Author's Profile Photo

Kaung Hein Soe - Strategic

18/08/2025

ကိုလတ်ဆိုတဲ့ လူတစ်ယောက်အကြောင်း

5 mins read
Business
Career & Job Market
Self Improvement
ကိုလတ်ဆိုတဲ့ လူတစ်ယောက်အကြောင်း 
's photo

အားလုံးပဲ မင်္ဂလာပါ။
ကျွန်တော် တောင်ကြီးသွားခဲ့တုန်းက တောင်ကြီးမြို့က လူတစ်ယောက်အကြောင်းကို အားလုံးသိအောင် ပြောပြချင်ပါတယ်။ တောင်ကြီးမြို့က လူတစ်ယောက်ရဲ့အကြောင်းကို အားလုံးသိအောင် ကျွန်တော် ဒီလူရဲ့ အကြောင်းက ဘာတွေထူးခြားနေသလဲ။ တစ်ချက်လောက် ဆက်ပြီးတော့ ကြည့်ကြည့်ပါဦးဗျ။

ကျွန်တော် တောင်ကြီးမြို့ကိုရောက်တဲ့အချိန်မှာ ကျွန်တော် လူတစ်ယောက်နဲ့ တွေ့ခဲ့ပါတယ်။ သူ့ နာမည်က ကိုလတ်လို့ခေါ်ပါတယ်။ ကိုလတ်ပေါ့နော်။ အဲဒီတော့ သူက တောင်ကြီးမြို့မှာ အကြီးဆုံး ရေသန့် လုပ်ငန်းကြီးတစ်ခုရှိပါတယ်။ အဲဒီရေသန့်လုပ်ငန်းကြီးမှာ ကိုလတ်သည် ရေသန့်ပို့တဲ့ကားမောင်းတဲ့ ရေသန့်လိုက်ပို့တဲ့ ကားမောင်းတဲ့ ဒီအလုပ်ကိုလုပ်တဲ့ လူတစ်ယောက်ဖြစ်ပါတယ်။

အဲဒီတော့ သူ့အကြောင်းက ဘာ့ကြောင့် ဒီလောက်ထူးခြားနေသလဲပေါ့နော်။ သူ့အကြောင်းကို ကျွန်တော်ကြားတဲ့အချိန်မှာ ကျွန်တော်ကိုယ်တိုင် ကောင်းဟိန်းစိုး အရမ်း Inspired ဖြစ်တယ်။ ကျွန်တော်ကိုယ်တိုင်ကို အရမ်းကို စိတ်အားတွေ တက်ကြွတယ်။ ဒါကြောင့် သူ့အကြောင်းကို ကျွန်တော်က ပြောဖြစ်တာ ဖြစ်ပါတယ်။
အဲဒီတော့ ဆက်ပြီးတော့ သွားကြည့်ရအောင်။

ကျွန်တော်တို့ရဲ့ဘဝမှာ လူတိုင်းလူတိုင်းက အောင်မြင်မှုကို ရချင်ကြတယ်။ ဒီလိုပေါ့နော်။ အဲဒီတော့ အောင်မြင်မှုရဖို့အတွက် ကံ၊ ဉာဏ်၊ဝီရိယ သုံးခုလိုတယ်လို့ ကျွန်တော်တို့က ပြောလေ့ ရှိကြတယ်ပေါ့ဗျာ။ တချို့ကကျတော့လည်း ဘာပြောလဲဆိုတော့ လူတိုင်းသည် ကြိုးစားရင် မအောင်မြင်နိုင်ဘူးလို့ ဒီလိုပြောကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘဝမှာ ပေးထားတဲ့ ပေးချက်တိုင်းက မတူဘူးပေါ့။ ဥပမာ သင်္ချာပုစ္ဆာတစ်ပုဒ်မှာ ပေးထားချက်တွေ မတူသလို ကျွန်တော်တို့ရဲ့ဘဝတွေမှာလည်း တချို့ဟာ အိမ်ကချမ်းသာတယ်၊ တချို့ဟာ အိမ်ကို ပြန်ထောက်ပံ့ရတယ်၊ တချို့က အိမ်ကဆင်းရဲတယ်၊ တချို့က မိဘကိုမရှိဘူး အစရှိတဲ့ ပေးထားချက်တွေ မတူညီတဲ့အတွက် ကြိုးစားရင် ကြိုးစားသလောက် အောင်မြင်မယ်၊ နေရာ တစ်ခုကို ရမယ်ဆိုတာသည် လက်တွေ့မှာ မဖြစ်နိုင်ဘူး။ Motivation သက်သက်ပေးတဲ့ ဂျင်းစကားတွေလို့ ဆိုလေ့ရှိကြတယ်။

