Aung Thu Ya Kyaw

အဝယ် တစ်ယောက် ရောက်လာတယ်။ စကားပြောနှုန်း (Conversation rate) များဖို့ အရေးကြီးတယ်။
လူပေါ် မူတည်တယ်။ အထူးသဖြင့် အခုမှ စ ဝယ်ဖူးသူ။ သေသေချာချာ စေ့စေ့စပ်စပ် မေးသူ။
သူတို့ကျော်ခြင်း မကျော်ခြင်းဆိုတဲ့ နေရာမှာလဲ ကိုယ့်ဘက်က အကဲခတ်တတ်ဖို့လိုတယ်။ ကိုယ့်စိတ်ကိုယ်တောင် တစ်ခါတစ်လေ "ထိန်းချုပ်လို့မရတား။ လူတွေကို ထိန်းချုပ်ဖို့ ကြိုးစားနေလျင် ပို၍ အဆင်မပြေနိုင်ဟု မြင်မိပါတယ်။
ဒါကြောင့် တက်နိုင်လျင် လွတ်လွတ်လပ်လပ် ကိုယ်နဲ့ မဝယ်လဲ နားလည် ခွင့်လွှတ်ပေးဖို့လိုတယ်။ အေးဂျင့်တိုင်းကတော့ အတွေ့အကြုံပေါ်မူတည်ပြီး လက်ခံတဲ့သူရှိသလို၊ လက်မခံတဲ့သူလည်း ရှိတယ်။ အပြစ်မပြောလိုပါဘူး။ ဒါက ကျွန်တော် သွားတဲ့ပုံစံ ဖြစ်တယ်။
ဝယ်ချင်တဲ့သူက ဘာကို ဝယ်ချင်လဲ ဆိုတာ သေချာမသိဘဲ အရောင်းတစ်ခု လိုက်ပြတာမျိုးကိုတော့ အေးဂျင့်တိုင်း ရှောင်သင့်တယ်။ သူ့ဘက်က ကြိုက်နိုင်လား ဆိုတဲ့ အချက်တွေကို ထည့်သွင်းစဉ်းစားဖို့လိုမယ်။
အေးဂျင့် Ethics ဖြစ်တဲ့ Obedience (ကာစတန်မာအပေါ်ကြည့်ခြင်း၊ လိုက်နားခြင်း) ရှိတဲ့ အတွက်ကြောင့် ကိုယ့်ရဲ့ ဝယ်သူ ပြောတဲ့ အတိုင်း လိုက်နာဖို့လိုမယ်။
တစ်ခါတစ်လေ အခြား အေးဂျင့် များနဲ့ အလုပ်လုပ်တဲ့အခါ အချို့က နေရာ၊ ဈေး Confirm မလုပ်ထားတာတွေတွေ့ရတယ်။ ဒီတော့ အဝယ်လာပြီဆိုလျင် အဆင်မပြေတာတွေ ကြုံရတယ်။ တစ်ခါတစ်လေ ပေ ၂၀ ၆၀ လိုချင်ပါတယ်လို့ပြောလဲ ပေ ၄၀ ၆၀ တွေ လိုက်ပြတာတွေ တွေ့ရတယ်။
တစ်ဖက် အေးဂျင့်ကို ငြင်းရမှာအားနာတာရယ်ကြောင့် မပြောဖြစ်ပေမယ့် Ethics မလိုက်နာသလို ဖြစ်နေတယ်။
ဒါကြောင့် အေးဂျင့် တွေကို ပြောလိုတာက "စကားပြောနှုန်း" အဝယ်နဲ့ များအောင် ပြုလုပ်ပါ။ အနှစ်တွေပဲ ပြောပါ။ မလိုတာတွေ ရှောင်ပါ။ ကြားထဲ ဝယ်သူရှာတာ မတွေ့သေးလျင် ၃ ယောက်မြောက်နေ့ဆို ပြန်ပြီး follow up လိုက်ပါ။
Keep Reading