Author's Profile Photo

Aung Thu Ya Kyaw

14/10/2025

အေးဂျင့်တစ်ယောက် နေ့စဉ်အလုပ်

5 mins read


- ဘာကြောင့် အေးဂျင့်တွေ အကြောင်းကို သိသင့်တာလဲ?
- နေ့စဉ် အဓိက အရေးကြီးသည့် အလုပ်များ
- လက်တွေ့ဘဝမှာ တွေ့ရလေ့ရှိတဲ့ အေးဂျင့်များရဲ့ ဘဝအကြောင်း

၁။ ဘာကြောင့် အေးဂျင့်တွေ အကြောင်းကို သိသင့်တာလဲ?

ကိုယ်က အေးဂျင့် တစ်ယောက်အဖြစ် ရပ်တည်သည် ဖြစ်စေ၊ ရင်းနှီးမြှုပ်နှံသူတစ်ယောက် ဖြစ်စေ အေးဂျင့်တွေရဲ့ အမူအကျင့်တွေ၊ လုပ်ငန်း ဆောင်တာအကြောင်းများကို သိထားခြင်းဖြင့် အိမ်ခြံမြေဝယ်တဲ့နေရာတွေမှာ ပိုမိုမြန်ဆန်မှု ဖြစ်လာမှာဖြစ်တယ်။ 

ကိုယ့်ကို လူတစ်ယောက်က လိမ်မလိမ် ဆိုတဲ့ အရာသိဖို့၊ တစ်ဖက်လူရဲ့ လှုပ်ရှားနေတဲ့ အရွေ့တွေကို နားလည်ဖို့ဆိုတာ ကိုယ်တိုင် ဒီနယ်ပယ် အကြောင်းကို သိနေခြင်းဟာ အန္တရာယ်ကင်းလှပါတယ်။
လွန်ခဲ့ ၂ ရက်လောက်က Workshop လေးတစ်ခုမှာ ပြုလုပ်နေစဉ် လာရောက်တတ်တဲ့ ထဲမှာ မိတ်ဆွေတစ်ယောက်က ပါမစ်ကို ဝယ်လိုက်တာ အခု အမည်ဖောက်ဖို့ လုပ်တော့ ဘယ်လိုမှ လုပ်မရတော့ဘူး။ ထိုအချိန်က အေးဂျင့်တွေပြောတာကိုယုံပြီး လုပ်လိုက်တာ အခုတော့ ကိုယ့်စီမှာ တော်တော်လေး အဆင်မပြေတာတွေ ကြုံနေရကြောင်း ပြောနေတာကို ဘေးကနေ လှမ်းကြားလိုက်ပါတယ်။

ပြောလိုသည်မှာ ကိုယ်က အခုလို အခြေအနေမျိုးမှာ ကိုယ်က မှားနေတာလား၊ အေးဂျင့်ကမှားနေတာလား၊ ဘာတွေ မှားခဲ့သလဲ ဆိုတာ ပြန်တွေးဖို့ လိုအပ်ပါတယ်။

ဆိုလိုသည်မှာ ထိုမိတ်ဆွေဝယ်ခဲ့ချိန်မှာ ပါမစ်တွေဟာ ဂရန် ပြန်ဖောက်ဖို့ အမည်ပေါက် ပိုင်ရှင်မလိုလဲ ရတဲ့ အချိန်ဖြစ်ပြီး။ ၂၀၂၅ အရောက်မှာတော့ ပြန်ဖောက်လို့ မရနိုင်တော့တဲ့ အချိန်ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် အေးဂျင့်က ကျင့်ဝတ်မကောင်းသူ ဆိုပါက လိမ်လည် ရောင်းချတာလဲ ကြုံနိုင်ပါတယ်။ မှတ်ချက် အနေနဲ့ ပြောလိုတာက အေးဂျင့်တွေက အပြောကောင်းကြတာမှန်ပေမယ့် အသုံးချတဲ့အပေါ်မူတည်ပြီး ရလာဒ်တွေဟာ ကွာခြားတတ်တယ် ဆိုတာ သိကို သိထားရမှာ ဖြစ်တယ်။ ဘာကြောင့်လဲ ဆိုတော့ စကားပြောကောင်းတဲ့ သူတိုင်းက မကောင်းတဲ့ ဘက်ခြမ်းကို အသုံးချနေတာမျိုးမဟုတ်ဘူးဆိုတာ သိဖို့လိုတယ်။ 

