Author's Profile Photo

Kaung Hein Soe - Strategic

31/07/2025

ဈေးကွက်ကို ဘယ်လိုနည်းလမ်းနဲ့ စိုးမိုးထားနိုင်မလဲ

5 mins read
Business
Career & Job Market
Self Improvement
ဈေးကွက်ကို ဘယ်လိုနည်းလမ်းနဲ့ စိုးမိုးထားနိုင်မလဲ
's photo

အားလုံးပဲ မင်္ဂလာပါ။
ဒီနေ့မှာတော့ ကျွန်တော်က စီးပွားရေးလုပ်ငန်းတစ်ခုလုပ်မယ်ဆိုရင် စီးပွားရေးလုပ်ငန်းအနေနဲ့ ဈေးကွက်ကို ဘယ်လိုနည်းလမ်းနဲ့ စိုးမိုးထားနိုင်မလဲ၊ ကြီးစိုးထားနိုင်မလဲ။ နောက်တစ်ခါ ဒီစီးပွားရေးဈေး ကွက်ကြီး တစ်ခုလုံးကို ကိုယ်က ဘယ်လိုမျိုး လက်ဝါးကြီးအုပ်ထားနိုင်မလဲ။ အစရှိတဲ့ နည်းလမ်းလေးကို မျှဝေပေးချင်ပါတယ်။

အဲဒီတော့ စီးပွားရေးလုပ်ငန်းတိုင်းရဲ့ အိပ်မက်က Market ကြီး တစ်ခုလုံးမှာ ကိုယ်သည် Market Leader ဖြစ်ရေး၊ Market ကို ကြီးစိုးထားနိုင်ရေးသည် အဓိကကျတဲ့ အဓိကအိပ်မက်တစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် ဘယ်လိုနည်းလမ်းတွေနဲ့ Market ကို စိုးမိုးခြယ်လှယ်ထားနိုင်မလဲဆိုတာကို မျှဝေပေးချင်ပါတယ်။ ဆက်ပြီး လေ့လာကြည့်ပါဗျ။

ကျွန်တော်တို့ စီးပွားရေးလုပ်ငန်းတစ်ခုအနေနဲ့ ဈေးကွက်ကို ကိုယ်တစ်ယောက်တည်းကနေ ကိုယ့်လုပ်ငန်းကနေပြီးတော့ စိုးမိုးခြယ်လှယ် ထားဖို့ဆိုတာသည် စီးပွားရေးလုပ်ငန်းတိုင်းရဲ့ အိပ်မက်ဖြစ်ပါတယ်။ အဲဒီတော့ ဒီလိုနည်းလမ်း ဒီလိုဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာကို ကျွန်တော် မျှဝေပေးချင်တာဖြစ်ပါတယ်။

နံပါတ်(၁) နည်းလမ်းကတော့ ကိုယ့်မှာ Secret Recipe ပေါ့။ Secret Formula ပေါ့။ Secret တစ်ခုခုပေါ့နော်၊ တစ်နည်းအားဖြင့် ကျွန်တော်တို့သည် တခြားပြိုင်ဘက်တွေထက်သာလွန်တဲ့ Intellectual Properties လို့ခေါ်တဲ့ ကိုင်တွယ်ထိတွေ့လို့မရတဲ့ သူများတွေလိုက် တုပလို့ကိုမရတဲ့ လျှို့ဝှက်နည်းလမ်းတွေ၊ Formula တွေရှိနေတာကို ကျွန်တော်တို့ ဆိုလိုတာဖြစ်ပါတယ်။

ကျွန်တော်တို့ ကြက်ကြော် Fast Food လောကမှာဆိုရင် ကြီးစိုးထားတာက Colonel Senders ရဲ့ KFC ကြက်ကြော်ရှိပါတယ်။ အဲဒီတော့ KFC ကြက်ကြော်သည် ဘာကြောင့် ဒီဈေးကွက်ကြီးကို လက်ဝါးကြီးအုပ်ထားနိုင်သလဲ။ သူ့ရဲ့ ကြက်ကြော်တဲ့ နည်းစနစ်သည် တကယ့် လျှို့ဝှက်ချက်တစ်ခုအနေနဲ့ ဘယ်သူကမှာ လိုက်လံတုပလို့ မရနိုင်တဲ့ အနေအထားတစ်ခုဖြစ်တဲ့အတွက် ဈေးကွက်ကို အုပ်စီးထားနိုင် တာဖြစ်ပါတယ်။

