Kaung Hein Soe - Strategic

ဒီတစ်ခါမှာတော့ လုပ်ငန်းတစ်ခု Organization တစ်ခုအောင်မြင်စေဖို့အတွက် မရှိမဖြစ် လိုအပ် တဲ့ 7s of Organization Success လို့ဆိုကြတဲ့ S ၇ လုံးအကြောင်းကို မျှဝေပေးလိုပါတယ်။
ဒီ S ၇လုံး ကို McKinsey 7S Framework လို့လည်း လူသိများ ကာ အသုံးပြုကြပါတယ်။ . လုပ်ငန်းစု တွေ ဟာ ပြိုင်ဖက်တွေထက် အသာ ရဖို့ဈေးကွက် ဝေစုတွေ ပိုရသထက် ရဖို့အတွက် မဟာဗျူဟာ လို့ခေါ်ကြတဲ့ Strategy တွေ ကိုချမှတ် ပြီး အကောင်အထည်ဖော်ဖို့ကြိုးစားလေ့ရှိ ကြပါတယ်။ ဒါပေမယ့် လုပ်ငန်းတော်တော်များများ ဟာ ကြီးမားတဲ့ ကောင်းမွန်တဲ့ မဟာဗျူဟာ အောင်မြင်ရေးနည်းလမ်းတွေ ရှိလေ့ချမှတ်လေ့ရှိကြပေမယ့် ဒါတွေကို တကယ်အကောင် အထည်ဖော်တဲ့ အခါမှာတော့ ထင်ထားသလို ဖြစ်မလာတာတွေ၊ မျှော်မှန်းထား သလောက် မဖြစ်မြောက် မရရှိတာတွေကြုံရလေ့ရှိပါတော့တယ်။ .
တကယ်တော့ ကိုယ့်မှာ သိပ်ကောင်းတဲံ အကြံဉာဏ် နဲ့မဟာဗျူဟာကြီး ရှိပါလျက်နဲ့တကယ်အကောင်အထည်ဖော် တဲ့ အခါမအောင်မြင်ပဲ ပြိုင်ဖက် ဒီအတိုင်း လိုက်လုပ်တော့ မှ အရမ်းအာင် မြင် သွားတာမျိုး ကြုံရတဲ့ အခါ တကယ်ကို မခံမရပ် နိုင်ခံပြင်း မှုကို ခံစား ရလေ့ရှိ ပါတယ်။ . ဒီတော့လုပ်ငန်းတစ်ခု အောင်မြင်ဖို့ဆိုတာ မဟာဗျူဟာ Strategy ကောင်းဖို့လိုအပ်ပေမယ့် ဒီ မဟာဗျူ ဟာတစ်ခုကို တကယ် ဖြစ်လာအောင် အကောင်အထည်ဖော် နိုင်ဖို့မရှိမဖြစ် လိုအပ်တဲ့ အရာတွေ ရှိနေပါတယ် ဒီအရာတွေ ကသာ အားနည်းနေရင် လိုအပ်သလောက်မရှိရင် မိမိ ဖော်ဆောင်လိုက်တဲ့ မဟာဗျူဟာတွေ ဟာ ထင်သလောက် မထိရောက်နိုင်ပါဘူး။
ကဲ…ဒါဆို ဘာတွေ များ ဖြစ်မလဲ ဆက်လေ့လာကြည့်ရအောင်ပါ။ . လုပ်ငန်းအတွက် လိုအပ်တဲ့ 7 S ဆိုတာကတော့… . 1. Strategy 2. Structure 3. Systems 4. Share Values 5. Skills 6. Staffs 7. Style . တို့ပဲဖြစ်ပါတယ်။ . Organization တစ်ခုရဲ့အမြင့်ဆုံး Performance တစ်ခုကို ရနိုင်ဖို့အတွက် အထက်က S 7 လုံး ဟာ ဟန်ချက်ညီညီ နဲ့ တောင့်တင်းခိုင်မာ မှု ရှိသင့်သလောက်ရှိနေဖို့လိုအပ်ပါတယ်။
