Author's Profile Photo

Kaung Hein Soe - Strategic

7/08/2025

ရွှေဝယ်ပြီးရင်းနှီးမြှုပ်နှံရင် ဘယ်တော့မှမရှုံးမယ့်နည်းလမ်း

4 mins read
Business
Career & Job Market
Self Improvement
ရွှေဝယ်ပြီးရင်းနှီးမြှုပ်နှံရင် ဘယ်တော့မှမရှုံးမယ့်နည်းလမ်း
's photo

အားလုံးပဲ မင်္ဂလာပါ။
ဒီနေ့မှာတော့ ကျွန်တော်က ရွှေဝယ်ယူပြီးတော့ ရင်းနှီးမြှုပ်နှံမယ်ဆိုရင် ဘယ်တော့မှ အရှုံးမပေါ်စေမယ့် ရွှေဝယ်ယူနည်းလေးတစ်ခုကို ကျွန်တော် မျှဝေပေးချင်ပါတယ်။ဆက်ပြီး လေ့လာကြည့်ပါဦးဗျ။

ဒီပို့ချချက်လေးဖြစ်မြောက်ဖို့ ပံ့ပိုးပေးတာကတော့ မြိတ်မြို့ရဲ့ စိန်ရွှေရတနာဆိုင်တစ်ခုဖြစ်တဲ့ “ကောင်းဆု” စိန်ရွှေရတနာဆိုင်က ဖြစ်ပါတယ်။အဲဒီတော့ ကောင်းဆုဆိုင်မှာ ကျွန်တော်တို့ စိန်ထည်တွေ၊ ရွှေထည် ပစ္စည်းမျိုးစုံတွေကို အရည်အသွေးမှန်ပြီး စိတ်ချရတဲ့အနေအထားတစ်ခုနဲ့ ကျွန်တော်တို့ ရင်းနှီးမြှုပ်နှံဖို့အတွက်ကိုပါရည်ရွယ်ပြီးတော့ ရောင်းချပေးနေတာဖြစ်တဲ့အတွက် မြိတ်မြို့မှာဆိုရင် လာရောက်ကြည့်ရှုဖို့ ဖိတ်ခေါ်ပါတယ်ဗျ။

ကျွန်တော့်မိတ်ဆွေ လုပ်ငန်းရှင်တစ်ဦးရှိပါတယ်။ သူက ရွှေဈေးတွေမြင့်တက်တဲ့အချိန်မှာ သူဝယ် လိုက်မိတယ်ပေါ့ဗျာ။ ဥပမာ ထားပါတော့...။ ရွှေဈေးက ၂၂ သိန်းလောက်ဖြစ်သွားတဲ့အချိန်မှာ သူက ရွှေကို ဝယ်လိုက်မိတယ်။ ရွှေတစ်ပိုင်းနှစ်ပိုင်းပေါ့။ ဒါ သူငွေရှိသလောက်ဆိုပြီးတော့ ရွှေကိုဝယ်လိုက်တယ်။

အဲဒီတော့ ရွှေဈေးက ရုတ်တရက် ပြန်ကျသွားတယ်။ ၂ဝ ဝန်းကျင်လောက်ပဲရှိတော့တယ်။ ဖြစ်သွားတဲ့အခါမှာ ကျွန်တော်က သူရွှေဝယ်လိုက်တာကိုသိလိုက်တဲ့အခါမှာ မေးတာပေါ့။ ခင်ဗျား ဒါဆိုရင် ရွှေတစ်ကျပ်သားဆို ဘယ်လောက်ရှုံးနေပြီ။ တစ်ဆယ်သားဆို ဘယ်လောက်တောင် ဖြစ်နေပြီ။ ခင်ဗျားရှုံးပြီပေါ့လို့ ကျွန်တော်က မေးမိတယ်။ 

မေးမိတော့ သူက ဘာပြောလဲဆိုတော့ ဆရာ... ဟုတ်တယ်တဲ့။ ဒီတစ်ခေါက်ဝယ်တဲ့ဟာကတော့ သူ ရှုံးသွားတယ်။ ဒါပေမဲ့ သူက ရှေ့မှာတောက်လျှောက်ဝယ်လာခဲ့တာ သုံးကြိမ်ရှိပြီတဲ့။ပထမတစ်ကြိမ်တုန်းက ၁၃ သိန်းဝန်းကျင်တုန်းကတစ်ခါ၊ ၁၅ သိန်းဝန်းကျင်မှာတစ်ခါ၊ နောက်ထပ် ၁၉ သိန်းဝန်းကျင်လောက်မှာ တစ်ခါ သူဝယ်ခဲ့သေးတယ်တဲ့။

အဲဒီတော့ ဒီအားလုံးဝယ်ခဲ့တဲ့ လေးကြိမ်ကို Average ပေါ့နော်… ပျမ်းမျှယူလိုက်မယ်ဆိုရင်တော့ သူသည် ဘယ်တစ်ခုမှာမှ မဆုံးရှုံးဘဲနဲ့ ထိုက်သင့်တဲ့ အမြတ်တစ်ခုကို ရနေတုန်းပဲလို့ သူကပြောတယ်။

အဲဒီတော့ ကျွန်တော်က နောက်ဆုံးတစ်ခေါက်မှာ သူက ဈေးကြီးမိလိုက်ပေမဲ့ သူ့အတွက် ဘာပြဿနာမှ မရှိဘူး။ မြတ်နေတုန်းပဲဆိုတဲ့ အနေအထားတစ်ခုကို သွားပြီးတွေ့ရတယ်။

