Kaung Hein Soe - Strategic
အားလုံးပဲ မင်္ဂလာပါ။
ကျွန်တော်က ဒီနေ့မှာတော့ Personal Wealth လို့ခေါ်တဲ့ ကိုယ်ပိုင် ချမ်းသာကြွယ်ဝမှုတစ်ခုဆီကို သွားတဲ့ လမ်းကြောင်းမှာရှိနေတဲ့ ထောင်ချောက်တစ်ခုပေါ့နော်၊ ဒီထောင်ချောက်တစ်ခုအကြောင်းကို ပြောချင်ပါ
တယ်။
အဲဒီတော့ အသေးစိတ် ပိုပြီး တိတိကျကျပြောရရင်တော့ လူလတ်တန်းစားတွေကျရောက်နေတတ်လေ့ရှိတဲ့ လူလတ်တန်းစားတွေ အများဆုံးကြုံတွေ့နေရလေ့ရှိတဲ့ ဘဝထောင်ချောက်တစ်ခုဖြစ်ပါတယ်။
အိုကေ... ဒါကို ဆက်ပြီးလေ့လာကြည့်ပါဦး။
ကျွန်တော်တို့ လူတိုင်းလူတိုင်းက လိုအပ်ချက် တစ်ခုမဟုတ် တစ်ခုအတွက် အလုပ်လုပ်နေကြတာ ဖြစ်တယ်။ဒါကို ကျွန်တော်တို့က Need Theory လို့ခေါ်ပါတယ်။ Management ကို လေ့လာတဲ့သူတွေကMaslow's ရဲ့ Hierarch of Needsကို ကြားဖူးကြလိမ့်မယ်။Maslow'sရဲ့ Hierarch of Needs တစ်ခုမဟုတ်တစ်ခု လိုအပ်ချက်ကြောင့် အလုပ်လုပ် နေကြတာဖြစ်တယ်။
လူတွေရဲ့လိုအပ်ချက် (Needs) ပေါ့။ Needs ကို ကျွန်တော် တို့အဆင့်တွေ ခွဲထားတယ်။
ပထမဦးဆုံးအဆင့်လိုအပ်ချက်က ဘာလဲဆိုတော့ Basic Needsလို့ခေါ်တယ်။ တစ်နည်းအားဖြင့် Psychological Needs ပေါ့။ တစ်နည်းအားဖြင့် လူတစ်ယောက်ဖြစ်လာပြီဆိုရင် စားဝတ်နေရေး အစရှိတဲ့အခြေခံအချက်တွေကို အရင်လိုအပ် တယ်။ ဒါတွေမပြည့်စုံဘဲနဲ့ တခြားအချစ်စိတ်တို့၊ ရည်မှန်းချက်တို့၊ ရည်ရွယ်ချက်တို့၊ လုပ်ချင်ကိုင်ချင်တဲ့ဆန္ဒ။ ဒါတွေ ဖြစ်မလာနိုင်ဘူးပေါ့ဗျာ။ ဒါ ပထမဦးဆုံး လိုအပ်ချက်ပေါ့။
အဲဒီတော့ ဒီလိုအပ်ချက်ပြည့်သွားပြီဆိုရင် နောက်ထပ်တစ်ဆင့်တက်တယ်။ နောက်တစ်ဆင့်က Safety ဆိုတဲ့ လိုအပ်ချက် ဖြစ်တယ်။ အဲဒီတော့ရနေတဲ့အလုပ်ကလေး တည်မြဲချင်တယ်။ ကိုယ့်မှာရှိတဲ့ ပိုင်ဆိုင်ထားတဲ့ပစ္စည်းဥစ္စာလေးတွေကိုသူခိုးခိုးသွာတာ၊ ဓားပြတိုက်သွားတာမဖြစ်ချင်ဘူး။ကိုယ်နေတဲ့ နေရာလေး လုံလုံခြုံခြုံဖြစ်ချင်တယ်၊ အေးချမ်းချင်တယ် အစရှိတာသည် Safety Needs ကို တစ်ဆင့်တက်တယ်။
