Author's Profile Photo

မြသွန်း(တောင်ဒဂုံ)

14/07/2024

?အသားဖြူတဲ့ရောဂါရှိနေပေမယ့်လည်း ရုပ်အရမ်းချောတာကြောင့် နာမည်ကြီးနေတဲ့အရာရှိသား

1 min read
Personal Development
Health
General Knowledge
?အသားဖြူတဲ့ရောဂါရှိနေပေမယ့်လည်း ရုပ်အရမ်းချောတာကြောင့် နာမည်ကြီးနေတဲ့အရာရှိသား's photo



?ဒီကောင်လေးရဲ့ အခုလိုမျိုး အသားရေမတရားဖြူဆွတ်နေတာက ရောဂါတစ်ခုပဲဖြစ်ပါတယ်။ သူက အခုလိုရောဂါဖြစ်နေပေမယ့်လည်း မင်းသားတောင်အရှုံးပေးရလောက်တဲ့ ခန့်ညားတည်ကြည်တဲ့မျက်နှာနဲ့ body structure တွေကြောင့် အရမ်းကိုနာမည်ကြီးနေပါတယ်။

? ဒီလူရဲ့ဖြူချက်ကတော့ အသားရည်တင်မကဘဲ ဆံပင်တွေ၊ မျက်ခုံး မျက်တောင်တွေနဲ့ နောက်ဆုံး မုတ်ဆိတ်တွေအထိ တစ်ကိုယ်လုံးကိုဖြူဆွတ်နေတာပါ။ တကယ်တော့ဒါက albino လို့ခေါ်တဲ့ ရောဂါတစ်မျိုးပဲဖြစ်ပါတယ်။

? ဒီရောဂါကို ခံစားရသူတွေက သာမန်အသားဖြူရုံတင်မဟုတ်ဘဲ အခုလိုမျိုး သွေးမရှိသလို ဖြူဖတ်ဖြူရော်ဖြစ်နေတတ်ပါတယ်။

?ဒါက အရေပြားပေါ်မှာ Melaninလို့ခေါ်တဲ့ ဓာတုပစ္စည်းတစ်ခုနည်းပါးနေတာကြောင့်ပါ။ ဒါမျိုးက ခြ‌င်္သေ့၊ ကျား၊မြွေ၊မိကျောင်း စတဲ့တိရိစ္ဆာန်တွေမှာ အများဆုံးတွေ့ရတတ်ပေမယ့် လူတွေမှာတော့ အင်မတန်အတွေ့ရနည်းပါတယ်။

? ဒါမယ့် albinoလက္ခဏာတွေကို အာဖရိကလူမျိုးတွေမှာ အများဆုံးဖြစ်တတ်တာတွေ့ရပါတယ်။ အာဖရိကလူမျိုးတွေလို မည်းနက်တဲ့အသားရည်ပိုင်ရှင်တွေကြားမှာ albinism တစ်ယောက်ရဲ့ဖြစ်တည်မှုက ပတ်ဝန်းကျင်ရဲ့ကဲ့ရဲ့ရှုတ်ချမှုတွေခံရတာကြောင့် အတော်လေးကိုခက်ခဲပါတယ်။

?ဒါ့အပြင် အယူဝါဒစွဲတဲ့အသိုင်းဝိုင်းတွေကြားမှာ ကံဆိုးစွာနဲ့‌မွေးဖွားလာမိရင် မိဘရဲ့စွန့်ပစ်တာကိုတောင် ခံရနိုင်ပါတယ်။

?သူတို့တွေက ဒီလို albinism တွေကို အဖြူရောင်နတ်ဆိုးအဖြစ် သတ်မှတ်ထားခဲ့ကြပြီး မတန်သလိုဆက်ဆံခဲ့ကြပါတယ်။ ဒါမယ့် ဒီအမျိုးသားကြောင့် အခုဆိုရင် လူအများက albinoရောဂါဝေဒနာသည်တွေကို လက်ခံလာကြပါတယ်။

? သူ့ရဲ့နာမည်က Beraလို့ခေါ်ပြီး ဂျော်ဂျီယာနိုင်ငံက ဝန်ကြီးချုပ်ကြီးရဲ့သားပဲဖြစ်ပါတယ်။ သူ့အဖေက အတော်လေးချမ်းသာတဲ့ ဘီလီယံနာသူဌေးကြီးဖြစ်ပြီး ကမ္ဘာ့အချမ်းသာဆုံးစာရင်းရဲ့ (၁၄၀)နေရာမှာရှိနေပါတယ်။

