Kaung Hein Soe - Strategic
အားလုံးပဲ မင်္ဂလာပါ။
ကျွန်တော် ကောင်းဟိန်းစိုး Strategy ဖြစ်ပါတယ်။ လက်ရှိမှာ ကျွန်တော်က Online Training တွေ ပေးတယ်။ နောက်တစ်ခါ Social Influencer တစ်ဦးလည်းဖြစ်တယ်။ Follower ငါးသိန်းကျော်ရှိတဲ့ page တစ်ခုကလည်း Knowledge Sharing တွေ မျှဝေနေသလို စီးပွားရေးလုပ်ငန်းအများစုကိုလည်း အကြံပေးနေတယ်။ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း အများအပြားကိုလည်း Run နေတဲ့ လုပ်ငန်းရှင်တစ်ဦးလည်း ဖြစ်ပါတယ်။
ကျွန်တော့်ကိုမေးကြတဲ့မေးခွန်းတွေထဲမှာ ဆရာ့ရဲ့ အဓိကအောင်မြင်မှုသော့ချက်ပေါ့နော်။ ဒါတွေက ဘာတွေဖြစ်မလဲ။ ဒီလိုအောင်မြင်မှုကိုရဖို့ အတွက် ဆရာ ဘယ်လို Rules တွေ စည်းမျဉ်းတွေကို လိုက်နာခဲ့သလဲ ဆိုတာ အချုပ်ကလေး ပြောပြပေးပါဆိုတာ ကျွန်တော့်ကို မေးတဲ့သူတွေ ရှိပါတယ်။ ဒီလူတွေအတွက် ကျွန်တော်က အခုလက်ရှိအနေအထားကိုရောက်လာတဲ့ အဓိကအချက်ပေါ့ဗျာ။ ကျွန်တော်သုံးတဲ့ Golden Rules တွေအကြောင်းကို မျှဝေပေးချင်ပါတယ်။ ဆက်ပြီး ဖတ်ကြည့်ပေးပါဦးဗျ။
အဲဒီတော့ တကယ်တမ်းကျွန်တော်က ပြောရလို့ရှိရင်တော့ ကျွန်တော်က ဆယ်တန်းပြီးတဲ့အချိန်မှာ ရေကြောင်းသိပ္ပံ ကျွန်တော်တက်ပါတယ်။ ရေကြောင်းသိပ္ပံတက်ပြီးတဲ့နောက်မှာ ကျွန်တော် သင်္ဘောတစ်နှစ် လိုက်တယ်။ သင်္ဘောလိုက်ပြီးတဲ့အချိန်မှာ သင်္ဘောသားလောကသည် ပင်ပန်းတယ်၊ ခွန်အားဗလ သုံးရတယ်၊ မိသားစုနဲ့ ခွဲနေရတယ်။ အစရှိတဲ့ အကြောင်းရင်းတွေ အများကြီးပေါ့ဗျာ။ ဒါနဲ့ ကျွန်တော် မလုပ်ဖြစ်တော့ဘဲနဲ့ အောက်ခြေဝန်ထမ်းဘဝကနေ ပြန်ပြီးတော့ဝင်ပါတယ်။
အဲဒီတော့ အောင်ခြေဝန်ထမ်းဘဝကနေ တစ်ကနေပြန်ပြီးစတဲ့အချိန်မှာလည်း ကျွန်တော့်ရဲ့အိမ် မိဘ Background ကလည်း Rich Kids မဟုတ်ဘူး။ ပိုက်ဆံအထောက်အပံ့ပေးနိုင်ပြီး စီးပွားရေးလုပ်ငန်း ထူထောင်ပေးနိုင်တာမျိုး မဟုတ်ဘူး။ ကျွန်တော့် အဖေနဲ့အမေနဲ့က အမေဆိုရင် ကျောင်းဆရာမ၊ အဖေကလည်း သာမန်ဝန်ထမ်းတစ်ဦးဖြစ်တယ်ပေါ့နော်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ အားသာချက်တစ်ခုကတော့ ကျွန်တော်က အိမ်ကို ပြန်ပြီးတော့ ထောက်ပံ့ပေးစရာ မလိုဘူးဆိုတဲ့ အနေအထားတစ်ခုတော့ ရှိနေတယ်။
အဲဒီတော့ စစချင်း ပညာသင်ဘဝနဲ့ Management Training ဆိုပြီး ကုမ္ပဏီကို စပြီးအလုပ်ဝင်တဲ့ အချိန်မှာ ကျွန်တော် လစာ ၁၃ဝ,ဝဝဝ ကျပ် စပြီးရပါတယ်။ လစာ ၁၃ဝ,ဝဝဝ ကျပ် စရတဲ့ ပညာသင်ဘဝကနေ လက်ရှိလုပ်ငန်းရှင်တစ်ဦးဖြစ်လာအောင် ကျွန်တော် လုပ်ခဲ့တဲ့ Rules တွေ ရှိပါတယ်။
