Kaung Hein Soe - Strategic
အားလုံးပဲ မင်္ဂလာပါ။
ဒီနေ့မှာတော့ ကျွန်တော်က ရွှေရဲ့ အားနည်းချက် အားသာချက်တွေအကြောင်းကို ကျွန်တော်က ပြောပြပေးချင်ပါတယ်။
အဲဒီတော့ အခုအချိန်မှာ အတော်များများက ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ချင်ကြတယ်။ လက်ထဲမှာ ကျပ်ငွေကို မထားချင်ကြဘူး။ အဲလိုနဲ့ ဒီအချိန်မှာ ဘာဝယ်ရင်ကောင်းမလဲပေါ့။ ဘာဝယ်ရင် ကောင်းမလဲလို့ စဉ်းစားတဲ့အထဲမှာ ရွှေသည်လည်း ရွေးချယ်စရာတစ်ခုဖြစ်လာပါတယ်။
အဲဒီတော့ ရွှေသည် တကယ်ပဲ ရင်းနှီးမြှုပ်နှံမှု သင့်တော်သည့်အရာမျိုးလား၊ ဘယ်အချိန်မှာ ရင်းနှီးမြှုပ်နှံရမလဲ။ ဘာအားသာချက် ဘာအားနည်းချက်တွေ ရှိသလဲဆိုတာကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ကျွန်တော် မြိတ်မြို့ကိုရောက်တော့ မြိတ်မြို့ရဲ့ ဆိတ်ငယ်ဈေးကြီးထဲမှာ ဆိုင်ခွဲပေါင်း လေးဆိုင်နဲ့ဖွင့်လှစ်ထားတဲ့ ကောင်းဆုရတနာရွှေဆိုင်ကို ရောက်ရှိခဲ့ပါတယ်။ ကောင်းဆုရတနာဆိုင်မှာဆိုရင် မြိတ်မြို့ရဲ့ ဆိပ်ငယ် ဈေးကြီးထဲမှာ ဆိုင်ခွဲပေါင်းလေးဆိုင်နဲ့ ဖွင့်လှစ်ထားတဲ့ ကောင်းဆု စိန်ရွှေရတနာဆိုင်က ရွှေထည်ပစ္စည်းအမျိုးမျိုးတွေ၊ ဒီလို အရမ်းလှပပြီးတော့ တန်ဖိုးရှိတဲ့ ကျောက်မျက်ရတနာတွေ ဒါတွေကို အကောင်းဆုံး ရောင်းချပေးနေတာဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုအတွက်ရော၊ အဆင်တန်ဆာအတွက်ရော မြိတ်မြို့မှာဆိုရင် ကောင်းဆုကို သတိရပေးဖို့ ဖိတ်ခေါ်ချင်ပါတယ်။
အရင်ဦးဆုံးတော့ ကျွန်တော်က ရွှေရဲ့ကောင်းကွက်ကလေးတွေကို ပြောပြချင်ပါတယ်။ အဲဒီတော့ ရွှေဆိုတာသည် ကမ္ဘာပေါ်မှာ အရမ်းအဖိုးတန်တဲ့ သတ္တုတစ်မျိုးဖြစ်သလို ရှားလည်း ရှားပါးတဲ့ တွင်းထွက် အမျိုးအစားတစ်ခုဖြစ်တဲ့ ရတနာတစ်ခုလို့ ကျွန်တော်တို့ပြောလို့ရတယ်ပေါ့နော်။
အဲဒီတော့ ပထမဦးဆုံး နံပါတ်တစ်အချက်က ကမ္ဘာပေါ်မှာ ရွှေသည် နှစ်စဉ် အမြဲတမ်း Demand တက်နေလေ့ရှိတယ်။ ရွှေရဲ့ သူ့ရဲ့ ထူးခြားတဲ့ ဂုဏ်သတ္တိတစ်ခုက သူသည် လျှပ်စစ်စီးကူးမှုကောင်းတဲ့ သတ္တုတစ်ခုဖြစ်တယ်။ ဒါ့ကြောင့် ကျွန်တော်တို့က လျှပ်စစ်ပစ္စည်းတွေ Computer တို့၊ Electronics Circuit တို့၊ Phone တွေတို့မှာ ရွှေကို ကျွန်တော်တို့က Contacting လုပ်တဲ့နေရာမှာ အရမ်းအားကောင်းတဲ့သတ္တုဖြစ်တဲ့အတွက် ထည့်သွင်းပြီးတော့ အသုံးပြုရလေ့ရှိတယ်။
