Author's Profile Photo

Kaung Hein Soe - Strategic

15/08/2025

ပင်းတယ သစ်သီးတန်းရဲ့ ထူးခြားမှုတစ်ခု

4 mins read
Business
Career & Job Market
Self Improvement
ပင်းတယ သစ်သီးတန်းရဲ့ ထူးခြားမှုတစ်ခု
's photo

အားလုံးပဲ မင်္ဂလာပါ။ကျွန်တော်က ပင်းတယရဲ့ ထင်ရှားတဲ့ ရွှေဥမင်လိုဏ်ဂူတော်ဘုရားကြီးကို ရောက်ခဲ့တုန်းကအကြောင်းလေး ပြောပြမယ်ပေါ့နော်။ အဲဒီတော့ ဒီအကြောင်းကို ကျွန်တော် တစ်ခါတုန်းက ဗီဒီယိုလေးတစ်ခုလုပ်ပြီးတော့ ကျွန်တော် တင်ပေးခဲ့ဖူးတယ်။ ဒါဘာလဲဆိုတော့ ဒီ ပင်းတယမှာရှိတဲ့ သစ်သီးတန်းပေါ့နော်။ ဒီသစ်သီးတန်းရဲ့ ထူးခြားချက်၊ ကျွန်တော်တို့ အရမ်းသဘောကျတဲ့ အချက်လေးတွေ၊ သူ့ရဲ့ Business Model လေးတွေအကြောင်းကို တစ်ခါ တုန်းက ပို့စ်လေးတစ်ခုလုပ်ပြီးတော့ တင်ပေးခဲ့ဖူးတယ်။ လူတော်တော် များများလည်း ကြိုက်ကြတယ်ပေါ့နော်။

အဲဒီမှာ သစ်သီးလုပ်ငန်းတွေ အများကြီးရှိတယ်။ အဲဒီဆိုင်လေးနဲ့ သစ်သီးလုပ်ငန်းလေးတွေ အများကြီးရှိတယ်။ သူ့ရဲ့ ထူးခြားချက်ကလေးတွေကို ကျွန်တော်ပြန်ပြောပြချင်တယ်။ ပြီးတော့ ဒီဆိုင်လေးနဲ့ မိတ်ဆက်ပေးချင်တယ်။
“ဒါတွေကျ ဒီ ပင်းတယက ထွက်တာပဲလား”
“ဟုတ်ကဲ့ရှင့်၊ ပလောင်လိမ္မော်”
“ဪ... ပလောင်လိမ္မော်၊ ဒါတွေကျတော့ ကျွန်တော်တို့က ဟို... အလကားကျွေးတာလား”
“အလကားကျွေးတယ်ရှင့်၊ အမြည်းကျွေးတယ်ရှင့်”
“အလကားကျွေးတဲ့အခါ ကျတော့ရော ကျွန်တော်တို့က ဒီလိုလာပြီးတော့ အများကြီးစားသွားပြီးတော့ ပြန်သွားရင် ဘယ်လိုလုပ်မလဲ”
“ပြန်သွားလဲ ရတယ်ရှင့်”
“ပြန်သွားလဲရတယ်...၊ ပြန်သွားတော့ ရှုံးရင်ကျတော့ရော၊ ရောင်းလို့ရှုံးသွားရင် ဘယ်လိုလုပ်မလဲ”
“ရှုံးတယ်မရှိဘူးရှင့်”
“ဟုတ်လား... အဲလိုမရှိဘူးလား”