ကျွန်တော်က ဒါကို လက်မခံပါဘူး။ အဲဒီတော့ ကျွန်တော့်ဘဝ အောင်မြင်ဖို့လည်း ကျွန်တော်ကိုယ်တိုင် အောက်ခြေကနေ ကြိုးစားခဲ့တာ ဖြစ်တယ်။ ကံရယ်၊ ဉာဏ်ရယ်၊ ဝီရိယရယ် ကျွန်တော်တို့မှာ သုံးခုသည် အောင်မြင်မှုအတွက်လိုအပ်တယ်။ အဲဒီတော့ ကိုယ့်မှာက ကံနည်းနေတယ်ဆိုရင် ကျွန်တော်တို့ ဘာကိုတိုးမြှင့်ရမလဲ၊ ဝီရိယကို တိုးမြှင့်ရမယ်။ ကျွန်တော်တို့မှာ တခြားအရာတွေမှာ ပိုပြီးတော့ နည်းပါးနေသေးတယ်ဆိုရင် တခြားကိုယ်တတ်နိုင်တဲ့အရာမှာ နှစ်ဆသုံးဆ ကျွန်တော်တို့က ကြိုးစားဖို့ လိုတယ်။ 

အဲဒီတော့ ကိုယ် ဘယ်လောက်ထိကြိုးစားရမလဲ၊ ကိုယ်ဘယ်လောက်ထိ ဉာဏ်ကိုသုံးရမလဲ၊ ကိုယ် ဘယ်လောက်ထိ ဝီရိယကို သုံးရမလဲ၊ ဒါကို များများ လိုအပ်သလောက်သုံးနိုင်မယ်ဆိုရင် ကျွန်တော်တို့သည် ဘယ်အခြေအနေမှာမဆို ဘယ်လောက်ပေးထားချက်နည်းနေပါစေ အောင်မြင်မှုတစ်ခုကို ကျွန်တော်တို့ဟာ ရနိုင်မှာဖြစ်ပါတယ်။ ဒါက ကျွန်တော် ကြားဖြတ်ပြီးပြောချင်တာပါ။ အခု ကျွန်တော်တို့ ကိုလတ်အကြောင်းကို ပြန်သွားကြည့်ရအောင်။
ကျွန်တော် တောင်ကြီးမြို့ကိုရောက်တဲ့အချိန်မှာ ရေသန့်ကားမောင်း ပြီးတော့လိုက်ပို့တဲ့ ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ကိုလတ်နဲ့ ကျွန်တော် စတွေ့ဖြစ်တယ်။ အဲဒီတော့ တွေ့ဖြစ်တဲ့အကြောင်းကတော့ သူ့ရဲ့လုပ်ငန်းရှင်က သူ့ရဲ့သူဌေးက ဒီလူသည် အရမ်းထူးခြားတဲ့လူဖြစ်တယ် ဆိုပြီးတော့ ကျွန်တော့်ကို တကူးတက မိတ်ဆက်ပေးတဲ့အတွက် ကျွန်တော်နဲ့ တွေ့ဖြစ်ခဲ့တာဖြစ်တယ်။