အဲဒီတော့ ရွှေရဲ့ ထူးခြားမှုပေါ့ဗျာ။ ဆိုလိုတာက သူသည် လက်ဝတ်ရတနာ အဆင်တန်ဆာအနေနဲ့တင်မကဘူး။ ကျွန်တော်တို့ ခုန လျှပ်စစ်ပစ္စည်းအသုံးအဆောင်တွေမှာပါ သူ့ကို ကျွန်တော်တို့ ထည့်ပြီးတော့ သုံးကြတယ်။
အဲဒီတော့ Demand က တစ်နည်းအားဖြင့် လက်ဝတ်ရတနာတွေအနေနဲ့ ဝယ်ယူတဲ့သူတွေ ရှိတယ်။ နောက်တစ်ခါ ရင်းနှီးမြှုပ်နှံမှုအတွက် ဝယ်ယူတဲ့သူတွေရှိတဲ့အပြင် ဒီ လျှပ်စစ်ပစ္စည်းနဲ့ အသုံးအဆောင် ပစ္စည်းတွေမှာပါ သူ့ကို ကျွန်တော်တို့က အသုံးပြုရတဲ့အနေအထားတစ်ခုရှိနေတာဖြစ်တဲ့အတွက် သူ့ရဲ့ Demand က နှစ်တိုင်းနှစ်တိုင်း တဖြည်းဖြည်းချင်း တက်လာတာကို တွေ့ရပါတယ်။
အဲဒီတော့ ဒါ့ကြောင့် သူ့ရဲ့ဈေးနှုန်းကလည်း Demand တက်ရင် လိုက်ပြီးတက်တာဖြစ်တဲ့အတွက် ရွှေဈေးနှုန်းကလည်း နှစ်စဉ်မြင့်တက်တဲ့ ဘက်ကိုပဲ များသွားပြီးတော့ သွားနေတယ်ဆိုတဲ့အနေအထားမျိုးကို ကျွန်တော်တို့တွေ့ရပါတယ်။ ကျွန်တော်တို့က Demand အကြောင်းပြောပြီးရင် Supply အကြောင်းကိုလည်း စဉ်းစားရတယ်ပေါ့နော်။ ဒါ ကျွန်တော်တို့ Economics စီးပွားရေးသီအိုရီအရ။ အဲဒီတော့ ရွှေရဲ့ Supply ကရောဘယ်လို အနေအထားရှိလဲပေါ့။
အဲဒီတော့ တစ်နှစ်တစ်နှစ် ကျွန်တော်တို့ ရွှေရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးနေတဲ့ အဓိကနှစ်ချက်ရှိတယ်။ နံပါတ်တစ်အချက်ကတော့ ရွှေတူးတဲ့ သတ္တုတွင်းတွေကနေပြီးတော့ ရွှေရိုင်းတွေတူးထုတ်ပြီး ပြန်လည် သန့်စင်ပြီးတော့ ဈေးကွက်ထဲကိုတင်ပို့တယ်။ ဒါသည် Supply တစ်ခုပေါ့။
နောက်တစ်ခုကတော့ ပြန်ပြီးတော့ Recycle လုပ်တာပေါ့။ လက်ဝတ် ရတနာအပျက်အစီးတွေရှိ မယ်၊ ခုနလို အသုံးပြုထားတဲ့ လျှပ်စစ်ပစ္စည်းဆားကစ်တွေကနေ ရွှေပြန်ထုတ်ပြီးတော့ Recycle ပြန်လုပ်မယ်။ ပြီးတော့ ဒီနှစ်ခုသည် ရွှေကို Supply လုပ်ပေးနေတဲ့ အဓိကအချက်ကြီး နှစ်ခုဖြစ်တယ်။ ဒီလို အနေအထားကို ကျွန်တော်တို့က သွားတွေ့ရတယ်။
