Author's Profile Photo

Kaung Hein Soe - Strategic

17/10/2025

Strategy တွေ ထိရောက်ဖို့....

2 mins read
Business
General Knowledge
Finance
Strategy တွေ ထိရောက်ဖို့....'s photo

ကျွန်တော်ဟာ Business Consultant တစ်ဦးအနေနဲ့ စီးပွားရေး လုပ်ငန်းကြီးတွေကိုစျေးကွက်မှာ အောင်မြင်ဖို့ မဟာဗျူဟာတွေ ချမှတ်ရေးဆွဲပေးရလေ့ရှိပါတယ်။ မဟာဗျူဟာ Strategy ဆိုတာကတော့ ကိုယ် ရောက်ချင်တဲ့ ပန်းတိုင် လိုချင်တဲ့နေရာကိုရောက်ဖို့အတွက် ဘယ်လို အားသာချက်တွေ ရှိအောင်လုပ်ပြီး ပြိုင်ဖက်တွေထက် ခေါင်းတစ်လုံးသာအောင်လုပ်ဆောင်မလဲဆိုတဲ့ ရေရှည်အစီအစဉ် ကြီးပဲဖြစ်ပါတယ်။

ပိုပြီး ရှင်းလင်းရရင်တော့ စျေးကွက်တစ်ခုအတွင်းပြိုင်ဖက်တွေနဲ့ ယှဉ်ပြိုင်ရတဲ့ အခြေအနေဟာ ဂိမ်းကစားပွဲ တစ်ခုသာဖြစ်မယ်ဆိုရင် မဟာဗျူဟာ Strategy ဆိုတာက ဒီဂိမ်းကိုနိုင်အောင် ဘယ်လိုကစားမလဲဆိုတဲ့ Game Plan ပဲဖြစ်ပါတယ်။ နောက်တစ်ခါ လိုချင်တဲ့ ရောင်းအားနဲ့ လက်ရှိ ဖြစ်နေတဲ့ ရောင်းအားကြား ကွာခြားချက် Gap ကို ပပျောက်သွားစေမယ့် နည်းလမ်းလို့လည်း ဆိုနိုင်ပါသေးတယ်။ ဆိုတော့ကာ လုပ်ငန်းတစ်ခု ကြီးထွားအောင်မြင်ဖို့ဆိုတာ တကယ်ကောင်းမွန် ထိရောက်တဲ့ မဟာဗျူဟာတွေ Strategy တွေ ရှိမှသာ ဖြစ်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် Strategy ဆိုတာ မနေ့ ညကအိပ်မက်မက်လို့ ဆိုတာမျိုးနဲ့ ချမှတ်ဖော်ဆောင်လို့တော့ မရနိုင်ပြန်ပါဘူး။

ဒီလို မဟာဗျူဟာတွေ ချမှတ်နိုင်ဖို့အတွက် အရင်ဆုံးလိုအပ်တာကတော့ လုပ်ငန်းက ဘယ်လိုနေရာမျိုးကို ရောက်ချင်တယ် ဘာဖြစ်ချင်တယ်ဆိုတဲ့ Vision ရှိဖို့လိုပါတယ်။ နောက်တစ်ခါ ဒီ ရောက်ချင်တဲ့နေရာ Vision ကို ရောက်ဖို့အတွက် ဘယ်လိုနည်းလမ်းတွေကို အသုံးပြုပြီး ဘယ်လိုသွားမယ် ဆိုတာကိုတော့ Mission လို့ခေါ်ပါတယ်။ ဥပမာ လုပ်ငန်းက ပင်လယ်ထဲက သင်္ဘောကြီးတစ်စီးပဲ ဆိုပါစို့။ ဒါဆိုရင် ဘာမှ စမလုပ်ရသေးခင် ဘယ်ဆိပ်ကမ်းကို ကပ်ချင် သွားချင်တာလဲ ဆိုတာကို အရင်စဉ်းစားဖို့ လိုအပ်ပါတယ်။

တစ်နည်းအားဖြင့်တော့ ရောက်ချင်တဲ့ နေရာပေါ့။ Visionပါပဲ။ ဒီလို သွားချင်တဲ့ ဆိပ်ကမ်းကိုသိပြီ သတ်မှတ်ပြီးပြီ ဆိုရင်တော့ ဘယ်လိုနည်းလမ်းနဲ့ သွားမလဲဆိုတဲ့ Mission ကိုဒုတိယ အဆင့် စဉ်းစားဖို့လိုအပ်တော့တာပါပဲ။
.
ဒါဆိုရင် ဘယ်လိုနည်းလမ်းနဲ့ လိုချင်တဲ့နေရာကို သွားမလဲဆိုတဲ့ Mission ကိုဘယ်လိုစဉ်းစားကြမလဲ။
.
ဘယ်လိုနည်းနဲ့ သွားမယ်ဆိုတာကို စဉ်းစားမှသာ ဘာဆက်လုပ်ရမယ်ဆိုတာကိုသိမှာဖြစ်လို့ ဒီ Missionတွေချဖို့ကလဲ အရေးကြီးပါတယ်။ ဥပမာ အထက်က သင်္ဘောကြီးလို သွားချင်တဲ့ ဆိပ်ကမ်းကို သိတဲ့အခါ စက်နဲ့ပဲခုတ်မောင်းသွားမလား၊ ရွက်လွှင့်ပြီးသွားမလား၊ လှော်တက်တွေနဲ့ပဲ လူအားနဲ့ လှော်သွားမလား၊ ရေစီးကြောင်းအတိုင်းပဲ မျှောပြီးလိုက်မလား၊ တွန်းသင်္ဘောတွေနဲ့ တွန်းရဦးမလား စတဲ့ နည်းတွေကို စတင်စဉ်းစားရတော့မှာ ဖြစ်ပါတယ်။
.
ဒီလို Mission ကို စဉ်းစားရာမှာ အရေးအကြီးဆုံးကတော့ ကိုယ့်လုပ်ငန်း သို့မဟုတ် ကိုယ့်မှာ ဘယ်လို Resources တွေ ရှိတယ်ဆိုတဲ့ အပေါ်မူတည်ပြီး ဘယ်လို Mission ချမှတ်မယ်ဆိုတာ စဉ်းစားရမှာ ဖြစ်ပါတယ်။ ဥပမာ အထက်က သင်္ဘောကြီးလိုပဲဆိုပါစို့။ ကိုယ့်သင်္ဘောက ရောက်ချင်တဲ့ ဆိပ်ကမ်းတော့ရှိပြီ ဆိပ်ကမ်းကိုသိပြီဆိုရင် ဘယ်လောက် အကွာအဝေးရှိတယ်ဆိုတာကိုလဲသိပြီပေါ့။