၂။ နေ့စဉ် အဓိက အရေးကြီးသည့် အလုပ်များ

အေးဂျင့် တစ်ယောက်မှာ အရေးကြီးဆုံး လုပ်ငန်းဆောင်တာကတော့ Lead Generation & Lead Conversion ဖြစ်ပါတယ်။ Lead Generation ဆိုတာကတော့ ကိုယ့်စီ ဖောက်သည်ရလာဖို့ နေ့စဉ်ကြိုးစားနေရတာမျိုး ဖြစ်ပါတယ်။ ဖောက်သည် တစ်ယောက် လက်ရှိရောက်နေပြီိဆိုလဲ ထက်ရောက်ရှိလာဖို့ ထပ်လုပ်နေရမှာ ဖြစ်တယ်။ Lead Conversion ဆိုတာကတော့ ဖောက်သည် သားလောင်းကနေ တစ်ဆင့် ဝယ်သွားတဲ့ ဖောက်သည်တွေဖြစ်ဖို့ နေ့စဉ်လုပ်သွားရမဲ့ လုပ်ငန်းဆောင်တာတွေဖြစ်တယ်။ ဒါက အေးဂျင့်တစ်ယောက်အတွက် နေ့စဉ်အလေ့အကျင့်လို ဖြစ်နေရမှာပါ။

ဒီ ၂ ချက်ဟာ အချက်အလက်အားဖြင့် တိုပေမယ့် လက်တွေ လုပ်တဲ့အခါမျိုးတွေမှာဆိုလျင် ချဲ့ရင်ချဲ့သလောက် လေ့လာဖို့၊ လေ့ကျင့်ဖို့၊ နည်းလမ်းရှာဖို့ ကျယ်ပြန့်တယ်ဆိုတာ မမှားပါဘူး။ ဘာနဲ့ တူသလဲဆိုတော့ ကားမောင်းနည်း စာအုပ်ဖတ်ပြီး ကားတစ်စီးကို ကျွမ်းကျင်စွာ မောင်းနိုင်ဖို့ မလွယ်သေးပါဘူး။ 


၃။ လက်တွေ့ဘဝမှာ တွေ့ရလေ့ရှိတဲ့ အေးဂျင့်များရဲ့ ဘဝအကြောင်း

အေးဂျင့်တစ်ယောက်အတွက် အရေးကြီးဆုံးကတော့ ကိုယ့်မှာ ရောင်းကွက်ရှိဖို့၊ ဝယ်သူရှိဖို့ အဓိက ဆိုပေမယ့် ဒီ နှစ်ခုလုံးကိုအဓိက ကြိုးကိုင်တယ်နိုင်တာကတော့ ကိုယ့်ရဲ့ အသိမိတ်ဆွေ ဖြစ်တယ်။ ဒါကြောင့် အေးဂျင့်တွေဟာ အချင်းချင်း စကားပြောဖို့ ချိန်းဆိုလေ့ရှိကြပြီး တစ်ယောက်နဲ့ တစ်ယောက် ဒေတာဖလှယ်တာ အကျိုးအကြောင်း စကားပြောတာတွေကို တွေ့ရပါတယ်။ 

နေရာတစ်ခုနဲ့ တစ်ခု အေးဂျင့် အချင်းချင်း တွေ့စုံပုံ အချိန် မတူပေမယ့် နေရာတူကြပါတယ်။ ဒါကတော့ လက္ဖက်ရည်ဆိုင် ဖြစ်တယ်။ လက္ဖက်ရည်ဆိုင် အနုပညာ တွေဟာ ဒီလောကကသူတွေအတွက် အရမ်းအရေးပါပါတယ်။ 
ကိုယ်တိုင် လက္ဖရည်ဆိုင်ထဲ ဝင်သွားတဲ့ အချိန်တိုင်းမှာ ဘယ်သူက ပွဲစား ဘယ်သူက ဝယ်သူ ဘယ်သူက လက္ဖရည်သက်သက် လာသောက်သူဆိုတာ ကြာလာနဲ့ အမျှ ခွဲလို့ရလာပါတယ်။ 