နောက်တစ်ခါ ဥပမာတစ်ခုအနေနဲ့ပြောရရင် ကိုကာကိုလာ။ ကိုကာ ကိုလာဆိုလို့ရှိရင် သူ့ရဲ့ ဖော်မြူလာသည် လုံးဝ လျှို့ဝှက်ထားတဲ့ ဖော်မြူလာဖြစ်တယ်။ ကိုကာကိုလာရဲ့ဖော်မြူလာကိုသိတဲ့သူသည် ကမ္ဘာပေါ်မှာ လေးယောက်ပဲရှိတယ်၊ သုံးယောက်ပဲရှိတယ်... အစရှိသည်ဖြင့် ပြောကြလေ့ရှိတယ်။ သူ့ရဲ့ Secret Recipe ကြောင့် ဘယ်သူမှ တုနှိုင်းလို့မရဘဲနဲ့ ဈေးကွက်ကြီးတစ်ခုလုံးကို လက်ဝါးကြီးအုပ်ထားနိုင်တဲ့အနေအထားအဖြစ်တွေ့ရတာဖြစ်ပါတယ်။
အဲဒီတော့ ပထမဆုံး(၁)အချက်က ကိုယ်က သူများနဲ့မတူတဲ့ ဒီဇိုင်းတစ်ခုခု၊ Intellectual Properties တစ်ခုခု၊ ဖော်မြူလာတစ်ခုခု ဒါမျိုးရှိနေမယ်ဆိုရင် ဈေးကွက်ကြီးကို အုပ်စီးလို့ရနိုင်ပါတယ်။

ထားပါတော့... ခုခေတ်မှာဆိုရင် အသင့်စား စားသောက်ကုန်တွေ ထုတ်လာကြတယ်။ ခေါက်ဆွဲတွေ အသင့်စား ထုတ်လာကြတယ်။ ရှမ်းခေါက်ဆွဲတွေ အသင့်စားထုတ်လာကြတယ်။ ဒီလိုမျိုးထုတ်တဲ့အချိန်မှာ လူတိုင်းကြိုက်နိုင်တဲ့ အရသာတစ်ခုကို ကိုယ်ကဖော်ထုတ်ထားပြီးတော့ ဒါကို ဘယ်သူ့မှ မပေါက်ကြားအောင် လိုက်လံတုပနိုင်ခြင်းမရှိအောင် ကျွန်တော်တို့ရဲ့ ဖော်မြူလာကကောင်းမယ်ဆိုရင် ဈေးကွက်ကိုလက်ဝါးကြီး အုပ်ထားနိုင်မှာ ဖြစ်ပါတယ်။

နောက်ထပ်နည်းလမ်းတစ်ခုကကျတော့ ကျွန်တော်တို့သည် Production လုပ်ငန်းလိုမျိုးပေါ့။ ကုန်ပစ္စည်းတွေကို ကျွန်တော်တို့က ပြန်ပြီးတော့ Value Added ပြန်ပြီးတော့ ထုတ်လုပ်ပြီးတော့ ကုန်ချောအဖြစ် ပြန်ပြောင်းတဲ့လုပ်ငန်းမျိုးတွေဆိုရင် ကိုယ့်ရဲ့ ပြိုင်ဘက်တွေထက် သာလွန်ပြီးတော့ ဈေးကွက်ကို လက်ဝါးကြီးအုပ်ထားနိုင်ဖို့အတွက် Supplier ကို ကျွန်တော်တို့က ကောင်းကောင်း ချုပ်ကိုင်ထားနိုင်မယ်၊ Supplier ဆီကနေ ဒီကုန်ကြမ်းပစ္စည်းသည် ဒီ Product အတွက် မဖြစ်မနေ လိုအပ်တယ်။ ဒီကုန်ကြမ်းကို ကျွန်တော့်ကိုပဲ အကုန်လုံးပေးပါ။ ဒါမျိုး ပေါ့နော်။ Supplier နဲ့ ကိုယ်နဲ့ ဈေးညှိပြီးတော့ ဒီ Supplier ကို Control လုပ်ထားနိုင်မယ်၊ ဒါမှမဟုတ် ဒီ Supplier ကို ကောင်းကောင်း Relation တည်ဆောက်ထားနိုင်မယ်၊ ဒီလိုအနေအထားဆိုရင် ကျွန်တော်တို့က ဈေးကွက်တစ်ခုလုံးကို သိမ်းပိုက်ထားနိုင်တယ်ဆိုတဲ့အနေအထား ကျွန်တော်တို့က ရရှိနိုင်ပါတယ်။