အဲဒီတော့ ဘာထူးခြားသလဲပေါ့။ ဘာထူးခြားသလဲဆိုတော့ သူသည် အလုပ်စဝင်တဲ့အချိန်ကနေ ပြီးတော့ ခြောက်နှစ်လုံးလုံး ဒီအလုပ်မှာ လုံးဝပျက်ရက်မရှိဘဲနဲ့၊ နောက်မကျဘဲနဲ့ ရက်မှန်ဆုတွေ အများကြီးရခဲ့တယ်။ နောက်တစ်ခါ လုပ်ငန်းကချီးမြှင့်ပေးတဲ့ ဆိုင်ကယ်ဆုတွေ၊ ဝန်ထမ်းကောင်းဆုတွေကိုလည်း အများကြီးရခဲ့တယ်ဆိုတာကို သွားတွေ့ရတယ်။

အဲဒီတော့ ခြောက်နှစ်လုံးလုံး လုံးဝနောက်မကျဘဲနဲ့၊ လုံးဝ နားရက်မယူဘဲနဲ့ ဘာ့ကြောင့် ဘယ်လိုစိတ်မျိုးနဲ့ သူသည် တာဝန်ထမ်းဆောင်နိုင်ခဲ့တာလဲဆိုတာကို ကျွန်တော်က အရမ်းသိချင်သွားတယ်။ ကျွန်တော်နဲ့ သူနဲ့ တွေ့တဲ့အချိန်မှာ ကျွန်တော်က မေးတာပေါ့။

“ခင်ဗျားကို ကျွန်တော် အရမ်းချီးကျူးပါတယ်၊ ခြောက်နှစ်လုံးလုံး အလုပ်ကို မနားမနေ ကြိုးစားနိုင်ခဲ့တာ ဘာ့ကြောင့် ဒီစိတ်မျိုးနဲ့ ကြိုးစားနိုင်ခဲ့တာလဲ”

သူကပြန်ပြောတယ်။ သူပြန်ပြောတဲ့စကားလေးက သူ့ဘဝက အဖေရယ် အမေရယ်ရှိတယ်။ အဖေနဲ့အမေကို သူသည် အရမ်းချစ်တယ်။ အဲဒီတော့ သူသည် အဖေနဲ့အမေအတွက် အိမ်ဝိုင်းလေးတစ်ခု ဝယ်ပေးချင်တယ်။ အိမ်ဝိုင်းလေးထားချင်တယ်ပေါ့ဗျာ။ ဆိုလိုတာက အရင်တုန်းက အိမ်ငှားပြီးပဲ နေရတယ်။ တခြားလူရဲ့အိမ်မှာ အိမ်ငှားအဖြစ်နဲ့ ငှားနေရတယ်။ အဲဒီတော့ အဖေနဲ့အမေနဲ့က ညည်းတယ်။

“ငါတို့ တစ်သက်လုံး ကိုယ်ပိုင်အိမ်ဝို

မိုက်ရဲ့ အရင်းအနှီးတွေက ဘာဖြစ်မလဲ။မန္တလေးမြို့ရဲ့ အအောင်မြင်ဆုံးလူတစ်ယောက်၏ အတုယူစရာကောင်းသည့် အချက်တစ်ချက်ကိုလတ်ဆိုတဲ့ လူတစ်ယောက်အကြောင်း အရင်းအနှီးအကြောင်း ဂဃနဏ သိပါစေ။ပင်းတယ သစ်သီးတန်းရဲ့ ထူးခြားမှုတစ်ခု မြေဝယ်မယ်ဆိုလျှင် ဘယ်အချက်တွေကိုကြည့်ပြီး စဉ်းစားဆုံးဖြတ်ရမလဲ ရွှေဆိုတာအကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုလား စီးပွားရေးလုပ်ငန်းတစ်ခုအနေနဲ့ ဈေးကွက်ထဲကို စတင် ဝင်ရောက်တော့မယ်ဆိုရင် ဘာတွေသုံးသပ်ရမလဲ ငွေအရင်းအနှီး ဘယ်ကနေရှာ 3F ကနေပါ ဘယ်လုပ်ငန်း နယ်ပယ် အရင်းအနှီး ဈေးကွက်ထဲကို ရောက်နေသလဲဆိုတာ အရင်သိအောင်လုပ်ပါ။

Unlock to read this premium article with 100 points.