Author's Profile Photo

Kaung Hein Soe - Strategic

1/09/2025

ကျွန်တော့်ရဲ့ ရှုံးနိမ့်မှုများ အပိုင်း ( ၁ ) အထည်ရောင်းခြင်း

6 mins read
Business
Career & Job Market
Self Improvement
ကျွန်တော့်ရဲ့ ရှုံးနိမ့်မှုများ အပိုင်း ( ၁ ) 
အထည်ရောင်းခြင်း's photo

အားလုံးပဲ မင်္ဂလာပါ။
ကျွန်တော်က လက်ရှိမှာ ကျွန်တော်ကိုယ်ပိုင် စီးပွားရေးလုပ်ငန်း ကျွန်တော်ကိုယ်တိုင်ဦးစီးပြီးတော့ လုပ်ငန်းတွေအနေနဲ့ ကျွန်တော် ဟိုတယ် Run ပေးနေတဲ့လုပ်ငန်းရှိတယ်။ နောက်တစ်ခါ ဖုန်းဆိုင်ပေါ့။ ဖုန်းဆိုင်Apple သီးသန့်၊ Android သီးသန့်ရောင်းတဲ့ဆိုင်လေးတွေ ကျွန်တော်ရှိတယ်။ ကျွန်တော် ကိုယ်တိုင် Consultation လုပ်နေတဲ့ လုပ်ငန်းလည်းရှိတယ်။ Online Training တွေရှိတယ်။ ကျွန်တော Share ထည့်ထား
တဲ့ စားသောက်ဆိုင်လုပ်ငန်းတွေရှိတယ်ပေါ့။

အဲဒီတော့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်အဖြစ်ကို ရောက်တဲ့အချိန်မှာ ကျွန်တော်တို့ Personal Finance အကြောင်းတွေပြောတယ်။ ရင်းနှီးမြှုပ်နှံမှုအကြောင်းတွေပြောတယ်။ ဒီအချိန်မှာ ကျွန်တော်ဖြတ်သန်းခဲ့တဲ့ အောင်မြင်မှုလေးတွေကို ကျွန်တော် ဥပမာပေးပြီးတော့ ပြောခဲ့လေ့ရှိတယ်။

ဒါပေမဲ့ ဒီတစ်ခါမှာတော့ ပြောင်းပြန်ပေါ့ဗျာ။ ကျွန်တော့်ဘဝ တစ်လျှောက်မှာ ရှုံးနိမ့်ခဲ့တဲ့ စီးပွားရေးတွေ၊ ရှုံးနိမ့်ခဲ့တဲ့ ငွေကြေးဆိုင်ရာ လေးတွေအကြောင်းကို ကျွန်တော် မျှဝေပေးချင်ပါတယ်။ အဲဒီတော့ ကျွန်တော့်ရဲ့ ရှုံးနိမ့်မှုများလို့ပဲ ခေါင်းစဉ်တပ်လိုက်တာပေါ့ဗျာ။

ကျွန်တော်က လစာ ၁၄ဝ,ဝဝဝ ကျပ်ရတဲ့ ဝန်ထမ်းအနေနဲ့ ကုမ္ပဏီကြီးတစ်ခုမှာ စပြီး ကျွန်တော် အလုပ်ဝင်လုပ်တယ်။ ဝင်ပြီးတော့ စလုပ်တဲ့အချိန်မှာ ကျွန်တော့်ရဲ့ Golden Rules တွေရှိတယ်။ ဒါဘာလဲဆိုတော့ တစ်လကို ငွေ ငါးသောင်းရအောင်စုမယ်။ ငါးသိန်းပြည့်ရင် စီးပွားရေးတစ်ခုခုလုပ်မယ်ဆိုပြီး တော့ ကျွန်တော်ဆုံးဖြတ်ခဲ့တယ်ပေါ့နော်။ ငါးသိန်းရဖို့ ရေရေလည်လည်စုရတယ်ပေါ့နော်။ ပထမ တစ်လကို ငါးသောင်းစုမယ်။ ၁ဝ လဆိုရင် ငါးသိန်းဖြစ်မယ်လို့ တွက်လို့ရပေမဲ့ တကယ့်တကယ်တမ်းမှာ သုံးမိသွားတာရှိမယ်။ မစုဖြစ်တဲ့လတွေရှိတယ်။ အကြောင်းအမျိုးမျိုးကြောင့်ပေါ့နော်။ အဲဒီတော့ ငါးသိန်းရဖို့သည် အရမ်း ခက်ခဲသွားတယ်။