အဲဒီတော့ နံပါတ်တစ် Supply ဖြစ်တဲ့ ရွှေတွင်းတွေပေါ့နော်။ ရွှေတွင်းတွေ၊ သတ္တုတွေ တူးဖော် ဖို့ဆိုတာသည် သဘာဝသယံဇာတဖြစ်တဲ့အတွက် သူတို့က တစ်နှစ်ထက်တစ်နှစ် ထုတ်ယူရရှိတဲ့နှုန်းဟာ နည်းနည်းလာလေ့ရှိတယ်။ ပိုပိုခက်လာလေ့ရှိတယ်။ အဲဒီတော့ Supply က ပိုပိုနည်းလာတာပေါ့နော်။
အဲဒီတော့ နောက်တစ်ချက်... မိုင်းအသစ်တစ်ခုလုပ်မယ်၊ ရွှေတွင်းတစ်ခု အသစ်တူးမယ်ဆိုရင် စပြီးတော့ တည်ထောင်တဲ့အချိန်ကနေ စပြီးတော့ လုံးဝ ရွှေစတင်ထုတ်လုပ်နိုင်တဲ့အဆင့်အထိကို ကျွန်တော်တို့သည် အနည်းဆုံး ငါးနှစ်လောက်ကြာလေ့ရှိတယ်။ ဆိုလိုတာက အခုချက်ချင်း Supply မြင့်လာဖို့၊ အခုချက်ချင်း ရွှေထတူးမယ်လို့လုပ်လို့မရဘူး။ အနည်းဆုံး ငါးနှစ် စောင့်ရလေ့ရှိတယ်။ ဒါသည် တစ်ချက်ပေါ့။
နောက်တစ်ချက်က ခုန ကျွန်တော်တို့ Recycle ပြန်လုပ်ကြတယ်၊ အဲဒီတော့ Recycle ပြန်လုပ်တဲ့ ဈေးကွက်ကတော့ရှိနေသေးတယ်။ ဒါပေမဲ့ ဒီ Recycle ပြန်လုပ်ခြင်းကလည်း ဥပမာ ပြန်ပြီးတော့ ထုတ်မရောင်းဘူး၊ လက်ဝတ်ရတနာအဖြစ်ဝတ်ဆင်ထားမယ်။ ပြန်ပြီးတော့ သိမ်းဆည်းထားမယ်၊ စုဆောင်းထားမယ်ဆိုတဲ့သူတွေများရင် သူ့ရဲ့ Supply ကလည်း ကျလာတတ်လေ့ရှိတယ်။
အဲဒီတော့ ခြုံပြီးကြည့်ရရင်တော့ Supplyဆိုတာကလည်း ရွှေသည် နှစ်စဉ်အရမ်းကြီး ထိုးတက်လာတာမျိုးမရှိဘူး။ အရမ်းကြီးပေါသွားဖို့မရှိဘူး။ အရမ်းကြီး Supply တွေ မြင့်တက်လာဖို့ မရှိဘူးဆိုတဲ့ အနေအထားတစ်ရပ်ကို သွားတွေ့ရပါတယ်။
နောက်တစ်ချက်က ရွှေသည်သူ့ကို Demand တက်စေတဲ့အထဲမှာ ရွှေသည် ပုံမှန် တခြားကျောက်မျက်ရတနာတွေလိုမဟုတ်ဘဲနဲ့ လူမျိုးစုတော်တော်များများ၊ နိုင်ငံတော်တော်များများမှာ သူသည် အမြတ်တနိုး အသုံးအဆောင်ပစ္စည်းတစ်ခုအနေနဲ့ အသုံးချကြလေ့ရှိတယ်။ ကျွန်တော်တို့ မြန်မာမှာဆိုလည်း ရွှေနဲ့ပတ်သက်တဲ့ စကားပုံတွေ အများကြီးရှိတယ်။ “မရှိဝမ်းစာ ရှိတန်ဆာ” ဒီလို အနေအထားမျိုးပေါ့။
နောက်တစ်ချက်က သူက ဘာလဲဆိုတော့ အင်ဒီးယန်းလူမျိုးတွေပေါ့။ အဲဒီတော့ အင်ဒီးယန်းလူမျိုး တွေသည် သူတို့မင်္ဂလာဆောင်တော့မယ်ဆိုရင် သတို့သမီးကို ရွှေနဲ့လုပ်ထားတဲ့ လက်ဝတ်ရတနာတွေ အများအပြားနဲ့ တင်တောင်းရတာမျိုးရှိတယ်။ Culture အရ ဆက်စပ်နေတဲ့ အနေအထားမျိုးရှိတယ်။ ဒါကြောင့် ဥပမာ အင်ဒီးယန်းလူမျိုးတွေ မင်္ဂလာဆောင်တဲ့လမှာဆိုရင် ကမ္ဘာ့ရွှေဈေးသည် တက်လေ့ရှိတယ်။ ဒီလိုမျိုးပေါ့။