“ဒီမှာကျတော့ ဆိုင်တိုင်းက အဲလို အလကားကျွေးတာဆိုတော့ ရိုးရာထုံးစံတစ်ခုလား၊ အဓိပ္ပာယ် တစ်ခုခုရှိလား”
“ထုံးစံရှင့်”
“ဪ... ထုံးစံ၊ ဒီမှာ ဆိုင်ဖွင့်တာ ဘယ်လောက်ရှိပြီလဲဗျ”
“နှစ်ငါးဆယ်လောက်ရှိပြီ၊ အမေ့လက်ထက်ကတည်းကရှင့်”
“ဪ... နှစ်ငါးဆယ်တောင်ရှိပြီပဲ၊ ပင်းတယမှာ အသီးတွေ အစုံပဲနော်၊ ဘာအသီးတွေရှိသေးလဲ”
“ဒါက ပင်စိမ်းသီး ပိုးထိုးရှင့်”
“ပင်စိမ်းသီး. . . ပင်စိမ်းသီးပိုးထိုး၊ တောင်ကြီးသူမ ရအောင်ပိုး. . . တစ်လုံး၊ ချိုနေတာပဲနော်”
“ဒါက ယာကွန်ဥရှင့်၊ မြေပြန့်က ပန်းသီးလို့လဲခေါ်တယ်”
“ဪ... ပန်းသီးလို့လဲခေါ်တယ်၊ ဒါကကျတော့ ပန်းသီးလို့လဲခေါ်တယ်ပေါ့နော်၊ ပန်းသီး၊ သလဲ သီးလဲရှိတယ်၊ ထောပတ်သီးဆို အကြီးကြီးပဲ၊ ကျွန်တော့်မျက်နှာလောက်ရှိတယ် ထောပတ်သီးက၊ ဒါကြီးလဲ ဒီမှာ အလကားစားချင်ရင် ခွဲပြီးကျွေးတယ်ဗျ၊ ကျွန်တော် အဲဒါ တအား Surprise ဖြစ်သွားတယ် အရင်တစ်ခေါက်ကလေ...။

ကျွန်တော်က အဲဒီတုန်းက အရင်တစ်ခေါက်ရောက်တုန်းက ဆိုင်မှာရှိတဲ့အသီးတွေ လိုက်လက်ညှိုးထိုးတယ်။ လက်ညှိုးထိုးတော့ သူကလည်း လက်ညှိုးထိုးတဲ့အသီးကို လိုက်ခွဲပြီးတော့ကျွေးတယ်။ အဲဒီတော့ ကျွန်တော် “ပိုက်ဆံ ဘယ်လောက်ပေးရမလဲ” ဆိုတော့ “ပိုက်ဆံတပြားမှ ပေးစရာ မလိုဘူး” တဲ့။ ဒါ အလှူလုပ်တာလဲဖြစ်တယ်၊ ဒီမှာရှိတဲ့ ပင်းတယက တိုင်းရင်းသားလူမျိုးတွေရဲ့ စေတနာတစ်ခုလည်းဖြစ်တယ်။ အရမ်းကောင်းတဲ့အရာတစ်ခု ပေါ့နော်။ ကျွန်တော်က ဒါလေးကို Sharing လုပ်ပေးချင်တာဖြစ်တယ်။ အဲဒီတော့ ဒီမှာဆိုတာ အသီးအနှံတွေ အများကြီး အများကြီး အစုံပဲ။ အဲဒီတော့ ဘာစားချင်လဲပြော၊ ပျော်စရာကြီးဗျာ။ အသီးဘူဖေး ကျွန်တော်တို့ လာစားသလိုပဲ။ ခုဆို ကျွန်တော်တို့က နေ့လယ်စာ မစားရသေးဘူး။ ဆိုင်ကို ဒုက္ခပေးမယ်ဆိုတဲ့အကြံနဲ့နေပါ့နော်။

ကျွန်တော်တို့ စားဖို့ဆိုပြီး ရောက်လာတာ။ အဲဒီတော့ အသီးတွေအများကြီးပဲ။ နာနတ်သီးတွေရှိတယ်၊ ပင်စိမ်းသီးတွေရှိတယ်၊ ဒေသထွက် ကျွန်တော် တစ်ခါမှမမြင်ဖူးတဲ့ ခုန ပန်းသီးလိုမျိုးရှိတယ်၊ စိမ်းစားဥတွေရှိတယ်။ အသီးတွေကတော့ အစုံပဲ။ ဆိုင်ရှင်တွေကလဲ အရမ်းသဘောကောင်းတယ်။ အိုကေ... ကျွန်တော်တို့ နည်းနည်း ဆက်စားလိုက်ဦးမယ်””

