
Kaung Hein Soe - Strategic
ကျွန်တော့်ရဲ့ ရှုံးနိမ့်မှုများ အပိုင်း ( ၃ ) ရှယ်ယာထည့်ဝင်ခြင်း

အားလုံးပဲ မင်္ဂလာပါ။
မိနစ်ပိုင်းစာ စီးပွားပညာအစီအစဉ်ကနေ ပြန်ပြီးတော့ကြိုဆိုပါတယ်ဗျ။
ကျွန်တော်က အခုတလော ကျွန်တော်ပြောနေတဲ့အကြောင်းအရာကတော့ ကျွန်တော် စီးပွားရေးလုပ်ငန်းရှင်တစ်ယောက် ဖြစ်လာတဲ့အချိန်မှာ အောင်မြင်မှုတွေရှိသလို ဆုံးရှုံးမှု ရှုံးနိမ့်မှုတွေလည်း ရှိနေတယ်။ ကျွန်တော့်ရဲ့ ဆုံးရှုံးမှုများ၊ ရှုံးနိမ့်မှုများဆိုတဲ့အကြောင်းကို ကျွန်တော်က အပိုင်းလိုက် မျှဝေပေး နေတာဖြစ်ပါတယ်။
ဒီတစ်ခေါက်မှာတော့ ကျွန်တော်ရဲ့ တတိယမြောက် ရှုံးနိမ့်မှုတစ်ခုအကြောင်းကို ကျွန်တော် ပြောပြချင်ပါတယ်။
ကျွန်တော်က ခုနလို စီးပွားရေးလုပ်ငန်းလေးတွေ အသေးလေးတွေ တွဲပြီးတော့လုပ်ဖြစ်တယ်။ ၁၄ဝ,ဝဝဝ ကျပ် လစာရတယ်။ ငါးသောင်းကနေပြီးတော့ ငါးသိန်းပြည့်အောင်စုတယ်။ အလုပ်တစ်ခုခုလုပ်တယ်။ ရှေ့မှာလည်း ရှုံးနိမ့်မှုလေးတွေရှိတယ်။ အောင်မြင်တာလေးတွေလည်းရှိတယ်။
အဲဒီတော့ တဖြည်းဖြည်းနဲ့ ကျွန်တော် ငွေလေးထပ်စုလာပြီးတော့ မတူတဲ့ Investment လေးတစ်ခုကို ကျွန်တော် ထပ်ပြီးတော့ Try ကြည့်တယ်။ ဒါဘာလဲဆိုတော့ စီးပွားရေးလုပ်ငန်းအသေးလေးတွေထဲမှာ ကျွန်တော် ရှယ်ယာလိုက်ထည့်မယ်။ ရှယ်ယာလိုက်ထည့်တဲ့အခါမျိုးမှာ တစ်လကို ၁ဝ ရာခိုင်နှုန်း အတိုးရတာရှိတယ်။ ၅ ရာခိုင်နှုန်း အတိုးရတာရှိတယ်။ သို့မဟုတ် မြတ်ရင်မြတ်သလောက် အတိုးရတာရှိတယ်ဆိုတဲ့အနေအထား တစ်ခုကို ကျွန်တော်သွားပြီးတော့ တွေ့ရတယ်။ လုပ်ငန်းတွေရဲ့အမြတ်ကလည်း တစ်ခါတလေမှာ ၂ဝ ရာခိုင်နှုန်းလောက်ရှိတယ်ဆိုတော့ မြတ်ရင်မြတ်သလောက် အမြတ်ရမယ်ဆိုတဲ့မက်လုံးတစ်ခုကလည်း ရှယ်ယာထည့်တဲ့နေရာမှာ သွားတွေ့ရတယ်။ ဒါပေမဲ့ ရှုံးရင်လည်း ဆုံးရှုံးနိုင်တာရှိတာပေါ့နော်။