ဒါ နံပါတ်(၂) တစ်ချက်ပေါ့။
အိုကေ... ဒီဟာနဲ့ ကပ်လျက်ဆက်ပြီးတော့ ကျွန်တော်တို့ကနံပါတ်(၃) အနေနဲ့ ပြောရမယ်ဆိုရင် ကုန်စည်ဖြန့်ဖြူးတဲ့လောမှာ ဒီ Supplier နေရာပေါ့နော်။ ကုန်ကြမ်းဖြန့်ချိရေးကို ကိုယ်ကလက်ဝါးကြီးအုပ်ပြီးတော့ ယူထားနိုင်လိုက်တယ်ဆိုရင်လည်း ကိုယ့်ဆီကနေပဲ တခြားပြိုင်ဘက်တွေက ကုန်ကြမ်းပြန် ယူရမှာဖြစ်တဲ့အတွက် ဈေးကွက်ကို ကျွန်တော်တို့က လက်ဝါးကြီးအုပ်ထားနိုင်တဲ့ အနေအထားမျိုး ရနိုင်ပြန်တယ်။ ကျွန်တော်တို့က ဈေးကွက်ထဲမှာ ကုန်ချောပါးသွာစေချင်တယ်ဆိုရင်၊ ကုန်ချောတွေ ဈေးတက်သွားစေချင်တယ်။ ကုန်ချောတွေ ရှားသွားစေချင်တယ်ဆိုရင် ကျွန်တော်တို့က ကုန်ကြမ်းဖြန့်ဝေခြင်းကို ရပ်နားလိုက်မယ်။ ကျွန်တော်တို့မှာရှိတဲ့ ကုန်ချောတွေကိုပဲ အပြင်ကိုထုတ်ရောင်းတဲ့အခါမှာ ဈေးပိုပြီးတော့ ရမယ်။ ဒါမျိုး ကျွန်တော်တို့က တတိယမြောက်နည်းလမ်းအနေနဲ့လည်

ငွေအရင်းအနှီး ဘယ်ကနေရှာ 3F ကနေပါ ဈေးကွက်ကို ဘယ်လိုနည်းလမ်းနဲ့ စိုးမိုးထားနိုင်မလဲ လုပ်ငန်းတူတိုင်း ပြိုင်ဘက်တွေလား စီးပွားရေး Ideaကို ဘယ်ကနေရှာဖွေမလဲကိုယ့်ရဲ့ Product တွေကို ပိုရောင်းရစေမယ့်နည်းလမ်းတစ်ခုအရင်းအနှီးထပ်မထည့်ဘဲ အမြတ်ပိုထွက်နည်း သင့်ရဲ့ ကုန်ပစ္စည်းတွေကို ပိုရောင်းရအောင်သုံးရလေ့ရှိတဲ့ နည်းလမ်းတစ်ခုမိမိရဲ့ Product တွေ၊ Service တွေကိုပိုပြီး ဝယ်ယူချင်စိတ်ဖြစ်ပေါ်အောင် နည်းလမ်းတစ်ခု ငွေရှာဖွေနည်း၏ ကောင်းကျိုးဆိုးကျိုးစျေးကွက်ထဲမှာ ဦးဆောင်တဲ့သူဖြစ်ဖို့ အရေးကြီးတဲ့ အချက်တစ်ချက်

Unlock to read this premium article with 100 points.