Kaung Hein Soe - Strategic
အားလုံးပဲ မင်္ဂလာပါ။
မိနစ်ပိုင်းစာ စီးပွားပညာကနေ ပြန်ပြီးတော့ ကြိုဆိုလိုက်ပါတယ်။ ဒီနေ့မှာတော့ ကျွန်တော်က စီးပွားရေးလုပ်ငန်းတစ်ခုလုပ်မယ်၊ အရင်းအနှီးမရှိဘူး၊ အရင်းအနှီးကို ဘယ်ကရှာရမလဲလို့ ကျွန်တော့်ကို မေးခွန်းလေးတွေ မေးကြတာရှိတယ်။ အဲဒီတော့ အဲဒီမေးခွန်းလေး တွေကို ကျွန်တော်တို့သင်ကြားခဲ့ရတဲ့ ကျွန်တော်တို့ကိုဆုံးမခဲ့တဲ့ ဆရာမကြီးတစ်ဦးကပြောခဲ့တဲ့ 3F ဆိုတဲ့ အရင်းအနှီးရှာဖွေနည်းလေးအကြောင်းလေးနဲ့ ကျွန်တော်က ပြန်လည်ဖြေကြားပေးချင်ပါတယ်။
ဆက်ပြီး လေ့လာကြည့်ပါဦးဗျ။စီးပွားရေးလုပ်ငန်းတစ်ခု စပြီးတော့လုပ်ချင်တယ်။ ဒါပေမဲ့ စတင်ဖို့အတွက် အရင်းအနှီးမရှိဘူးဆိုရင်တဲ့ 3F ဆီကနေပြီးတော့ အရင်းအနှီး ရှာပါလို့ ကျွန်တော့်ကို Management သင်ပေးတဲ့ ဆရာမကြီးတစ်ဦးက ဆုံးမခဲ့ဖူးတယ်။
အဲဒီတော့ 3F ပေါ့နော်။ F သုံးလုံးရှိတယ်တဲ့။ ပထမ F က ကျတော့ ဘာလဲဆိုတော့ သူက အရမ်းရိုးစင်းပါတယ်။ Family လို့ခေါ် ပါတယ်။ Family ပေါ့နော်။ မိသားစုပေါ့။ မိသားစုဆီကနေ အရင်းအနှီးရှာလို့ဆိုတယ်။ အရင်းအနှီးရှာလို့ဆိုတဲ့နေရာမှာ ကျွန်တော်တို့က ဒါကတော့ကွာ မင်းပြောမှ အိမ်ကနေ ပိုက်ဆံပြန်တောင်းပြီးတော့ အရင်းအနှီး စီးပွားရေးလုပ်မယ်။ ဒီလိုမျိုးပြောလဲရတယ်။ အဲဒီတော့ ကိုယ့်အိမ်က ထောက်ပံ့ပေးနိုင်တဲ့အနေအထား မရှိဘူးဆိုရင် ဆရာမကြီးက ထပ်ပြီးတော့ ကျွန်တော်တို့ကို နက်နက်နဲနဲလေး ပိုပြောတယ်။ ဒါဘာလဲဆိုတော့ ဥပမာ ထားပါတော့... အိမ်မှာ မိသားစုဝင် ငါးယောက် ရှိမယ်။ ဒီငါးယောက်စလုံးက အလုပ်အကိုင် တစ်ခုခုရှိမယ်။ ဝင်ငွေတစ်ခုခုရှိမယ်။ ဒါဆိုရင် ဒီငါးယောက် စုစည်းပြီးတော့ ကျွန်တော်တို့ တစ်လကို တစ်ယောက်ကို ငွေဘယ်လောက်စုမလဲ။ အစရှိတဲ့ Plan လေးချခိုင်းတယ်။ Plan လေးချပြီးရင် ဒီဝင်ငွေလေးနဲ့ ဘယ်လောက်ရောက်လာတဲ့အချိန်မှာ ဘယ်သူက ဘာစီးပွားရေးကို စတင်လုပ်မယ်။ တစ်နည်းအားဖြင့်တော့ Family ရဲ့ အားကိုယူခိုင်းတာဖြစ်ပါတယ်။ ဒီလိုမျိုးလေးလုပ်ပါ လို့ဆိုတယ်။