အဲဒီတော့ Safety Needs ကိုကျော်လွန်သွားတဲ့အချိန်မှာ လူတွေက နောက်ထပ် ဘာထပ်ပြီးလိုချင် လာသလဲဆိုတော့ Belongingness Needs လို့ခေါ်တဲ့ Love ပေါ့။ Love ဆိုတာ ကိုယ့်မိသားစုထဲမှာ ကိုယ်က အရေးပါ အရာရောက်တဲ့ သူဖြစ်ချင်တယ်၊ ကိုယ့်ရဲ့စကားအောင်မြင်ချင်တယ်၊ သူငယ်ချင်းတွေ များများရချင်တယ်၊ လူ့အသိုက်အဝန်းထဲမှာ အသိအမှတ်ပြုတာခံချင်တယ်၊ လူလေးစားတာခံချင်တယ်၊လူ့အသိုက်အဝန်းကြားမှာ ဝင်ဆံ့ချင်တယ်၊ ဂုဏ်ယူရတဲ့ ဂုဏ်ရှိတဲ့လူတစ်ယောက်ဖြစ်ချင်တယ်။ ဒီအဆင့်ကို ရောက်ပါတယ်။ ဒီတစ်ဆင့်ကနေနောက်တစ်ဆင့်ကို ကျော်သွား တဲ့အချိန်ကို ကျွန်တော်တို့က Achievement အဆင့်ကို စရောက်တယ်။
Achievement Sense ပေါ့။ တစ်နည်းအားဖြင့် Achievement ရဖို့အတွက် လိုအပ်တဲ့အခြေအနေ။
အဲဒီတော့ ကိုယ်အောင်မြင်မယ်လို့ထင်တဲ့အရာတွေလုပ်တယ်။ ကိုယ့်ရဲ့ အရောင်း Target တွေ မြင့်အောင်လုပ်တယ်။ ကိုယ့်ဘဝမှာ အောင်မြင်မှုလို့ယူဆတဲ့ဟာတွေကို ဆာလောင်မွတ်သိပ်စွာနဲ့ လိုက်လုပ်တယ်။ အဲဒီလိုအပ်ချက်အဆင့်ကို ရောက်ပါတယ်။
နောက်ဆုံးအဆင့်ကတော့ Self-actualization အဆင့်လို့ခေါ်တယ်။ အဲဒီအဆင့်ကတော့ ကိုယ် ဘာ့ကြောင့်ဖြစ် တည်လာတာလဲ။ဥပမာ ထားပါတော့... ကျွန်တော်တို့ ပရဟိတတွေလုပ်မယ်၊ ကိုယ့်ရဲ့အသက်ရှင်ရခြင်းရည်ရွယ်ချက်ကို ရှာဖွေမယ်။ ဒီရှာဖွေချက်ကို လိုက်ပြီးတော့ ကျွန်တော်တို့ ဖြည့်ဆည်းအောင်လုပ်မယ်။ အစရှိတဲ့အဆင့်ကို ရောက်လာတာဖြစ်တယ်။
အဲဒီတော့ လူတိုင်းလူတိုင်းက ဒီလိုအပ်ချက် ငါးဆင့်ထဲက တစ်ဆင့်မဟုတ် တစ်ဆင့်မှာ ရောက်နေကြတယ်လို့ဆိုပါတယ်။ အဲဒီတော့ ကျွန်တော်တို့က တစ်ဆင့်ချင်းစီတက်ရတယ်။ အစဦးဆုံး ကျွန်တော်တို့သည်နေထိုင်စားသောက်မှု၊စားဝတ်နေရေး ပြည့်စုံအောင်လုပ်ရတယ်။ ပြီးရင်Safety Needs နဲ့ ပြည့်စုံအောင်လုပ်ရတယ်။ ဒါပြီးသွားရင် ကျွန်တော်တို့က ဘယ်ကို ရောက်သလဲ။ Love ဆိုတဲ့အဆင့်ကို ရောက်ပါတယ်။
အဲဒီတော့ ဒီအဆင့်တွေမှာ ဘဝမှာ အောင်မြင်ချင်တယ်၊ ကြွယ်ဝချင်တယ်၊ ချမ်းသာချင်တယ်ဆိုရင်အပေါ်ဆုံးနှစ်ဆင့်မှာတော့ ကျွန်တော်တို့အနည်းဆုံးရှိနေဖို့လိုတယ်။ တစ်နည်းအားဖြင့် Achievement အဆင့်ပေါ့။ Achievement အဆင့်ကို ရောက် တော့မှသာ ကျွန်တော်တို့ဘဝမှာအောင်မြင်မှုဆိုတာ စပြီး ရတာဖြစ်တယ်။ ကျွန်တော်တို့ရဲ့ ဘဝလိုအပ်ချက်ကလည်းအောင်မြင်မှုဖြစ်လာပြီးတော့ အောင်မြင်မှုကို တရှိုက်မက်မက်နဲ့လိုက်ပြီးရှာတဲ့လုပ်တဲ့အဆင့်ကိုရောက်တာဖြစ်တယ်။