“ထောပတ်သီး၊ ပင်စိမ်းသီးရှင့် စားပါဦးရှင့်”
“ထောပတ်သီး... ဆိမ့်နေတာပဲဗျာ၊ ဒါလေးက ကျွန်တော့်စိတ်ထဲ ချိစ်တုံးကြီးလိုပဲ . . . ချိစ်တုံးကြီးလိုပဲ၊ ကျွန်တော် Food Blogger ဖြစ်တော့မယ်။ ကျွန်တော် Food Blogger မဟုတ်ဘူးနော်။ သူ့ရဲ့ Business Model ကို ကျွန်တော်က ရှင်းပြနေတာ။ ဒါကြီးက အရမ်းကောင်းတယ်။ ချိစ်တုံးကြီးလိုပဲ။ အိုကေ... ဆက်ပြီးတော့ သူ့ရဲ့ Business Model လေးကို ကျွန်တော် ရှင်းပြပါမယ်။ ဆက်လေ့လာကြည့်ပါဦး”
ကျွန်တော်က သစ်သီးတစ်လုံးကိုလက်ညှိုးထိုးတယ်ဆိုရင် သူကလိုက်ပြီးတော့ အလကား ဖရီးကျွေးနေတာပေါ့နော်။ အဲဒီတော့ ဝယ်မသွားလဲ ပြဿနာမရှိဘူး။ ဝယ်မသွားလည်း ဒါသည် ကုသိုလ်လုပ်တာပဲ။ ဒီလိုယူဆချက်က အဲဒီမှာရှိတဲ့ သစ်သီးဆိုင်မှမဟုတ်ဘူး၊ တခြား လက်ဖက်ဆိုင်၊ မုန့်ကြွပ်ရောင်းတဲ့ဆိုင် အကုန်လုံးမှာ အဲဒီ ဓလေ့လေးရှိနေတာကို ကျွန်တော်တို့က သွားတွေ့ရတယ်။

အဲဒီတော့ သူ့ရဲ Business Model က လူတွေကို ဖရီးပေးပြီးတော့မှ ပြန်ပြီးတော့ လူတွေက ဝယ်ယူတဲ့အနေအထားတစ်ခုကို ရောက်သွားတာပေါ့နော်။ ဒါကို ကျွန်တော်တို့က ကျွန်တော်တို့

မိုက်ရဲ့ အရင်းအနှီးတွေက ဘာဖြစ်မလဲ။မန္တလေးမြို့ရဲ့ အအောင်မြင်ဆုံးလူတစ်ယောက်၏ အတုယူစရာကောင်းသည့် အချက်တစ်ချက်ကိုလတ်ဆိုတဲ့ လူတစ်ယောက်အကြောင်း အရင်းအနှီးအကြောင်း ဂဃနဏ သိပါစေ။ပင်းတယ သစ်သီးတန်းရဲ့ ထူးခြားမှုတစ်ခု မြေဝယ်မယ်ဆိုလျှင် ဘယ်အချက်တွေကိုကြည့်ပြီး စဉ်းစားဆုံးဖြတ်ရမလဲ ရွှေဆိုတာအကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုလား စီးပွားရေးလုပ်ငန်းတစ်ခုအနေနဲ့ ဈေးကွက်ထဲကို စတင် ဝင်ရောက်တော့မယ်ဆိုရင် ဘာတွေသုံးသပ်ရမလဲ ငွေအရင်းအနှီး ဘယ်ကနေရှာ 3F ကနေပါ ဘယ်လုပ်ငန်း နယ်ပယ် အရင်းအနှီး ဈေးကွက်ထဲကို ရောက်နေသလဲဆိုတာ အရင်သိအောင်လုပ်ပါ။

Unlock to read this premium article with 100 points.