Author's Profile Photo

Kaung Hein Soe - Strategic

23/10/2025

တစ်လကိုဝင်ငွေဘယ်လောက်ရှိရှိ ၅မျိုးခွဲပြီး အချိုးကျသုံးစွဲပါ

2 mins read
Business
Leadership
တစ်လကိုဝင်ငွေဘယ်လောက်ရှိရှိ ၅မျိုးခွဲပြီး အချိုးကျသုံးစွဲပါ's photo

"ခင်ဗျား တစ်လကို ဘယ်လောက် ဝင်ငွေရှိရှိ ၊ ဒီဝင်ငွေကို ငါးမျိုးခွဲပြီး အချိုးကျ သုံးစွဲဖို့လိုတာကို အမြဲ သတိရပါ"
.
.
ဒီနေ့မှာတော့ ဟောင်ကောင်က နာမည်ကျော် ဘီလျံနာ သူဌေးကြီး လီကာရှင်းရဲ့ ငွေကြေးဆိုင်ရာ အကြုံ ပြုချက်လေးတစ်ခုကို မျှဝေပေးချင်ပါတယ်။ ဒီငွေသုံးစွဲမှုနည်းလမ်းဟာ လီကာရှင်းကိုဘီလျံနာ သူဌေးကြီး အဖြစ်ကိုရောက်စေခဲ့တဲ့ အမူအကျင့်နည်းလမ်းလဲဖြစ်ပါတယ်။ ဒါအပြင် ဒီနည်းလမ်းဟာ ယခုမှ လုပ်ငန်းခွင် စဝင်တဲ့ လူငယ်များအတွက် အဓိက ရည်ရွယ်တာလည်းဖြစ်ပါတယ်။
.
သူဌေးကြီး လီကာရှင်းက လူငယ်တွေ အနေနဲ့ မိမိမှာ ရရှိတဲ့ ဝင်ငွေတွေကို အပိုင်း ၅ ပိုင်းခွဲပြီး သုံးစွဲဖို့ တိုက်တွန်းထားပါတယ်။
.
ဥပမာ သင်က တစ်လကို ဒေါ်လာ ၂၀၀၀ ဝင်ငွေ ရှိတယ်ဆိုပါစို့။ ဒီဝင်ငွေကို ပထမ ဒေါ်လာ ၆၀၀၊ ဒုတိယ ဒေါ်လာ ၄၀၀ ၊ တတိယ ဒေါ်လာ ၃၀၀၊ စတုတ္ထ ဒေါ်လာ ၂၀၀ နဲ့ နောက်ဆုံး ဒေါ်လာ ၅၀၀ အဖြစ် ခွဲခြား လိုက်ပါလို့ဆိုပါတယ်။
.
လွယ်ကူအောင် ရာခိုင်နှုန်းနဲ့ ဆိုရရင်တော့ မိမိဝင်ငွေကို ပထမ တစ်စအဖြစ် ၃၀%၊ ဒုတိယ ကို ၂၀%၊ တတိယကို ၁၅ %၊ စတုတ္ထ အစုကို ၁၀% နဲ့ နောက်ဆုံးအစု အဖြစ် ၂၅% ပိုင်းခြား သတ်မှတ်လိုက်ဖို့ ဖြစ်ပါတယ်။
.
သုံးစွဲရမယ့်နည်းလမ်းကတော့..
.
ပထမအစု..
.
ပထမ အစုကိုတော့ Living Expenses အဖြစ် သုံးစွဲပါလို့ဆိုပါတယ်။ တစ်နည်းအားဖြင့်တော့ စားဝတ် နေရေး အတွက် စားရိတ်တွေအားလုံးကို မိမိဝင်ငွေရဲ့ ၃၀% နဲ့ တင် လုံလောက်အောင်သုံး စွဲဖို့ဖြစ်ပါတယ်။
.