ရုံးပေါ်တက်နေတဲ့ အေးဂျင့် တွေ ရှိကြသလို၊ ကိုယ်ပိုင် တစ်နိုင်တစ်ပိုင်လေးတွေလဲ ရှိကြပါတယ်။ 
ကိုယ်တိုင် မမှီခဲ့တဲ့ ခေတ်တွေတုန်းက ပွဲစားကြီးတွေဆိုတာ ဖုန်းမရှိ၊ ဆိုင်ကယ်မရှိ၊ ကား မရှိတွေ ဖြစ်ကြတယ်။ ဒါကြောင့် တစ်ချို့ကြတော့လဲ လမ်းလျောက်လိုက်ပြရတာမျိုးတွေလဲ ရှိခဲ့ကြတယ်။ ဟိုးအရင်တုန်းက မြေကွက် တစ်ကွက် ဝယ်ဖို့အတွက် ဝယ်သူတွေက ပွဲစားကြီးတွေရှာဖွေဖို့အတွက် ထိုသူတွေ ထိုင်လေ့ရှိတဲ့ ဆိုင်တွေကို အချိန်နဲ့ မေးမြန်းပြီး စုံကြတယ်။ အဓိကကတော့ ဖုန်းမရှိလို့ ဖြစ်တယ်။

ယနေ့ခေတ်မှာတော့ ပွဲစား/အေးဂျင့်တွေဟာ အိပ်ယာထ နောက်ကျလေ့ရှိပြီးတော့ အဝယ်တစ်ယောက် ဖုန်းဆက်မှ “ပြူးတူ့ ပြူးတဲ” ထကြပြီး အမြန်ရေမိုးချိုး လိုက်ပြပြီးမှ လက္ဖရည်ဆိုင်ထိုင် မနက်စာ စား၊ လက္ဖက်ရည် သောက်ကြတာ တွေ့ရတယ်။ လူတိုင်း မဆိုလိုပေမယ့် ၁၀ ယောက်မှာ တွေ့ဖူးရသလောက်က ၇ ယောက်လောက် ဖြစ်နေတတ်တယ်။ 

ပြီးလျင်တော့ ပွဲစားတိုင်းရဲ့ အားကိုးရာ အရောင်း တင်ဖို့အတွက် Facebook ကို စတင်မွှေနှောက် ဒေတာတွေ အခြားပွဲစားတွေက ပေးတာတွေကို Viber ကနေ စ တင်ကူယူပြီး ပို့စ်တွေကို ရေး၊ ပုံတွေရှာ (သို့) ပုံတွေ သွားရိုက် ဒါတွေပြီးတာနဲ့ Profile နဲ့ အလုပ်လုပ်သူက Profile, Page နဲ့သူက Page ရေးတင်လိုက်၊ Group တွေကို Share တာမျိုးတွေ လုပ်ကြတယ်။ 

ပြီးလျင်တော့ အဝယ်လိုက်ပြစရာရှိလျင် အဝယ်နဲ့ စုံမဲ့နေရာ၊ အချိန်တို့ကို ချိန်းဆိုကြပါတော့တယ်။ ထိုတွင် တစ်နေကုန် ကုန်ကြပြီး ပွဲဖြစ်တဲ့ ရက်လေးကို စောင့်နေရပါတယ်။ တစ်လမှာ ၁ ပွဲလောက် ဖြစ်လျင် ကိုက်နေတော့ ဘယ်လောက်ရရ အဆင်ပြေအောင် နေရတော့တာပါပဲ။ ဒီလိုနဲ့ လိမ့်ချည်၊ လိမ့်ချည်နဲ့ ခရီးရှေ့ဆက်ကြရင်း အချိန်တွေကုန်လာရင်း ဖြတ်သန်းနေလေ့ရှိကြပါတယ်။

