Author's Profile Photo

Kaung Hein Soe - Strategic

20/06/2025

ချမ်းသာဖို့အတွက် ဘာလိုသလဲ

3 mins read
Business
Career & Job Market
Self Improvement
ချမ်းသာဖို့အတွက် ဘာလိုသလဲ's photo

ကျွန်တော့်ကို ကျွန်တော့်ရဲ့ Messenger မှာ လာပြီးတော့ မေးထားတဲ့မေးခွန်းတစ်ခုရှိတယ်။ ဒါဘာလဲဆိုတော့-
“ဆရာ... ချမ်းသာချင်တယ်၊ ချမ်းသာဖို့အတွက် အဓိက ဘာလိုသလဲ၊ ကျွန်တော့်ကို တစ်ချက်ပဲပြောပါ”တဲ့။
သူပြောတာ အရမ်း Clear ဖြစ်တယ်။

“ချမ်းသာဖို့အတွက်... ချမ်းသာချင်တယ်၊ ချမ်းသာဖို့အတွက်အဓိကအကျဆုံးအချက်ကိုပြောပါ” လို့ဆိုတယ်။ ကျွန်တော်က ချက်ချင်းကျွန်တော်ပြန်ဖြေလိုက်တယ်။

“ချမ်းသာဖို့အတွက် အဓိကလိုတဲ့ တစ်ချက်တည်းသောအချက်အဓိကအချက်သည် ချမ်းသာချင်စိတ် တကယ်ရှိဖို့လိုတယ်”

ဒါပဲ။ ကျွန်တော်သည် လွန်ခဲ့တဲ့ဆယ်နှစ်က ကျွန်တော် သင်္ဘောလိုက်သွားတယ်။ သင်္ဘောလိုက်သွားပြီး အားလုံး သိပြီး ကြတဲ့အတိုင်းသင်္ဘောသားဘဝမှာ တစ်နှစ်နေပြီးတဲ့အခါမှာ အရမ်းပင်ပန်းတယ်။ ကျွန်တော် မလုပ်နိုင်ဘူး။ အဲဒီတော့ ပြန်ရောက်လာတယ်။ သင်္ဘောသားလက်မှတ်တွေ အကုန်ပြန်အပ်တယ်။ ကုမ္ပဏီအကြီးကြီးတစ်ခုမှာ အောက်ခြေ ပညာသင်ဘဝကနေ ကျွန်တော်ပြန်ပြီးတော့ စပြီးတော့ ကျွန်တော့် အလုပ်တွေကို ပြန်စ Try ရတယ်။ အဲဒီတော့ အောက် ခြေသိမ်းတွေကို ကျွန်တော် စလုပ်ရတာပေါ့ ။

အဲဒီတုန်းက ရတဲ့လစာသည် ၁၄ဝ,ဝဝဝ ကျပ်ပဲ ရတယ်...၁၄ဝ,ဝဝဝ ပဲရတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ မခံချင်စိတ်ဖြစ်တာကသင်္ဘောဆက်လိုက်သွားတဲ့ ကျွန်တော့်သူငယ်ချင်းတွေသည် လစာကောင်းကောင်း ရနေပြီ။ အဲဒီတော့ အစကတည်းက သင်္ဘောမလိုက်ဘဲ ကုန်းပေါ်မှာ အလုပ်လုပ်တဲ့သူတွေကလည်း ကျွန်တော့်ထက် ဝင်ငွေပိုကောင်းနေပြီ။ အဲဒီတော့ ကိုယ်က မခံချင်စိတ်ဖြစ်တယ်... မခံချင်စိတ်ဖြစ်တယ်။ဒါ့အပြင် ဆင်းရဲတဲ့ဘဝကို ထိတွေ့မိသွားတယ်ဆိုပါတော့။ အိမ်ကလည်းငွေကြေး Background အရမ်း မတောင့်တင်းဘူး။ သင်္ဘောပေါ်ရောက်တယ်။ ပင်ပန်းဆင်းရဲမှုခံရတယ်။

အဲဒီတော့ သိပ်ကြောက်သွားတယ်။ ဆင်းရဲမှာကို။ ဆင်းရဲမှာသိပ်ကြောက်သွားတဲ့အခါကျတော့ ဘာလုပ်လဲဆိုတော့ ချမ်းသာချင်သွားတယ်။ တကယ်ချမ်းသာချင်စိတ် ဖြစ်သွားတယ်။ခုန ကျွန်တော် ပြောခဲ့တဲ့ အဓိက လိုအပ်ချက်ဆိုတာ ဒါပဲ။တကယ်ချမ်းသာချင်တဲ့စိတ်။