ငယ်ရွယ်နေစဉ်မှာ ကျန်းမာသန်စွမ်းနေတုန်း အပင်ပန်းခံနိုင်တုန်းဖြစ်တဲ့အတွက် စျေးသက်သာတဲ့ အိမ်ရာတွေမှာ စုငှားပြီးနေတာ၊ ချွေတာစားသောက်တာတွေကို လုပ်ဆောင်လို့ ရတဲ့အတွက် ဒီအားသာချက်ကိုယူပြီး အသုံးချပါလို့ဆိုလိုတာဖြစ်ပါတယ်။
.
.
ဒုတိယ အစု…
.
ဒုတိယ အစုဖြစ်တဲ့ ဝင်ငွေရဲ့ ၂၀% ကိုတော့ မိမိရဲ့ Network ကိုချဲ့ထွင်ရာမှာ သုံးပါလို့ဆိုပါတယ်။ Network ကိုချဲ့ ထွင်ရာမှာ သူငယ်ချင်းတွေဆီကို ပုံမှန် ဖုန်းဆက် စကားပြောတာ၊ ကိုယ့်ထက် ပိုပြီး အသိပညာ အတွေ့အကြုံ ရှိတဲ့သူတွေကို ညစာ ဖိတ်ကျွေးတာ၊ ကိုယ့်ထက်ပိုပြီး ချမ်းသာတဲ့ ဝင်ငွေရှိသူ တွေနဲ့ တွေ့ဆုံတာမျိုးတွေအတွက် ရည်ရွယ်တာဖြစ်ပါတယ်။ ကိုယ့်မိတ်ဆွေတွေနဲ့ အဆက်အသွယ် မပြတ်ဘဲ ရင်းနှီးမှုတွေ တိုးလာတဲ့အခါ အကူအညီကောင်းတွေကိုရနိုင်မှာ ဖြစ်ပြီး ကိုယ့်ထက် တစ်ဆင့် မြင့်နေ သူတွေနဲ့ ချိတ်ဆက်နိုင်တဲ့အခါ ကိုယ်လည်း သူတို့လို အတွေးအခေါ် အမူအကျင့်တွေကို ရရှိလာ မှာ ဖြစ်ပါတယ်။
.
.
တတိယ အစု
.
ဝင်ငွေရဲ့ ၁၅% ကိုတော့ သင်ယူ လေ့လာရေး Learning အတွက် ပုံမှန်သုံးဖို့ အကြုံပြုထားတာပါပဲ။ ကိုယ့် တိုးတက်မှုအတွက် စာအုပ်တွေ ဝယ်ယူတာ၊ သင်တန်းတွေတက်တာ၊ အတတ်ပညာတွေ လေ့လာတာ စတာတွေ အတွက်မဖြစ်မနေ သုံးဖို့လိုအပ်ပါတယ်။
.
.
စတုတ္တအစု..
.
ဝင်ငွေရဲ့ ၁၀% ကိုတော့ မိမိကိုယ့်ကို ဆုချတဲ့ အနေနဲ့ သုံးဖို့ ပါပဲ။ အားလပ်ရက် အပန်းဖြေခရီးတွေ ထွက်တာ၊ ပိုပြီး အတွေ့အကြုံ နဲ့ အမြင်တွေ ကျယ်ပြန့်လာအောင် အခြားနိုင်ငံတွေကိုလေ့လာတာ စတဲ့ အခြေအနေတွေ အတွက်သုံးဖို့ အကြုံပြုတာဖြစ်ပါတယ်။ သူဌေးကြီးက တစ်နှစ်ကို နိုင်ငံခြား ခရီးစဉ် တစ်ခုလောက် သွားသင့်ပါတယ်လို့ လည်းဆိုပါတယ်။
.
နောက်ဆုံး အစု..
.
