Kaung Hein Soe - Strategic
အားလုံးပဲ မင်္ဂလာပါ။
မိနစ်ပိုင်းစာ စီးပွားပညာအစီအစဉ်ကနေ ပြန်ပြီးတော့ ကြိုဆိုပါတယ်ဗျ။
ကျွန်တော် မျှဝေပေးနေတဲ့အကြောင်းအရာက ကျွန်တော် စီးပွားရေး လုပ်ငန်းရှင်တစ်ယောက်ဖြစ်အောင် ကြိုးစားခဲ့တဲ့ အောင်မြင်မှုအဆင့်တွေ မဟုတ်ဘဲနဲ့ ဒါနဲ့ ဆန့်ကျင်ဘက် ကျွန်တော်ကြုံခဲ့တဲ့ ဆုံးရှုံးမှုတွေ ရှုံးနိမ့်မှု
တွေအကြောင်းကို သင်ခန်းစာယူစရာအဖြစ် မျှဝေပေးနေတာဖြစ်ပါတယ်။
ဒီတစ်ခေါက်မှာကတော့ ကျွန်တော့်ရဲ့ ဆုံးရှုံးမှု ရှုံးနိမ့်မှုက ရှယ်ယာထည့်တဲ့ နောက်ထပ်အခြေအနေတစ်ခုပဲ ဖြစ်ပါတယ်။ ပထမတစ်ခါတုန်းက ကျွန်တော်ပြောခဲ့တဲ့အပိုင်းမှာ ကျွန်တော် လုပ်ငန်းလေးတစ်ခုမှာ ရှယ်ယာ ထည့်လိုက်တယ်။ ကျွန်တော် ဆုံးရှုံးသွားတယ်။ ဒါပေမဲ့ ကျွန်တော်က ဒီ ရှယ်ယာထည့်တဲ့အလုပ်ကို စိတ်မကုန်သေးဘူး။ ဘာ့ကြောင့် စိတ်မကုန်သလဲ။ လုပ်ငန်းတစ်ခု သဘောသဘာဝကို နားလည်ရတယ်။ ဒီရှယ်ယာသည် အမြတ်အစွန်းလည်းများတယ်။ လုပ်ငန်းပိုင်ဆိုင်မှုတန်ဖိုးကလည်း တက်လာနိုင်တယ်။ ဒါပေမဲ့ ဒီကောင်းကျိုးတွေရှိနေတော့ ရှယ်ယာထည့်ပြီး တော့ လုပ်ငန်း Run တဲ့ကိစ္စကို ကျွန်တော် စိတ်မကုန်သေးဘူးပေါ့နော်။
ဒီတစ်ခါကျတော့ ကျွန်တော်တို့ ခင်မင်ရင်းနှီးတဲ့ လုပ်ငန်းတစ်ခုကနေပြီးတော့ ရှယ်ယာထပ်ခေါ်တာကို သွားပြီး တွေ့ရတယ်။ ဒီတစ်ခါကျတော့ ကျွန်တော်က ရှေ့မှာ Operation ကို သွားမစစ်မိတဲ့ အတွေ့အကြုံရှိထားတဲ့အတွက် ကျွန်တော်ဒီတစ်ခေါက် သူတို့ရဲ့ စက်ရုံကိုသွားတယ်။ ဒီစက်ရုံက ဘာလဲဆိုတော့ အထည်ချုပ်လုပ်ငန်းလုပ်တဲ့ စက်ရုံပေါ့နော်။
အဲဒီတော့ အထည်ချုပ်လုပ်ငန်းက တကယ်လည်း အထည်ချုပ်စက်တွေနဲ့ အများကြီးချုပ်နေတယ်။ နောက်တစ်ခါ စက်ရုံကလည်း အကြီးကြီးဖြစ်တယ်။ အဲဒီမှာလည်း သူ့ဟာနဲ့သူ ဌာနတွေဖွဲ့စည်းပြီးတော့ Run နေတယ်။ ခေါင်းဆောင်တဲ့ အစ်မကလည်း တကယ်ကို ရေရေလည်လည် Management ကို ကောင်းကောင်း တင်းကျပ်ပြီးတော့ လုပ်နေတယ်။
အဲဒီတော့ အထည်ချုပ်လုပ်ငန်းအပြင် သူက အထည်အလိပ်ပစ္စည်းတွေ နိုင်ငံခြားကသွင်းပြီးတော့ ပြန်ရောင်းတာလည်းလုပ်တယ်။ သင်တန်းကျောင်းတွေလည်းဖွင့်ထားတယ်။ အဲဒီတော့ Business အခွဲက သုံးလေးခု ရှိနေတာတွေ့ရတာပေါ့။ အဲဒီတော့ ကျွန်တော့်ဘဝမှာ ပထမဦးဆုံး သိန်းရာဂဏန်းနဲ့ ရှယ်ယာစထည့်တဲ့လုပ်ငန်းက ဒီလုပ်ငန်းဖြစ်လာတယ်။ အဲဒီတော့ ဒီလုပ်ငန်းဖြစ်လာတဲ့အချိန်မှာ ဒီလုပ်ငန်းသည် Operation လည်း လက်တွေ့ Run နေတယ်။ တကယ်လည်း ရောင်းနေတယ်။ မဆုံးရှုံးနိုင်ဘူး။ ကျွန်တော် ဒီလိုယူဆခဲ့တယ်။
ဒါပေမဲ့ ထုံးစံအတိုင်းပါပဲ။ သုံးလလောက် အမြတ်ထုတ်ပြီးတဲ့နောက်မှာ ဒီအစ်မက လုံးဝ အဆက်အသွယ်လုပ်လို့မရတော့ဘဲနဲ့ ကျွန်တော်တို့ ရှယ်ယာရှင်တွေအားလုံး ပလစ်ထားတာခံလိုက်ရတယ်။ ကျွန်တော် ထပ်ပြီးတော့ ဆုံးရှုံးမှုတစ်ခု ထပ်ကြုံရပါတယ်။
ဒီတစ်ခေါက်မှာက ကျွန်တော်က ဒုတိယအကြိမ်မြောက် ရှယ်ယာနဲ့ ပတ်သက်ပြီးတော့ ရှယ်ယာထည့်တဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ ရင်းနှီးမြှုပ်နှံမှုမှာ ဆုံးရှုံးမှုဆက်ဖြစ်တာပေါ့နော်။ အဲဒီတော့ ပထမတစ်ခေါက်တုန်းက ကျွန်တော်က လူချင်းသိရုံလောက်နဲ့ပဲ ရှယ်ယာထည့်တယ်။ အခု တစ်ခေါက်ကျတော့ Operation ကိုလည်းသွားကြည့်တယ်။ လုပ်ငန်းကိုလည်း သွားကြည့်တယ်။ လုပ်ငန်းကိုလည်း လေ့လာတယ်။ တကယ် မြတ်မမြတ်လည်း ကျွန်တော်သိအောင် ကျွန်တော်သွားကြည့်ရတယ်။ ဒါတွေလည်း လုပ်ပါလျက်နဲ့ ငါ ဘာ့ကြောင့်ဆုံးရှုံးတာလဲပေါ့နော်။
ဘာကြောင့်ဆုံးရှုံးတာလဲဆိုတော့ အဲဒီတုန်းက ကျွန်တော့်ရဲ့အားနည်းချက်တစ်ခုက ကျွန်တော်သည် Finance ကို လုံးလုံး နားမလည်တဲ့ အကြောင်
Unlock to read this premium article with 100 points.