တကယ်ချမ်းသာချင်တဲ့စိတ်သည် ၂၄ နာရီ ကျွန်တော့်ခေါင်းထဲမှာစွဲနေတယ်။ အိပ်မက်ထဲထိရောက်လာတယ်။ အဲဒီတော့ “ချမ်းသာအောင်ဘာလုပ်ရမလဲ... ဘာလုပ်ရမလဲ”။အဲဒီတော့ သတိမမူရင် ဂူကြီးတစ်ဂူလုံးကိုတောင် မမြင်ဘူးတဲ့။

သတိမူရင် မြူမှုန်လေးတွေကိုတောင်မှာ မြင်တယ်လို့ဆိုတယ်။ အဲဒီတော့ခင်ဗျားက တကယ် ချမ်းသာချင်စိတ် ဖြစ်နေတဲ့အချိန်မှာ၊ တဟုန်း ဟုန်း အဲဒီဆန္ဒ တောက်လောက်နေတဲ့အချိန်မှာ ချမ်းသာနိုင်မယ့်အခွင့်အလမ်းတွေ
ကို လိုက်ရှာတော့တာ။ လိုက်ရှာရင် တွေ့တယ်၊ ဒါပဲလေ။ ဘာကြောင့်လဲ . . . အခွင့်အလမ်းတွေအားလုံးသည် လူတိုင်း နေရာမှာ ရှိနေတယ်။အခု ဒီလေထဲမှာလည်း ပိုက်ဆံတွေပျံနေတယ်။ ကျွန်တော်တို့ ဒါကိုမြင်ရင်လှမ်းယူလိုက်ရုံပဲ။

ဘယ်လိုလှမ်းယူမလဲ။ မြင်အောင် အရင်ကြည့်ဖို့လိုတာပေါ့။ မြင်အောင် အရင်ကြည့်ဖို့ဆိုတာသည် မြင်ချင်တဲ့ စိတ်ဆန္ဒဇော ကြီးကြီးမားမားရှိနေဖို့လိုတယ်။ အဲဒီတော့ ကျွန်တော် ၁၄ဝ,ဝဝဝ နဲ့ အလုပ်စဝင်တဲ့အချိန်မှာ ချမ်းသာအောင် ဘာတွေ လုပ်ရမလဲ။ နည်းလမ်းမျိုးစုံလိုက်ပြီးစဉ်းစားတယ်။ စာအုပ်တွေ လိုက်ဖတ်တယ်။ လူတွေကိုလိုက်မေးတယ်။Google မှာ ချမ်းသာအောင် ဘယ်လိုလုပ်မလဲ။ နည်းလမ်းတွေ ရှာတယ်။အဲဒီတော့ ချမ်းသာမယ့်နည်းလမ်း၊ ပိုက်ဆံရမယ့်နည်းလမ်းတွေလိုက်ကြည့်တယ်။

အဲဒီတော့ ရိုးရိုးရှင်းရှင်းလေးပဲ။ ကျွန်တော် ဘာစလုပ်သလဲဆိုတော့တစ်လကို ငါးသောင်း ကျွန်တော် စုတယ်။ ဆယ်လပြည့် သွားတယ်။ငါးသိန်းရတယ်။ အဲဒီငါးသိန်းပြည့်တိုင်းမှာ ကျွန်တော်က အလုပ် တစ်ခုခုလုပ်တယ်။ ပတ်ဝန်း ကျင်မှာ ကြည့် လိုက်တဲ့အခါမှာ ပိုက်ဆံရမယ့်အလုပ်ဘာရှိမလဲ... ငါးသိန်း တန်ပေါ့။ အဲဒီခေတ်တုန်းက ကျွန်တော်တို့ ဖုန်းဘေလ် ရောင်းလို့ ရတယ်၊ ရောင်းတယ်။ အမြတ်နှစ်သောင်း ရတယ်။ ဖုန်းဘေလ် ထပ်ရောင်းတယ်။ ဖုန်းဘေလ်ကို လက်ကားရတဲ့နေရာက ဝယ်တယ်။ လက်လီရောင်းတယ်။ အကြွေးရောင်းတယ်။ ပိုက်ဆံ ပိုတင်ရောင်းတယ်။ နောက် အင်္ကျီရောင်းတယ်။

ဆိုလိုတဲ့သဘောက ဖြည်းဖြည်းချင်းလောင်ကျွမ်းနေတဲ့ ကျွန်တော်တို့ရဲ့ Bunring Desired လို့ ခေါ်တာပေါ့။ ဒါက တကယ် ရှိဖို့လိုတယ်။အဲဒီတော့ တကယ်ချမ်းသာချင်တဲ့စိတ်ရှိတဲ့လူသည် အဲဒီစိတ်က ပြင်းထန်တဲ့အချိန်မှာ နောက်က အက်ရှင်လို့ ခေါ်တဲ့ လုပ်ရပ်က တစ်ပါတည်းလိုက်လာတယ်။