ဒါကတော့ တွေ့လေ့ရှိတဲ့ ပုံစံဖြစ်ပြီး လူတိုင်းက ဒီတိုင်း ကုန်ဆုံးတယ်လို့ ပြောလို့ မရနိုင်ပေ။ 
ကျွန်တော့ ကတော့ မနက်ခင် ရောက်လာပြီဆိုတာနဲ့ Time-Blocking Methods ကိုစသုံးပါတယ်။ အထူးသဖြင့် အချိန်တွေကို ကိုယ်ဘာလုပ်ရမလဲ၊ ဘယ်အချိန်မှာ ဘာဆိုတာ Google Calendar ကိုအသုံးပြုခါ စီစဉ်ရပါတယ်။ 

ပြီးလျင် Lead Generation အတွက် အလုပ်တွေ စတင်လုပ်ရပါတော့တယ်။ ဒါကတော့ ၉ ခွဲလောက်ထိ ဖြစ်ပြီးတော့ ၉ ခွဲ ဆိုလျင် စတင် Cold Calling နှင့် အရေးကြီး ဖုန်းတွေကို ဆက်ရပါတော့တယ်။ ဒေတာအချက်အလက် အသစ်နှင့် အဟောင်းတွေကြားမှာ ပြောင်းလဲ သွားတဲ့၊ ဈေးတန်း၊ နေရာ၊​ Location အချက်ချာ အကြောင်းတွေကို ပြုစုရပြီးတော့ အဝယ်နှင့် ကိုက်တယ် (လိုချင်တဲ့ ဈေး၊ နေရာ) အဆင်ပြေတာမျိုးတွေမှာ ဆိုလျင် တစ်ခါတည်းပို့ ရပါတယ်။

တစ်ခါက ဒေတာတစ်ခုကို Confirm မလုပ်မိနဲ့ အဝယ်နဲ့ ပြဿနာ တက်ဖူးပါတယ်။ ဒါက ဈေးတန်း အရမ်းတန်နေတာကြောင့်ဖြစ်တယ်။ ဈေးတန်နေတဲ့ အခါကျတော့ တစ်ခါတည်း တန့်ပို့မိသွားတာမျိုးတွေ ဖြစ်တယ်။
ဒေတာတွေကို ပို့ရာမှာ ဈေးတန်တန်တာမျိုးတွေဆို တစ်ခါတည်း တန်းပို့ရတာကြောင့် သေချာ မစစ်ဆေးမိတာလေးတွေလဲ ရှိတယ်။ 

ဝယ်သူတွေ အကြည့်များတာကတော့ သေချာတဲ့ အချိန်တစ်ခု မရှိဆိုပေမယ့် တစ်ချို့အဝယ်တွေက ညကတည်းက ကြည့်ထားတာမျိုးတွေ ရှိတယ်။ ဒါကြောင့် မနက်ခင်းစောစော ပိုင်းတွေမှာ တင်ထားတဲ့ အေးဂျင့်တွေကို ဖုန်းဆက် ကြည့်တာမျိုးတွေရှိတယ်။ ဒီလို အဝယ်အမျိုးအစားတွေက အစောပိုင်းကာလတွေမှာ အရင်ဆုံး လိုက်ကြည့်ထားတာမျိုးတွေ များပြီးတော့ တကယ်ကို ကြိုက်နှစ်သက်လို့ ကြည့်တာမျိုးတွေရှိတယ်။ သူတို့တွေကပဲ တကယ် ဝယ်တဲ့ အဝယ်တွေများကြတယ်။ 

သို့ပေမယ့် ဒီလိုအဝယ်တွေကကျွန်တော်သွားနေတဲ့ ပုံစံနဲ့ မတူတာတွေရှိတယ်။ အရောင်းတစ်ခုကို ကြိုက်လို့ ဆက်သွယ်တာမျိုးထက် လူပေါ်ကြိုက်လို့ ဆက်သွယ်တာမျိုး ဖြစ်သင့်တယ်။ ဒါကြောင့်ပါ။ ဆိုတော့ ဒီလို အဝယ်တွေကတော့ မြန်မြန်ဝယ်တာ ဖြစ်တဲ့ အတွက် ကံအကျိုးပေးတဲ့ အဝယ်တွေလို့ ပြောလို့ရပါတယ်။ 