အဲ့ဒီတော့ Achievementအဆင့်ကိုAchievement Needsကိုရောက်မှသာ ကျွန်တော်တို့ဘဝသည် စပြီးအောင်မြင်တယ်။ ဒါကိုသိဖို့လိုတယ်။
အိုကေ... နောက်ထပ်တစ်ပိုင်းမှာ ဆက်လေ့လာကြည့်ပါဦးဗျ။
ကျွန်တော်တို့ဘဝမှာ ချမ်းသာကြွယ်ဝချင်တယ်ဆိုရင် ကျွန်တော်တို့ရဲ့လိုအပ်ချက်က အောင်မြင်မှု ဖြစ်နေဖို့လိုတယ်။ တစ်နည်းအားဖြင့်တော့Maslowရဲ့ Hierarchy of Needs ဒီအဆင့်တွေမှာAchievement Needs အဆင့်ကို ကျွန်တော် တို့က ရောက်နေဖို့လိုတယ်။
အဲဒီတော့ ဘယ်နေရာမှာ ထောင်ချောက်ရှိနေတာလဲ။ဟုတ်ပြီ...။
ကျွန်တော်တို့က အောက်ခြေကနေ တစ်ဆင့်တစ်ဆင့်တက်လာမှာဖြစ်တယ်။ ဘယ်နေရာမှာ ကျွန်တော်တို့ ထောင်ချောက်ရှိ နေလဲဆိုတော့စားဝတ်နေရေးအဆင့် Basic Needs ကို ကျော်သွားပြီ။ Safety Needsကိုရောက်တယ်။ Safety Needs ကို ကျော်သွားပြီ။ နောက်တစ်ဆင့်ကကျွန်တော်တို့ ဘယ်ကိုရောက်သလဲဆိုတော့ Love ဆိုတဲ့ Belongingness Needs ကို ရောက်တယ်။ Love အဆင့်ပေါ့။
အဲဒီအဆင့်ကိုရောက်နေတဲ့လူတွေဟာ သူ့အသိုက်အဝန်းကြားထဲမှာဝင်ဆံ့ချင်တယ်။ ဥပမာ မိသားစုထဲမှာဆို အရေးပေး ခံချင်တယ်။ သူငယ်ချင်းတွေကြားထဲမှာ ကိုယ်က ဆရာကြီးဖြစ်ချင်တယ်။ လူတွေ လေးစားတာခံချင်တယ်။ တစ်နည်း အားဖြင့် Social Reconnection ငတ်မွတ်တဲ့အဆင့် ဖြစ်တယ်။ တစ်နည်းအားဖြင့် Social Reconnection ဆိုတာပတ်ဝန်းကျင်က အသိုက်အဝန်းက ဒီလူကတော်လိုက်တာ၊ ဒီလူက ဘယ်လိုဖြစ်တယ်... အစရှိသည်ဖြင့် ချီးကျူးဂုဏ်ပြုမှုကို လိုချင်တဲ့အဆင့်ဖြစ်တယ်။
အဲဒီတော့ အဲဒီအဆင့်မှာ ချမ်းသာကြွယ်ဝမှုကိုသွားဖို့အတွက် အဓိကထောင်ချောက်ကြီးတစ်ခုရှိ နေတယ်ဆိုတာကို ကျွန်တော်တို့ သတိပြုမိဖို့လိုတယ်။ ဒါကို ကျွန်တော်က အသိပေးချင်တာဖြစ်ပါတယ်။