အဲဒီတော့ ဒီနည်းလမ်းသည် တကယ်ပဲဟုတ်ရဲ့လား။ တကယ်ပဲ ဝယ်ယူမှု Strategy တစ်ခုအနေနဲ့ သုံးလို့ရလား။ ဒါကိုဆက်ပြီးတော့ ကျွန်တော် ရှင်းပြပေးချင်ပါတယ်။

ကျွန်တော်တို့က case လေးတစ်ခုအနေနဲ့ တွေးကြည့်ရအောင်ပေါ့ဗျာ။ ထားပါတော့... ကျွန်တော်က သိန်း ၁ဝဝ ရှိတယ်ဆိုပါတော့။ ဒီသိန်း ၁ဝဝ ကို ကျွန်တော်က ရွှေဝယ်မယ်၊ ရင်းနှီးမြှုပ်နှံမယ်ဆိုရင် ရွှေဆိုင်ကိုသွားမယ်။ တစ်ကြိမ်တည်းနဲ့ ဒီနေ့ပေါက်ဈေး ဘယ်လောက်ရှိသလဲ။ သိန်း ၁ဝဝ နဲ့ တစ်ကြိမ်တည်း တစ်ခါတည်း ပုံအောပြီး ဝယ်လိုက်မယ်ဆိုပါတော့။ ဟုတ်ပြီနော်။

ဒါဆို နောက်နေ့လည်းကျရော ရွှေဈေးက ထိုးကျသွားမယ်ဆိုရင် ကျွန်တော်ဝယ်ထားသမျှ သိန်း ၁ဝဝ ဖိုးလုံးသည် အကုန်ဆုံးရှုံးမှာ ဖြစ်ပါတယ်။ အဲဒီလိုမဟုတ်ဘဲနဲ့ ကျွန်တော်က သုံးကြိမ်ခွဲပြီး ဝယ်မယ်ပေါ့ဗျာ။ 

အဲဒီတော့ သိန်း ၃ဝ တစ်ခါ သွားဝယ်မယ် ဒီလမှာ။ နောက်လမှာ ထပ်ပြီး သိန်း ၃ဝ ဖိုးတစ်ခါ သွားဝယ်မယ်။ နောက်လမှာ သိန်း ၃ဝ ဖိုး သွားဝယ်မယ်။ အဲဒီတော့ ကျွန်တော်သွားဝယ်တဲ့သုံးကြိမ်မှာ ရွှေဈေးတွေ တက်နေ
တာဖြစ်ကောင်းဖြစ်ချင်ဖြစ်မယ်။ ကျနေတာဖြစ်ကောင်းဖြစ်မယ်။ ဒါပေမဲ့ ခုနက ကျွန်တော့်ရဲ့ လုပ်ငန်းရှင်လိုမျိုး ပြန်ပြီးတော့ Average ချလိုက်တဲ့အချိန်မှာဆိုရင်တော့ သင့်တင့်မှန်ကန်တဲ့ အမြတ်တစ်ခုကိုရဖို့ ပိုပြီးလွယ်ကူသွားပြီးတော့ ဆုံးရှုံးနိုင်ချေကို အများဆုံး လျှော့ချပေးလိုက်နိုင်မှာဖြစ်ပါတယ်။

အဲဒီတော့ ဆိုလိုတဲ့သဘောတရားကတော့ ရှင်းပါတယ်။ တစ်ကြိမ်တည်း ကျွန်တော်တို့က လုံးဝ ပုံအောပြီးတော့သွားလိုက်မလား၊ ဒါမှမဟုတ် နှစ်ကြိမ်သုံးကြိမ်ခွဲပြီးတော့ Average အမြတ်ထိုက်သင

မြေဝယ်မယ်ဆိုလျှင် ဘယ်အချက်တွေကိုကြည့်ပြီး စဉ်းစားဆုံးဖြတ်ရမလဲ စီးပွားရေးလုပ်ငန်းတစ်ခုအနေနဲ့ ဈေးကွက်ထဲကို စတင် ဝင်ရောက်တော့မယ်ဆိုရင် ဘာတွေသုံးသပ်ရမလဲ ရွှေဆိုတာအကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုလား ငွေအရင်းအနှီး ဘယ်ကနေရှာ 3F ကနေပါ သင့်ရဲ့ ကုန်ပစ္စည်းတွေကို ပိုရောင်းရအောင်သုံးရလေ့ရှိတဲ့ နည်းလမ်းတစ်ခုရွှေဝယ်ပြီးရင်းနှီးမြှုပ်နှံရင် ဘယ်တော့မှမရှုံးမယ့်နည်းလမ်း မိမိရဲ့ Product တွေ၊ Service တွေကိုပိုပြီး ဝယ်ယူချင်စိတ်ဖြစ်ပေါ်အောင် နည်းလမ်းတစ်ခု ဈေးကွက်ကို ဘယ်လိုနည်းလမ်းနဲ့ စိုးမိုးထားနိုင်မလဲ အရင်းအနှီးထပ်မထည့်ဘဲ အမြတ်ပိုထွက်နည်း လုပ်ငန်းတူတိုင်း ပြိုင်ဘက်တွေလား

Unlock to read this premium article with 100 points.