ဒါ့အပြင် ပထမ ဆုံး S ဖြစ်တဲ့ Strategy ကိုကောင်းကောင်း အကောင်အထည်ဖော်နိုင်ဖို့အတွက် လဲ ကျန်တဲ့ S 6 လုံးဟာ ကောင်းကောင်း စွမ်းရည်ရှိနေဖို့လိုအပ်ပါတယ်။ . Strategy . မဟာဗျူဟာ ဆိုတာကတော့ မိမိ လုပ်ငန်း ကို ဈေးကွက်ထဲမှာ ဝေစု ရဖို့ ပြိုင်ဖက်တွေ ထက် သာစေဖို့ဘယ်လို လုပ်ဆောင်ရမလဲဆိုတဲ့ နှစ်ရှည်စီမံကိန်းတစ်ခု ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် တော့ ဒီကစားပွဲ အတွင်းမှာ အနိုင်ရဖို့စီမံထားတဲ့ အကွက်ချထားတဲ့ Game plan ပဲဖြစ်ပါတယ်။
ဥပမာအားဖြင့် အမေရိကန် ကားဈေးကွက်ကို ထိုးဖောက်ဖို့ဟွန်ဒါက ကြိုးစားတဲ့ အခါမှာ ဈေးကွက် ကို သေချာ စနည်းနာပါတယ်။ အမေရိကန် ကားတွေ ဟာ ဘော်ဒီ ကြီး ကြီး အင်ဂျင်ပါဝါများများ နဲ့ဆီ စားလဲ အင်မတန်များပါတယ်။ အဲဒီအချိန် အမေရိကန် စီးပွား ရေး ကလဲ ကျဆင်းလာတဲ့ အခါမှာ မဟာဗျူဟာအနေနဲ့ဟွန် ဒါ က ဆီစားသက်သာ တဲ့ ကား အသေးလေးတွေကို ထုတ်လုပ်ပြီး ဈေးကွက်ရယူလိုက်ပါတယ်။
ဒီ Strategy က အမေရိကန် ကားဈေးကွက်ကို ကောင်းကောင်းထိုးဖောက်နိုင်လိုက်ပါတယ်။ ဒါကြောင့်လုပ်ငန်းတစ်ခု အောင်မြင် ဖို့အတွက် မိမိ မှာ ပြိုင်ဖက်တွေ ထက် ဘယ်လို ယှဉ် ပြိုင်ခြင်း ဆိုင်ရာ အားသာချက်တွေ ရှိ သလဲ ဆိုတာကို လုပ်ဆောင်မှာလဲဆိုတာကို တွေး ဖို့လိုအပ်ပါတယ်။ . . Structure . Structure ဆိုတာကတော့ ချထားတဲ့ မဟာဗျူဟာတွေ အတိုင်း တသဝေမတိမ်းလုပ် ဆောင်ပြီး ရည်ရွယ်ထားတဲ့ ပန်းတိုင်ကို ရအောင် လုပ်ဆောင်နိုင်ဖို့ တောင့်တင်းခိုင်မာတဲ့ ဖွဲ့စည်းပုံ တစ်ခု ရှိ နေဖို့လိုအပ်ပါတယ်။