ပထမဦးဆုံး Rules က ကျွန်တော် ရှာနိုင်သမျှ ပိုရှာမယ်ဆိုတဲ့ Target တစ်ခုရှိပါတယ်။ တစ်နည်းအားဖြင့်တော့ End Incomes ကို တစ်နှစ်ထက်တစ်နှစ် ပိုများအောင်လုပ်မယ်ဆိုတဲ့ Golden Rules တစ်ခု ကျွန်တော်သတ်မှတ်ထားပါတယ်။ End Incomes ဆိုတာက ကိုယ်တိုင် အားထုတ်ပြီးတော့ ကိုယ့်ရဲ့ လုပ်အားနဲ့ အပြည့်အဝရှာဖွေပြီး တော့ရရှိတဲ့ ငွေကြေးပမာဏကို End Incomes လို့ ခေါ်တာဖြစ်ပါတယ်။
အဲဒီတော့ ကျွန်တော်က Strategy တစ်ခု သတ်မှတ်ထားတာရှိတယ်ပေါ့နော်။ အဲဒီတော့ ကျွန်တော်သည် Training အနေနဲ့ ၁၃ဝ,ဝဝဝ ကျပ်နဲ့ စဝင်တယ်။ ကျွန်တော် ဘာလုပ်ရင် ရာထူးတိုးမလဲ။ ဘာတွေသိရင် ရာထူးတိုးမလဲ။ ဘာတွေထပ်ပြီး တတ်ဖို့ လိုမလဲ။ ဒါကို စဉ်ဆက်မပြတ် ကျွန်တော် တိုင်းတာနေပါတယ်။ ပထမနှစ်မှာ ဘာဖြစ်ရမယ်၊ ဒုတိယနှစ် ဘာဖြစ်ရမယ်၊ နောက်ဘယ် နှနှစ်နေရင် Supervisor ဖြစ်ရမယ်။ နောက် ဘယ်နှနှစ်နေရင် Manager ဖြစ်ရမယ်။ နောက် ဘယ်နှနှစ်နေရင် Senior Manager ဖြစ်ရမယ်။ အစရှိတဲ့ Plan ကို ကျွန်တော် ချထားတယ်။
ဘာ့ကြောင့်လဲ။ ရာထူးတိုးတော့မှ လစာ လိုက်တိုးတော့မှာကိုး။ ကိုယ်က ဝန်ထမ်းတစ်ယောက်ဖြစ် နေတဲ့အချိန်မှာ လုပ်နေတဲ့ နှစ်ကာလချင်းအတူတူ ရာထူးမြင့်မြင့်နဲ့ လစာများများမြင့်ရင် ဝင်ငွေပိုရမယ်။ ကျွန်တော် ဒီလိုတွေးခဲ့တာပေါ့နော်။
အဲဒီတော့ ကျွန်တော် ရာထူးတွေတိုးတက်အောင် လုပ်ပါတယ်။ နောက်ကျွန်တော် ထပ်ပြီးတော့ လေ့လာရမှာတွေ လေ့လာတယ်။ ကျောင်းတွေတက်တယ်။ သက်ဆိုင်ရာ Skill တွေဖြည့်တယ်။ အဲဒီတော့ ရာထူးကလည်း တစ်ဆင့်ချင်းတက်လာတယ်ပေါ့ဗျာ။ ၁၃ဝ,ဝဝဝ ကျပ်ကနေ ၂ဝဝ,ဝဝဝ ကျပ်ဖြစ်လာတယ်။ နှစ်သိန်းခွဲ၊ သုံးသိန်း၊ လေးသိန်း၊ ငါးသိန်း... ဒီကနေ ဆယ်ချီတဲ့ Senior Manager ဘဝတစ်ခုကို ကျွန်တော် ငါးနှစ်လောက်အတွင်းမှာ တည်ဆောက်ခဲ့ပါတယ်။
အဲဒီတော့ ပထမဦးဆုံးအောင်မြင်ရတဲ့ Golden Rules တစ်ခုကတော့ End Incomes ကို များ သထက်များအောင်လုပ်မယ်။ ဒီလိုဖြစ်ပါတယ်။ တချို့က ဒီဘက်ခေတ်မှာ လူငယ်တချို့သည် လမ်းလွဲနေ တယ်။
ဘယ်လိုလမ်းလွဲနေလဲဆိုတော့ ကိုယ်အလုပ်မလုပ်ဘဲ ငွေဝင်မယ့် Passive Incomes ကိုပဲ မျှော်ကိုးနေရင်းနဲ့ လက်ရှိလုပ်နေတဲ့အလုပ်တွေမှာ လစ်ဟာမှုတွေ အများကြီးဖြစ်လာတယ်။ လက်ရှိ ကိုယ် လခစားဝန်ထမ်းအနေနဲ့ အလုပ်ကိုဂရုမစိုက်တော့ဘူး။ အာရုံမထားတော့ဘူး။ အဲဒီတော့ ဒီလိုမဟုတ်ဘူး။ End Incomes သည် Personal Wealth ပေါ့။ ကိုယ်ပိုင် ချမ်းသာကြွယ်ဝမှုကို တည်ဆောက်တဲ့နေရာမှာ အရမ်းအရေးကြီး ပါတယ်။
ဒါကြောင့် လက်ရှိအလုပ် End Incomes မှာ ဝင်ငွေ များများရအောင်လုပ်ပါ။ ဒါက ကျွန်တော် အောင်မြင်ခဲ့ရတဲ့ နံပါတ်တစ် Rules ဖြစ်ပါတယ်။
နောက်ထပ် ကျွန်တော့်ရဲ့ Rules တစ်ခုက ငွေစုတာဖြစ်ပါတယ်။ ငွေစုတာပေါ့နော်။ ကျွန်တော့်အကြောင်းကိုသိကြ
Unlock to read this premium article with 100 points.