Kaung Hein Soe - Strategic
အားလုံးပဲ မင်္ဂလာပါ။
ဒီနေ့မှာတော့ ကိုဗစ်ကာလအတွင်းမှာတောင်မှ လုပ်ငန်းကို အသစ်စတင်ပြီးတော့ ဆိုင်ခွဲတွေချဲ့နိုင်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းလေးတစ်ခုအကြောင်းကို ကျွန်တော်က Review လေး လုပ်ပေးချင်ပါတယ်။
အဲဒီဆိုင်လေးကတော့ အဲဒီလုပ်ငန်းလေးကတော့ ကျွန်တော့်ရပ်ကွက်ထဲမှာ ကျွန်တော့်မျက်စိရှေ့မှာတင်ပဲ ဒီကိုဗစ်ကာလအတွင်းမှာပဲ အစပြုပြီးတော့ အောင်မြင်မှုတွေရခဲ့တာဖြစ်ပါတယ်။ အဲဒီတော့ သူ ဘယ်လိုတွေလုပ်ခဲ့သလဲဆိုတာကို ကျွန်တော်တို့ ဒါ Management အမြင်လေးနဲ့ ကျွန်တော် Review လေး လုပ်ပေးချင်ပါတယ်။
ကျွန်တော်ပြောခဲ့တဲ့လုပ်ငန်းလေးက တကယ်တော့ သူက စားသောက်ဆိုင်လုပ်ငန်းလေးတစ်ခု ဖြစ်ပါတယ်။ အဲဒီ စားသောက်ဆိုင်လုပ်ငန်းလေးရဲ့အမည်ကိုတော့ ကျွန်တော် ဒီထဲမှာထည့်ပြီးတော့ မပြောတော့ဘူး။
ကျွန်တော် ခွင့်ပြုချက်လည်း ယူမထားလို့ပေါ့။
အဲဒီတော့ သူ့ရဲ့ Background လေးကို ကျွန်တော်စပြောရမယ်ဆိုရင် ကျွန်တော်တို့ကိုဗစ် First Wave စဖြစ်တဲ့အချိန်ပေါ့ဗျာ။ စပြီးတော့ ကျွန်တော်တို့ First wave ပြီးဆုံးလို့ Second Wave စဖြစ်တဲ့အချိန်ပေါ့။ အဲဒီတော့ Second Wave ဖြစ်တဲ့အချိန်မှာ ကူးစက်မှုတွေ အရမ်းများလာတယ်။ ကူးစက်မှုတွေ အရမ်းမြင့်လာတယ်။
အဲဒီအချိန်မှာ လူတွေသည် ကိုဗစ် ၁၉ ရဲ့ ပထမဦးဆုံး အများအပြား စတင်ကြုံတွေ့ရတဲ့အချိန် ဖြစ်တဲ့အတွက် အရမ်းကိုကြောက်ရွံ့ကြတယ်၊ အရမ်းကို တုန်လှုပ်ကြတယ်။ ဒါ့အပြင် ဆိုင်တွေ၊ ဈေးတွေအားလုံးလည်း ပိတ်သွားတဲ့အနေအထားဖြစ်ပါတယ်။
အဲဒီအချိန်မှာ ကျွန်တော်တို့အားလုံး Stay Home နေကြတယ်။ ဆိုင်တွေအားလုံးပိတ်သွားတယ်။ Shopping Centre တွေ အကုန်ပိတ်သွားတယ်။ စားသောက်ဆိုင်တွေ အကုန်လုံးပိတ်သွားတယ်။ ဒီလို အနေအထားမျိုးပေါ့။
အဲဒီတော့ အဲဒီ Background ဘယ်သူမှ စားသုံးသူမရှိဘူးဆိုတဲ့ အချိန်မျိုးကြီးမှာ စတင်တည် ထောင်ခဲ့တဲ့ ဆိုင်လေးတစ်ဆိုင်ဖြစ်ပါတယ်။ အဲဒီတော့ သူက ဘာတွေရောင်းသလဲဆိုရင် ကျွန်တော်တို့ ဒါ စားသောက်
ဆိုင်ဆိုပေမဲ့ နံနက်စာသီးသန့်ကို ရောင်းပါတယ်။ ဒါ ကျွန်တော်တို့ နံနက်ခင်းစာ၊ နန်းကြီးသုပ်တွေ၊ ရှမ်းခေါက်ဆွဲတွေ၊ နောက် ကျွန်တော်တို့ ကော်ရည်ခေါက်ဆွဲတွေ၊ မန္တလေးပြီးရှည်တွေ စသည်ဖြင့် အစရှိတဲ့ နံနက်ခင်းစာသီးသန့်ကို ၁၂ နာရီအထိပဲ ရောင်းချတဲ့ဆိုင်လေးတစ်ဆိုင် ဖြစ်ပါတယ်။အိုကေ... ဆက်ပြီး ကြည့်ကြည့်ရအောင်။
