Author's Profile Photo

Kaung Hein Soe - Strategic

21/11/2025

ရင်းနှီးမြုပ်နှံမှု လုပ်မယ်ဆိုရင်

1 min read
Business
General Knowledge
ရင်းနှီးမြုပ်နှံမှု လုပ်မယ်ဆိုရင်'s photo

ရင်းနှီးမြုပ်နှံမှု လုပ်မယ်ဆိုရင် အဓိက အားဖြင့် Strategy အနေနဲ့ က Value Investing နဲ့ Growth Investing ဆိုပြီး နှစ်မျိုးရှိတယ်။ Value Investing ဆိုတာက Warren Buffet ကို ကမ္ဘာကျော် ချမ်းသာစေခဲ့တဲ့ investing style ပါပဲ။ Warren က value investing strategy ကို Stockshare နယ်ပယ်မှာ ကိုယ်ပိုင် ဖော်ဖြူလာတွေထုတ်ပြီး လုပ်ခဲ့တာပါပဲ။ ဥပမာ Cigar-butt Investing Style လိုပေါ့။ . Value Investing ရဲ့အသက်က Margin of Safety ဘယ်လောက်ကျန်အောင် တွက်ထုတ်သုံးသပ်ပြီး ညှိနှိုင်းဝယ်ယူ နိုင်သလဲ ဆိုတာဖြစ်ပါတယ်။ Margin of safety များလေလေ investment က safe ဖြစ်လေလေ အမြတ် ကျိန်းသေလေပါပဲ။ ဒါပေမယ့် Value Investing ကGrowth Investing နဲ့ ယှဉ်ရင် Return ပမာဏ နည်းလေ့ရှိပါတယ်။ ပိုအားသာတာကတော့ နည်းမှန် လမ်းမှန် သုံးနိုင်ရင် safe ပိုဖြစ်တဲ့ သဘောပါပဲ။ . Growth Investing ကတော့ ပိုပြီး return များတယ် ပိုပြီး မြန်မြန် ချမ်းသာနိုင်မယ် ဆိုတဲ့အားသာချက်တွေ ရှိသလို Risk ကလဲ အတော်များပါတယ်။ . . လုပ်သင့်တာက ပင်ပင်ပန်းပန်းစု လာတဲ့ ငွေလေးတွေကို စပြီး Investment လုပ်မယ်ဆိုရင် Value Investing နည်းကို အရင် သုံးသင့်ပါတယ်။ ဒီနောက် ကနေ level တက်သွားပြီး income and return ကောင်းကောင်းတစ်ခု ရလာတဲ့အခါ Growth Investing ဖက်ကို လှည့် သင့်ပါတယ်။ . ကျွန်တော့်တုန်းက investment chapter 1 အဆင့် အစပိုင်းမှာ သူများ လုပ်တာအားကျပြီး Growth investing နဲ့ စတင် မိပါတယ်။ ဆိုတော့ မြတ်တာ ရှိသလို ကွဲ ရင်လဲ ရှယ်ကွဲပါပဲ။ ငွေက စု နေရတာ ဆိုတော့ တစ်ခုကွဲတာနဲ့ အဲ့ဒီပမာဏ ရအောင်က မနည်းပြန်လုပ်ရပါတယ်။ ဆိုတော့ တိုးတက် သင့်သလောက် မတိုးတက်ခဲ့တာပါပဲ။ ဘဝနဲ့ ရင်းရခဲ့တဲ့သင်ခန်းစာတွေပဲဆိုပါတော့။ . ဒီနောက်ပိုင်း မှာမှ Value Investing နည်းကို ပြန်ကျင့်သုံးပြီး ခံတပ်တစ်ခု တည်ဆောက် ရပါတယ်။ ၂၀၂၁ တစ်နှစ်လုံးက စ value investing နည်း တွေနဲ့ ပဲ investment တွေ လုပ်ဆောင်ခဲ့ပါတယ်။ . . အထက်က ပြောခဲ့တဲ့ Cigar-butt investing နဲ့ Value Investing အကြောင်းတွေကို လေ့လာလိုရင် page မှာ မျှဝေထားပြီး ဖြစ်လို့ ရှာဖွေကြည့်နိုင်ပါတယ်။ . .

Kaung Hein Soe - Strategic Business Consultant

Keep Reading

ကျရှုံးလေပြီးသော Start Up များ အကြောင်း ....အပိုင်း(၁)ရင်းနှီးမြုပ်နှံမှု လုပ်မယ်ဆိုရင်Personal Finance အရ စတင် တည်ဆောက်ချိန်ကိုဗစ်−၁၉ ကာလမှာ စတင်အောင်မြင်သွားတဲ့ လုပ်ငန်းတစ်ခု ကျွန်တော့်ရဲ့ ရှုံးနိမ့်မှုများ အပိုင်း ( ၄ ) ဒုတိယအကြိမ် ရှယ်ယာထည့်ဝင်ခြင်း တစ်လကိုဝင်ငွေဘယ်လောက်ရှိရှိ ၅မျိုးခွဲပြီး အချိုးကျသုံးစွဲပါကျွန်တော့်ရဲ့ ရှုံးနိမ့်မှုများ အပိုင်း ( ၃ ) ရှယ်ယာထည့်ဝင်ခြင်း ကျွန်တော့်ရဲ့ ရှုံးနိမ့်မှုများ အပိုင်း ( ၂ ) ချေးငွေလုပ်ငန်း ကိုလတ်ဆိုတဲ့ လူတစ်ယောက်အကြောင်း အေးဂျင့်တိုင်းအတွက်