Kaung Hein Soe - Strategic

ကျွန်တော်က စီးပွားရေးလုပ်ငန်းတစ်ခုအနေနဲ့ ကိုယ့်ရဲ့ ကုန်ပစ္စည်းကို ရောင်းချမယ်ဆိုရင် ပိုပြီးတော့ရောင်းချနိုင်ဖို့အတွက် ကျွန်တော်တို့သုံးကြလေ့ရှိတဲ့ နည်းလမ်းလေးတစ်ခုကို ကျွန်တော် မျှဝေပေးချင်ပါတယ်။
ပထမဦးဆုံး ကျွန်တော်က ဥပမာလေးတစ်ခုနဲ့ အရင်ပြောချင်ပါတယ်။ ဒါဘာလဲဆိုတော့ ရပ်ကွက်ထဲမှာ ကျွန်တော်တို့ အုန်းစိမ်းရည်ဆိုပြီးတော့ လိုက်အော်ပြီးတော့ တွန်းလှည်းနဲ ့ရောင်းကြတဲ့ အသည်တွေရှိတယ်။ကျွန်တော်တို့အားလုံး တွေ့ဖူးလိမ့်မယ်။
အုန်းစိမ်းရောင်းတဲ့နေရာမှာ တချို့အသည်တွေက ဘယ်လို အော်သလဲဆိုတော့ “အုန်းစိမ်းရည်ရမယ်”။ ဒါမျိုးပဲအော်ပြီး ရောင်းတယ်ပေါ့နော်။ အုန်းစိမ်း... အုန်းစိမ်း... ဆိုပြီးတော့ အော်ပြီး ရောင်းလေ့ရှိတယ်။ ဒါပေမဲ့ တချို့အသည်တွေက ကျတော့ "အုန်းစိမ်းရည်ရမယ်”ဆိုတာအပြင် “ကျန်းမာရေးအတွက် အုန်းစိမ်းရည်ရမယ်”လို့ ကျွန်တော်တို့အော်ပြီးတော့ ရောင်းကြလေ့ရှိတယ်။
စကားလုံးလေးကတော့ တစ်ခုပဲ ပိုသွားတယ်။ ဘာလဲဆိုတော့“ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အုန်းရည်”ဆိုတဲ့ အဓိပ္ပာယ်ရမယ့်ကျန်းမာရေးအုန်းရည်ပေါ့နော်။ “အုန်းရည်ရမယ်၊ ကျန်းမာရေးအတွက်" ဒီလိုမျိုးပြောပြီး ရောင်းကြတာမျိုးရှိတယ်။
အဲဒီတော့ ဘာကွာခြားသွားသလဲ။ ဒီအတိုင်း အုန်းရည်လို့ ရိုးရိုးအော်ပြီးရောင်းတာနဲ့ ကျန်းမာရေးဆိုတဲ့ စကားလုံးလေး ပိုလာတာသည် ပိုပြီးထူးခြားမယ်ထင်လား၊ မထူးခြားဘူးထင်လား။ မိတ်ဆွေရော ဘယ်လိုထင်ပါသလဲ။
နောက်ထပ် ဥပမာတစ်ခု ကျွန်တော်ထပ်ပြီးတော့ ပြောပြချင်ပါတယ်။ ဒါဘာလဲဆိုတော့ အိမ်ခြံမြေ ရောင်းဝယ်တဲ့ ကြော်ငြာတွေရှိတယ်ပေါ့။ကြော်ငြာတွေကိုကြည့်မယ်ဆိုရင် တချို့ကတော့ အိမ်ရောင်းရန်ရှိသည်၊
တိုက်ခန်းရောင်းရန်ရှိသည်၊ ကွန်ဒိုရောင်းရန်ရှိသည်။ ဒါမျိုးပဲ ပြောလေ့ရှိကြတယ်ပေါ့နော်။
ဒါပေမဲ့ တချို့ကြော်ငြာတွေမှာ ကြည့်လိုက်ရင်ကျတော့ ဘယ်လိုတွေ့ရလဲဆိုတော့ ကိုယ်ပိုင်နေထိုင်စရာ အိမ်လေး၊ ခြံလေး၊ တိုက်ခန်းလေးအပြင် တကယ်ကောင်းမွန်တဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခုအနေနဲ့ ဒီအိမ်တွေကိုဝယ်သင့်ပါတယ်၊ ဒီတိုက်ခန်းကို ဝယ်သင့်ပါတယ်။ ဒါမျိုးပြောကြတာမျိုးရှိတယ်။ အိမ်သည် အဓိကက ဘာဖြစ်မလဲဆိုတော့ ကျွန်တော်တို့သည်နေထိုင်ဖို့ဝယ်ကြတယ်။ နေထိုင်ဖို့တစ်ခုတည်းပင်မကဘဲနဲ့ ဒီအိမ်ကိုဝယ်ယူလိုက်ခြင်းသည် ရင်းနှီးမြှုပ်နှံမှုအနေနဲ့ပါ အသုံးဝင်တယ်။ နောင်တစ်ချိန်မှာ ချမ်းသာလာနိုင်တယ်။ အကျိုးအမြတ်တွေ အများကြီးပြန်ရလာနိုင်တယ်ဆိုတဲ့အချက်တစ်ချက်ကိုပါ ထည့်သွင်းပြီးတော့ ကြော်ငြာပေးသွားတာမျိုးတွေ့ဖူးကြပါလိမ့်မယ်။
ဒါကလည်း နောက်ထပ်ကွာခြားချက်တစ်ချက်ပေါ့။ ခုနက ကျွန်တော်တို့ပြောသလို အိမ် ခြံ မြေ ကြော်ငြာတာနဲ့ ရင်းနှီးမြှုပ်နှံမှုအတွက်ပါအရမ်းကောင်းတဲ့ ပိုင်ဆိုင်မှုတစ်ခုဖြစ်တယ်ဆိုတာ ကြော်ငြာတဲ့နှစ်ချက်သည် ကွာခြားမှုအများကြီးရှိသွားတာကို တွေ့ရမှာဖြစ်ပါတယ်။
နောက်ထပ် ဥပမာတစ်ခုအနေနဲ့ ကျွန်တော်ပြောရမယ်ဆိုရင် နေကာမျက်မှန်တွေရှိတယ်ပေါ့ဗျာ။ ဟိုးအရင် နေကာမျက်မှန်တွေ စပေါ်တဲ့အချိန်တုန်းကတော့ နေကာမျက်မှန်ဆိုတာသည် ဘာအတွက်ပဲ ကြော်ငြာကြ
သလဲ၊ ရောင်းချကြသလဲဆိုတော့ Eyewear ပေါ့ဗျာ။ Eyewear ဆိုတာ မျက်လုံးအလှအပအတွက် ဝတ်ဆင်ရတဲ့ Product တစ်ခုပေါ့။တစ်နည်းအားဖြင့်တော့ဗျာ ဖက်ရှင်အတွက်ပေါ့။ နေကာမျက်မှန်တပ်ထားမယ်၊ နေပူထဲသွားရင် နေကာ မျက်မှန်ကြီးနဲ့။ ဆိုင်ကယ်ကြီးမောင်းရင်ကားမောင်းရင် နေကာမျက်မှန်ကြီးနဲ့။ အဲဒီတော့ ဒါ ဘာအတွက်ရောင်းသလဲဆိုတော့ ဖက်ရှင်တစ်ခုအတွက်ဆိုပြီးတော့ ရောင်းတယ်။ တစ်နည်းအားဖြင့်တော့ Sunglasses တွေသည် Eyewear ပေါ့။ မျက်လုံးမှာဝတ်ဆင်စရာ Product တစ်ခုအနေနဲ့ပဲ ရောင်းကြတယ်။
ဒါပေမဲ့ နောက်ပိုင်းမှာ ကျွန်တော်တို့ Ray-Ban တို့ဘာတို့ ဖြစ်လာတာပေါ့ဗျာ။ နာမည်ကြီးတံဆိပ်တွေပေါ်လာတဲ့အချိန်မှာ Eyewearသပ်သပ်မဟုတ်တော့ဘဲနဲ့ Eyewear is Eyecare ဆိုပြီးတော့ လုပ်လာကြတယ်။ Eyecare ဆိုတာက မျက်လုံးကို ထိန်းသိမ်းစောင့်ရှောက်ပေးတဲ့ပစ္စည်းတစ်ခု Product တစ်ခုအနေနဲ ့ပါ လူတွေကို ပြောင်းလဲပြီးတော့အမြင်ပြောင်းလာစေအောင် လုပ်လိုက်ကြတယ်။
