထင်ရင် လူတွေက လုပ်ကြမှာပါပဲ။ သဘာဝ တရားကြီးကိုက ဖြစ်နေတာဆိုတော့ သိနေဖို့လိုပါတယ်။ 
၅) အခွန်ငွေ ပိုရလာပါက လူထုအတွက် တိုးတက်မှုဖြစ်လာနိုင်တဲ့ အချက်
အခွန်တွေ ပိုရလာပြီဆိုရင်တော့ အစိုးရအနေဖြင့် ပြည်သူလူထုအတွက် လိုအပ်တဲ့ လမ်း၊ တံတား၊ ကျောင်း နှင့် ဆေးရုံဆေးခန်း တွေအတွက် အသုံးပြုပါက အကျိုးရှိစရာတွေ ပိုများလာပါလိမ့်မယ်။ 
—
ဒီလိုအခြေအနေမျိုးမှာ ဖြစ်လာနိုင်မဲ့အချက်အလက်တွေကို သေချာလေးစဉ်းစားပြီးတော့ ရေရှည်ကို ပိုပြီးတွေးပါ။ Panic မဖြစ်ပါနဲ့။ Panic မဖြစ်နဲ့ ဆိုတာက - 
၂၀၂၄ အတွင်းမှာလဲ 
၁ - ရောင်းခွန် ဆောင်ဖို့ ဖြစ်လာတယ် 
၂ - ဘဏ်ချိတ်တွေ အဆင်မပြေဖြစ်လာတယ် 
၃ - SP/GP တွေ အခွန်ဆောင်မှ ပေးလာတယ် 
၄ - ပါမစ် တွေ အမည်ပေါက် (သို့) အမည်ပေါက်ရဲ့ ဆွေမျိုးတွေ ရှိမှ အဆင်ပြေလာတယ်။ 
၅ - ငွေကြေးမတည်ငြိမ်မှုကြောင့် ရွှေဈေးနှုန်းတွေ နေချည်း၊ ညချည်း အပြောင်းအလဲ မြန်လာတယ်။
ဒါတွေရင်ဆိုင်ခဲ့ပြီးပါပြီ ယခုကာလတွေမှာလဲ ဒီလိုမျိုးကြားတဲ့ သီတင်းတွေဟာ သတင်းတစ်ခုလို သတ်မှတ်ပြီးတော့ ဈေးနှုန်း တက်မလား၊ ကျမလား ဆိုတာတွေထက် တန်ဖိုးကိုသာ ရှေးရှုသင့်ကြောင့် ပြောလိုပါတယ်။
အကျဉ်းချုပ် အနေဖြင့် ယခု ပြောပြပေးသွားတာကတော့
၁။ ဈေးနှုန်း အတက်အကျ ဖြစ်စေတဲ့ အကြောင်းအရင် (၄) ချက်
၂။ ဖြစ်လာနိုင်မဲ့ အကျိုးဆက်များ
၃။ ဘယ်လို ရှေ့ဆက်ရမလဲ
ဆိုတာတွေကို ရှင်းပြေပေးသွားတာဖြစ်ပါတယ်။ အိမ်ခြံမြေမှာ ကံကောင်းနိုင်ပါစေ။

Keep Reading

ကျွန်တော့်ရဲ့ ရှုံးနိမ့်မှုများ အပိုင်း ( ၂ ) ချေးငွေလုပ်ငန်း ပိတ်ချင်းမြောင်ဈေးတန်း ဆိုင်တစ်ဆိုင် ပင်းတယ သစ်သီးတန်းရဲ့ ထူးခြားမှုတစ်ခု ကျွန်တော့်ရဲ့ ရှုံးနိမ့်မှုများ အပိုင်း ( ၁ ) အထည်ရောင်းခြင်းကိုဗစ်−၁၉ ကာလမှာ စတင်အောင်မြင်သွားတဲ့ လုပ်ငန်းတစ်ခု Apple Company က ကျင့်သုံးတဲ့ BSC Concept ကျွန်ုပ်၏ အောင်မြင်မှုသော့ချက်များ ငွေအရင်းအနှီး ဘယ်ကနေရှာ 3F ကနေပါ မိုက်ရဲ့ အရင်းအနှီးတွေက ဘာဖြစ်မလဲ။မန္တလေးမြို့ရဲ့ အအောင်မြင်ဆုံးလူတစ်ယောက်၏ အတုယူစရာကောင်းသည့် အချက်တစ်ချက်