ဘယ်အပိုင်း တွေကို တော့ ဘယ်သူတွေ ကဘယ်ဌာန တွေ ကလုပ်မယ် ဘယ် လို အနေအထားဆိုရင် ဘယ် ဌာနကို လွဲမယ်၊ ဘယ် ဌာနတွေက ဘာတွေကို အတူ ပူးပေါင်း ပြီး လုပ်မယ်ဆိုတဲ့ ယန္တား ဖွဲ့စည်းပုံ တစ်ခု ကို ဆိုလိုတာဖြစ်ပါတယ်။ . . Systems . System ဆိုတဲ့ စနစ် ကတော့ formal procedures တွေ ဖြစ်တဲ့ ဘာပြီး ရင်ဘာကို လုပ် ရမယ်၊ ဘယ်နေရာကနေ ဘာ result ရမှ ဘယ် အဆင့်ကို ထပ်လုပ်ရမယ်၊ ဘာပြီး ရင် ဘာကို ဆက်လုပ် ရမယ် မလုပ်ရဘူး စသဖြင့် စနစ် တွေ လုပ်ငန်းစဉ်တွေ ဖြစ်ပါတယ်။
ဒါ့အပြင် သတ်မှတ် ထားတဲ့ ရလဒ်တွေ ရရင် ဘယ်လို reward တွေ ရမယ်၊. သတ်မှတ်ချက်တွေ ကို ဘယ်လို မပြည့်ရင် ချိုးဖောက် ရင်တော့ ဘယ် လို Punishment တွေ ရှိတယ်ဆို တာမျိုးတွေ ကအစ ပါဝင်ပါတယ်။ . . Shared Values . Shared Values ဆိုတာကတော့ လုပ်ငန်းတစ်ခုလုံး အတွင်း ကဝန်ထမ်း တွေ ဟာ ခံယူချက် စိတ်နေစိတ်ထား တန်ဖိုးထားမှုတွေ ဟာ တသားထဲ ဖြစ်နေဖို့ စံနှုန်းတွေ အတိုင်း ဖြစ်နေဖို့လိုအပ်ပါတယ်။ ဥပမာ အကျ် ီ ချုပ်ဆိုင် တစ်ဆိုင်ဟာ ပြိုင်ဖက်တွေ ထက်သာအောင် မဟာဗျူ ဟာအနေနဲ့ရက်ချိန်းအတိအကျ ရအောင် ပေးခြင်း ကို သတ်မှတ် ပြီး လုပ်ဆောင်မယ် ဆိုပါစို။
ဒါဆိုရင် ဝန်ထမ်း အားလုံး အင်္ကျီ ချုပ်သူအားလုံး မှာ တစ်ဦးချင်းစီ သက်ဆိုင်ရာ အလုပ်တွေကို အချိန်မီပြီးစီးဖို့လိုအပ်ပါတယ်။ ဒီလို ပြီးစေဖို့အတွက် ဝန်ထမ်း တွေ ဟာ ဘာတွေကို စံနှုန်းတွေ အနေနဲ့တန်ဖိုးထား အလေးထား ပြီး အထိမခံပဲ လုပ်ဆောင်ရမယ်ဆိုတဲ့ စိတ်ဓာတ်တွေ ရှိနေဖို့လိုပါတယ်။ ဥပမာ အသင်းအဖွဲ့စိတ်ဓာတ် Teamwork ကို တန်ဖိုး value တစ်ခုအနေနဲ့ရှိနေဖို့ ပျိုးထောင်ရမှာ ဖြစ်ပါတယ်။
ဒါမှ သာ ကိုယ့်အလုပ်တွေ ပြီးသွားပေမယ့် အခြား သူ တစ်ဦးမနိုင်တဲ့ အလုပ်တွေ ကို ကူညီလုပ်ဆောင်ပြီး အချိန်မှီ ပြီးစီး ခြင်းဆိုတဲ့ စံကို ရစေမှာဖြစ်ပါတယ်။ . . Skills . ဒါကတော့ ရှင်းပါတယ်။ ဝန်ထမ်းတွေ မှာ ရည်ရွယ်ချက်ပန်းတိုင်တွေကို ရစေဖို့ လိုအပ်တဲ့ Skill ကျွမ်းကျင်မှုတွေ ရှိဖို့လိုပါတယ်။ Skill ဆိုတာ တစ်စုံတစ်ခုသော အလုပ်ကို သတ်မှတ်ထားတဲ့ အရည် အသွေး နဲ့ပြီးမြောက်ခြင်းရအောင် သတ်မှတ်ထားတဲ့ အချိန်အတွင်း အပြီးအစီး လုပ်ဆောင် နိုင်ခြင်းကို ဆိုပါတယ်။
