Author's Profile Photo

Kaung Hein Soe - Strategic

25/08/2025

ပိတ်ချင်းမြောင်ဈေးတန်း ဆိုင်တစ်ဆိုင်

6 mins read
Business
Career & Job Market
Self Improvement
ပိတ်ချင်းမြောင်ဈေးတန်း ဆိုင်တစ်ဆိုင်
's photo

အားလုံးပဲ မင်္ဂလာပါ။
ကျွန်တော့်ရဲ့ Business Review Program ကနေ ကြိုဆိုပါတယ်ခင်ဗျ။ ကျွန်တော်က Business Review Program ကနေပြီးတော့ Business တစ်ခုချင်းစီရဲ့ Run နေတဲ့ပုံစံလေးတွေ၊ ဘာ့ကြောင့် အောင်မြင်နေတယ်ဆိုတဲ့ အကြောင်းအရာလေးတွေကို ကျွန်တော်က Review လုပ်ပြီးတော့ တင်ဆက်ပေးနေတာဖြစ်ပါတယ်။
ဒီတစ်ခေါက်မှာတော့ ကျွန်တော်က ပြင်ဦးလွင်မြို့၊ ပိတ်ချင်းမြောင်၊ နန္ဒမူလိုဏ်ဂူတော်ကြီးမှာရှိတဲ့ ဈေးတန်းတစ်ခုက ဈေးဆိုင်လေးတစ်ဆိုင်ကို ကျွန်တော် Business Review လေး လုပ်ပေးချင်တာ ဖြစ်ပါတယ်။

အဲဒီတော့ သူတို့ ဘာကြောင့်ရောင်းအားကောင်းနေသလဲ။ ဘယ်လို Strategy လေးတွေ သူတို့သုံးနေသလဲ။ ဒါလေးကို ကျွန်တော်နဲ့အတူ လေ့လာကြည့်ရအောင်။
“ဝိုင်တွေက ဘယ်လိုရောင်းလဲဗျ”
“သောင်းနှစ်ထောင်ပါ၊ ဆယ်ပုလင်းဈေးတစ်သောင်းရှင့်”
“ကျွန်တော်တို့ရော အမြည်းသောက်ကြည့်လို့ရလား”
“ရတယ်ရှင့်”
“ဒါက မက်မန်းသီးနော်၊ ဒါက ဆီးသီး”
“အဲဒါ မက်မန်းသီး၊ ဒါက ဆီးသီး”
“ဒါကျတော့ ဘာလဲဗျ”
“မက်မန်းဝိုင်ရှင့်”
“ဪ... မက်မန်းဝိုင်၊ ကိုယ်တိုင်ထုတ်တာလားဗျ”
“ဟုတ်ကဲ့ရှင့်”
“မက်မန်းဝိုင် ပုလင်းကြီးတစ်လုံးကို ဘယ်လောက်ကျလဲ”
“ပုလင်းကြီးတစ်လုံးကို သောင်းနှစ်ထောင်ပါ၊ ဆယ်ပုလင်းဈေးကို ၁၀၀၀၀ ရှင့်”
“ဪ . . . အရသာကောင်းသားပဲ၊ ဘယ်လိုလုပ်ပြီးတော့ ကိုယ်တိုင်ထုတ်ဖြစ်သွားတာလဲခင်ဗျ”
“အင်း ဘယ်လိုပြောရမလဲ၊ စက်ရုံထုတ်တွေကလေ သောက်ရတာ သိပ်အဆင်မပြေဘူး၊ ကိုယ်တိုင်ထုတ်တော့ အသီးနဲ့ သကြားနဲ့ဆိုတော့ အစစ်သောက်လို့ရတယ်”
“ဒါက လူတိုင်းကိုလည်း အမြည်းတိုက်မှာပဲလား”
“ဟုတ်ကဲ့ရှင့်”
“ကျွန်တော်က အမြည်းအများကြီးသောက်သွားပြီးတော့ တစ်လုံးစာလောက် သောက်သွားရင်ရော ဘယ်လိုလုပ်မလဲ”
“အဲဒါလည်း ရတယ်ရှင့်”
“တခြားဟာတွေရော ဘာတွေရှိသေးလဲ”
“မက်မန်းရှိတယ်၊ စပျစ်ရှိတယ်၊ စတော်ဘယ်ရီရှိတယ်၊ ဒါက စပျစ်ဝိုင်”
“ဒါကျတော့ ခုန ပျားလေးတစ်ကောင်တောင် လာနားတယ်နော်”
“သူက နည်းနည်း ပြင်းတယ်”
“သူလည်း အရသာတော့ တော်တော် ကောင်းတာပဲ၊ သူကျတော့ ရော ဘယ်လောက်ကျလဲ”
“ဈေးတူတူပဲရှင့်”
“တူတူပဲ၊ မက်မန်းဈေးနဲ့ စတော်ဘယ်ရီက ဈေးတူတူပဲ”