ဆိုလိုတဲ့သဘောက နေကာမျက်မှန်သည် စတိုင်လ်ကျရုံ၊ ဖက်ရှင်ကျရုံ မဟုတ်တော့ဘူး။ ခင်ဗျား နေပူထဲထွက်မယ်ဆိုရင် ခရမ်းလွန်ရောင်ခြည်ဒဏ်ကို ကာကွယ်ပေးမယ်။ မျက်လုံးကို အေးမြစေမယ်။ မျက်ရိုးမကိုက်စေဘူး။ ဘယ်လိုအကျိုးကျေးဇူးတွေရှိမယ် အစရှိသည်ဖြင့် Eyewear ကနေပြီးတော့ ဘယ်ကိုသွားမှာလဲ။ Eyecare ကိုသွားတဲ့ အနေအထားတစ်ခုကို သွားခဲ့တယ်။ ဒီလိုသွားလိုက်တဲ့အတွက် မျက်မှန်ရောင်းအားတွေကလည်း အများကြီးရောင်းပြီး ထိုးတက်လာတာကို ကျွန်တော်တို့တွေ့ရပါတယ်။
ပေးခဲ့တဲ့ ဥပမာ သုံးခုရှိတယ်နော်။အုန်းစိမ်းရောင်းတာရယ်၊ အုန်းစိမ်း ဘယ်လိုရောင်းလဲ။ အုန်းရည်ရမယ်၊ အုန်းစိမ်းရည်ရမယ်၊ ကျန်းမာရေး ဒီလိုပြောပြီးရောင်းတာရယ်။အိမ် ခြံ မြေ နေထိုင်စရာ ကောင်းရုံတင်မကဘူး၊ အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်မယ်။ ဒီလို ပြောလာတယ်။
နောက်တစ်ခါ မျက်နှာအတွက် ဖက်ရှင်တစ်ခုမဟုတ်ဘဲနဲ့ ဖက်ရှင်တစ်ခုထက်ပိုတဲ့ မျက်လုံးကို ကာကွယ်စောင့်ရှောက်ပေးမဲ့ Eyecareအနေနဲ့ ပါဆိုပြီးတော့ ပြောရောင်းတဲ့ ဥပမာသုံးခုကို ကျွန်တော် ပြောခဲ့ပါတယ်။
ဒါက ကိုယ့်ရဲ့ Product ကို ဘယ်လို ကြော်ငြာပြီးတော့ ရောင်းတာလဲဆိုရင် Paradigm ဆိုတဲ့ Customer တွေရဲ့အမြင်ကို တစ်မျိုးပြောင်းသွားအောင် လုပ်ဆောင်ပြီးတော့ ရောင်းချခြင်းဖြစ်ပါတယ်။
ဥပမာ ထားပါတော့... အုန်းရည်သည် ဒီအတိုင်း အဖျော်ယမကာသောက်စရာတစ်ခုခုအနေနဲ့ပဲ ယူဆကြရာကနေပြီးတော့ ကျန်းမာရေးအတွက် ကောင်းတယ်ဆိုတဲ့အမြင်တစ်ခုကို Customer တွေကို ထည့်ပေးလိုက်တယ်။ အဲဒီလိုပဲ အိမ် ခြံ မြေ ဆိုတာသည် နေထိုင်မှုတင်မကဘူး၊ရင်းနှီးမြှုပ်နှံမှုအတွက်ပါ ကောင်းတယ်ဆိုတဲ့ Paradigm တစ်ခု အမြင် တစ်ခုပြောင်းသွားအောင် လုပ်ပေးလိုက်နိုင်တယ်။
နောက်တစ်ခု ခုနကျွန်တော်တို့ပြောတဲ့ Sun Glasses တွေနဲ့နေကာမျက်မှန်တွေလည်း ဒီအတိုင်းပဲ Customer တွေသည် ကိုယ့်ရဲ့Product တွေကို ဈေးကွက်ထဲမှာ ဘာအတွက် အသုံးပြုတယ်လို့ မြင်နေသလဲ။ နောက်တစ်ခါ အဲဒီအမြင်ထက် ပိုတဲ့အမြင်တစ်ခု၊ ပိုပြီးစိတ်ဝင်စားမယ့်အမြင်တစ်ခု၊ ပိုပြီးတော့ Customer တွေအတွက် ပိုပြီးစိတ်လှုပ်ရှားသွားစေမယ့် အသုံးဝင်နိုင် စေမယ်လို့ထင်တဲ့အမြင်တစ်ခု တစ်နည်းအားဖြင့်တော့ Paradign တွေ ပေါ့နော်။ ဒီတစ်ခုကို ကျွန်တော်တို့ကထည့်ပေးနိုင်ပြီးတော့ ကိုယ့် Product မှာ ရောင်းချနိုင်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ရောင်းအားသည် ပိုပြီးတော့ အများကြီးတက်လာနိုင်တယ်ဆိုတာကို သတိပြုရမှာပါ။
