Author's Profile Photo

Kaung Hein Soe - Strategic

13/08/2025

မန္တလေးမြို့ရဲ့ အအောင်မြင်ဆုံးလူတစ်ယောက်၏ အတုယူစရာကောင်းသည့် အချက်တစ်ချက်

5 mins read
Business
Career & Job Market
Self Improvement
မန္တလေးမြို့ရဲ့ အအောင်မြင်ဆုံးလူတစ်ယောက်၏ အတုယူစရာကောင်းသည့် အချက်တစ်ချက်'s photo

မနေ့တစ်နေ့တုန်းက ကျွန်တော် မန္တလေးမြို့ရဲ့ အအောင်မြင်ဆုံး၊ အချမ်းသာဆုံး လုပ်ငန်းရှင်တွေထဲမှာပါတဲ့ လုပ်ငန်းရှင်တစ်ယောက်နဲ့ ကျွန်တော်တွေ့ဖြစ်တယ်။ အဲဒီတော့ သူ့အကြောင်းတွေ ကျွန်တော်က မေးဖြစ်တာပေါ့နော်။

“အစ်ကို ဘာကြောင့် အောင်မြင်လာတယ်လို့ထင်သလဲ၊ အစ်ကို ဘာကြောင့် ဒီအခြေအနေ ရောက် လာတယ်လို့ထင်သလဲ၊ အစ်ကို့ရဲ့ဘဝမှာ အခက်အခဲတွေက ဘာတွေရှိမလဲ”

အစရှိတဲ့ ကျွန်တော်သိချင်တဲ့မေးခွန်းတွေကို ကျွန်တော် မေးဖြစ်တယ်။ မေးဖြစ်တဲ့အထဲမှာမှ ကျွန်တော် နမူနာယူစရာ၊ တကယ်လည်း အတုယူစရာကောင်းတဲ့ အချက်တစ်ချက်ကို ကျွန်တော် သွားတွေ့တယ်။ဒါလေး ကျွန်တော် ပြောပြချင်တယ်။

အဲဒီတော့ ခုနက ကျွန်တော်ပြောတဲ့ မန္တလေးမှာ အအောင်မြင်ဆုံး လုပ်ငန်းရှင်ထဲမှာပါတယ်ဆိုတဲ့ စီးပွားရေးလုပ်ငန်းရှင်က သူ့မှာ အလွန် ထူးခြားချက်တစ်ခုရှိတယ်။ ဒါ ဘာလဲဆိုတော့ သူက လူကောင်းတွေနဲ့ပဲ အမြဲဆုံစည်းလေ့ရှိတယ်။ ကျွန်တော်က သူ့ကိုမေးကြည့်တယ်။

“အစ်ကို့ဘဝမှာ ဒီလောက် နှစ်နဲ့ချီပြီးတော့ ဆယ်စုနှစ်တွေအများကြီး လုပ်ငန်းလုပ်ခဲ့တာ အလွဲသုံးစားလုပ်တဲ့သူတွေ တွေ့ဖူးလား၊ အလွဲသုံးစားလုပ်ခံရတာ၊ ပိုက်ဆံလိမ်ခံရတာ၊ စီးပွားရေးမှာ မရိုးမဖြောင့် တစ်ခုခုကြောင့် ဆုံးရှုံးဖူးတာ ကြုံဖူးလား” ဆိုတော့ သူက ပြောတယ်။“ကျွန်တော် ပိုက်ဆံ တစ်သိန်းခုနစ်သောင်းပဲဆုံးရှုံးဖူးတယ်””

ဒီလိုပြောတယ်... နှစ်ပေါင်းများစွာအတွင်းမှာ...။အိုကေ . . . ဘာကြောင့်လဲ။ ကျွန်တော်လည်းအံ့သြသွားတယ်။ အဲဒီတော့ အစ်ကိုက ကျွန်တော့်ကိုပြောတယ်။ ဘာလဲဆိုတော့-

“ကျွန်တော့်ဘဝမှာ လူကောင်းတွေနဲ့ပဲ ကြုံရလေ့ရှိတယ်” တဲ့။“ရိုးသားတဲ့လူ၊ တကယ်စိတ်ချရတဲ့လူ၊ ကိုယ့်ကို အကူအညီပေးမယ့်လူ၊ ကိုယ့်ကို တကယ်ယုံကြည်စိတ်ချပြီးတော့ တကယ်စေတနာရှိတဲ့လူ၊ ဒီလူတွေနဲ့ပဲ တွေ့ရလေ့ရှိတယ်”