ဝင်ငွေရဲ့   ၂၅% ကတော့ အရေးကြီးတဲ့ အထဲမှာပါဝင်ပါတယ်။ ဒါကတော့ small business လေးတစ်ခုခု သို့မဟုတ် Investment တစ်ခုခု စတင်နိုင်ဖို့အတွက် စုဆောင်းရခြင်းဖြစ်ပါတယ်။ ဒီ အစု ရှိနေမှာသာ ချမ်းသာကြွယ်ဝတဲ့ ဘဝတစ်ခုကို ရနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီအစု ရဲ့ အောင်မြင်နိုင်ခြေဟာ အရှေ့က အစု လေးစုလုံးကို ကောင်းမွန်စွာဆောင်ရွက်နိုင်မှသာ အောင်မြင်နိုင်ခြေ မြင့်မားမှာ ဖြစ်ပြီးချမ်းသာ ကြွယ်ဝမယ်လို့ ဆိုပါတယ်။
.
.
.
ကျွန်တော့် အကြံပြုချက်..
.
သူဌေးကြီးလီကာရှင်းရဲ့ အကြံပြုချက်ဟာ သိပ်ကိုကောင်းမွန်ပါတယ်။ ဒါပေမယ့် သူ့နိုင်ငံ အခြေအနေ နဲ့ မြန်မာနိုင်ငံ အခြေအနေ ကွာခြားမှုတွေ ရှိတာကြောင့် အကြံပြုထားတဲ့ ဝင်ငွေ ရာခိုင်နှုန်းတွေကို တော့အတိ အကျ မဟုတ်ဘဲ အဆင်ပြေမယ့် ရာခိုင်နှုန်းတစ်ခုကို ပြင်ဆင်ချိန်ဆဖို့ လိုအပ်ပါတယ်။ ဥပမာ လစာ သုံးသိန်း ဝင်ငွေ ရနေသူတစ်ဦးအတွက် living expenses ၃၀% ဆိုရင် ကိုးသောင်း ကျပ်သာ သုံးစွဲနိုင်မှာဖြစ်လို့ လောက်ငမှု ရှိ မရှိ အခြေအနေတွေ ကြုံနိုင်ပါသေးတယ်။
.
ဘယ်လိုပဲဖြစ်ပါစေ မိမိဝင်ငွေကိုတော့ သူဌေးကြီးလီကာရှင်းပြောတဲ့ အပိုင်း ၅ ပိုင်း အဖြစ် မဖြစ်မနေ ခွဲခြားပြီး အသုံးချ ဆောင်ရွက်နိုင်ဖို့ လိုအပ်ပါကြောင်း။
.
.
.
လုံလောက်တဲ့ အသိပညာဟာ ပြင်းထန်တဲ့ အခက်အခဲတွေကို လွယ်ကူစွာကျော်ဖြတ်စေနိုင်ပါတယ်။
.
.
.
Kaung Hein Soe – Strategic
Business Consultant

Keep Reading

တစ်လကိုဝင်ငွေဘယ်လောက်ရှိရှိ ၅မျိုးခွဲပြီး အချိုးကျသုံးစွဲပါStrategy တွေ ထိရောက်ဖို့....ကျွန်တော့်ရဲ့ ရှုံးနိမ့်မှုများ အပိုင်း ( ၅ ) တက္ကစီ အငှားလုပ်ငန်း သင့်လုပ်ငန်းက တကယ်မြတ်နေရဲ့လား အပိုင်း(၁)သင့်လုပ်ငန်းက တကယ်မြတ်နေရဲ့လား(အပိုင်း-၅)ကိုဗစ်−၁၉ ကာလမှာ စတင်အောင်မြင်သွားတဲ့ လုပ်ငန်းတစ်ခု Strategy တွေ ထိရောက်ဖို့....ကျွန်တော့်ရဲ့ ရှုံးနိမ့်မှုများ အပိုင်း ( ၄ ) ဒုတိယအကြိမ် ရှယ်ယာထည့်ဝင်ခြင်း သင့်လုပ်ငန်းက တကယ်မြတ်နေရဲ့လား-အပိုင်း(၂)ငွေအရင်းအနှီး ဘယ်ကနေရှာ 3F ကနေပါ