Author's Profile Photo

Kaung Hein Soe - Strategic

14/10/2025

အမြဲလေ့လာထားပါ

1 min read
Personal Development
Business
အမြဲလေ့လာထားပါ's photo

Personal Finance လိုပညာတွေဟာ အမြဲ လေ့လာနေဖို့လိုပါတယ်။ စာတစ်အုပ်ဖတ်ပြီး ငါတော့ရပြီလို့ မရနိုင်ပါဘူး။ ခေတ်ကာလ အခြေအနေအရ အနေအထား အယူအဆတွေက အမြဲပြောင်းလဲ နေတာပါပဲ။

ဥပမာ စုငွေ စုနိုင်ဖို့ ချွေတာမလား ပိုရှာမလားလို့ မေးတဲ့အခါ ဝင်ငွေထဲက စုငွေကို အရင်ဖယ်ပါ။ ဝင်ငွေရဲ့ ၁၀% ကို စုငွေအဖြစ် ထားပါလို့ လမ်းညွှန်ကြတာ များပါတယ်။ ဒါဟာ ချွေတာမယ်ဆိုတဲ့ ခေါင်းစဉ်အောက်ကပါ။ တစ်နည်း အရင်ခေတ်က အယူအဆပါ။ ရှေးတုန်းက နည်းပညာ မထွန်းကား အင်တာနက် မရှိ အချိတ်အဆက်မကောင်း ၊ အလုပ်ချိန်ကလဲ တစ်ရက်အပြည့်ဆိုတော့ ပိုရှာဖို့ဆိုတာ သိပ်ခက်ပါတယ်။

ဒါပေမယ့် ဒီနေ့လို နည်းပညာခေတ်မှာ သာမန်နေ့တိုင်း social media သုံးရင်ကို ငွေဝင်နေပါပြီ။ ဆိုတော့ ဒီနေ့ ခေတ်ဟာ ချွေတာတာထက် ပိုရှာဖို့က ပိုလွယ်ပါတယ်။ မျက်စိ နားတွေ ဖွင့်ထားဖို့တော့ လိုတာပေါ့
ဒါကြောင့် အခု ဆို Golden Rule က အနည်းငယ် ပြောင်းစပြုနေပါပြီ။ ဝင်ငွေ ရဲ့ ၁၀% ကိုအရင်စု။ ခြောက်လကို ဝင်ငွေပမာဏ ၁၀% တိုးအောင်လုပ်။ ဒါပါပဲ။

ပိုပြီး နည်းနည်း risk ယူရဲရင် ဝင်ငွေ ၁၀% ကိုအရင်ဖယ်စုတဲ့ အဆင့်ကိုကျော် ၊ book value အောက် ကျနေတဲ့ လုပ်ငန်း ရှယ်ယာဝယ် ဆိုတဲ့ investment တိုက်ရိုက်ကိုတောင် သွားနိုင်ပါတယ်။
ဒါကြောင့် ခေတ်ပြောင်းရင် အခြေအနေတွေ ပြောင်းတဲ့အတွက် လုပ်ထုံးတွေလည်း လိုသလို လိုက်ပြောင်းဖို့လိုပါတယ်။ မဟုတ်ရင် ကိုယ်ပဲ နောက်ကျနေခဲ့ပါမယ်။
 
Kaung Hein Soe - Strategic
Serial Investor

Keep Reading

သင့်လုပ်ငန်းက တကယ်မြတ်နေရဲ့လား အပိုင်း(၁)သင့်လုပ်ငန်းက တကယ်မြတ်နေရဲ့လား(အပိုင်း-၅)အမြဲလေ့လာထားပါသင့်လုပ်ငန်းက တကယ်မြတ်နေရဲ့လား-အပိုင်း(၂)စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးငွေကြပ်တည်းမှုPersonal Finance Levelsအဆန့်အဖျက်သင့်လုပ်ငန်းက တကယ်မြတ်နေရဲ့လား - အပိုင်း(၃)မရှုပ်မရှင်း မရှင်းမရှုပ် အပိုင်းနှစ်