ဒါဆိုရင် ဒီအကွာအဝေးကိုခုတ်မောင်းသွားနိုင်ဖို့ အတွက် အထက်က ပြောခဲ့တဲ့နည်းတွေ ထဲမှာ ဘယ်နည်းက ကိုယ့်မှာ ရှိတဲ့ Resources တွေနဲ့ အသင့်တော်ဆုံးဖြစ်မလဲဆိုတာကို ပြန်စဉ်းစားရမှာ ဖြစ်ပါတယ်။ ကိုယ့်မှာကစက်ကိရိယာတွေနဲ့ စက်သုံးဆီတွေလည်း အလုံလောက်ရှိတယ်ဆိုရင် စက်နဲ့ခုတ်မောင်းသွားမယ် မြန်မြန်ရောက်မယ်၊ ဒါမှမဟုတ် လူအင်အားပဲ ပေါပေါများများ ရှိရင်တော့ တက်နဲ့ပဲလှော်ခတ်ပြီးသွားမယ် စရိတ်သက်သာမယ် အချိန်နည်းနည်းပိုကြာမယ် စသဖြင့်ပါပဲ။
.
ဒီအတွက် လုပ်ငန်းတွေဟာ မိမိတို့မှာ ဘယ်လို Resources တွေ အရင်းအမြစ်တွေရှိတယ်၊ ဘယ်လို အပိုင်းတွေမှာ အားသာတယ် ကျွမ်းကျင်တယ်ဆိုတာကို ကွဲကွဲပြားပြားနဲ့ အမှန်တကယ့်အရှိတရားအတိုင်း သိမြင်သဘောပေါက်နေဖို့တော့ လိုအပ်လှပါတယ်။
.
.
လက်ရှိလုပ်ငန်းတွေမှာ တွေ့ရတဲ့ Strategy ဆိုင်ရာ Error လေးတွေ အနေနဲ့ကတော့ ဘယ်ကိုသွားချင်တယ်ဆိုတဲ့ ဦးတည်ချက် Vision လဲ ကွဲကွဲပြားပြားမရှိတာ၊ Vision ရှိပေမယ့် Mission မရှိတာ၊ Mission တော့ ချမှတ်ထားပါရဲ့ ကိုယ့်ရဲ့ အားသာတဲ့ Resources တွေနဲ့ ချိတ်ဆက်အကောင်အထည်ဖော်မှု မရှိတာ စတာတွေကို တွေ့ရတာများပြားပါတယ်။
.
ဒီလို Error တွေ ရှိနေရင်တော့ ထိရောက်မှန်ကန်တဲ့ Strategy တစ်ခုကို ချမှတ်နိုင်ဖို့ ခက်ခဲမှာ ဖြစ်ပြီး မဟာဗျူဟာ အစီအစဉ်တွေဟာလဲ စာရွက်ထဲက အိပ်မက်များအနေနဲ့သာ ဖြစ်ပေါ်နေတော့မှာ ဖြစ်ကြောင်း မျှဝေလိုက်ရပါတယ်။
.
.
.
လုံလောက်တဲ့ အသိပညာဟာ ပြင်းထန်တဲ့ အခက်အခဲတွေကို လွယ်ကူစွာကျော်ဖြတ်စေနိုင်ပါတယ်။
.
.
Kaung Hein Soe – Strategic
Business Consultant

Keep Reading

Strategy တွေ ထိရောက်ဖို့....ကျွန်တော့်ရဲ့ ရှုံးနိမ့်မှုများ အပိုင်း ( ၅ ) တက္ကစီ အငှားလုပ်ငန်း သင့်လုပ်ငန်းက တကယ်မြတ်နေရဲ့လား အပိုင်း(၁)သင့်လုပ်ငန်းက တကယ်မြတ်နေရဲ့လား(အပိုင်း-၅)ကိုဗစ်−၁၉ ကာလမှာ စတင်အောင်မြင်သွားတဲ့ လုပ်ငန်းတစ်ခု ကျွန်တော့်ရဲ့ ရှုံးနိမ့်မှုများ အပိုင်း ( ၄ ) ဒုတိယအကြိမ် ရှယ်ယာထည့်ဝင်ခြင်း သင့်လုပ်ငန်းက တကယ်မြတ်နေရဲ့လား-အပိုင်း(၂)ငွေအရင်းအနှီး ဘယ်ကနေရှာ 3F ကနေပါ ကျွန်တော့်ရဲ့ ရှုံးနိမ့်မှုများ အပိုင်း ( ၃ ) ရှယ်ယာထည့်ဝင်ခြင်း ကျွန်တော့်ရဲ့ ရှုံးနိမ့်မှုများ အပိုင်း ( ၂ ) ချေးငွေလုပ်ငန်း