အဲဒီတော့ ကျွန်တော်တို့က Social Reconnection ကို လိုချင်တာဖြစ်တဲ့အတွက် Social Reconnection ရနိုင်မယ့် အရာတွေကိုလုယက်ပြီး လုပ်ကြတယ်။ Social Reconnection ရဖို့အတွက် လိုက်လုပ်တဲ့အရာတွေက ကျွန်တော်တို့ကို ငွေကြေးဆိုင်ရာမှာ ဝန်ထုပ်ဝန်ပိုးတွေဖြစ်စေပြီးတော့ ကုန်ကျစရိတ်တွေ ဖြစ်စေတယ်။ တစ်သက်လုံးအောင်မြင်မှု၊ ကိုယ်ပိုင် ချမ်းသာမှုဆီ မရောက်စေတော့ဘူး။
ဥပမာ ထားပါတော့...။ ကျွန်တော့်အောက်က ဝန်ထမ်းတစ်ယောက်ရှိတယ်။ သူ့ရဲ့လစာက ငါးသိန်းပဲရတယ်။ ဒါပေမဲ့ သူက သူ့ရဲ့သူငယ်ချင်းတွေကြားထဲမှာ သူသည် အဆင်ပြေနေတယ်၊ အောင်မြင်နေတယ်ဆိုတာကို ပြချင်တဲ့အတွက် သူငယ်ချင်း တွေ... ဘယ်လိုပြောမလဲ...ဂုဏ်ယူချင်တဲ့အတွက် သူက ဘာလုပ်လဲ။ အိုင်ဖုန်းဝယ်ကိုင်တယ်။ အိုင်ဖုန်းတစ်လုံးသည် ထားပါတော့ဗျာ သူလိုချင်တဲ့အိုင်ဖုန်းက သိန်းနှစ်ဆယ်သုံးဆယ်လောက်ရှိတယ်။ ဒါကို သူက အရစ်ကျနဲ့ မဖြစ်ဖြစ်အောင်ဝယ် လိုက်တယ်။
အိုင်ဖုန်းကိုင်လိုက်တယ်၊ သူ့အတွက် အဆင်ပြေသွားတယ်။ သူကSocial မှာ ဆရာကြီးဖြစ်သွား တယ်လို့ထင်တယ်။ ဒါပေမဲ့ လစဉ်လစဉ်သူ့လစာငါးသိန်းထဲက နှစ်သိန်းသုံးသိန်း အမြဲတမ်းခွဲဆပ်ရတယ်။ အဲဒီတော့ ငွေမစုနိုင်တော့ဘူး။ ရှေ့ဆက်ပြီး တော့ Investment တွေမလုပ်နိုင်တော့ဘူး။ အဲဒီတော့ ဒါကဘာလဲ၊ ကျွန်တော်တို့ကြုံတွေ့နေရတဲ့ထောင်ချောက်ဖြစ်တယ်။
အဲဒီတော့ ကျွန်တော်က ဒါ ဥပမာလေးပဲပြောပြခဲ့သေးတာ။ကျွန်တော်တို့အားလုံးသည် Social Reconnection ဖြစ် ချင်တယ်။ဥပမာ ထားပါတော့...။ ကျွန်တော်နဲ့အရင်းနှီးဆုံး သူငယ်ချင်းတစ်ယောက်ရှိမယ်။ သူနဲ့ကျွန်တော်နဲ့သည် အတူတူအလုပ်လုပ်လာကြတယ် အတူတူကြီးပြင်းလာကြတယ်၊ အတူတူ အောင်မြင်မှုကို ကျွန်တော်တို့ တစ်ဆင့်တစ်ဆင့်တက်လှမ်းခဲ့တယ်။ အဲဒီတော့ သူက ထားပါတော့ မော်တော်ကားအသစ်တစ်စီးဝယ်မယ်။ အဲဒီတော့ ထားပါ တော့ဗျာ၊ သူက Luxusမော်တော်ကား သိန်းထောင့်ငါးရာတန် မော်တော်ကားအသစ်ကြီးတစ်စီးဝယ်လိုက်မယ်။ ဒီအချိန်မှာ ကျွန်တော်က သိန်းနှစ်ရာတန် ကားလေးပဲစီးနေမယ်ဆိုရင် ကျွန်တော့်စိတ်ထဲမှာ ဘယ်လိုဖြစ်မလဲ။ အောင့်သက်သက်တော့ တစ်ခုခုဖြစ်လေ့ရှိတယ်။
“ဟာ... သူက ဒီလိုဖြစ်သွားပြီ၊ ငါ့သူငယ်ချင်း ငါနဲ့အတူတူသွားတဲ့သူ”