သူက ဒီလိုပြောတယ်။ အဲဒီတော့ ကျွန်တော်ကတော့ အစမှာဘယ်လိုထင်သလဲဆိုတော့-
“ဪ... ဟုတ်ပြီ၊ ဒါဆိုရင်တော့ ဒါ အစ်ကို အတိတ်ကံတရားပေါ့၊ ထားပါတော့ ကျွန်တော်တို့က ဗုဒ္ဓဘာသာဆိုတော့ .. အတိတ်က ကောင်းတဲ့ကုသိုလ်လုပ်ခဲ့တော့ လူတွေကိုကူညီခဲ့တော့ ကိုယ့်ကို ကူညီမယ့် လူတွေ၊ ကိုယ့်အပေါ် ကောင်းတဲ့လူတွေနဲ့ပဲ... လူကောင်းတွေနဲ့ပဲ … သူတော်ကောင်းတွေနဲ့ပဲ ဆုံဆည်းရတယ်”

ကျွန်တော်က ဒီလို တွေးလိုက်တယ်ပေါ့နော်။ ငါ အရင်ဘဝက ပေးကမ်းစွန့်ကြဲတာတွေ လုပ်ခဲ့လို့…. ဒီလို.. ဒီလို အခုဘဝမှာ ကောင်းတယ်ပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ စကားဆက်ပြီးတော့ပြောတယ်။ စကား ဆက်ပြောတဲ့အချိန်မှာ ထူးထူးခြားခြား အတုယူစရာတစ်ခု ထပ်ပြီးတော့ သွားတွေ့တယ်။ 

ဒါကဘာလဲဆိုတော့ သူ့ဘဝမှာ-“လုပ်ငန်းစပြီးတော့ ကိုယ်ပိုင်လုပ်ငန်း စလုပ်တယ်။ စလုပ်တဲ့အချိန်မှာ ငွေလိုအပ်လာတယ်၊ ငွေကြေးလိုအပ်လာတယ်။ ငွေကြေး လိုအပ်လာတဲ့အတွက် ဒီငွေကြေးကို ဘယ်ကနေရမလဲ၊ စဉ်းစားတယ်။ ဥပမာ ချေးငွေယူရမလား၊ အိမ်ပေါင်ရမလား၊ ဘာလုပ်ရမလဲ၊ ဒါမျိုးပေါ့နော်။ စဉ်းစားတဲ့ အခြေအနေ တစ်ခုရောက်လာတယ်။ ဒီငွေကြေးရရင်လည်း ဒီလုပ်ငန်းကို ပိုပြီးတော့ကြီးထွားအောင် ချဲ့ထွင်နိုင်မယ်ဆိုတာ လုံးဝကျိန်းသေတယ်။ ဒါပေမဲ့ ငွေကြေး ဘယ်ကရမလဲဆိုတာ မသိဘူးဖြစ်နေတယ်။ အဲဒီအနေအထားတစ်ခုဖြစ်နေတယ်” တဲ့။

“အဲဒီတော့ ဒီပြဿနာကို အစ်ကို ဘယ်လိုဖြေရှင်းခဲ့သလဲ။” သူက ဖြေပါတယ်။ အစ်ကိုဖြေတဲ့အဖြေက အရမ်းရိုးရှင်းတယ်။

“ကျွန်တော့်လုပ်ငန်းမှာ ပိုက်ဆံလိုနေတဲ့အချိန်မှာ ဘယ်က ပိုက်ဆံ ရခဲ့သလဲဆိုတော့ ဒီလုပ်ငန်းအတွက်ရင်းနှီးဖို့ပေါ့နော်၊ အရင်တုန်းကသိကျွမ်းခဲ့ဖူးတဲ့ ကွမ်းယာဆိုင်၊ ကွမ်းယာဆိုင်မှာ သိကျွမ်းခဲ့ဖူးတဲ့ ကွမ်းယာ ဆိုင်ပိုင်ရှင်... သူကနေပြီးတော့ မင်း လိုအပ်သလောက်ယူ၊ ကြိုက် သလောက်ယူ၊ ကြိုက်သလောက် ငါ အကူအညီပေးမယ်ဆိုပြီးတော့ ကူညီခဲ့တယ်”ကျွန်တော် တအား အံ့သြသွားတယ်။“ဟာ. . .ကွမ်းယာဆိုင်မှာအသိအကျွမ်းဖြစ်ခဲ့တဲ့ ကွမ်းယာဆိုင်ပိုင်ရှင်က ဘာကြောင့် အစ်ကို့ကို လိုသလောက်ပေးမယ်လို့ ကူညီဖြစ်တာလဲ””