အဲဒီတော့ သူသည် ရိုးရာယဉ်ကျေးမှုနဲ့ ဆက်စပ်နေတဲ့ သတ္တုအမျိုးအစားတစ်ခုဖြစ်တဲ့အတွက် အဲဒီ ပွဲလမ်းတွေရှိတဲ့အချိန်မျိုးမှာ သူသည် ဈေးက အမြဲတက်နေလေ့ရှိတယ်ဆိုတဲ့ အနေအထားတစ်ခု ရှိပါတယ်။
ခုနက ကျွန်တော်ပြောခဲ့တဲ့ မြန်မာစကားပုံလိုပေါ့နော်။ ကျွန်တော်တို့ရွှေမှာ ရွှေနဲ့ပတ်သက်တဲ့ မြန်မာစကားပုံတွေ အများကြီးရှိတယ်။ “မရှိဝမ်းစာ ရှိတန်ဆာ”၊ “ဝါဝါမြင်တိုင်း ရွှေမထင်နဲ့။ ဒီလိုမျိုး စကားပုံတွေ အများကြီးရှိတယ်။
အဲဒီတော့ ဆိုလိုတဲ့သဘောက ဥပမာ ရွှေကို ကျွန်တော်တို့သည် ကျွန်တော်တို့ မြန်မာလူမျိုးတွေအနေနဲ့ဆိုရင်လည်း ဘာ့ကြောင့်ဝယ်ယူကြလေ့ရှိသလဲ၊ ဒီအချက်ကို ကျွန်တော်တို့က ထည့်ပြီးတော့ စဉ်းစားဖို့ လိုလာတယ်။
အဲဒီတော့ ဘာ့ကြောင့်လဲဆိုတော့ ရွှေသည် တစ်ကမ္ဘာလုံး အတိုင်းအတာအနေနဲ့ သူသည် Liquidity အရမ်းကောင်းတဲ့ ပစ္စည်းဖြစ်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ အဲဒီတော့ Liquidity ကောင်းတယ်ဆိုတာ ဘာလဲဆိုတော့ ငွေဖြစ်လွယ်စွမ်း အရမ်းကောင်းတယ်လို့ခေါ်တာ ဖြစ်တယ်။
ဥပမာ ထားပါတော့... ကျွန်တော်တို့က ပိုင်ဆိုင်မှုပစ္စည်းတစ်ခုခုကို ဝယ်လိုက်မယ်။ မော်တော်ကား တစ်စီး ဝယ်လိုက်မယ်။ ဒီမော်တော်ကားကို အခုချက်ချင်း နာရီပိုင်းအတွင်း တစ်နာရီအတွင်း ငွေအဖြစ် ပြန်ပြောင်း မယ်ဆိုပြီး ကျွန်တော်တို့ လုပ်ဖို့ခက်ခဲတယ်။
ဥပမာ မြေတစ်ကွက်ဝယ်လိုက်မယ်။ မြေဆို ပိုခက်တာပေါ့။ ဒီမြေကို တစ်နာရီအတွင်း သူ့ရဲ့ ဈေးကွက်ပေါက်ဈေးအတိုင်း ငွေဖြစ်အောင်ပြန်လုပ်မယ်။ ဒါဆို ကျွန်တော်တို့ မဖြစ်နိုင်သလောက်ပဲ။ ဒီလို အနေအထား ကျွန်တော်တို့ရှိတယ်ပေါ့နော်။