အဲဒီတော့ ကျွန်တော်က ဘာသွားပြီးတွေ့ရသလဲဆိုတော့ ဘယ်လုပ်ငန်းမှာ ကျွန်တော် ရှယ်ယာထည့်ရင်ကောင်းမလဲ။ ကျွန်တော်လိုက်ပြီးတော့ စဉ်းစားတယ်ပေါ့နော်။ စဉ်းစားတဲ့အချိန်မှာ ဘာသွားတွေ့ရသလဲဆိုတော့ ဆိုရှယ်မီဒီယာမှာ စာရေးသားနေတဲ့ ဆရာမတစ်ဦးရှိတယ်ပေါ့နော်။ ဒီဆရာမက Follower လည်း များတယ်ပေါ့နော်။
Follower များတော့ သူ့ကို ယုံကြည်ရမယ်လို့ယူဆတယ်။ ဒါ့အပြင် အဲဒီ Follower ဆရာမက သူ့ရဲ့လုပ်ငန်းတွေလည်း ချပြထားတယ်။ သူ့လုပ်ငန်းက အိပ်ရာခင်း အထည်အလိပ်တွေ သွင်းပြီးတော့ ပြန်ရောင်းတဲ့လုပ်ငန်း သူလုပ်တယ်ပေါ့နော်။ အဲဒီထဲမှာ ကျွန်တော်က ရှယ်ယာခေါ်နေတာတွေ့တော့ ရှယ်ယာသွားပြီးတော့ ထည့်ဖြစ်တယ်။ ရှယ်ယာထည့်ဖြစ်တဲ့အကြောင်းရင်း ထဲမှာ ဒီဆရာမသည် ယုံကြည်ရလောက်တဲ့ Influencer တစ်ယောက်ဖြစ်တယ်ဆိုတာလည်း ကျွန်တော်တွေ့ရတယ်။ နောက်တစ်ခါ ကျွန်တော်သိတဲ့ Business Consultant နဲ့လည်း အလုပ်တွဲပြီးတော့ လုပ်နေတယ်။
အဲဒီတော့ ဒီအချက်တွေနဲ့ ယှဉ်လိုက်တဲ့အချိန်မှာ ဒီလုပ်ငန်းသည် စိတ်ချရလောက်ပါတယ်။ ဒီလို ကျွန်တော်က ယူဆပြီးတော့ ကျွန်တော် စပြီးတော့ ရှယ်ယာထည့်ခဲ့လိုက်တယ်။ ရှယ်ယာထည့်တဲ့အပြင် တဖြည်းဖြည်းနဲ့ တစ်လတစ်လ ရတဲ့အမြတ်ကတော့ ရှိလာတယ်။ ဒါပေမဲ့ သုံးလ လေးလလောက်မှာ ငွေပေးတဲ့အချိန်က အရမ်းကြာလာတယ်။ တစ်ပတ်လောက်နောက်ကျလာတယ်။ ၁ဝ ရက်လောက် နောက်ကျလာတယ်။ ဒီလိုအနေအထားတွေ ကျွန်တော်သွားတွေ့လာတယ်။
အဲဒီတော့ ကျွန်တော်က သူ့ကို သွားပြီးတွေ့တယ်။ သွားတွေ့ပြီးတော့ သူက ဘာပြောချင်လဲဆိုတော့ လုပ်ငန်းအဆင်မပြေလေးဖြစ်နေလို့ ခဏဆိုင်းပေးပါ။ ဒီလိုပြောတယ်။ ဒါပေမဲ့ တကယ့် တကယ်တမ်းမှာ ကျွန်တော်က သူ့ကို ဘာပြောလိုက်မိလဲဆိုတော့ ကျွန်တော်တို့ မှန်မှန်ကန်ကန်ပဲ လုပ်ချင်တယ်။ ရေရှည်ပဲ လက်တွဲပြီးတော့သွားချင်တယ်။ ခင်ဗျားက တကယ်လုပ်ငန်းအဆင်ပြေတယ်ဆိုရင် ကျွန်တော်က ထပ်ပြီးတော့ Investment ထပ်ထည့်ဦးမယ်။ ခင်ဗျားနဲ့ကျွန်တော်နဲ့ ချုပ်ထားတဲ့ ရှယ်ယာ စာ
Unlock to read this premium article with 100 points.