ကျွန်တော်က ပုံမှန်ဆိုလို့ရှိရင် ထားပါတော့ဗျာ၊ နံနက်အိပ်ရာနိုးတယ်။ နံနက်အိပ်ရာနိုးလာရင် ကျွန်တော် သွားတိုက်တယ်၊ မျက်နှာသစ်တယ်၊ သန့်ရှင်းရေးလုပ်တယ်၊ ပြီးရင် ကျွန်တော့်သင်တန်းတွေ မှာ စာတွေဘာတွေသင်တယ်ပေါ့။ စာသင်ပြီးသွားရင် ကျွန်တော့်အောက်ထပ်ကိုဆင်းပြီး ထမင်းစားခန်းမှာ နံနက်စာ စားလေ့ရှိတယ်။ နံနက်စာ စားပြီးသွားရင် ကျွန်တော် အလုပ်ဆက်လုပ်တယ်။
အဲဒီတော့ ခုနကပြောတဲ့ ကိုဗစ်ဖြစ်တဲ့အချိန်မှာ ဘယ်လိုဖြစ်သွားလဲဆိုတော့ ကျွန်တော်တို့အိမ်ရှေ့မှာရှိတဲ့ ကျွန်တော် နံနက်စာဝယ်နေတဲ့ ဆိုင်ကလည်း ပိတ်သွားတယ်။ ကျွန်တော် အစားအစာဝယ်နေကျ ကုန်တိုက် ကလည်းပိတ်သွားတယ်။ ဒါ့အပြင် ခပ်လှမ်းလှမ်းက ကျွန်တော် တစ်ခါတလေ သွားမှာလေ့ရှိတဲ့ တရုတ်ဆိုင်တွေ၊ လက်ဖက်ရည်ဆိုင်တွေ အားလုံးကလည်းအားလုံးပိတ်သွားကြတယ်။
ဆိုလိုတာက အဲဒီနေ့ ဖြစ်တဲ့အချိန်မှာ ကျွန်တော်တို့အားလုံး Lock Down ဖြစ်သွားတဲ့အချိန်မှာ ဘာမှစားစရာမရှိတော့ဘူး။ နံနက်စာ ကျွန်တော် ငတ်သွားတယ်ပေါ့ဗျာ။ အဲဒီတော့ နောက်နေ့ကျတော့ ဒုက္ခပဲပေါ့နော်။ အဲဒီကိစ္စက အဲဒီထက်ပိုပြီးတော့ ကျွန်တော်အတွက် ကြီးကျယ်လာသေးတယ်။ အဲတော့ ဘာဖြစ်သလဲဆိုတော့ ညဘက်ဆိုရင် ကျွန်တော်က ထားပါတော့... လမ်းလေးဘာလေးလျှောက်ပြီးတော့ မုန့်လေးဘာလေး စားလေ့ရှိတယ်။ ထမင်းမစားဘူးဆိုရင်ပေါ့နော်။ အဲဒီတော့ အဲဒီနေ့ကလည်း အဲလိုပဲ။ ကျွန်တော် စားနေကျ Sandwich ဆိုင် ရှိတယ်။ ဒါ Sandwich ရောင်းတဲ့ဆိုင်ပေါ့နော်။ ကျွန်တော်တို့ ရပ်ကွက်ထဲမှာပေါ့။ အဲဒီဆိုင်လေးကို ကျွန်တော်သွားပြီးဝယ်တော့ အဲဒီဆိုင်ကလည်း ပိတ်ထားတယ်။ ပုံမှန်ဆိုရင်တော့ အဲဒီဆိုင်က First Wave စဖြစ်ကတည်းက ဖွင့်တယ်။
ဒါပေမဲ့ ပါဆယ်ပဲ ကျွန်တော်တို့ ဝယ်လို့ရတယ်ပေါ့နော်။ အဲတော့ အဲဒီဆိုင်လေးတော့ ဖွင့်ဦးမယ်ထင်ပြီးတော့ ကျွန်တော်က သွားတဲ့အခါမှာ အဲဒီဆိုင်ကလည်း ပိတ်ထားတယ်။ အဲဒီတော့ ကျွန်တော်မှာ ဝယ်စားစရာ ဘာဆိုင်မှလည်း မရှိတော့ဘူး။ ထမင်းတွေဘာတွေလည်း ချက်မထားတဲ့အတွက် ညစာလည်း ကျွန်တော် ငတ်သွားတယ်ပေါ့နော်။