“တစ်သောင်း၊ ပုလင်းအသေးလေးတွေရောရှိလား၊ ကျွန်တော်တို့ လက်ဆောင်ပေးချင်တယ်ဆိုရင်”
ပြင်ဦးလွင်ကိုသွားလို့ရှိရင် ပိတ်ချင်းမြောင် လိုဏ်ဂူတော်ကြီးကို ရောက်အောင် သွားကြလေ့ရှိတယ်။ အထဲမှာ တကယ့် ကျောက်ဂူကြီး၊ နောက်တစ်ခါ ဘာသာရေး ကျွန်တော်တို့ ဗုဒ္ဓဘာသာဆိုင်ရာ ဘုရားပုထိုး ဆင်းတုတော်တွေ များစွာရှိတယ်။ အဲဒီလိုပဲ ကျွန်တော်တို့ လိုဏ်ဂူကြီးကိုမဝင်ခင် အဝင်လမ်းတစ်လျှောက် ဘယ်ဘက်ခြမ်းမှာလည်း ဈေးဆိုင်တန်းတွေ မျိုးစုံရှိတယ်။ အဲဒီမှာ ဆေးမြစ်တွေ၊ ဒေသထွက် အသီးအနှံတွေ၊ နောက်တစ်ခါ ဒါ ကျွန်တော်တို့ ကောက်ညှင်းခြေထောက်တွေ၊ တခြားဆတ်သားခြောက်။ ချေသားခြောက်၊ ဒီလို အသားအခြောက်အခြမ်းတွေအပြင် ဝိုင်ပုလင်းတွေ ရောင်းချတဲ့ဆိုင်တွေနေရာ အများအပြားကိုလည်း တွေ့ရမှာဖြစ်တယ်။

ဒီထဲက ကျွန်တော်က ကျွန်တော်ရောက်ဖြစ်ခဲ့တဲ့ဆိုင်လေးနာမည်က “လရိပ်မိုး”လို့ခေါ်တယ်။ အဲဒီတော့ ဒီဆိုင်လေးက ဘာတွေ ထူးခြားချက်ရှိနေသလဲဆိုတော့ နံပါတ်(၁) တစ်ချက်က စက်ရုံထုတ် ဝိုင်တွေကို တစ်ဆင့်ပြန်ယူပြီး ရောင်းတာမဟုတ်ဘူး။ Dream ပေါ့နော်၊ Dream ဆိုတာ အိပ်မက်လို့အမည်ရတာပေါ့။ အိပ်မက်လို့ အမည်ရတဲ့ ဝိုင်အမျိုးအစားတစ်ခုကို ကိုယ်တိုင်ထုတ်လုပ်ပြီးတော့ တင်သွင်းရောင်းချတယ်။ ဆိုင်ခွဲလည်း သုံးဆိုင်လောက် အဲဒီ ပိတ်ချင်းမြောင် ဒီဈေးဝန်းကျင်မှာပဲ ဖွင့်ထားတာ ရှိတယ်။

အဲဒီတော့ နံပါတ်(၁) Business Review က သူသည် ရောင်းအားကောင်းတယ်။ ရောင်းအားကောင်းတဲ့ ပထမတစ်ချက်ကိုကြည့်လိုက်တဲ့အချိန်မှာ ဒါ တိုင်းရင်းသားလူမျိုးတွေရဲ့ နယ်ဘက်မှာရှိတဲ့ ဈေးရောင်းတဲ့
သူတွေရဲ့ စေတနာပေါ့။ သူက အမြည်းကျွေးတယ်။ အမြည်းတိုက်တယ်။ ဒီလိုပဲ။ အဲဒီတော့ ဒီမှာလည်း ကျွန်တော်က ဝိုင်ကို အမြည်းသောက်လို့ရတယ်။