ဒါတွေ ရှိမှ organization ရဲ့performance က အမြင့်ဆုံးကိုရ ပါလိမ့်မယ် . . Staff . Staff ဆိုတာကတော့ Skill ပြည့်တဲ့ ဝန်ထမ်းတွေ ရှိဖို့လိုတဲ့ အပြင် လုံလောက်တဲ့ ပမာဏ ရှိတဲ့ ဝန်ထမ်းဦးရေ ရှိဖို့ လဲလိုအပ်ပါတယ်။ လူတော်တွေ ဖြစ်ဖို့လိုသလို လူကောင်းတွေ လဲ ဖြစ်ဖို့လိုအပ်ပါတယ်။ . . Style . Style ဆိုတာကတော့ organization goal တွေကို သွားတဲ့ အခါမှာ အဟန့်အတား အခက်အခဲ မျိုးစုံ ဟာ ကြုံရနိုင်ပါတယ်။ ဒီလို တွေ ကြုံ ရချိန်မှာ ကိုယ့်ရဲ့ဌာန တွေ key groups တွေဟာ ဘယ်လို တုန့်ပြန် တတ်သလဲ ဘယ်လို behavior တွေ ရှိနိုင်သလဲ ဆိုတာကလဲ အရေးကြီး ပါတယ်။
လူတော် Skill လဲ ပြည့်တယ် လူကောင်း လဲ ဖြစ်တယ် ဆိုပေမယ့် အဟန့်အတား တစ်ခုခုကိုတွေ့လိုက်တာနဲ့နောက်ပြန်ပြေးတတ်တယ်ဆိုရင် လဲ ဒါဟာ အောင်မြင်နိုင်မှာ မဟုတ် ပြန်ပါဘူး။ ဒါကြောင့် ဒါကိုလဲ ဆန်းစစ်ထားဖို့လိုအပ်ပါတယ်။ . . ဒါကတော့ organization တစ်ခု လုပ်ငန်းတစ်ခု အတွက် အမြင့်ဆုံး performance ကို ရဖို့အတွက် လိုအပ်တဲ့ S ၇လုံးကို မျှဝေခဲ့တာဖြစ်ပါတယ်။ ဒီနေရာမှာ ပထမ သုံးခု ဖြစ်တဲ့ Strategy, Structure, System တွေ ကတော့organization ရဲ့ Hard skills တွေ ဖြစ်ပြီး တော့ အောက် သုံးခု ဖြစ်တဲ့ Skills, staff, style ဆိုတာတွေ ကတော့ Organization ရဲ့soft skills တွေ ပဲ ဖြစ်ပါတယ်။ အဲဒီ soft and hard skills သုံးခု စီကို တွယ်ဆက်ပေးထားတာကတော့ Shared value ဆိုတဲ့ organization တစ်ခု လုံး ကစံထား ခံယူထားတဲ့ တန်ဖိုး ထားမှု တွေ ပဲဖြစ် ပါတော့တယ်။ .
ဒီတော့ ဒီ 7 ခုလုံးဟာ ဟန်ချက်ညီညီ နဲ့ရှိနေမှာသာ လုပ်ငန်းဟာ အမြင့်ဆုံး စွမ်းဆောင်ရည်ကို ရနိုင်မှာ ဖြစ်ပါကြောင်း မျှေ၀ တင်ဆက်လိုက်ရပါတယ်။ . . . လုံလောက်တဲ့ အသိပညာဟာ ပြင်းထန်တဲ့ အခက်အခဲတွေကို လွယ်ကူစွာကျော်ဖြတ်စေနိုင်ပါတယ်။ .
Kaung Hein Soe - Strategic Business Consultant
Keep Reading