အဲဒီတော့ ငါးသိန်းပြည့်သွားတဲ့အချိန်မှာ ကျွန်တော်က ဘာစလုပ်သလဲဆိုတော့ ဖုန်းငွေဖြည့်ကတ် ရောင်းတဲ့အလုပ်ကလေးကိုလုပ်တယ်။ ဒီငွေဖြည့်ကတ်ရောင်းတဲ့အလုပ်ကလေးကလည်း အဆင်ပြေတယ် ပေါ့နော်။ သူ့ဟာသူ တစ်လတစ်လ ပုံမှန်လေးတွေရတယ်။ အဲဒီတော့ ငွေဖြည့်ကတ်ရောင်းတဲ့အလုပ်ကို လုပ်ပြီးသွားတဲ့နောက်မှာ ကျွန်တော်က နောက်ထပ်အမျိုးအစားအလုပ်လေးတစ်ခု ထပ်လုပ်ချင်တယ်ပေါ့နော်။ အဲဒီတော့ ဘာလုပ်ဖို့စဉ်းစားသလဲဆိုတော့ အမျိုးသမီးဝတ် ဝမ်းဆက်ပေါ့နော်။ ဂျင်းပေါင်းသားဆိုတဲ့ အသင့်ချုပ်ပြီးသားထည်တွေရောင်းဖို့ ကျွန်တော်စိတ်ကူးသွားရတယ်။ ဘာလို့ စိတ်ကူးသွားရလဲဆိုတော့ မိန်းကလေးတွေက အဝတ်အစား အမြဲဝယ်လေ့ရှိတယ်။ ဥပမာ ပွဲတစ်ခုခုသွားမယ်ဆိုရင် အဝတ် အစားအသစ်တစ်စုံဝယ်ကြတယ်။ ဒါမျိုးပေါ့။ အဲဒီတော့ ဈေးလည်းသက်သာမယ်၊ ဝတ်လို့လည်းကောင်းမယ်။ ဒီဇိုင်းလည်း ဆန်းဆန်းလေးတွေနဲ့ တကယ့် လူငယ်မိန်းကလေးတွေကြိုက်တဲ့ဝတ်စုံလေးတွေ ဝမ်းဆက်ကလေးတွေဆိုရင် ရောင်းသွက်မယ်လို့ ကျွန်တော်က မှန်းမိတာပေါ့နော်။

အဲဒီတော့ ကျွန်တော်က ဖုန်းဘေလ်လုပ်ငန်းကိုလည်း ကျွန်တော်လုပ်တဲ့ရုံးမှာ ဝန်ထမ်းသုံးရာလောက်ရှိတော့ ဒီသုံးရာကို ဖုန်းဘေလ်ရောင်းတယ်။ အဲဒီတော့ ကျွန်တော့်ရုံးမှာရှိတဲ့ မိန်းကလေးတွေကို ထပ်ပြီးတော့ ဒီဂျင်းပေါင်းသားအထည်တွေရောင်းဖို့ဆိုပြီးတော့ ကျွန်တော်စပြီးတော့ စိတ်ကူးဖြစ်တယ်ပေါ့ဗျာ။ အဲဒီတော့ ဒီအထည်ရောင်းတဲ့လုပ်ငန်းသည် ကျွန်တော့်ရဲ့ ပထမဦးဆုံး ရှုံးနိမ့်မှုလုပ်ငန်း စဖြစ်လာတယ်ပေါ့။ 

အဲဒီတော့ ဂျင်းပေါင်းသားဆိုတဲ့အထည်လှလှကလေးတွေ၊ ဝမ်းဆက်ကလေးတွေ၊ ဒီဇိုင်းဆန်းဆန်းကလေးတွေကို ကျွန်တော်လိုက်ရှာတယ်။ သူ့ကိုချုပ်တဲ့စက်ရုံကို ကျွန်တော်တွေ့တယ်။ တွေ့တော့ အဲဒီကနေပြီးတော့ လက်ကားဈေးနဲ့ ကျွန်တော်ယူမယ်။ ပြီးရင် လက်လီဈေးနဲ့ ကျွန်တော် ပြန်ရောင်းမယ်။ ဒီလို ကျွန်တော်က တွက်တယ်ပေါ့နော်။ အဲဒီတော့ တကယ်လည်း မိန်းကလေးတွေက ကျွန်တော်တို့ရဲ့ ဒီဇိုင်းလေးတွေကို ကြိုက်ကြတယ်။ အဲဒီတော့ အဲဒီတုန်းက မှတ်မှတ်ရရ ဝမ်းဆက်တစ်ထည်ကို ကျွန်တော်တို့က တစ်သောင်းနဲ့ ယူရတယ်။ တစ်သောင်းတစ်ထောင်နဲ့ ရုံးမှာ ကျွန်တော်က ပြန်ရောင်းတယ်။ တစ်ထည်ရောင်းတိုင်းမှာ ကျွန်တော်က တစ်ထောင်မြတ်တယ်။