အဲဒီတော့ အက်ရှင်ဆိုတဲ့လုပ်ရပ်က တစ်ပါတည်းလိုက်ပါမလာဘူးဆိုရင် ခင်ဗျားက အဲဒါကို တကယ် မဖြစ်ချင်သေးဘူး။ အရှင်းဆုံးပဲ။ခင်ဗျားက စာမေးပွဲကျမှာ သိပ်ကြောက်တယ်ဆိုရင် စာထပ်ကျက်မယ်။စာမေးပွဲအောင်အောင်လုပ်မယ်။ ရိုးရိုးရှင်းရှင်းလေးပဲ။ ခင်ဗျားက စာမေးပွဲကျမှာ မကြောက်ဘူးဆိုရင် စာလုံးဝလုပ်မှာမဟုတ်ဘူး။ ပါးစပ်ကတော့ဘာပြောနေမလဲ။ စာမေးပွဲအောင်ချင်တယ်... စာမေးပွဲအောင်ချင်တယ်။ဒီလိုပြောမှာပေါ။ ဒါပေမဲ့ ခင်ဗျားက ဘွဲ့ရဖို့၊ စာမေးပွဲအောင်ဖို့ လုံလုံလောက်လောက် ဆန္ဒရှိမနေဘူးဆိုရင် စာမေးပွဲအောင်စေမယ့် ဘာအပြုအမူကိုမှ လုပ်မှာမဟုတ်ဘူး။ ရှင်းရှင်းလေးပါပဲ။

အဲဒီတော့ ကျွန်တော်တို့သည် ဆန္ဒတွေရဲ့နောက်ကို လုပ်ရပ်တွေကလိုက်ကြတယ်။ ရှင်းရှင်းလေးပဲ။ ကျွန်တော်တို့ ဗိုက်ဆာတယ်၊ ထမင်းတအားစားချင်တယ်။ အစားအစာ လိုက်ရှာမယ်၊ ဝယ်စားမယ်၊ ဗိုက်ပြည့်သွားမယ်... ဒါပဲ။
အဲဒီတော့ ဆန္ဒနောက်ကို အက်ရှင်ကလိုက်တယ်... ဒါပဲ။ တကယ်လုံလောက်ရင် လက်တွေ့ထပြီး တော့လုပ်ဖြစ်တယ်။

အဲဒီတော့ ခုန ကျွန်တော်တို့မေးခွန်းမှာ အားလုံးအတွက် ကျွန်တော်က ပြန်ပြီးတော့ ဖြေပေးချင်တာက-
“ခင်ဗျားတို့ တကယ်ကြီး ချမ်းသာချင်သလား။ ဒါဆို ချမ်းသာချင်တဲ့စိတ် လုံလုံလောက်လောက် ရှိဖို့လိုတယ်။ ဒါဆိုရင် ချမ်းသာမယ့်လမ်းစ တစ်ခုမဟုတ်တစ်ခုကို ရှာပြီးတော့ လုပ်ဖြစ်လိမ့်မယ်။ ဒီနောက်မှာ တကယ်ချမ်းသာလာလိမ့်မယ်”

အဲဒီတော့ ကျွန်တော်ပြောချင်တာက ခင်ဗျားတို့ တကယ်ချမ်းသာကြွယ်ဝချင်တယ်ဆိုရင် တကယ် လုံလောက်တဲ့ ချမ်းသာချင်စိတ်တစ်ခုရှိဖို့လိုတယ်ဆိုတဲ့အကြောင်း ဖြစ်ပါတယ်။ကျေးဇူးအများကြီးတင်ပါတယ်။
ကျွန်တော် ကောင်းဟိန်းစိုးပါ။


Keep Reading

ချမ်းသာဖို့အတွက် ဘာလိုသလဲအောင်မြင်ဖို့ အဓိက ဘာလိုသလဲ "ပန်နိုရာ" တိုက်မှ ပထမဆုံးရိုက်နှိပ်ထုတ်ဝေလိုက်သည့် "မိနစ်ပိုင်းစာ စီးပွားပညာ" အပိုင်း(၁) စာအုပ်ကို 𝗣𝗿𝗲-𝗼𝗿𝗱𝗲𝗿 မှာယူနိုင်ပါပြီ။3L for Successချွေတာမလား၊ ပိုရှာမလားမြန်မာပြည်က လူငယ်အများစုရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ပိတ်ဆို့စေတဲ့အရာနှစ်ခုစီးပွားရေးလုပ်ရာတွင် မသိမဖြစ်သိသင့်သော Generic Strategy အကြောင်း လုံခြုံစိတ်ချရမှုကိုရွေးမလား၊ စွန့်စားမလားPersonal Budget အတွက် 50/30/20 Rule ◾ဘ၀က ပိုလွယ်ကူလာတာမဟုတ်ဘူး၊ ကျွန်တော်တို့က ခံနိုင်ရည်ပိုရှိလာတာ ◾