အဲဒီတော့ အဲဒီညမှာ ကျွန်တော်က ဘာစလုပ်ဖြစ်လဲဆိုတော့ ကျွန်တော်ရပ်ကွက်ထဲမှာ ဖွင့်တဲ့ဆိုင် တစ်ဆိုင်ဆိုင်များ ရှိဦးမလားဆိုပြီးတော့ ကျွန်တော် စပြီးတော့ ရှာဖွေပါတယ်။ အဲဒီတော့ အဲဒီဆိုင်လေးကို ကျွန်တော် စတွေ့တယ်။ သူ့ရဲ့ ပထမဦးဆုံး Strategy က သူဖွင့်တဲ့အချိန်မှာ သူသည် Social Media ကို ကောင်းကောင်း သုံးထားတယ်။ ရှာရလွယ်ကူ အောင်လုပ်ထားပေးတယ်။ အဲဒီတော့ နံနက်စာလို့ ကျွန်တော်တို့ရိုက်လိုက်တာနဲ့ သူ့ရဲ့ ကြော်ငြာတွေကို ကျွန်တော် စပြီးတွေ့လာရတယ်။
အိုကေ...ဒါ သူ့ရဲ့ ပထမဦးဆုံး Strategy ဖြစ်ပါတယ်။ ကျွန်တော်တို့ ဒါ ချီးကျူးဖို့ကောင်းတဲ့အရာက လူတိုင်းကြောက်ပြီတော့ နောက်ဆုတ်သွားတဲ့အချိန်မှာ သူက ရဲရဲဝံ့ဝံ့ ရှေ့ကို ဆက်တိုးတာဖြစ်ပါတယ်။
အဲဒီတော့ ခုနကျွန်တော်ပြောသလို ပါဆယ်တော့ဝယ်လို့ရတယ်၊ တချို့ဆိုင်ကြီးတွေတော့ ပါဆယ်ဖွင်နေတယ်ဆိုပေမဲ့ စဖြစ်တဲ့အချိန်မှာ ကျွန်တော်တို့ရပ်ကွက်ထဲက ဆိုင်လေးတွေက အရမ်းကြောက်သွားပြီးတော့ ပါဆယ်တောင် မရောင်းတော့ဘဲ လုံးဝ ပိတ်ပစ်လိုက်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့ ဒီရပ်ကွက် လေးငါးခြောက်လမ်း ဘလောက်အကြီးကြီးထဲမှာ ဖွင့်တဲ့ ဆိုင်တစ်ဆိုင်မှ မရှိတော့ဘူး။ အားလုံးက နောက်ဆုတ်သွားကြတယ်။ အဲဒီ အချိန်မှာ သူက ရဲရဲဝံ့ဝံ့နဲ့ စပြီးတော့ ဖွင့်တာဖြစ်ပါတယ်။
အဲဒီတော့ ကျွန်တော့်လိုပဲ လူတိုင်းလူတိုင်းက နံနက်စာစားချင်တယ်ဆိုတဲ့ ပြဿနာကြီးသည် တဖြည်းဖြည်းနဲ့ အကြီးကြီးဖြစ်လာတဲ့ အချိန်မှာ အဲဒီဆိုင်လေးကလည်း စဖွင့်လိုက်ရော သူ့ဆီကို အလုအယက် စပြီးတော့ မှာကြတော့တယ်။ ဒါသည် သူ့ရဲ့ မဟာဗျူဟာက လစ်ဟာသွားတဲ့ ကွက်လပ်ကို အကောင်းဆုံးနည်းလမ်းနဲ့ ဖြည့်ဆည်းပေးတာဖြစ်ပါတယ်။ အိုကေ...ဆက်ပြီး လေ့လာကြည့်ရအောင်။
ကျွန်တော်တို့က ဒီအချက်ကိုသုံးသပ်ရမယ်ဆိုရင် သူသည် ဈေးကွက်ရဲ့လိုအပ်ချက်ကို နားလည် တယ်လို့ပြောလို့ရပါတယ်။ နောက်တစ်ချက် ဈေးကွက်ရဲ့လိုအပ်ချက်ကို တကယ်နားလည်သွားတယ်။ လူတွေရဲ့တကယ်ပြဿနာကို နားလည်သွားတဲ့အချိန်မှာ အဲဒီပြဿနာကိုဖြေရှင်းပေးမယ့် Solution တစ်ခုကို ပေးလိုက်တာနဲ့ လူတွေအများအပြား သူ့ဆီကို First Customer အနေနဲ့ လာပြီးတော့ စားသောက်ကြတယ်၊ ဝယ်ယူကြတာကို သွားတွေ့ရတယ်။