နောက်ဆုံး ဥပမာထပ်ပေးရရင်ဗျာ ကျွန်တော်တို့ အစားအသောက်တွေ ရောင်းမယ်ပေါ့ဗျာ။ အစားအသောက် ရောင်းတယ်ဆိုတာသည် အစားအသောက်တွေ ကျွန်တော်တို့ ဘာအတွက်ဝယ်ကြသလဲ။ ဥပမာ ဗိုက်ပြည့်ချင်လို့။ နံပါတ်တစ်အချက်။ နောက်တစ်ခါ အရသာရှိချင်တယ်။ ဒါသည်နံပါတ်နှစ်အချက်။
ဗိုက်ပြည့်ပြီးတော့ အရသာရှိချင်ရုံတင်မကဘဲနဲ့ ကျွန်တော်တို့ဆိုင်က အစားအသောက်တွေသည် ကျန်းမာရေးကိုပါ အထောက်အကူပြုပါတယ်၊ ဒါမျိုး အမြင်ပြောင်းသွားအောင်လည်း လုပ်ရောင်းရင် ပိုပြီးရောင်းရမယ်။ တချို့ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်ပြီးတွေထဲမှာဆိုရင် ခင်ဗျားတို့ တွေ့ဖူးလိမ့်မယ်။ ဘာလဲ . . . “ ဒီဆိုင်သည် ဆီသန့်သန့်နှင့်သာ ချက်ပြုတ်ပါသည်။ ဘာဆီနှင့်သာ ချက်ပါသည်၊ အချိုမှုန့်လုံးဝမထည့်ပါ "စသည်ဖြင့် ဆိုင်းဘုတ်ကြီးတွေ တပ်ထားတာတွေ့လိမ့်မယ်။ ဒါဘာလဲဆိုတော့ စားသုံးတဲ့သူတွေရဲ့ Paradigm ကို အမြင်ကို ပြောင်းပစ်လိုက်တာ။ ဘယ်လိုပြောင်းလဲ။ ဒီဆိုင်မှာစားခြင်းသည် ခင်ဗျား ဗိုက်ပြည့်ရုံတင်မကဘူး၊ အရသာရှိရုံတင်မကဘူး၊ ကျန်းမာရေးအတွက်လည်း အရမ်းကောင်းရမယ်။ ဒီလို ကျွန်တော်တို့က အမြင်ပြောင်းလဲတဲ့နည်းကို အသုံးပြုပါ။
ကျွန်တော် အကြံပေးချင်တာက ကိုယ့်ရဲ့ Product သည် ခုလက်ရှိဘယ်နယ်ပယ်ထဲမှာ ရောင်းနေတာလဲ။ Customer တွေက ဘယ်လိုအမြင်တွေ ရှိနေသလဲ။ ဒါကို ကျွန်တော်တို့က ထပ်ပေါင်းပြီးတော့ ဘယ်လိုအမြင်တစ်ခုကို ပြောင်းနိုင်မလဲ။ ဥပမာ ဖက်ရှင်အတွက် သီးသန့်ဖြစ်နေတယ်၊ သူ့ရဲ့ Product ကို ကျန်းမာရေးအတွက် အမြင်ပြောင်းလာအောင်ကျွန်တော်တို့ ဘယ်လိုလုပ်မလဲ။ ဒါကို ကျွန်တော်တို့က စဉ်းစားရမယ်ပေါ့နော်။
Product ကို ပိုကောင်းအောင် ထပ်ပေါင်းပြီးပြောင်းလဲမှုတွေလုပ်ရင်လည်း လုပ်ရကောင်းနိုင်တယ်။ ဒါမှမဟုတ် အစကတည်းက ဒီProduct သည် တခြားအမြင်တစ်ခု၊ တခြားကဏ္ဍတစ်ခုမှာပါ အကျိုးရှိနေပြီးသားလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကျွန်တော်က အမြင်တစ်ခုတည်းနဲ့ မဟုတ်ဘဲနဲ့ အမြင်တွေကို ပြောင်းလဲစေပြီးတော့ ရောင်းချနိုင်မယ်ဆိုရင် ကျွန်တော်တို့ Product သည် ဒီထက်ပိုပြီး ရောင်းရမှာဖြစ်ပါတယ်။
Keep Reading