ဒီလိုပေါ့။ အဲဒီတော့ ကိုယ်လည်း ကားပိုကောင်းတဲ့ကားကို ဝယ်စီးမယ်။ သူ့ထက်မသာရင်တောင်မှ တန်းတူဖြစ်မယ့်ကား ဝယ်စီးမယ်။နောင်တစ်ချိန် ကားလဲတဲ့အချိန်မှာ ကိုယ်တတ်နိုင်တာထက်ပိုတဲ့ သိန်းထောင်ချီတဲ့ကားကြီးကို အရစ်ကျစနစ်နဲ့ ဝယ်လိုက်မယ်။ အဲဒီတော့ဒါသည် ကျွန်တော်တို့က ဘာဖြစ်သွားတာလဲ။ Social Reconnectionနောက်ကိုလိုက်ရင်းနဲ့ ဒီ Social Reconnection ဆိုတဲ့ ထောင်ချောက်ထဲမှာ ပိတ်မိနေပြီးတော့ ကျွန်တော်တို့ဟာ ငွေကြေးတွေ ဆုံးရှုံးဆုံးရှုံးသွားကြတာ ဒါကို ကျွန်တော်တို့ သိဖို့လိုပါတယ်။
ဆိုလိုတဲ့သဘောက ဒီလိုဖြစ်ရပ်တွေ အများကြီးရှိတယ်။ဥပမာ... ဘယ်လိုလူတွေက အဓိကကြုံရတာလဲဆိုရင် လူလတ်တန်းစားတွေက အဓိက ကြုံရတတ်တာရှိတယ်။ လူလတ် တန်းစားတွေသည် Social Reconnection အဆင့်မှာ အများဆုံးရှိတယ်။ သူတို့သည် အဝိုက်အဝန်းထဲမှာ ဝင်ဆံ့ဖို့၊ အသိုက် အဝန်းထဲမှာ အောင်မြင်နေတယ်ဆိုတာကို ပြဖို့အတွက် Branded ပစ္စည်းတွေ၊ ဖုန်အကောင်းစားတွေ၊ကွန်ဒိုတွေ၊ တိုက်ခန်း တွေ၊ မော်တော်ကားတွေကို ဒီလိုမျိုး Social Reconnection တစ်ခုတည်းအတွက်နဲ့ ဝယ်နေကြတယ်။
ဆိုလိုတာက သူတို့ဝယ်နေကြတဲ့ ပစ္စည်းအများစုသည် သူတို့အတွက်မဟုတ်ဘူး။ ဘယ်သူ့အတွက်လဲ။ ပတ်ဝန်းကျင်အတွက် ဖြစ်နေတယ်။ပတ်ဝန်းကျင်ကလူတွေက ဒါကိုကြည့်ပြီးတော့-
“ဟာ... ဒီလူ အောင်မြင်လိုက်တာ” ဒီလိုစကားကိုရဖို့အတွက် ကိုယ့်အတွက် အသုံးမဖြစ်တဲ့ပစ္စည်းတွေကို ပတ်ဝန်းကျင်အတွက် ရည်ရွယ်ပြီးတော့ ဝယ်နေကြတယ်။ တဖြည်းဖြည်းချင်းနဲ့ ကျွန်တော်တို့ဟာ ငွေစုရမယ့်အချိန်တွေ ကုန်လွန် လာတယ်။ကျွန်တော်တို့ရဲ့ အကောင်းတွေ၊ လစာဝင်ငွေများတဲ့အချိန်တွေ ဒါတွေကိုကျော်လွန်သွားတယ် ရွှေရောင်ကာလတွေကို ကျော်လွန်သွားတယ်ပေါ့ဗျာ။ကျော်လွန်သွားတဲ့အချိန်ကျတော့မှာ ကျွန်တော်တို့ Investment လုပ်ဖို့၊ရင်းနှီးမြှုပ်နှံဖို့၊ ကိုယ်ပိုင်အရင်းအနှီးစုဖို့ဆိုတာတွေသည် ခေါင်းထဲဝင်လာတဲ့အချိန်။ ဒါပေမဲ့ အဲဒီအချိန်မှာ ဘာတွေဖြစ်သွားပြီလဲ။ အချိန်တွေ လွန်သွားလေ့ရှိတတ်တယ်။ တချို့က ကျတော့ တစ်သက်လုံး ဒီထောင်ချောက်ထဲက ရုန်းမထွက်နိုင်ဘူး။ Branded ပစ္စည်း တွေဝယ်မယ်၊ လူ အထင်ကြီးအောင်လုပ်မယ်၊ တစ်နေ့နဲ့တစ်နေ့ အင်္ကျီမထပ်ရအောင်ဝတ်မယ်၊ကိုယ်နဲ့ လုံးဝမကိုက်ညီသေး တဲ့ မော်တော်ကားအကောင်းစားကြီး ဝယ်စီးမယ်။ အိုင်ဖုန်းကြီး မဖြစ်မနေဝယ်ကိုင်မယ်။
ဒီထောင်ချောက်ထဲမှာ ပိတ်မိနေရင်းနဲ့ ကိုယ့်ရဲ့ Personal Wealthဆီကိုသွားဖို့ကို ထောင်ချောက် ပိတ်မိနေတဲ့သူ အများ အပြားကို ကျွန်တော်တို့ တွေ့မြင်နေရတာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်က ဒီနေရာကနေRemind လုပ်ချင်တာက ဒီအဆင့်သည် လူတိုင်းကြုံရမှာဖြစ်တယ်။ကျွန်တော်တို့လည်း ကြုံခဲ့တယ်။ ကျွန်တော်တို့တုန်းကလည်း Apple Macboard ကိုမှ သုံးချင်တာ၊ iPhone ကိုမှ သုံးချင်တာ။ ဘယ်လိုအင်္ကျီအမျိုးအစားမှဝတ်ချင်တာ၊ ဘယ်လို ဖိနပ်ဆိုရင် ကျွန်တော်တို့ ခေတ်တုန်းကဆိုရင် ဘာဖိနပ် ညာဖိနပ်ပေါ့ဗျာ။ ဒါမျိုးစီးလိုက်တော့မှ လူငယ်အသိုက်အဝန်းကြားထဲမှာ ဝင်ဆံ့တာ။ ဒါမျိုး ကျွန်တော်တို့ ရှိခဲ့ပါတယ်။ ဒါပေမဲ့ကျွန်တော်တို့က ဒီအဆင့်ကို မြန်မြန်ဖြတ်ကျော်လွှားပြီးတော့ နောက်တစ်ဆင့် Achievement Sense ကိုရအောင် တက်ရမှာဖြစ်တယ်။တချို့ကကျတော့ ဒါကြီးကိုပဲ ဘဝမှတ်ပြီးတော့ ဒီထဲမှာပဲ တစ်ဘဝလုံးကုန်ဆုံးသွားလေ့ရှိတာကို စိတ်မကောင်းစွာ တွေ့ရတာဖြစ်ပါတယ်။
အဲဒီတော့ အချုပ်အားဖြင့် ပြောရမယ်ဆိုရင်တော့ ခင်ဗျား ချမ်းသာချင်တယ်ဆိုရင် Needs အဆင့်လိုက် ဖြည့်ဆည်း ရမှာဖြစ်တယ်။ဒါပေမဲ့ တစ်နေရာမှာ တစ်နည်းအားဖြင့် လမ်းခုလတ်မှာ Love Needs အဆင့်မှာ ထောင်ချောက် ကြီးတစ်ခုရှိနေတယ်။ ဒီထောင်ချောက်ကို ကျွန်တော်က လူလတ်တန်းစားထောင် ချောက်လို့ အမည်ပေးထားပါတယ်။
အဲဒီတော့ ဒီထောင်ချောက်ထဲကို ခင်ဗျားကျသွားပြီ၊ ပြန်မထွက်နိုင်တော့ဘူးဆိုရင်တော့ ကိုယ်ပိုင်ချမ်းသာကြွယ်ဝမှုတစ်ခုကို တည်ဆောက်ဖို့ အမြဲတမ်းဝေးနေဦးမှာ ဖြစ်ပါတယ်။ ကျွန်တော် မျှဝေပေးချင်တာ ဒီအကြောင်းလေးပါ။ ကျေးဇူးအများကြီးတင်ပါတယ်။ကျွန်တော် ကောင်းဟိန်းစိုးပါ။
Keep Reading