အဲဒီတော့ ကျွန်တော်ဆိုရင် ကျွန်တော့်အိမ်ရှေ့က မုန့်ဟင်းခါးဆိုင်ကလည်း ပိတ်သွားတယ်။ ကျွန်တော်တို့ ခပ်လှမ်းလှမ်းက ကျွန်တော် စားနေကျထမင်းကြော်ဆိုင်ကလည်း ပိတ်သွားတယ်။ ကျွန်တော် ညဘက် ဘာဂါ စားတဲ့ဆိုင်ကလည်း ပိတ်သွားတယ်။ အဲဒီတော့ အဲဒီအချိန်မှာ သူသည် ကျွန်တော်တို့ လိုလူမျိုးတွေရဲ့ပြဿနာကို အများအပြား ဖြေရှင်းပေးလိုက်နိုင်တယ်။ ဒါ့အပြင် အဲဒီအချိန်မှာ သတင်းက အရမ်းပျံ့နှံ့လွယ်တယ်။ ဥပမာ ထားပါတော့... ကျွန်တော်က ပြန်ပြီးတော့ ကျွန်တော့်အမေကို ပြောတယ်။ အမေ အဲဒီဆိုင် အရမ်းကောင်းတယ်။ အခုချိန်လဲ မှာလို့ရတယ်... မှာ။ အမေကပါ လိုက်မှာတယ်။ အမေကလည်း သူ့အသိတွေကို ပြောတယ်။ ကျွန်တော်ကလည်း ကျွန်တော့်အစ်မကိုပြောတယ်။ ကျွန်တော့်အစ်မကလည်း သူတို့တစ်အိမ်လုံး ဝယ်စားတယ်။
အဲဒီတော့ ကျွန်တော့်တစ်ယောက်တည်းကကိုပဲ အဲဒီလို အခက်အခဲ မျိုးစုံဖြစ်နေတဲ့လူတွေဆီကို သတင်းပျံ့နှံ့သွားပြီးတော့ ကျွန်တော်တို့ သူ့မှာ Customer အသစ်တွေ အများကြီးတိုးပွားလာတာကို သွားတွေ့ရတယ်။ အဲဒီတော့ ကျွန်တော်တို့ Review လုပ်ရလို့ရှိရင် ဈေးကွက်ရဲ့လိုအပ်ချက်ကို ကောင်းကောင်း နားလည်တာ ဖြစ်ပါတယ်။ ပြီးတော့ ဖြည့်ဆည်းပေးနိုင်တဲ့ Solution ပါ။ ကျွန်တော်ပြောလိုက်တဲ့အခါမှာ solution လို့ပဲ ကျွန်တော် သုံးတယ်နော်။ Product, Service ဒီလို ကျွန်တော် မပေးဘူး။ Solution ကို ပြောပါတယ်။
Solution ဆိုတာ ဘာလဲဆိုတော့ လူတွေရဲ့ ပြဿနာကို တစ်ခုလုံးကြီးကို ပြေပြေလည်လည် ဖြေရှင်းပေးနိုင်မယ့်အဖြေ။ ဒါကို ကျွန်တော်တို့က ရောင်းတာ။ Product Service တစ်ခုတည်းကို ရောင်းတာ မဟုတ်ပါဘူး။ ဒါက သူ့ရဲ့ ပထမဦးဆုံ Strategy ဖြစ်ပါတယ်။နောက်တစ်ခုက ဘာဖြစ်မလဲ။
အိုကေ... အဲဒီတော့ ကျွန်တော်တို့က ဈေးကွက်လိုအပ်ချက်ကို သိလို့ အဲဒီဈေးကွက်လိုအပ်ချက်ကို ဖြေရှင်းပေးနိုင်မယ့် ကျွန်တော်တို့ product သို့မဟုတ် service သို့မဟုတ် solution တစ်ခုကို ပေးလိုက်လို့ customer အသစ်တွေ ရလာပြီ ဆိုပါတော့ဗျာ။ ဒါပေမဲ့ ဒီ customer တွေကို ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ product quality မကောင်းဘူးဆိုရင် ဆက်ပြီးထိန်းထားနိုင်မှာ မဟုတ်ဘူး။ တစ်နည်းအားဖြင့် အိတ်ပေါက်နဲ့ ဖားကောက်တဲ့အနေခြအနေမျိုးပဲရောက်မှာ။
အဲဒီတော့ သူ့ရဲ့ ဒုတိယ strategy က ဘယ်လိုသွားသလဲဆိုတော့ သူရဲ့ product quality အရမ်းကောင်းအောင်လုပ်ပေးတာဖြစ်ပါတယ်။ ဥပမာ ထားပါတော့... ကျွန်တော်တို့ မြီးရှည် မှာစားတယ်။ မန္တလေးမြီးရှည်ကို က
Unlock to read this premium article with 100 points.