နေ့ခင်းပိုင်းတွေမှာတော့ နေအရမ်းပူတာကြောင့် အဝယ်တော်တော်များများလဲ ရှောင်ကြသလို အေးဂျင့်တွေ အနေနဲ့လဲ လိုက်ပြလေ့ရှိကြပါတယ်။ တစ်ချို့ အေးဂျင့်တွေကတော့ တမင် ရှောင်တာမျိုးတွေ ရှိကြပါတယ်။ သိတဲ့ မိတ်ဆွေတစ်ယောက်ဆိုလျင် သူပြလိုတဲ့ အချိန်တစ်ခုရောက်မှ သာလျင် ပြေလေ့ရှိပြီးတော့ ဖုန်းပိတ်ထားလေ့ရှိပါတယ်။ ဒါကလဲ လူတိုင်း မပြောလိုပေမယ့် တော်တော်များများမှာ တွေ့ရပါတယ်။ ကိုယ်တိုင်လဲ တစ်ခါတစ်လေ အလုပ်အရမ်းရှုပ်တဲ့ အခါမျိုးတွေမှာ တစ်ခါတစ်လေ ပိတ်ထားတာမျိုးတွေလဲ ရှိတယ်။ 

ဓာတ်ပုံရိုက်တဲ့ အခါမျိုးတွေမှာ ဆိုလျင် အကောင်းဆုံးအချိန်ကတော့ မနက်ခင်း နေဝင်ချိန်နှင့် နေထွက်ချိန်တို့ဖြစ်တယ်။ ဒါကြောင့် အရောင်းတွေ လိုက်ကောက်တဲ့ အခါမျိုးတွေမှာ ဆိုလျင် မနက်ခင်း နဲ့ ညနေပိုင်း ပိုများကြပါတယ်။ တစ်ခါတစ်လေတော့ ဒီလိုအချိန်တွေမှာ အဝယ်တွေကို လိုက်ပြနေရတာကြောင့် ဒေတာ မကောက်တာတွေ လဲ ရှိတယ်။ 

ညနေ ၂ နာရီကနေ ၃ နာရီလောက်က နားနားနေနေနေကြလေ့ရှိပြီးတော့ ၃ နာရီနောက်ပိုင်းဆိုလျင်တော့ အဝယ်မရှိလျင် ဒေတာကောက် အဝယ်ရှိလျင် ဒေတာတွေ လိုက်ပြနေရတာနဲ့ပဲ ညနေဆောင်းကို ကုန်ဆုံးလေ့ရှိကြတယ်။
ဒေတာတွေကို လူတွေစီရောက်ဖို့နဲ့ ထိရောက်ဖို့အတွက် အေးဂျင့်တွေဟာ Facebook မှာ ပို့စ်တင် Group တွေ တာတွေကို အဓိက လုပ်ကြပြီး အားရင် အားသလို လုပ်လေ့ရှိကြတဲ့ အလေ့အထပင် ဖြစ်ကြပါတယ်။

အခုပြောပြခဲ့တာတွေကတော့ Residential မှာ လုပ်နေတဲ့ အေးဂျင့်တွေ ဖြစ်ပြီး အဓိအားဖြင့် လုံးချင်းအိမ်၊ မြေကွက်တွေကို အဓိကထားရောင်းနေသူတွေ ဖြစ်ကြပါတယ်။ စက်မှုဇုန် သီးသန့်၊ ကွန်ဒို၊ လယ်ယာမြေ လုပ်နေတဲ့ အေးဂျင့်တွေရဲ့ Life ကတော့ ပုံစံလေးတွေကွဲပြားကြပါတယ်။ 

အခု ပြောပြခဲ့တာကတော့ အေးဂျင့် တွေအနေနဲ့ နေ့စဉ်ဖြတ်သန်းပုံ အချို့ ဖြစ်ပြီးတော့ သိထားရမှာက အေးဂျင့်တွေအနေနဲ့ အမြဲတမ်းလေ့လာနေရမယ်။ သာမန်လူတွေ လုပ်နေတာထက် ပိုသာဖို့ သူတို့ထက် ပိုကောင်းမွန်တဲ့ နည်းလမ်းတွေ ပြုစုပျိုးထောင်ရမှာ ဖြစ်တယ်။

Keep Reading