ကျွန်တော့်အတွက် ၁ဝ ရာခိုင်နှုန်း Profit ရှိမယ်ပေါ့နော်။ ဒါပေမဲ့ ဒီလုပ်ငန်းက အမှတ်မထင်ဘဲ ကျွန်တော် ဆုံးရှုံးမှုတွေဖြစ်တယ်။ ဘာကြောင့် ဆုံးရှုံးမှုဖြစ်သလဲဆိုတော့ ပထမ တစ်ထည်ရောင်းတယ်။ ကျွန်တော် တစ်ထောင်မြတ်တယ်။ ဒုတိယတစ်ထည်ရောင်းတယ် ကျွန်တော် တစ်ထောင်မြတ်တယ်။ ကိုးထည်ရောင်းလိုက်တယ်။ ကျွန်တော်ကိုးထောင် မြတ်တယ်။ ၁ဝ ထည်ရောင်းလိုက်တယ်။ ကျွန်တော် ၁ဝဝဝဝ စပြီးမြတ်လာပြီ။ ဒါပေမဲ့ ၁ဝ ထည်မြောက် ရောင်းပြီး သွားတဲ့အချိန်မှာ ၁၁ ထည်မြောက်အထည်က လုံးလုံး ရောင်းမထွက်တော့တဲ့ Deadstock ဖြစ်သွားတယ်။ Deadstock ဆိုတဲ့သဘောက ကျွန်တော်တို့က အင်္ကျီဝယ်တဲ့အချိန်မှာ သတိမထားမိ တာပေါ့နော်။

သူက Size တွေ မျိုးစုံရှိတယ်။ ဆိုလိုတာက Medium Size ရှိတယ်။ Large Size ရှိတယ်။ ကျွန်တော်တို့ ဒါ Small Size ရှိတယ်။ အဲဒီတော့ မိန်းကလေးအများစုဝတ်တာသည် Small ရယ်၊ Medium ရယ်ဝတ်လေ့ရှိကြတယ်။ Large Size က နည်းတယ်ပေါ့နော်။ Large Size ကလည်း အရမ်းကြီးကို ကြီးသွားတော့ အရမ်းအဆင်မပြေတာမျိုးတွေ ရှိတယ်ပေါ့နော်။

ဒါပေမဲ့လည်း စက်ရုံကနေယူတဲ့အချိန်မှာ Size သုံးမျိုးလုံး ကျွန်တော်တို့က မျှပြီးတော့ ယူပေးလိုက်ရတယ်။ အဲဒီတော့ ကျွန်တော်ထဲမှာ Large Size တွေလည်း ပါလာတယ်ပေါ့နော်။ ကျွန်တော့်ရဲ့ Target Market ကတော့ မိန်းကလေးအငယ်တွေဖြစ်တဲ့အတွက် သူတို့မှာ Small နဲ့ Medium ပဲ အများအားဖြင့်ဝတ်ကြတယ်။ အဲဒီတော့ ပထမတစ်ထည်ရောင်းတယ်။ တစ်ထောင်ရတယ်။ ၁ဝ ထည် ရောင်းတယ်၊ တစ်သောင်းရတယ်၊ ပျော်သွားတာပေါ့နော်။ နောက်ဆုံး ၁၁ ထည်မြောက်အထည်က တစ်လလုံး ရောင်းမထွက်ဘူးဖြစ်သွားတယ်။

အဲဒီတော့ အ

ကျွန်တော့်ရဲ့ ရှုံးနိမ့်မှုများ အပိုင်း ( ၁ ) အထည်ရောင်းခြင်းပိတ်ချင်းမြောင်ဈေးတန်း ဆိုင်တစ်ဆိုင် ပင်းတယ သစ်သီးတန်းရဲ့ ထူးခြားမှုတစ်ခု ကိုဗစ်−၁၉ ကာလမှာ စတင်အောင်မြင်သွားတဲ့ လုပ်ငန်းတစ်ခု Apple Company က ကျင့်သုံးတဲ့ BSC Concept ကျွန်ုပ်၏ အောင်မြင်မှုသော့ချက်များ ငွေအရင်းအနှီး ဘယ်ကနေရှာ 3F ကနေပါ မိုက်ရဲ့ အရင်းအနှီးတွေက ဘာဖြစ်မလဲ။မန္တလေးမြို့ရဲ့ အအောင်မြင်ဆုံးလူတစ်ယောက်၏ အတုယူစရာကောင်းသည့် အချက်တစ်ချက်ကိုလတ်ဆိုတဲ့ လူတစ်ယောက်အကြောင်း

Unlock to read this premium article with 100 points.