အဲဒီတော့ ချက်ချင်းငွေဖြစ်ချင်ရင် ဗိုက်နာတဲ့ဈေးလို့ခေါ်တဲ့ အရမ်းလျှော့ပြီးတော့ ရောင်းမှသာ ချက်ချင်းထွက်သွားတယ်ဆိုတဲ့အနေအထားမျိုးရှိတယ်။ အဲဒီတော့ ရွှေက အဲဒီလိုမဟုတ်ဘူး။ ရွှေသည် သူသည် Highest Liquidity ဖြစ်တဲ့ သတ္တုအမျိုးအစားလို့ သတ်မှတ်ခြင်းခံရတယ်။ ဆိုလိုတဲ့သဘော တရားက ရွှေကို ကမ္ဘာရဲ့ ဘယ်နေရာမှာမဆို နာရီပိုင်း အတွင်း၊ တစ်နာရီအတွင်း ငွေအဖြစ် ဈေးကွက်ပေါက်ဈေးအတိုင်း ချက်ချင်း ပြန်ပြောင်းလို့ရတယ်။ သူ့ရဲ့ ၁၆ ပဲရည်ဆို ၁၆ ပဲရည်အလျောက်၊ ၁၅ ပဲရည်ဆို ၁၅ ပဲရည်အလျောက်၊ အထည်ဆို အထည်အလျောက်ပေါ့။
အဲဒီတော့ သူသည် ကမ္ဘာ့ပေါက်ဈေး စံနှုန်းအတိုင်းရှိနေတာဖြစ်တဲ့အတွက် ချက်ချင်း သူက ငွေအဖြစ်ကို ပြန်ပြောင်းလို့ရတယ်။ ဒါသည် အဓိက အားသာချက်ပဲ။ အဲဒီတော့ ဆိုလိုတဲ့သဘောသည် ကျွန်တော်တို့သည် အသုံးအဆောင်အဖြစ်နဲ့ ဝတ်ဆင်ထားလို့ရတယ်။ ရှိတဲ့အချိန်မှာ တန်ဆာပေါ့။ မရှိတဲ့အချိန်မှာ ငွေအဖြစ် အလွယ်တကူ ပြန်ပြီးပြောင်းလို့ရတယ်။ အဲဒီတော့ ဒီ အားသာချက်ရှိတဲ့အတွက် လူတွေက ရွှေကိုပိုပြီးတော့ ဝယ်ယူတယ်ဆိုတဲ့ Demand တစ်ခုလည်း ကျွန်တော်တို့ သွားတွေ့ရမှာ ဖြစ်ပါတယ်။
အိုကေ... နောက်တစ်ချက်ပေါ့။ နောက်တစ်ချက် ရွှေကို ဘာ့ကြောင့် လူတွေသဘောကျကြသလဲ။ လူတွေ ဘာ့ကြောင့် သဘောကျကြသလဲဆိုရင် နိုင်ငံတွေရဲ့ စီးပွားရေး အခြေအနေတွေပေါ် မူတည်ပြီးတော့လည်း ရွှေက သူ့မှာ Demand တစ်ခုဖြစ်လာစေတာမျိုးရှိတယ်။
အဲဒီတော့ ဘာ့ကြောင့်လဲဆိုတော့ နိုင်ငံတိုင်းနိုင်ငံတိုင်းမှာ Inflation Rate ဆိုတာ ရှိတယ်။ Inflation Rate ဆိုတာ တစ်နည်းအားဖြင့်တော့ ငွေကြေးဖောင်းပွတဲ့နှုန်းဖြစ်တယ်။ ငွေကြေဖောင်းပွတဲ့ ပမာဏဖြစ်တယ်။
အဲဒီတော့ ကျွန်တော်တို့နိုင်ငံမှာဆိုရင် ပုံမှန်အချိန်တုန်းက ငွေကြေးဖောင်းပွမှု တစ်နှစ်ကို ၉ ရာခိုင်နှုန်း၊ ၁ဝ ရာခိုင်နှုန်း ဒီဝန်းကျင်ရှိတယ်။ ဟိုးအရင်တုန်းက အမေရိကန်လိုနိုင်ငံမျိုး စီးပွားရေးကောင်းတဲ့အချိန်မှာတောင်မှ သူ့ရဲ့ Inflation rate သည် ၁ ရာခိုင်နှုန်း ၂ ရာခိုင်နှုန်းရှိလေ့ရှိတယ်။
အဲဒီတော့ ဆိုလိုတာက ကျွန်တော်တို့လက်ထဲမှာရှိနေတဲ့ ငွေကြေးတွေသည် အချိန်နဲ့အမျှ ကျဆင်းနေတယ်။ ကျဆင်းနေတယ်။ ဒါကို သိဖို့ လိုတယ်။ အဲဒီတော့ ဒီတန်ဖိုးကျဆင်းမှုကို ကာကွယ်ဖို့အတွက် ကျွန်တော်တို့က ရွှေကိုဝယ်ယူတယ်ဆိုတဲ့ အနေအထားတစ်ခုသည် ရောက
Unlock to read this premium article with 100 points.