ဥပမာ ထားပါတော့... ဈေးကြီးတဲ့ဝိုင်ရှိတယ်၊ အလယ်အလတ်ဝိုင်ရှိတယ်၊ ဈေးနည်းတဲ့ဝိုင်ရှိတယ်။ အဲဒီတော့ ဝိုင်အားလုံးကို သူက စိတ်ကြိုက်အမြည်းသောက်လို့ရတယ်။ စိတ်ကြိုက် အမြည်းသောက်လို့ ရတယ် ဆိုတာက တစ်ပုလင်းလုံးစာသောက်သွား၊ လုံးဝ မဝယ်ဘူးဆိုလည်း စိတ်မဆိုးဘူး။ ဒါက သူတို့ အမြည်းတိုက်တဲ့ဟာပေါ့နော်။ ဒါ့အပြင် ဘာ့ကြောင့် အမြည်းတိုက်နိုင်သလဲဆိုတော့ ကိုယ်တိုင်ချက်လုပ်တဲ့ဝိုင်ဖြစ်တဲ့အတွက် ဒီနှစ်ချို့ဝိုင်တွေသည် အလွယ်တကူ သောက်နိုင်သလောက် သောက်သွားဗျာ။ ဒီလိုမျိုးတိုက်နိုင်တယ်ဆိုတဲ့ အနေအထားတစ်ခုရှိတယ်။ ဒါကိုလည်း Business ရဲ့ အားသာချက်ကို ကျွန်တော်က သွားတွေ့ရတယ်။ ဆိုလိုတဲ့ သဘောက Demonstration ပြတာပေါ့။ အဲဒီတော့ ကိုယ့်ရဲ့ Product ကို Customer က သုံးကြည့်ပြီးတော့မှ ကြိုက်ရင်ဝယ်သွားမယ်၊ မကြိုက်ရင် မဝယ်ဘူးဆိုတဲ့ Strategy တစ်ခုဖြစ်ပါတယ်။

အဲဒီတော့ ကိုယ့်ရဲ့ Product က သုံးကြည့်လိုက်လို့ တကယ်ကြိုက်သွားပြီဆိုရင် သူသည် ကိုယ့်ရဲ့ ရေရှည်ဖောက်သည်ဖြစ်သွား နိုင်တယ်။ ကိုယ့်ရဲ့ Product ကိုလည်းယုံကြည်မှုရှိသွားနိုင်တယ်။ အဲဒီတော့ ဆိုလိုတဲ့သဘောက ဒီလို အမြည်းကျွေးတယ် အမြည်းတိုက်တယ် ဆိုတာသည် စေတနာသဒ္ဓါတရား ထက်သန်မှုတစ်ခုဖြစ်သလို Business ရဲ့ Strategy တစ်ခုဖြစ်နေတာကိုလည်း ကျွန်တော်တို့ သွားတွေ့ရတယ်။

နောက်ထပ်တွေ့ရတဲ့တစ်ချက်က သူ့ဆီမှာ ဝိုင်ပုလင်းလေးတွေကို အမျိုးအစား စုံစုံလင်လင်လုပ်ထားတယ်ပေါ့ဗျာ။ ပုံမှန်ဆိုရင် ကျွန်တော် 1 Liter ပုလင်းရှိမယ်။ ဒီလိုပုလင်းမျိုးတွေပဲ တွေ့ရလေ့ရှိမယ်။ ဒါပေမဲ့ သူ့ဆီမှာက ဝိုင်ပုလင်းအသေးလေးတွေပေါ့ဗျာ။ အသေးလေးဆိုတာ ကျွန်တော်တို့ လက်တစ်ဝါးစာလောက် ဝိုင်ပုလင်းအသေးလေးတွေရှိတယ်။ ဒါလေးတွေကျတော့ သူက လက်ဆောင်ပေးလို့ ကောင်းတယ်။ ဥပမာ ထားပါတော့ တစ်သောင်းဖိုးကို ငါးလုံးရမယ်၊ လေးလုံးရမယ်၊ သုံးလုံးရမယ် အစရှိသဖြင့် ဈေးတန်းပေါ်မှာ မူတည်ပြီးတော့ Packaging

ပိတ်ချင်းမြောင်ဈေးတန်း ဆိုင်တစ်ဆိုင် မိုက်ရဲ့ အရင်းအနှီးတွေက ဘာဖြစ်မလဲ။မန္တလေးမြို့ရဲ့ အအောင်မြင်ဆုံးလူတစ်ယောက်၏ အတုယူစရာကောင်းသည့် အချက်တစ်ချက်ကိုလတ်ဆိုတဲ့ လူတစ်ယောက်အကြောင်း အရင်းအနှီးအကြောင်း ဂဃနဏ သိပါစေ။ကိုဗစ်−၁၉ ကာလမှာ စတင်အောင်မြင်သွားတဲ့ လုပ်ငန်းတစ်ခု Apple Company က ကျင့်သုံးတဲ့ BSC Concept ပင်းတယ သစ်သီးတန်းရဲ့ ထူးခြားမှုတစ်ခု မြေဝယ်မယ်ဆိုလျှင် ဘယ်အချက်တွေကိုကြည့်ပြီး စဉ်းစားဆုံးဖြတ်ရမလဲ ရွှေဆိုတာအကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုလား

Unlock to read this premium article with 100 points.