အဲဒီတော့ အစတုန်းကတော့ သူကလည်း ကွမ်းယာဆိုင်ဖွင့်ထားတာလေ။ ဒါပေမဲ့ အဲဒီကွမ်းယာဆိုင်လေး လုပ်ရင်းလုပ်ရင်းနဲ့ ဒီကွမ်းပစ္စည်းတွေကိုပါ သူက ဒိုင်သဘောမျိုးပေါ့နော်၊ ဒိုင်လုပ်လိုက်ပြီးတော့ ကုန်သွယ်လိုက်ပြီးတော့ သူကလည်း တဖြည်းဖြည်း ချမ်းသာတဲ့လူတစ်ယောက်ဖြစ်လာတယ်။ အဲဒီတော့ ဒီအစ်ကိုက ကိုယ်ပိုင်စီးပွားရေး စလုပ်တဲ့အချိန်မှာ သူက ငွေကြေးတောင့်တင်းတဲ့သူ ဖြစ်နေပြီ။ ဒါကြောင့် “မင်းကြိုက်သလောက်ယူ၊ ငါ ကူညီပေးမယ်” ဆိုပြီးတော့ ကူညီပေးခဲ့တာတဲ့။

အဲဒီတော့ ကျွန်တော်တို့ ပိုပြီးတော့ အံ့သြရတယ်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဟုတ်ပြီ... ဘာကြောင့် ဒီကွမ်းယာဆိုင်မှာ သိတဲ့အသိဟာ ဒီလိုမျိုး ကိုယ့်ကို ယုံကြည်ရတာလဲ။ အဲဒီတော့ နမူနာယူစရာလေးတစ်ခု
သွားတွေ့ရတယ်။ ဘာသွားတွေ့ရသလဲဆိုတော့ ဒီအစ်ကိုက ခုနက ငွေချေးယူမယ့်အစ်ကိုက သူက အရင်က ဝန်ထမ်းဘဝမှာ အလုပ်လုပ်တယ်။ ဝန်ထမ်းဘဝပေါ့နော်။ ဝန်ထမ်းဘဝမှာ အလုပ်လုပ်ရင်းနဲ့ အလုပ်ဆင်းတဲ့အချိန်မှာ သူက ကွမ်းယာဝယ်စားတယ်။ ကွမ်းယာဝယ်စားရင်းနဲ့ ဒီကွမ်းယာဆိုင်ပိုင်ရှင်နဲ့ ရင်းနှီးနေတာပေါ့နော်။

ရင်းနှီးရင်း ရင်းနှီးရင်းနဲ့ သူက ဘာရည်ရွယ်ချက်နဲ့မှ မဟုတ်ဘူး၊ ကွမ်းယာ ဝင်ရောင်းပေးတယ်။ သူကလည်း အားနေတဲ့အချိန

မိုက်ရဲ့ အရင်းအနှီးတွေက ဘာဖြစ်မလဲ။မန္တလေးမြို့ရဲ့ အအောင်မြင်ဆုံးလူတစ်ယောက်၏ အတုယူစရာကောင်းသည့် အချက်တစ်ချက်မြေဝယ်မယ်ဆိုလျှင် ဘယ်အချက်တွေကိုကြည့်ပြီး စဉ်းစားဆုံးဖြတ်ရမလဲ ရွှေဆိုတာအကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုလား စီးပွားရေးလုပ်ငန်းတစ်ခုအနေနဲ့ ဈေးကွက်ထဲကို စတင် ဝင်ရောက်တော့မယ်ဆိုရင် ဘာတွေသုံးသပ်ရမလဲ ငွေအရင်းအနှီး ဘယ်ကနေရှာ 3F ကနေပါ သင့်ရဲ့ ကုန်ပစ္စည်းတွေကို ပိုရောင်းရအောင်သုံးရလေ့ရှိတဲ့ နည်းလမ်းတစ်ခုမိမိရဲ့ Product တွေ၊ Service တွေကိုပိုပြီး ဝယ်ယူချင်စိတ်ဖြစ်ပေါ်အောင် နည်းလမ်းတစ်ခု ရွှေဝယ်ပြီးရင်းနှီးမြှုပ်နှံရင် ဘယ်တော့မှမရှုံးမယ့်နည်းလမ်း ဈေးကွက်ကို ဘယ်လိုနည်းလမ်းနဲ့ စိုးမိုးထားနိုင်မလဲ

Unlock to read this premium article with 100 points.