ဒီလိုမဟုတ်ဘူးဆိုရင်လည်း ကျွန်တော်တို့ ဒီနေ့ခေတ်မှာ ဥပမာ ထားပါတော့... မိသားစုဝင် ငါးယောက်ရှိတယ်။ အဲဒီထဲက တစ်ယောက်က နိုင်ငံခြားကိုသွားပြီးအလုပ်လုပ်တယ်။ ဒီ နိုင်ငံခြားသွား အလုပ်လုပ်ရာ
ကနေ ရလာတဲ့ ဝင်ငွေအပိုကို ပြန်ပို့ထားမယ်။ ဒီကလူတွေက ဒါကိုစုစည်းထားပြီးတော့ မိသားစုစီးပွားရေးတစ်ခုဖြစ်လာအောင် ထူထောင်ရမယ်လို့ ဆိုလိုတာဖြစ်ပါတယ်။
အဲဒီတော့ ပထမ F ရဲ့ အဓိပ္ပာယ်က အိမ်က အရင်းအနှီးကို ပြန်တောင်းရုံမဟုတ်ဘဲနဲ့ မိသားစု Team Work ရှိရှိ Strategy ရှိရှိနဲ့ အရင်းအနှီးတစ်ခုဖြစ်လာအောင် အတူပူးပေါင်းပြီးတော့ မိသားစု စီးပွားရေး လုပ်ငန်းတစ်ခုကိုထူထောင်ဖို့ အရင်းအနှီးရှာဖွေဖို့ကိုဆိုလိုတာဖြစ်ပါတယ်။ အဲဒီတော့ စီးပွားရေးလုပ်ငန်းတစ်ခုလုပ်ဖို့ အရင်းအနှီးမရှိဘူးဆိုရင် အရင်းအနှီးရှာဖို့ 3F ရှိတယ်လို့ ဆိုခဲ့တာဖြစ်ပါတယ်။
အဲဒီတော့ ဒုတိယ F ကကျတော့ Friend လို့ခေါ်ပါတယ်။ Friend ဆိုတာ သူငယ်ချင်း ပေါ့နော်။ ဟာ... မင်းကလဲကွာ၊ ပိုက်ဆံမရှိဘူး၊ စီးပွားရေးလုပ်ချင်တယ်။ သူယ်ချင်းတွေဆီက လိုက်တောင်းပေါ့။ ဒါလည်း မှန်ပါတယ်။ နောက် တစ်ခုက ဘာကိုထပ်ပြီးတော့ နက်နက်နဲနဲဆိုလိုချင်တာလဲဆိုတော့ Friend ဆိုတာ အသိမိတ်ဆွေ၊ ဒီအသိမိတ်ဆွေတွေကို ကျွန်တော်တို့က ရှယ်ယာခေါ်မယ်။ တစ်နည်းအားဖြင့်တော့ ကိုယ့်မှာ အရင်းအနှီးမရှိဘူးဆိုရင် အရင်းအနှီးရှိတဲ့ သူငယ်ချင်းတွေရဲ့ငွေကိုအသုံးပြုပြီးတော့ စီးပွားရေးလုပ်ငန်းတစ်ခု ထူထောင်မယ်။ သူတို့လည်း အကျိုးအမြတ်ရမယ်။ ကိုယ်လည်း စီးပွားရေးလုပ်ငန်းတစ်ခုကို ထူထောင်နိုင်မယ်ဆိုတဲ့အကြောင်းကို ကျွန်တော့်ဆရာမကြီးက ဆိုခဲ့တာဖြစ်ပါတယ်။
အဲဒီတော့ ကိုယ်ပိုင်အရင်းအနှီး မရှိဘူးဆိုရင်၊ ကိုယ့်မိသားစုမှာလည်း အရင်းအနှီးမရှိဘူး၊ ကိုယ် ရေရှည် Plan တစ်ခုလည်း မစီစဉ်နိုင်ဘူးဆိုရင် Business Idea တကယ်ကောင်းတယ် တကယ်အမြတ် ထွက်နိုင်တယ်ဆိုရင် ဒါကို မိတ်ဆွေတွေကို ချပြပြီးတော့ သူတို့နဲ့ စပ်တူရှယ်ယာလုပ်ခြင်းအားဖြင့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုကို ထူထောင်နိုင်တယ်လို့
Unlock to read this premium article with 100 points.