?အဲ့ဒီသူဌေးကြီးလင်မယားက Beraအပြင် နောက်ထပ်သားငယ်တစ်ယောက်ပါမွေးဖွားခဲ့ပြီး အဲ့ဒီကလေးကလည်း albinism တစ်ယောက်ဖြစ်နေခဲ့ပါတယ်။

?အခုလိုမျိုး အရာရှိကြီးရဲ့ သားနှစ်ယောက်စလုံးက albinoရောဂါကိုခံစားနေရတာကြောင့် ဒီသတင်းက အတော်လေးကိုနာမည်ကြီးသွားခဲ့ပါတယ်။

?သူတို့ညီအစ်ကိုနှစ်ယောက်ကလည်း အချင်းချင်းနားလည်မှုတွေနဲ့ မိဘနှစ်ဦးရဲ့လက်အောက်မှာ ကောင်းကောင်းမွန်မွန်ကြီးပြင်းလာခဲ့ပါတယ်။ ဒီမှာ နောက်ထပ်ထူးခြားတဲ့အချက်က Beraဟာ albinism တစ်ယောက်ဖြစ်နေပေမယ့်လည်း မင်းသားရှုံးလောက်အောင် ချောမောနေတာကတစ်ကြောင်း၊ ငယ်စဉ်ကတည်းက အနုပညာဝါသနာပိုးပါလာခဲ့တာကြောင့် အဆိုတော်တစ်ယောက်ဖြစ်ဖို့ ရွေးချယ်ခဲ့ပါတယ်။

? သူ့ရဲ့သီချင်းတွေက ကမ္ဘာမကျော်ခဲ့ပေမယ့်လည်း သူတို့နိုင်ငံအတွင်းမှာတော့ အောင်မြင်ရရှိခဲ့တယ်လို့ ပြောလို့ရပါတယ်။ နောက်ပြီး Beraကို လူအများက ကမ္ဘာ့အချောဆုံး albinism လို့သတ်မှတ်ခဲ့ကြပါတယ်။

?ပြောရမယ်ဆိုရင် ဒီရောဂါကပဲ သူ့ကို အခုလိုကမ္ဘာကျော်သွားအောင် လုပ်ပေးခဲ့တာဖြစ်ပါတယ်။ နောက်ပြီးဒါက Beraတစ်ယောက်တည်းရဲ့ အောင်မြင်မှုတင်မဟုတ်ပါဘူး။

? သူ့ကြောင့်လူတွေက albinism တွေကို အလေးထားလာခဲ့ကြပါတယ်။ ရောဂါသည်တွေလိုမမြင်ဘဲ ထူးခြားတဲ့အလှပပိုင်ရှင်တွေအဖြစ် အသိမှတ်ပြုလာခဲ့ပါတယ်။

? Beraကလည်း သူတို့နိုင်ငံက နာမည်ကြီးစူပါမော်ဒယ်တစ်ဦးနဲ့ လက်ထက်ထိမ်းမြားခဲ့ပြီး ရင်သွေးလေးလည်းထွန်းကားခဲ့ပြီးတော့ အဲ့ဒီကလေးက ကံကောင်းစွာနဲ့ပဲ Beraလိုရောဂါမျိုး ပါမလာခဲ့ပါဘူး...?

မြသွန်း(တောင်ဒဂုံ)?

Keep Reading

သင့်လုပ်ငန်းက တကယ်မြတ်နေရဲ့လား အပိုင်း(၁)စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်မိုက်ရဲ့ အရင်းအနှီးတွေက ဘာဖြစ်မလဲ။အဆန့်အဖျက်မရှုပ်မရှင်း မရှင်းမရှုပ် အပိုင်းနှစ်အဲလက်ဇ် ဘာဂျာ ဘယ်လိုနည်းနဲ့ ဟောလီးဝုဒ်ထဲ ရောက်ခဲ့သလဲ အပိုင်းနှစ်အမွေအနှစ်လား လံကြုပ်လား အပိုင်းတစ်တံခါးပိတ် လောကထဲက သန်းကြွယ်လောင်းတွေ အပိုင်းနှစ်တန်ရာတန်ကြေးနိယာမ